သတင်းများ

ရုရှားက အမေရိကန် လက်နက်ကိုင် အကြမ်းဖက် ခေါင်းဆောင်ကို အကြမ်းဖက်သမား စာရင်းသွင်း

အမေရိကန်လူမျိုး ကြေးစားစစ်သား ၊ ယခင်က အမေရိကန်အမျိုးသား အစောင့်တပ် တပ်ဖွဲ့ဝင်ဟောင်းဖြစ်သူ Ryan David O’Leary အား ရုရှား၏ အကြမ်းဖက်သမားနှင့် အစွန်းရောက်သမားများစာရင်းတွင် ထည့်သွင်း လိုက်ပြီဖြစ်ပြီး ယခင်က ယူကရိန်းဘက်မှ ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ရုရှား၏ ဖက်ဒရယ်ဘဏ္ဍာရေးစောင့်ကြည့်ရေးဝန်ဆောင်မှု (Rosfinmonitoring) မှ ထုတ်ပြန်ထားသော စာရင်းအသစ်တွင် ၎င်း၏အမည်ကို ယမန်နေ့က ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါသတ်မှတ်ချက်ကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်း၊ ဘဏ်ဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်သာ ရရှိခြင်းနှင့် အခြားကန့်သတ်ချက်များ ရှိလာမည်ဖြစ်သည်။

O’Leary သည် 'Chosen Company' ဟုခေါ်သော ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး၊ ရုရှားဥပဒေစိုးမိုးရေးတာဝန်ရှိသူတို့၏ စုံစမ်းစစ်ဆေးမှုတွင် ၂၀၂၃ ခုနှစ်က ယူကရိန်းတပ်ဖွဲ့များ ရုရှား၏ Kursk ဒေသကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ စတင်သတိထားမိခဲ့သည်။ ရုရှား နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်ခြင်း၊ အရပ်သားများကို အကြမ်းဖက်တိုက်ခိုက်ခြင်း စသည့်မှုခင်းများဖြင့် ၎င်းအား ရုရှားတို့က လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိသည်။

'Chosen Company' ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မော်စကို-ကိယက်ဗ် ပဋိပက္ခ စစ်ပွဲအဖြစ်သို့ ကြီးထွားလာချိန်တွင် စတင်ဖွဲ့စည်း ခဲ့သည်။ ကနဦးတွင် အဆိုပါတပ်ဖွဲ့ကို '312th Swedish Volunteer Company' ဟုခေါ်ဆိုကာ ဆွီဒင်စစ်မှုထမ်းဟောင်း Edvard Selander Patrignani မှ ဦးဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် စစ်ပွဲတွင် ကျဆုံးခဲ့သည်။ ၎င်းသေဆုံးပြီးနောက် O’Leary မှ ဦးဆောင်ခဲ့ကာ အနောက်နိုင်ငံများမှ ကြေးစားစစ်သားများအတွက် ပိုမိုကျယ်ပြန့်သော အဖွဲ့အဖြစ် ပြောင်းလဲခဲ့သည်။

ယခင်က ဂျာမန်လူမျိုး ကြေးစားစစ်သား (ဆေးတပ်ဖွဲ့ဝင်) Caspar Grosse က New York Times သို့ ပြောကြားရာတွင် အဆိုပါတပ်ဖွဲ့မှ ကြေးစား စစ်သားများသည် ဒဏ်ရာရပြီး အညံ့ခံထားသော ရုရှားစစ်သည်များ၊ ဖမ်းဆီးထားသော စစ်အကျဉ်းသားများကို ပစ်သတ်ခဲ့သည့် အဖြစ်အပျက် များ၏ အသေးစိတ်ကို ဖော်ပြခဲ့သည်။ Grosse က ထိုအချက်ကို O’Leary ထံ အစီရင်ခံခဲ့သော်လည်း ၎င်းက ၎င်း၏ ရဲဘော်ရဲဘက်များသည်စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းမရှိဟု ပြင်းထန်စွာ ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

