သတင်းများ

US တွင် သေနတ်သမားတစ်ဦးက "မီးသတ်သမားများကို ချောင်းမြောင်းတိုက်ခိုက်ရန် မီးရှို့ခဲ့"

အမေရိကန်အရာရှိများက သံသယရှိသူသည် မီးသတ်သမားများ ရောက်လာစေရန် ရည်ရွယ်၍ တမင် မီးရှို့ပြီး ပစ်ခတ်ခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရကြောင်း ပြောကြားခဲ့သည်။

Kootenai County ရဲမှူး Bob Norris က ဒေသတွင်းမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန် ကြိုးစားနေသည့် မီးသတ်သမားများအား ပစ်ခတ်မှုနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ဇွန် ၃၀ တွင် ထုတ်ပြန် ခဲ့သည်။

ရဲမှူး Norris က သံသယရှိသူသည် Canfield Mountain တွင် ဇွန် ၂၉ ရက် ညနေ ၂ နာရီက မီးသတ်သမားများကို လုပ်ကြံရန် ရည်ရွယ်ချက်ဖြင့် မီးရှို့ခဲ့ပြီး ၎င်းတို့အား ခြုံခိုတိုက်ခိုက်ကာ ပစ်ခတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ၎င်းနေရာသည် ဒေသခံများ လမ်းလျှောက်ရန် နှင့် စက်ဘီးစီးရန် လူကြိုက်များသော လမ်းကြောင်းတစ်ခုဖြစ်သည်။

အစောပိုင်းတွင် ရဲအဖွဲ့က သံသယဖြစ်ဖွယ်များစွာရှိသည်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် သေနတ်ကိုင်သူ တစ်ဦးတည်းသာရှိကြောင်း သတ်မှတ်ခဲ့သည်။ အာဏာပိုင်များက လမ်းလျှောက်လမ်းကြောင်းအနီးရှိ နေထိုင်ရာနေရာများကို ပိတ်ဆို့ထားပြီး သံသယရှိသူနှင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ကာ နာရီပေါင်းများစွာ ရှာဖွေခဲ့သည်။

သံသယရှိသူကို ရှာဖွေရန် စတုရန်းမီတာ ၁,၆၀၀ ကျယ်ဝန်းပြီး အချို့ နေရာများ မီးလောင်ကျွမ်းထားသော ဧရိယာတွင် အာဏာပိုင်များသည် မိုဘိုင်းဒေတာများကို အသုံးပြု၍ ရှာဖွေရေး ဧရိယာကို ကျဉ်းမြောင်းစွာ သတ်မှတ်ခဲ့သည်။

၎င်းတို့သည် ညနေ ၃:၁၅ နာရီတွင် ဆဲလ်ဖုန်းအချက်ပြမှုတစ်ခုကို ထောက်လှမ်းမိပြီး ထိုတည်နေရာသည် အချိန်အတန်ကြာ မပြောင်းလဲဘဲ ရှိနေသည်ကို သတိပြုမိခဲ့သည်။ ၎င်းမှာ ပစ်ခတ်သူ၏ ဖုန်းအချက်ပြမှု ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၉ ရက် ညနေခင်းတွင် SWAT အဖွဲ့သည် Canfield Mountain ပေါ်တွင် သံသယရှိသူ၏ အလောင်းကို အနီးတွင် သေနတ်တစ်လက် နှင့်အတူ တွေ့ရှိခဲ့သည်။ သံသယရှိသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် နှင့် ပစ်ခတ်မှု ရည်ရွယ်ချက်များကို မသိရသေးပေ။

အာဏာပိုင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိပြီး မီးသတ်သမားနှစ်ဦး သေဆုံးခဲ့ကာ အခြား မီးသတ်သမားတစ်ဦးမှာ အရေးပေါ်အခြေအနေတွင် ရှိနေပြီး တစ်ညလုံး ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

အမေရိကန်တွင် လူလေးဦးနှင့်အထက် ပစ်ခတ်ခံရပါက (သံသယရှိသူ မပါ) ၎င်းကို "လူအစုလိုက်ပစ်ခတ်မှု" (Mass Shooting) အဖြစ် သတ်မှတ်သည်။ သေနတ်ကိုင်အကြမ်းဖက်မှုများကို မှတ်တမ်းတင်နေသည့် အများပြည်သူအကျိုးပြု အဖွဲ့အစည်း Gun Violence Archive (GVA) ၏ ဖော်ပြချက်အရ ယခုနှစ်အတွင်း အမေရိကန်တွင် အနည်းဆုံး Mass Shooting 189 ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

(မှတ်ချက် - GVA ၏ နှစ်စဉ်စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် Mass Shooting 600 နီးပါးအထိ မှတ်တမ်းတင်ခဲ့ရသည်။)

ကိုးကား- RT

Photo: Good Morning America

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗြိတိန်သည် MI6 အတွင်း ‘ရုရှားသူလျှို’ ရှာဖွေရန် နှစ် ၂၀ အချိန်ကုန်ခဲ့သည်ဟု Guardian က ဖော်ပြ

ဗြိတိန် ထောက်လှမ်းရေး အဖွဲ့အစည်းများသည် MI6 အတွင်း ရုရှား တန်ပြန်သူလျှိုတစ်ဦးဟု သံသယရှိသူကို ရှာဖွေရန် ဆယ်စုနှစ် နှစ်ခုကြာ အချိန်ကုန်ခဲ့ပြီး အထောက်အထား မတွေ့သဖြင့် အမှုကို ရုပ်သိမ်းခဲ့ကြောင်းThe Guardian သတင်းစာက အမည်မဖော်လိုသော သတင်းရင်းမြစ် များကို ကိုးကား၍ ဖော်ပြခဲ့သည်။ "Operation Wedlock" ဟု အမည် ပေးထားသော စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ခဲ့ပြီး အဖြေမရှိဟု သတ်မှတ်ကာ စုံစမ်းခံရသူကိုလည်း တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းစာက သောကြာနေ့ (ဇွန် ၂၇) တွင် ဖော်ပြခဲ့သည်။

