အစ္စရေးစစ်တပ် အရပ်သားများအား သတ်ဖြတ်ခဲ့မှု New York Time ထုတ်ပြန်

News Image

  • အစ္စရေးစစ်တပ် အရပ်သားများအား သတ်ဖြတ်ခဲ့မှု New York Time ထုတ်ပြန်

အစ္စရေးစစ်တပ်သည် အရပ်သားများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ ပြုခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော New York Times က မကြာသေးမီက ထုတ်ပြန်ခဲ့ ပါသည်။ သို့သော် ၎င်းသတင်းဖော်ပြချက်တွင် သေဆုံးသူ ပါလက်စတိုင်းများကို စာရင်းဇယားနှင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ သေဆုံးသည့်အကြောင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့ခြင်းသာဖြစ်ပြီး အဓိကကျသော စာရင်းများကို ချန်လှပ်ထားသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် NYT၏ သတင်းတစ်ခု၌ မထင်မရှား အကြမ်းဖက်ဟားမတ်စ်အဖွဲ့ ၏ပစ်မှတ်တစ်ခုကို အစ္စရေးလေတပ်က ဗုံးကျဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အရပ်သား ၂၀ ဦးသေဆုံးခဲ့သည်ဟု ယင်းသတင်းစာက ဗုံးသီးအခွံတစ်ခုပုံဖြင့် သတင်းတင်ပြခဲ့ပါသည်။ ၎င်းသတင်းဆောင်းပါး၏ အဆုံး၌ “ယခင်က အစ္စရေးစစ်တပ်တွင်သုံးသည့် လုပ်ထုံးလုပ်နည်းများ ယခုတော့ မရှိတော့ပါ” ဟု ရေးသားခဲ့ ပါသည်။ 

 ၂၀၂၄  ဧပြီလအစောပိုင်းတွင် +972 မဂ္ဂဇင်းက အစ္စရေး စစ်တပ်တွင်းရှိ သတင်းရင်းမြစ်များကို ကိုးကားပြီး အစ္စရေးစစ်တပ်သည် အရပ်သားအစုလိုက် သတ်ဖြတ်မှု နှင့်ပတ်သက်၍ ရေးသားတင်ပြထားမှုများရှိခဲ့သည်။ +972 ၏ ဆောင်းပါးတွင် ဟားမတ်စ် တပ်ရင်းမှူး ဝီဆမ် ဖာဟတ်ကို သတ်ဖြတ်ခဲ့သော အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုသည်  အရပ်သား ၁၀၀ ကို သတ်ဖြတ်ရန် ခွင့်ပြုထားသကဲ့သို့ဖြစ်နေကြောင်း ဖော်ပြထားပါသည်။ ဟားမတ်စ် ဗဟိုဂါဇာတပ်မဟာမှူး အေမန်နိုဖယ်ကို သတ်ဖြတ်ရန်အတွက် ကြိုးစားရာတွင် အရပ်သား ၃၀၀ ခန့်သေဆုံးခဲ့ရသည် ဟုလည်း‌ ဆိုပါသည်။ ၎င်းဖြစ်ရပ်  သည် လွန်စွာအရုပ်ဆိုး အကျည်းတန်ပြီး အဆိုပါ ဖော်ပြမှုကို အစ္စရေးစစ်တပ်က ငြင်းဆိုထားပါသည်။ 

အစ္စရေးစစ်တပ်သည် ဟားမတ် အကြီးတန်း အရာရှိများ ကို လုပ်ကြံရန်ကြိုးစားသည့် အခါတိုင်း အရပ်သား သေဆုံးမှုများ ရာနှင့်ချီကာဖြစ်နေပြီး အဆိုပါဖြစ်စဉ် များနှင့်ပတ်သက်၍ ကုလသမဂ္ဂအနေဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်းနှင့် +972 ၏ သတင်း တင်ပြမှုများသည် ၂၀၂၃ ခုနှစ်မှ ဖြစ်စဉ်များကို ၂၀၂၄ ခုနှစ်တွင်မှ ရေးသားတင်ပြခဲ့ကြောင်း NYT က ဖော်ပြ ခဲ့ပါသည်။ ၎င်းဖြစ်စဉ်များသည် ဂါဇာတွင်သာ ဖြစ်ပွား ခဲ့ခြင်းမဟုတ်ဘဲ လစ်ဘနွန်တွင်လည်း အစ္စရေးစစ်တပ် က ပြုလုပ်ခဲ့သည်ဟုလည်း ဆိုပါသည်။ ဟစ်ဇ်ဘိုလာ အတွင်းရေးမှူးချုပ် ဆေးရက်ဟတ်ဆန်နက်ရှလား ကို လုပ်ကြံမှု၌လည်း ဘေရွတ်တောင်ပိုင်းရှိ အရပ်သား အဆောက်အအုံများစွာကို အစ္စရေးကလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၃၀၀ ခန့်ရှိခဲ့မည်ဟု သတင်းဌာနကဆိုပါသည်။ 

အကြမ်းဖက်အဖွဲ့များက အရပ်သားများကို လူသားဒိုင်းအဖြစ်အသုံးပြုနေခြင်းများရှိသည့်အတွက် ယခုကဲ့သို့ အရပ်သားသေဆုံးမှုများ ရှိနေခြင်းမှန်သော်လည်း အစုလိုက်အပြုံလိုက်သေစေတတ်မှုကို ရှောင်ကြဉ်နိုင်ရန် အစ္စရေးစစ်တပ်အနေဖြင့် ဆောင်ရွက်သင့်သည်ဟုလည်း သတင်းဆောင်းပါးတွင် ဖော်ပြထားပါသည်။ 

ကိုးကား-Myanmar National Post