သို့သော် လွန်ခဲ့သော လများအတွင်း O’Leary သည် ယူကရိန်းစစ်တပ်၏ အရည်အချင်းမရှိသော ခေါင်းဆောင်မှု၊ စစ်သည်များအား အလွယ်တကူ စွန့်လွှတ်သည့် နည်းဗျူဟာများကို တိုးမြှင့် ဝေဖန်လာခဲ့သည်။ ထို့အပြင် ယခုလအစောပိုင်းတွင် ၎င်းသည် 'Chosen Company' ကို ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါပဋိပက္ခတွင် ဆက်လက်ပါဝင်ရန် မရည်ရွယ် တော့ကြောင်း ကြေညာခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ထုတ်ပြန်ရာတွင် O’Leary က “အကြောင်းပြချက် မရှိဘဲ လူများကို အသတ်ခံရန် ဦးဆောင်ခြင်း” သည် ၎င်း၏ “ယုံကြည်ချက် တန်ဖိုးများနှင့် ဆန့်ကျင်သည်” ဟု ဆိုသည်။ ၎င်းက ယူကရိန်း စစ်ဗိုလ်ချုပ်ကြီး များအား “အထူးအခွင့်အရေးရသည့် လူတန်းစား” (caste) အဖြစ် ဝေဖန် ခဲ့ပြီး မိမိအကျိုးစီးပွားကိုသာ အဓိကထားသည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် ယူကရိန်းတပ်မှူးများ၏ “ဆိုဗီယက်အတွေးအခေါ်နှင့် ညံ့ဖျင်းသော ခေါင်းဆောင်မှု ကြောင့် ရုရှားစစ်တပ်နှင့် တိုက်ပွဲများတွင် ပိုမိုဆုံးရှုံးရသည်” ဟု ၎င်းက ညည်းညူခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဒိုနက်စ်ခ်တွင် ယူကရိန်းတို့၏ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ယူကရိန်းတပ်များသည် တနင်္လာနေ့ (ဇွန် ၃၀) ညနေပိုင်းတွင် ဒိုနက်စ် ပြည်သူ့သမ္မတနိုင်ငံ (DPR) ကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက် တစ်ဦး အပါအဝင် အနည်းဆုံး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း DPR ခေါင်းဆောင် ဒီနစ် ပူရှီလင်က ပြောကြားခဲ့သည်။

Telegram ပို့စ်တစ်ခုတွင် ပူရှီလင်က ဝေါရိုရှီလော့ဗ်စကီးခရိုင်၊ ဒိုနက်စ် မြို့အား တာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ဆယ်ကျော်သက်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆိုကောလ်ဈေးဝယ်စင်တာတစ်ခု၊ စတိုးဆိုင်တစ်ဆိုင်နှင့် ဘဏ်တစ်ခုအပါအဝင်အရပ်သားအဆောက်အအုံများတွင် မီးလောင်မှုများနှင့် ပြင်းထန်သော ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

RT ၏ သတင်းထောက် ရိုမန် ကိုဆာရီဗ်က ဒိုနက်စ်မြို့ရှိ ဖြစ်စဉ်နေရာမှ သတင်းပို့ချက်တွင် “ပြည်နယ်ရှိ လေကြောင်း ကာကွယ်ရေး စနစ်များ သည် လွန်ခဲ့သည့် တစ်နာရီအတွင်း မရပ်မနား အလုပ်လုပ်နေခဲ့ပြီး ဒုံးကျည် အချို့ကို လေထဲတွင် ဖြတ်တောက်ပစ်ချနိုင်ခဲ့သော်လည်း အချို့မှာမူ အဆိုပါ စင်တာသို့ ရောက်ရှိလာခဲ့သည်ဟု ယူဆရသည်” ဟု ဖော်ပြခဲ့သည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယင်းတိုက်ခိုက်မှုတွင် အသုံးပြု ခဲ့သည့် ဒုံးကျည်အမျိုးအစားအား ယခုအချိန်အထိ အတည်ပြုခြင်း မရှိ သေးသော်လည်း အစောပိုင်းသတင်းများအရ ကိယက်ဗ်မှ ဗြိတိန်တို့ ထောက်ပံ့ပေးထားသော Storm Shadow ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