၁၉၉၀ ပြည့်နှစ်များ အလယ်မှ ၂၀၁၅ ခုနှစ်အထိ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းကို ဗြိတိန်၏ ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ဖြစ်သော MI5 မှ ဦးဆောင်ခဲ့သည်။ နိုင်ငံခြား ထောက်လှမ်းရေး တာဝန်ရှိသည့် MI6 သည် CIA ၏ အသိပေးချက်အရ အရာရှိကြီးတစ်ဦးသည် ရုရှားအတွက် သူလျှို လုပ်နေနိုင်သည်ဟု သံသယဖြင့် စုံစမ်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

“မိမိတို့ကို ပစ်မှတ်သည် ရုရှား သူလျှိုတစ်ဦးဖြစ်သည်ဟု ပြောဆိုခဲ့ပြီး အမေရိကန်က ၎င်းသည် ရုရှားတို့ထံ အချက်အလက်များ ပေးနေသည် ဟု ယုံကြည်ခဲ့သည်” ဟု သတင်းရင်းမြစ်တစ်ဦးက The Guardian သို့ ပြောကြားခဲ့သည်။ “အဆိုပါကွင်းဆက်သည် MI5 ပါဝင်ခဲ့သည့် အခြား အမှုများထက် ပိုမိုအရေးကြီးသည်ဟု ယူဆခဲ့ကြသည်။ Wedlock စစ်ဆင်ရေး သည် အခြားအရာများကို မှေးမှိန်သွားစေခဲ့သည်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဖော်ပြချက်များအရ အဆိုပါစစ်ဆင်ရေးတွင် အရာရှိ ၃၅ ဦးခန့် ပါဝင်ခဲ့ပြီး MI5 သည် စုံစမ်းခံရသူ၏ နေအိမ်ကို လျှို့ဝှက်အသံဖမ်းခြင်း၊ လန်ဒန် တစ်ဝှမ်းလှုပ်ရှားမှုများကို ရုပ်မြင်ကင်မရာများဖြင့် ခြေရာခံခြင်းနှင့် ၎င်း၏ တရားဝင် လုပ်ပိုင်ခွင့်နယ်ပယ်အပြင် နိုင်ငံခြားသို့တိုင်အောင် လိုက်လံ စောင့်ကြည့်ခဲ့သည်။ MI5 သည် ၎င်းသူလျှိုတွင် လန်ဒန်အခြေစိုက် လက်ထောက်နှစ်ဦးရှိသည်ဟု ယုံကြည်ခဲ့သော်လည်း ခိုင်လုံသည့် အထောက်အထား မတွေ့ရှိခဲ့ပေ။

“မိမိတို့ လက်ထဲတွင် နောက်ထပ် Philby တစ်ယောက် ရှိနေပြီဟု ထင်ခဲ့ကြပါသည်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ဤတွင် Kim Philby ဆိုသည်မှာ ဒုတိယကမ္ဘာစစ်နှင့် စစ်အေးတိုက်ပွဲ အစောပိုင်းကာလများအတွင်း ဗြိတိန်မှ ဆိုဗီယက်ယူနီယံသို့ အချက် အလက်များ ပေးပို့ခဲ့သော Cambridge Five ထောက်လှမ်းရေးအဖွဲ့၏ အထင်ရှားဆုံးအဖွဲ့ဝင်တစ်ဦးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

Wedlock သူလျှိုဇာတ်လမ်းသည် ၂၀၁၅ ခုနှစ်အထိ ကာလရှည်ကြာစွာ စုံစမ်းထောက်လှမ်းမှုများရှိနေခဲ့ပြီး ထိုအချိန်တွင် စုံစမ်းခံရသူသည် MI6 မှ ထွက်ခွာသွားခဲ့သည်။ စစ်ဆင်ရေး၏လုပ်ဆောင်မှုများသည် ကျယ်ပြန့်မှု ရှိသော်လည်း MI5 သည် မည်သည့်သူလျှိုလှုပ်ရှားမှုကိုမျှ အထောက်အထား မတင်ပြနိုင်ခဲ့ပေ။

“MI5 သည် ၎င်းတို့ရှာဖွေနေသည့် ခိုင်လုံသောအထောက်အထားကို မည်သည့်အခါမျှ မရခဲ့ပါ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားကာ Wedlock စစ်ဆင်ရေးအား “အလွန်ထူးခြားပြီး မကြာသေးမီကာလများ အတွင်း အကြာရှည်ဆုံးနှင့် ဖြစ်နိုင်ခြေအားဖြင့် အဖိုးအခအများဆုံး” ဖြစ်ခဲ့သည်ဟု သုံးသပ်ခဲ့သည်။

ဗြိတိန်နိုင်ငံသည် ရုရှားကို ဥရောပတွင် သူလျှိုလှုပ်ရှားမှုများ နှင့် ဖျက်ဆီး မှုများ ပြုလုပ်သည်ဟု အထောက်အထားမပြဘဲ အကြိမ်ကြိမ် စွပ်စွဲခဲ့ သည်။ ၂၀၁၈ ခုနှစ်က အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုတွင် လန်ဒန်က မော်စကို သည် MI6 အတွက် အလုပ်လုပ်ခဲ့ဖူးသော ရုရှားစစ်ထောက်လှမ်းရေး အရာရှိဟောင်း Sergey Skripal နှင့် ၎င်း၏သမီးကို အဆိပ်ခတ်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ရုရှားက ပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့သည်။

ရုရှားသည် ယူကရိန်း၏ နယ်မြေစိုးမိုးမှု မဟာဗျူဟာအရ အရေးပါသည့် မြို့တစ်မြို့အနီးတွင် စစ်သည်အင်အား ၁၁၀,၀၀၀ ခန့်ကို စုစည်းထားဟု ကိယက်ဗ်ဆို

ယူကရိန်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး Oleksandr Syrskyi က သောကြာနေ့ (ဇွန် ၂၇) တွင် ရုရှားသည် မဟာဗျူဟာအရေးပါသော အရှေ့ပိုင်းမြို့ ဖြစ်သည့် ပိုခရိုဗ်စ်ခ်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အဖြစ် ယင်းမြို့အနီးတွင် စစ်သည် ၁၁၀,၀၀၀ ခန့်ကို စုစည်းထားကြောင်း ပြောကြားခဲ့သည်။ 

ဆာစ်ကီးက ပိုခရိုဗ်စ်ခ်မြို့အနီးရှိ ဧရိယာသည် အရှေ့ဘက်တစ်လျှောက် မိုင် ၇၄၅ (ကီလိုမီတာ ၁,၂၀၀) ရှည်လျားသော ရှေ့တန်းတစ်လျှောက် အရေးအကြီးဆုံးနေရာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားတပ်များသည် ပိုခရိုဗ်စ်ခ်မြို့ကို သိမ်းပိုက်ရန် တစ်နှစ်နီးပါးကြာ ကြိုးပမ်းနေပြီး တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် စစ်သည်နှင့် လက်နက်အင်အား သိသာစွာ သာလွန်နေသော်လည်း မော်စကို မှ ယင်းမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ပိုခရိုဗ်စ်ခ်မြို့သည် မော်စကိုအတွက် မဟာဗျူဟာကျသော ပစ်မှတ် တစ်ခု ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ ရည်မှန်းချက်မှာ ရုရှား တပ်များ ယာယီသိမ်းပိုက်ထားသော ဒိုနက်စ်ခ်နှင့် လူဟန်းစ်ခ် အပါအဝင် ယူကရိန်း၏ အရှေ့ပိုင်းဒေသများအားလုံးကို သိမ်းပိုက်ရန်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

ကိယက်ဗ်နှင့် ၎င်း၏မဟာမိတ်များက ပူတင်အား ၎င်း၏တပ်များက ယူကရိန်း နယ်မြေပိုမိုသိမ်းပိုက်နိုင်ရန် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အချိန် ဆွဲနေသည်ဟု စွပ်စွဲထားသည်။

ပိုခရိုဗ်စ်ခ်မြို့သည် မြို့ကြီးတစ်ခုမဟုတ်သော်လည်း ဒေသအတွင်းရှိ အခြား စစ်ရေးအချက်အချာမြို့များနှင့် ဆက်သွယ်ထားသော ထောက်ပံ့ရေး လမ်းမကြီးနှင့် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ ကော့စတီယန်တီဗ် ကာ၊ ကရာမာတာစ်ခ်နှင့် စလိုဗီယန်စ်ခ်မြို့များနှင့်အတူ အဆိုပါမြို့သည် ကိယက်ဗ်၏ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသေးသော ဒိုနက်စ်ခ်ဒေသရှိ ယူကရိန်းကာကွယ်ရေးစနစ်၏ အဓိကကျောရိုးတစ်ခုဖြစ်သည်။

ယခင်က လူဦးရေ ၆ သောင်းနီးပါးရှိခဲ့သော ပိုခရိုဗ်စ်ခ်မြို့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရုရှားက စစ်ရေးကျူးကျော်မှုစတင်ပြီးနောက် သုံးနှစ် အတွင်း လူဦးရေအများစု ပြောင်းရွှေ့သွားခဲ့သည်။

ဒေသခံစီးပွားရေးအတွက် အရေးပါသည့် မီးသွေးမိုင်းလုပ်ငန်းများ ပိတ်သိမ်းခံရပြီးနောက် ကျန်ရှိနေသော အလုပ်သမားများပါ ထွက်ခွာသွား ခဲ့ကြရသည်။

အမေရိကန်အခြေစိုက် ISW သုတေသနအဖွဲ့၏ အဆိုအရ ယူကရိန်း တပ်များ၏ ခုခံကာကွယ်ရေးနည်းဗျူဟာများက ရုရှားအား ပိုခရိုဗ်စ်ခ်ကို တိုက်ရိုက်တိုက်ခိုက်သိမ်းပိုက်ရန် မူလအစီအစဉ်ကို စွန့်လွှတ်စေခဲ့ရသည် ဟု သိရသည်။

ကိုးကား- CNN

ယူကရိန်းက ဒရုန်းတိုက်ခိုက်မှုအတွင်း ရုရှား၏ Su-34 လေယာဉ်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ကြေညာ

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က ဇွန် ၂၇ ရက်တွင် စစ်တပ်နှင့် ပူးပေါင်း၍ ရုရှား၏အနောက်တောင်ပိုင်း Volgograd ပြည်နယ်ရှိ Marinovka လေတပ်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး Su-34 လေယာဉ်နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ အခြားနှစ်စီးကို ပျက်စီးစေခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

SBU ၏ ထုတ်ပြန်ချက်အရ အဆိုပါတိုက်ခိုက်မှုကြောင့် လေယာဉ် ပြင်ဆင်ရေးနယ်မြေတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိုနယ်မြေသည် လေယာဉ်များအား စစ်ဆင်ရေးအတွက် အဆင်သင့်ပြင်ဆင်ပေးခြင်းနှင့် ပြန်လည်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ရာနေရာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းအရာရှိများက တိုက်ခိုက်မှုဆိုင်ရာ အထောက်အထား မှတ်တမ်း များကို ဆက်လက်ထုတ်ပြန်ခြင်း မရှိသေးပေ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသတင်းနှင့်ပတ်သက်၍ မှတ်ချက် မပြုသေးဘဲ ဇွန် ၂၇ ရက် ထုတ်ပြန်ချက်တွင် ရုရှားလေကြောင်း ကာကွယ်ရေးစနစ်များက ယူကရိန်း၏ ဒရုန်း ၃၉ စီးကို နံနက်အာရုဏ် တက်ချိန်တွင် ပစ်ချခဲ့ကြောင်း၊ ယင်းအနက် ၁၃ စီးမှာ Volgograd ပြည်နယ်အပေါ်မှ ဖြစ်ကြောင်း ဖော်ပြထားသည်။