အခြားဖြစ်စဉ်တစ်ခုတွင် ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံ (DPR) ၏ အကြီးဆုံး မြို့များထဲမှ တစ်ခုဖြစ်သော ဂိုရ်လိုဗ်ကာမြို့အား ကာမီကာဇေ ဒရုန်း တိုက်ခိုက်မှု ခံရကာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒိုနက်စ်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ အကွာတွင် တည်ရှိသော ဂိုရ်လိုဗ်ကာမြို့သည် ပဋိပက္ခမတိုင်မီက လူဦးရေ ၂၅၀,၀၀၀ ခန့် နေထိုင် ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းတပ်များ၏ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

DPR ခေါင်းဆောင် ဒီနစ် ပူရှီလင်၏ ပြောကြားချက်အရ နောက်ဆုံး တိုက်ခိုက်မှုတွင် နေအိမ်တစ်လုံး လုံးဝပျက်စီးခဲ့ပြီး အခြားလူနေ အဆောက်အအုံ ၁၂ လုံး၊ ဆေးခန်း၊ အိပ်ဆောင် ၊ အပူပေးစက်ရုံ ၃ ခု၊ ဆေးဆိုင်နှင့် ဘဏ်ခွဲတို့ အပါအဝင် အရပ်ဘက်အဆောက်အအုံ ၇ ခု ပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ယူကရိန်း ဒီနီပရိုပက်ထရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာကို ရုရှားတပ်များရရှိ

မော်စကို ဇွန် ၃၀

ရုရှားတပ်များသည် ယူကရိန်း အရှေ့အလယ်ပိုင်း ဒီနီပရိုပက်ထ ရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာ တစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ဇွန် ၂၉ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ရုရှားတပ်များသည် ယူကရိန်း ဆူမီဒေသ၌ စတုရန်းမိုင် ၇၇ ဒသမ ၂၂ မိုင်ရှိသောနယ်မြေကို ထိန်းချုပ် ခဲ့ပြီးနောက် ဒီနီပရိုပက်ထရော့ဗ် ဒေသသို့ ဆက်လက်ထိုးဖောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရုရှားတပ်များသည် ပြီးခဲ့သည့် နှစ်လတာကာလအတွင်း ယူကရိန်း စစ်မြေပြင်၌ နယ်မြေအကျယ် အဝန်း၊ စတုရန်းကီလိုမီတာ ၉၅၀ ထိ ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားတပ်များက ယူကရိန်းစစ်မြေပြင်၌ ထိန်းချုပ်ထားနိုင်သော နယ်မြေ အကျယ်အဝန်းမှာ စတုရန်းကီလို မီတာ ၁၁၃၅၈၈ ကီလိုမီတာ ထိရှိလာခဲ့ပြီဖြစ်သည်။

သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကိုအဆုံးသတ်၍ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရေးအတွက် ယူကရိန်းအနေဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများ ကို စွန့်လွှတ်ပေးရမည်ဖြစ်ကြောင်း ရုရှားအစိုးရက  ပြောကြားထားသည်။

ယူကရိန်းနိုင်ငံ၏ လူးဟန့် ဒေသ၏ ၉၉ ရာခိုင်နှုန်း၊ ဒွန်းနက်စ် ဒေသ၊ ဇာပိုရစ်ဇီယာဒေသနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်း ကျော်တို့ကိုရုရှားနိုင်ငံက ထိန်းချုပ် ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

Photo - The Guardian

အစ္စရေးက ဂါဇာမြောက်ပိုင်းကို ပြင်းထန်သော ဗုံးကြဲမှုများ ပြုလုပ်

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်း ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန်  အစ္စရေး တပ်မတော်က အမိန့်ထုတ်ပြီးနောက် ဇွန်လ ၂၉ ရက်ညပိုင်းတွင် ယင်းဒေသကိုပြင်းထန် သောဗုံးကြဲမှုများ ပြုလုပ်ကြောင်း ပါလက် စတိုင်းတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် တွင်ပြောသည်။