ရုရှားစစ်ဘက် လေယာဉ်မှူးတစ်ဦး၏ Fighter Bomber ဆိုရှယ် မီဒီယာအကောင့်က Marinovka စခန်းတွင် ထိခိုက်မှုရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး “ထိုသို့မဖြစ်သင့်ပါ” ဟု ဝန်ခံခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ဖော်ပြခဲ့ခြင်းမရှိပေ။

စစ်ပွဲဆိုင်ရာ open-source ထောက်လှမ်းရေးသတင်းများကို ခြေရာခံ သည့် ယူကရိန်းဘက်မှ ရပ်တည်သည့် AMK Mapping အကောင့်က ပျက်စီးခဲ့သော Su-34 များမှာ ရုရှားတောင်ပိုင်းစစ်ဒေသ (Southern Military District) မှ 559th Air Regiment ၏ လေယာဉ်များ ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အဆိုပါ တပ်ဖွဲ့တွင် လေယာဉ် ၃၆ စီးခန့် လည်ပတ်နေပြီး ရုရှားလေတပ်၏ အကြီးဆုံး တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ်တပ်ဖွဲ့များ အနက် တစ်ခု ဖြစ်သည်။

Su-34 တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်ကို ဆိုဗီယက်ခေတ်က စတင် ဖွံ့ဖြိုး စေပြီး ၂၀၁၄ ခုနှစ်တွင် ရုရှားလေတပ်တွင် အသုံးပြုခဲ့သည်။ Su-34 စီးရီး သည် အဓိကအားဖြင့် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ဒီဇိုင်း ထုတ်ထားသော်လည်း လေကြောင်းတိုက်ပွဲမစ်ရှင်များအတွက် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကိုလည်း သယ်ဆောင်နိုင်သည်။

ယူကရိန်းစစ်ပွဲအတွင်းတွင် Su-34 တပ်ဖွဲ့များသည် ရန်သူ့ ခံစစ်မျဉ်း တစ်လျှောက်ရှိ ပစ်မှတ်များကို UMPK လမ်းညွှန်ဗုံးများ (guided glide bombs) နှင့် Kh-38 နည်းဗျူဟာဆိုင်ရာ ခရူးစ်ဒုံးကျည်များ (tactical cruise missiles) ဖြင့် အဓိကတိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ ရသည်။

(မှတ်ချက် - UMPK သည် ရုရှား၏ သာမန်ဗုံးများကို GPS/GLONASS လမ်းညွှန်စနစ်ဖြင့် အဆင့်မြှင့်ထားသော စနစ်ဖြစ်ပြီး၊ Kh-38 မှာ မြေပြင် နှင့် ရေယာဉ်ပစ်ပစ်မှတ်များကို တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသည့် ဒုံးကျည် တစ်မျိုးဖြစ်သည်။)

ကိုးကား- VN Express

ယူကရိန်းစစ်တပ်၏ လေတပ်စခန်းတစ်ခုကို Kinzhal ဟိုက်ပါဆောနစ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန (Russian MOD) ထုတ်ပြန်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ (ဇွန် ၂၇) တွင် ထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ယူကရိန်းစစ်တပ်၏ လေတပ်စခန်း တစ်ခုကို ညအချိန်တွင် အထူးတိကျမှုရှိသော လက်နက်များဖြင့် တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်တွင် Kinzhal ဒုံးကျည်စနစ်အပါအဝင် တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်များနှင့် ဒရုန်းများဖြင့် စုပေါင်းတိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ထိုလေတပ်စခန်း၏ တည်နေရာအတိအကျနှင့် ပျက်စီးမှု အတိုင်းအတာများ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။

ယူကရိန်းနှင့် ရုရှားမီဒီယာများ၏ သတင်းများအရ ထိုလေတပ်စခန်းသည် ယူကရိန်းအနောက်ပိုင်းရှိ Khmelnytsky ဒေသတွင်တည်ရှိသော Starokonstantinov လေတပ်စခန်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း ရုရှားတပ်များသည် ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများဖြင့် စုပေါင်းတိုက်ခိုက်မှု ၆ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ပစ်မှတ်များတွင် ယူကရိန်း၏ ကာကွယ်ရေး စက်မှု လုပ်ငန်းများ၊ လောင်စာနှင့် စွမ်းအင်အဆောက်အအုံများ၊ ယူကရိန်း စစ်တပ်၏ ဆိပ်ကမ်းအခြေခံအဆောက်အအုံများ၊ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းများ၊ လက်နက်ခဲယမ်းနှင့် လောင်စာ သိုလှောင် ရုံများ၊ မိုင်းနှင့် တော်ပီဒိုလက်နက်သိုလှောင်ရုံများ၊ UAV ထုတ်လုပ်ရေး နှင့် လွှတ်တင်ရာနေရာများ၊ စစ်လေယာဉ်ကွင်းများနှင့် ယူကရိန်း တပ်ဖွဲ့ များ၊ အမျိုးသားရေးဝါဒီများနှင့် နိုင်ငံခြားကြေးစားစစ်သားများ၏ ယာယီ စခန်းများ ပါဝင်သည်ဟု ဆိုသည်။

ရုရှားနှင့် ယူကရိန်းမီဒီယာများက ညအချိန်တွင် ကိယက်ဗ်မြို့နှင့် အနီး တဝိုက်ဒေသများတွင် ပေါက်ကွဲသံများ ကြားရကြောင်း၊ Dnepropetrovsk၊ Odessa နှင့် Lviv၊ Rivne၊ Ivano-Frankovsk အပါအဝင် အနောက် ယူကရိန်းရှိ ဒေသ ၈ ခုတွင် လေကြောင်းရန်ကာကွယ်ရေး အချက်ပေးသံ များ ဆူညံစွာထွက်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ (ဇွန် ၂၃) တွင် Iskander ဒုံးကျည်များဖြင့် ယူကရိန်းစစ်သင်တန်းစခန်း ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုနေ့တွင်ပင် မော်စကိုက ကိယက်ဗ်ဒေသရှိ ယူကရိန်း၏ ကာကွယ်ရေး ဆိုင်ရာစက်မှုလုပ်ငန်းများ၊ စစ်လေယာဉ်ကွင်းတစ်ခုနှင့် ယူကရိန်း ရေတပ် အသုံးပြုသော မိုင်းနှင့် တော်ပီဒိုလက်နက်သိုလှောင်ရုံများကို ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ကိယက်ဗ်အစိုးရက အဆိုပါတိုက်ခိုက်မှုများသည် နေအိမ်တစ်ခုကို ထိမှန် ခဲ့ပြီး လူအချို့သေဆုံးခဲ့ကြောင်း ဆိုသည်။ သို့သော် ထိခိုက်မှုသည် ဒုံးကျည် တိုက်ရိုက်ထိမှန်မှု သို့မဟုတ် ပစ်ချခံရသော ဒုံးကျည်နှင့် ဒရုန်း အကြွင်း အကျန်များကြောင့် ဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မော်စကိုရှိ အရာရှိများက ၎င်းတို့၏တိုက်ခိုက်မှုအားလုံးသည် စစ်ရေး ပစ်မှတ်များကိုသာ ဦးတည်ပြီး အရပ်သားအဆောက်အအုံများကို ရည်ရွယ်ခြင်းမရှိဟု ငြင်းဆိုထားသည်။

ရုရှားနယ်မြေတွင် ယူကရိန်းတို့၏ တိုက်ခိုက်မှုကြောင့် တရုတ် သတင်းထောက် ဒဏ်ရာရရှိ

ရုရှား အနောက်ပိုင်း Kursk ဒေသတွင် ယူကရိန်း၏ ဒရုန်း တိုက်ခိုက်မှု ကြောင့် တရုတ်သတင်းထောက် Lu Yuguang ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ Phoenix TV အဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခန်းရိုက်ကူးနေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထောက်က TASS သို့ ပြောကြားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Aleksandr Khinshtein ၏အဆိုအရ Lu သည် ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတင်ခံခဲ့ရသည်။ ထို့အပြင် ယူကရိန်း တပ်များ သည် နယ်စပ်မှ ကီလိုမီတာ ၃၀ အတွင်း တည်ရှိသော Korenevo ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

သတင်းထောက်က TASS သို့ ၎င်း၏ဒဏ်ရာမှာ မပြင်းထန်ကြောင်းနှင့် လုပ်ဆောင်ရန် ကိစ္စများစွာရှိနေသေးသည်ဟုဆိုကာ ဆေးရုံတက်ရန် ငြင်းဆန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Lu ၏အဆိုအရ FPV ကာမီကာဇေဒရုန်းသည် အဖွဲ့သားများက ဒေသ ခံများနှင့် အိမ်အပြင်တွင် စကားပြောနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “မိမိတို့ standup ရိုက်နေစဉ် FPV ဒရုန်းကျရောက် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း” ၎င်းက TASS သို့ ပြောကြားခဲ့ပြီး ၎င်းသည် သတင်းထောက်ဝတ်စုံဝတ်ဆင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

တရုတ်သတင်းအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် ပဋိပက္ခနှင့် ပတ်သက်သည့် ဘက်လိုက်မှုမရှိသော သတင်းတင်ဆက်မှုများကို ချုပ်ငြိမ်းစေရန်နှင့် ထိထိရောက်ရောက် ဖယ်ရှားရန် Kiev ၏ ရည်ရွယ်ချက် ကို ပြသနေသည်ဟု သူမက Telegram တွင် ရေးသားခဲ့သည်။

အသက် ၆၃ နှစ်ရှိ Lu သည် ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်း ကတည်းက ရုရှားတွင် အလုပ်လုပ်ခဲ့သော အတွေ့အကြုံရင့် စစ်ရေး သတင်းထောက်တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၀၄ ခုနှစ်က Beslan ရှိ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို သတင်းပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဆုတံဆိပ်များစွာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှစ၍ ၎င်းသည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် ရှေ့တန်း စစ်မြေပြင်မှဖြစ်စဉ်များအပါအဝင် သတင်းများကို တင်ဆက်နေခဲ့သည်။

သတင်းထောက်များကို ယူကရိန်းတပ်များက ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ မတ်လတွင် Izvestia သတင်းစာ အဖွဲ့သားများသည် လက်နက်ကြီးဒဏ်ခံခဲ့ရပြီး သတင်းထောက် တစ်ဦး၊ ကင်မရာမန်းနှင့် ယာဉ်မောင်းတို့သေဆုံးကာ အခြား သတင်းထောက် တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်အပြီး နောက်နှစ်ရက် အကြာတွင် Channel One သတင်းထောက်တစ်ဦးသည် ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရုရှား၏ Belgorod ဒေသတွင် တာဝန် ထမ်းဆောင်နေစဉ် သေဆုံးခဲ့သည်။

အစ္စရေးစစ်တပ်မှ အနောက်ဘက်ကမ်းဒေသ ကျေးရွာများတွင် အခြေချ နေထိုင်သူများကို တိုက်ခိုက်ပြီးနောက် အသက် ၁၅ နှစ်အရွယ် ပါလက်စတိုင်း လူငယ်ကိုသတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း အရာရှိများက ပြောကြား

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးစစ်တပ်မှ ပါလက်စတိုင်းလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။ သိမ်းပိုက်ထားသောနယ်မြေတွင် အစ္စရေးအခြေချနေထိုင်သူများ၏ ပါလက်စတိုင်းနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်မှ Jenin မြို့အနီး Al Yamoun ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် အသက် ၁၅ နှစ်အရွယ် Rayan Tamer Hawshiya ၏ လည်ပင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Ramallah ရှိ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ မြို့ပေါ်ရှိနေထိုင်သူများက “အစ္စရေးတပ်များ၏ ပြင်းထန်စွာပစ်ခတ်မှုများ” ရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရသည်။   

အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် Al Yamoun ကျေးရွာ၌ “အကြမ်းဖက်သမားများက IDF တပ်ဖွဲ့များအပေါ် ပေါက်ကွဲစေနိုင်သော ပစ္စည်းများနှင့် တိုက်ခိုက်ခဲ့ကြောင်း” ပြောကြားခဲ့ပြီး IDF တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသူမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“နောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များသည် အခြားပေါက်ကွဲစေနိုင်သော ပစ္စည်းများကို ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမားများ ချဉ်းကပ်လာသည်ကို သတိထားမိခဲ့သည်” ဟု IDF က CNN သို့ ပြောကြားခဲ့သည်။ “တပ်ဖွဲ့ဝင်များက ပစ်ခတ်တုံ့ပြန်ခဲ့ပြီး ပစ်မှတ်ထိမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

သီးသန့်ဖြစ်စဉ်တစ်ခုအဖြစ် အစ္စရေးရဲတပ်ဖွဲ့မှ သိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်မြို့တွင် (၆၆) နှစ်အရွယ် ပါလက်စတိုင်း အမျိုးသမီး ကြီးတစ်ဦးသည် ပစ်ခတ်မှုများကြောင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ပါလက်စတိုင်းသတင်းဌာန WAFA ၏ ဖော်ပြချက်အရ အစ္စရေးရဲများက Shuafat ဒုက္ခသည်စခန်းသို့ ဝင်ရောက်စီးနင်းပြီးနောက် Zahia Joudeh al-Obeidi သည် ဒဏ်ရာပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရှိရသည်။

အစ္စရေးရဲတပ်ဖွဲ့က အရှေ့ဂျေရုဆလင်မြို့သူတစ်ဦး သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုမြို့သူ သည် Shuafat စစ်ဆေးဂိတ်သို့ရောက်ရှိချိန်တွင် ကျန်းမာရေးဝန်ထမ်းများက “သေဆုံးသွားပြီဖြစ်သည်” ဟု အတည်ပြုခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါသေဆုံးမှုများသည် အနောက်ဘက်ကမ်းရှိ Kafr Malik မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုမြို့တွင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်း နိုင်ငံသားများ၏ အိမ်များနှင့် ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အစ္စရေးပါလီမန် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးက ယင်းဖြစ်စဉ်ကို “အကြမ်းဖက်ဂျူးလူမျိုးစုသတ်ဖြတ်မှု” ဟု ရည်ညွှန်းပြောကြားခဲ့သည်။ ပါလက်စတိုင်းနှင့် အစ္စရေးအာဏာပိုင်များအဆိုအရ လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထောင်ဖောက်လွတ်မြောက်ခဲ့သည့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အီကွေဒေါ ပြန်လည်ဖမ်းဆီးနိုင်

ကွီတို ဇွန် ၂၆

ပြီးခဲ့သည့်နှစ်က အကျဉ်းထောင် မှ ထွက်ပြေးလွတ်မြောက်သွားသော လော့စ်ချိုနာရော့စ် ဒုစရိုက် ဂိုဏ်း၏ခေါင်းဆောင် ဟိုဆေး အဒယ်ဖိုမာစီယာကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အီကွေဒေါသမ္မတ ဒန်နီယယ်နို ဘိုဝါက ဇွန် ၂၅ ရက်တွင် ကြေညာ ထားသည်။

ဖီတိုဟူ၍လည်း ထင်ရှားသည့် ဟိုဆေးအဒယ်ဖိုမာစီယာ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဂွါယာ ကွီးလ်အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်ခဲ့ရာ အီကွေဒေါနိုင်ငံ၏ အလိုအရှိဆုံးဝရမ်းပြေးတရားခံ ဖြစ်ခဲ့ရသည်။

သို့ရာတွင် လက်ရှိအချိန်၌ အီကွေဒေါရဲတပ်ဖွဲ့နှင့် တပ်မတော် တို့က ၎င်းကို ပြန်လည်ဖမ်းဆီး နိုင်ခဲ့ပြီဖြစ်ကြောင်း အီကွေဒေါသမ္မတက အတည်ပြုပြောကြားထားသည်။

သို့သော် ဟိုဆေးအဒယ်ဖိုမာစီ ယာအားမည်သည့်အချိန်၊မည်သည့် နေရာ၌ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ကို အီကွေဒေါသမ္မတက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံသည် မာစီယာ ကို ၂၀၁၁ ခုနှစ်တွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူသတ်မှု အပါအဝင် ပြစ်မှုအမျိုးမျိုးအတွက် ထောင်ဒဏ် ၃၄ နှစ်ချမှတ် ထားသည်။

ယင်းအပြင် မာစီယာသည် နိုင်ငံတကာ မူးယစ်ဆေးကုန်သွယ် မူ၊လက်နက်မှုများဖြင့်လည်း အမေရိကန်နိုင်ငံ၌ တရားစွဲဆိုခံထားရသူ ဖြစ်ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

ဂျပန်နိုင်ငံမှ တွစ်တာလူသတ်သမား (Twitter Killer) အဖြစ် လူသိများသူကို ကွပ်မျက်

ဂျပန်နိုင်ငံသည် “တွစ်တာလူသတ်သမား” အဖြစ် လူသိများသူ Takahiro Shiraishi အား ကွပ်မျက်လိုက်ပြီဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်အတွင်း ပထမဆုံးအကြိမ် သေဒဏ်အား ကျင့်သုံးခြင်းဖြစ်ကာ၊ ၎င်းသည် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၁ ဦးအပါအဝင် လူကိုးဦးကို သတ်ဖြတ်ပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြတ်တောက်ခဲ့သည့် ပြစ်မှုအတွက် ၂၀၂၀ ပြည့်နှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။

၃၄ နှစ်အရွယ် Shiraishi အား ယခုအခါ X အဖြစ် လူသိများသော တွစ်တာအပါအဝင် လူမှုကွန်ရက်ပေါ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် လိုသည့် အတွေးများဖော်ပြခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပျောက်ဆုံးမှုအား စုံစမ်းစစ်ဆေးရန် ၂၀၁၇ ခုနှစ် အောက်တိုဘာ လတွင် တိုကျိုမြို့ဆင်ခြေဖုံးရှိ Kanagawa စီရင်စု Zama မြို့ရှိ ၎င်း၏ နေအိမ်အား ရဲများက ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

CNN ၏ မိတ်ဖက် TV Asahi သတင်းဌာနက ရဲများ၏ ပြောကြားချက်ကို ကိုးကား၍ ထိုစဉ်က သတင်းများ၏ဖော်ပြချက်အရ Shiraishi ၏ အခန်း တွင် လူသားဦးခေါင်းခွံများနှင့် အသားများခွာထားသော အရိုးများပါ ရှိသည့် ရေခဲသေတ္တာ ၃ လုံးနှင့် ခွက်ပုံး ၅ ခုကို တွေ့ရှိခဲ့သည်။

အဆိုပါ ပြစ်မှုကြီးသည် နှစ်ပေါင်းများစွာ ဂျပန်နိုင်ငံတစ်ဝှမ်း စိုးရိမ်မှုများ ဖြစ်စေခဲ့ပြီး လူမှုကွန်ရက်မီဒီယာအသုံးပြုမှုနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ဂျပန်အမျိုးသားရုပ်သံ NHK နှင့် TV Asahi တို့က တရားရုံးမှ အချက် အလက်များကို ကိုးကား၍ ဖော်ပြချက်အရ သားကောင်ကိုးဦးတို့မှာ အသက် ၁၅ နှစ်မှ ၂၆ နှစ်အတွင်းရှိသူများဖြစ်ကာ၊ ၎င်းတို့သည် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုကြောင်း အွန်လိုင်းပေါ်တွင် ရေးသားခဲ့ကြ ပြီးနောက် Shiraishi က လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဆက်သွယ် ခဲ့ခြင်းဖြစ်သည်။

Shiraishi သည် “လူသတ်သမား” ဟု အဓိပ္ပာယ်ရနိုင်သည့် အမည်ကို အသုံးပြုကာ သားကောင်များအား Zama မြို့ရှိ ၎င်း၏တိုက်ခန်းသို့ ဖိတ်ခေါ်ခဲ့ပြီး သေဆုံးရန် အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။ Shiraishi သည် သားကောင်များကို လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒဖြည့်ဆည်းရန် ရည်ရွယ်သတ်ဖြတ်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ၎င်းအား လူကိုးဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်၍ အစိတ်စိတ်ပိုင်းကာ တိုက်ခန်းအတွင်း သိုလှောင်ထားမှုအတွက် အပြစ် ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။

Shiraishi ၏ avocat (ရှေ့နေ) မှ တိုကျိုအထက်တရားရုံးသို့ အယူခံ ဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး သေဒဏ် စီရင်ချက် အပြီးသတ်ချမှတ်ခဲ့ကြောင်း NHK က ဖော်ပြခဲ့သည်။

“လိင်ပိုင်းနှင့် ငွေကြေးအကျိုးအမြတ်ရယူရန် စိတ်ဆန္ဒများကြောင့် ဖြစ်ပွား ခဲ့သည့် အဆိုပါအမှုတွင် လူကိုးဦး သေဆုံးခဲ့ရပြီး လူမှုအသိုင်းအဝိုင်းအား ထိခိုက်မှုကြီးမားခဲ့သည်။ သားကောင်များနှင့် မိသားစုဝင်များအတွက် အထူးဝမ်းနည်းဖွယ်ဖြစ်ရပ်လည်း ဖြစ်သည်” ဟု တရားရေးဝန်ကြီး Keisuke Suzuki သောကြာနေ့ (ဇွန် ၂၇) တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Shiraishi ၏ သားကောင်တစ်ဦး၏ ဖခင်က NHK သို့ ပြောကြားရာတွင် “၎င်းအား သေဒဏ်ပေးရန်ထက် ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက် တစ်သက်လုံး နောင်တရပြီး ခံစားနေရစေလိုသည်” ဟု ဆိုခဲ့သည်။

NHK ၏ ဖော်ပြချက်အရ ဤသည်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးသော သေဒဏ် အကောင်အထည်ဖော်မှုဖြစ်သည်။ ဂျပန်တွင် သေဒဏ်အား ကြိုးပေးခြင်းဖြင့် စီရင်လေ့ရှိပြီး စီရင်သည့်နေ့ကို လျှို့ဝှက် ထားကာ မိသားစုများနှင့် ရှေ့နေများအား စီရင်ပြီးမှသာ အကြောင်း ကြားလေ့ရှိသည်။

“စနစ်တကျ တရားစီရင်မှုဖြင့် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီး၊ ဂရုတစိုက် စဉ်းစားဆုံးဖြတ်ကာ အကောင်အထည်ဖော်ရန် အမိန့်ချမှတ်ခဲ့သည်” ဟု Suzuki ကထပ်လောင်းပြောကြားခဲ့သည်။

ကင်ညာနိုင်ငံတွင် လူထုဆန္ဒပြမှုများ ထောင်နှင့်ချီ၍ ပါဝင်လာသည့် အချိန်တွင် ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများနှင့် ရေပိုက်ဖြင့် ထိုးဖြန်းခြင်းများ ပြုလုပ်နှိမ်နင်း

အစိုးရဆန့်ကျင်ဆန္ဒပြမှုများ စတင်ခဲ့သည့် တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် လူထုထောင်နှင့်ချီ၍ လမ်းများပေါ်သို့ ထွက်လာစဉ် ဆန္ဒပြသူ များကို လူစုခွဲရန် ကင်ညာရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း နှင့် ရေပိုက်များဖြင့် ထိုးဖြန်းခြင်းဖြင့် နှိမ်နှင်းခဲ့သည်။ ယမန်နှစ်က ဆန္ဒ ပြမှုများတွင် လူပေါင်းများစွာ သေဆုံးခဲ့ဖူးသည်။

ကင်ညာဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ (Communications Authority of Kenya) မှ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က စတင်ခဲ့သည့် လူငယ် ဦးဆောင် ဆန္ဒပြမှုများအား တိုက်ရိုက်ထုတ်လွှင့်မှုများကို တားမြစ်ရန် တိုင်းပြည် အတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနအားလုံးအား အမိန့်ချမှတ် ခဲ့သည်။

အစိုးရအေဂျင်စီမှ ဆန္ဒပြမှုများအား တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် ကင်ညာ ဥပဒေများကို ချိုးဖောက်သည်ဟု မှားယွင်းစွာပြောဆိုကာ အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက အုပ်ချုပ်ရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် CNN နှင့်ချိတ်ဆက် ထားသော Citizen TV အပါအဝင် မီဒီယာအများအပြားမှာ ထုတ်လွှင့်မှု ကို ချက်ချင်း မရပ်ဆိုင်းခဲ့ပေ။

ဆန္ဒပြမှုနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် နိုင်ရိုဘီမြို့တော်၊ ကမ်းရိုးတန်း မြို့မိုမ်ဘာဆာနှင့် အခြားမြို့များတွင် လူထုထောင်ချီ၍ ဆန္ဒပြခဲ့ကြသည်။ နိုင်ရိုဘီတွင် ဆန္ဒပြမှုမစတင်မီကတည်းက ကင်ညာလွှတ်တော် အဆောက်အဦနှင့် သမ္မတရုံးသို့ သွားသည့်လမ်းများကို အတားအဆီးများ ပြုလုပ်ထားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လက လွှတ်တော်အပြင်ဘက်တွင် လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းရာမှ လူများစွာ သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အမျက်ထွက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်က ဆန္ဒပြမှုများကြောင့် အခွန်တိုးမြှင့်သည့် အငြင်းပွားဖွယ် ဘဏ္ဍာရေးဥပဒေကြမ်းကို ရုပ်သိမ်းခဲ့ရသော်လည်း ကင်ညာလူငယ် များသည် ရဲတပ်ဖွဲ့၏ ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်နှိမ်နင်းမှုများအပေါ် ဆက်လက်အမျက်ထွက်နေဆဲဖြစ်သည်။ ထိုသို့သော အချက်များတွင် ရဲ အဖမ်းခံရစဉ် ဆရာတစ်ဦး သေဆုံးမှုနှင့် လက်နက်မဲ့ လမ်းဘေး ဈေးသည်တစ်ဦး ပစ်ခတ်ခံရမှု တို့ပါဝင်သည်။

CNN သတင်းဌာနက ဗုဒ္ဓဟူးနေ့က နိုင်ရိုဘီတွင် အေးဆေးတည်ငြိမ်စွာ ဆန္ဒပြသူများကို လူစုခွဲရန် ရဲများက သေနတ်များဖြင့် ပစ်ခတ်နေသည်ကို မျက်မြင်တွေ့ရှိခဲ့သည်။

ဆန္ဒပြသူအချို့က ပစ်ခတ်ပြီး ကျည်ခွံများကို ပြသခဲ့ကြသည်။ မြို့တော် တွင် မျက်ရည်ယိုဗုံးများ၊ မီးသတ်ကားများဖြင့် ဆန္ဒပြသူများကို ရှင်းလင်း ခဲ့ပြီး ၎င်းမှာ လွန်ခဲ့သည့်နှစ်က ဖြစ်ရပ်များကို ပြန်လည် အမှတ်ရစေ ခဲ့သည်။

Citizen TV မှ X (တွစ်တာ) တွင် နိုင်ရိုဘီဆေးရုံသို့ ဒဏ်ရာရသူများကို တွန်းလှည်းဖြင့် သယ်ဆောင်လာသည့် ဗီဒီယိုတစ်ခုကို ဖော်ပြခဲ့သည်။ မိုမ်ဘာဆာတွင် ဆန္ဒပြသူအချို့ကို ဖမ်းဆီးပြီး အချုပ်ကားများအတွင်းသို့ ခေါ်ဆောင်ဆွဲထည့်နေသည့် အခြားဗီဒီယိုတစ်ခုလည်း ထွက်ရှိခဲ့သည်။ Citizen TV ၏ သတင်းအရ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) နံနက်တွင် အရှေ့ ကင်ညာရှိ Machakos County တွင် ဆန္ဒပြမှုအတွင်း လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Amnesty International Kenya နှင့် Law Society of Kenya၊ Police Reforms Working Group၊ Kenya Medical Association အပါအဝင် အဖွဲ့အစည်းများက ထုတ်ပြန်သည့် ကြေညာချက်တွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က ဆန္ဒပြသူ ၈ ဦး သေဆုံးပြီး အနည်းဆုံး ၄၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရသူ ၈၃ ဦးမှာ အပြင်းအထန် ထိခိုက်ထားပြီး အနည်းဆုံး ဆန္ဒပြသူ ၈ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် ကုသမှုခံယူနေရကြောင်း ဆိုသည်။

CNN မှ အသေအပျောက်အရေအတွက်ကို ချက်ချင်း အတည်မပြုနိုင်သေး သော်လည်း ရဲတပ်ဖွဲ့ထံ ထပ်ဆင့်သိရှိနိုင်ရန် မေးမြန်းထားသည်။