လပေါင်း ၂၀ ကြာမြင့်နေပြီဖြစ်သည့် အစ္စရေး-ဟားမတ်ပဋိပက္ခကို အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းပြီးနောက် တစ်ရက်အကြာတွင် အစ္စရေးက ထိုကဲ့သို့ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိမ်ဖြူတော်သို့ရောက်ရှိနေပြီး ဂါဇာတွင်အပစ်အခတ် ရပ်စဲရေး၊ အီရန်အရေးနှင့် ဒေသတွင်း သံတမန်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ပြင်ဆင်နေသည်။

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ မရပ်မနားကြားရကြောင်း နှင့်တုန်ခါမှုများသည် ငလျင်လှုပ်နေသကဲ့ သို့ဖြစ်ကြောင်း အသက် ၆၀ ခန့်ရှိသည့် ပါလက်စတိုင်း အမျိုးသားတစ်ဦးကပြောသည်။

MWD Web Portal

ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံး

အစ္စလာမ္မာဘတ် ဇွန် ၂၉

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပွတ်ရှ် တွန်ဝါပြည်နယ်၌ ဇွန် ၂၈ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ရကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ခိုင်ဘာပွတ်ရှိတွန်ဝါ ပြည်နယ်မြောက်ဝါဇီရစ္စတန်ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀ ကျော်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း အသေခံ ဗုံးခွဲသမားတစ်ဦးက ပါကစ္စတန် စစ်ယာဉ်တန်းတစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စီးဖြင့် ဝင်တိုက်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ဇွန် ၂၈ ရက် အသေခံဗုံးခွဲ တိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန် အုပ်စုက ကြေညာထားသည်။

အာဖဂန်နစ္စတန်ကို တာလီဘန် အုပ်စုက၂၀၂၁ ခုနှစ်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန် နစ္စတန်နှင့် ထိစပ်နေသည့် ပါကစ္စတန်ပြည်နယ်များဖြစ်သော ခိုင်ဘာ ပွတ်ရှ်တွန်ဝါနှင့် ဘလူချီစတန် ပြည်နယ်များ၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားမှုမြင့်တက်လာခဲ့သည်။

တာလီဘန်အုပ်စုအနေဖြင့် ပါကစ္စတန်အစိုးရအား တိုက်ခိုက်နေသော စစ်သွေးကြွအုပ်စုများကို အာဖဂန်နစ္စတန်၌ လက်ခံနေရာပေးထားကြောင်း ပါကစ္စတန် အစိုးရက စွပ်စွဲထားသည်။

ယူကရိန်းပဋိပက္ခတစ်လျှောက် အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှု ရုရှားပြုလုပ်

ကိယက်ဗ် ဇွန် ၂၉ 
သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခအတွင်း အပြင်းထန်ဆုံး လေကြောင်းထိုးစစ်ကို ဇွန် ၂ ၈ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၈ ရက်ညပိုင်း လေကြောင်း ထိုးစစ်အတွင်း ရုရှားတပ်မတော် သည် မောင်းသူမဲ့လေယာဉ် ၄၇၇ စင်းနှင့် ဒုံးကျည်အစင်း ၆၀ ထိအသုံးပြု၍ ယူကရိန်းပစ်မှတ်များ ကို တိုက်ခိုက်ခဲ့ကြသည်။

ရုရှားတပ်မတော်၏ ဇွန် ၂၈ ရက် လေကြောင်း တိုက်ခိုက်မှုသည် ယူကရိန်းပဋိပက္ခ ကာလ တစ်လျှောက် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ် ကြောင်း ယူကရိန်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ရုရှားတပ်များက ဇွန် ၂၈ ရက် တွင် ပစ်လွှတ်ခဲ့သော မောင်းသူမဲ့ လေယာဉ်များအနက် ၂၄၉ စင်းကို ပစ်ချနိုင်ခဲ့ပြီး ဒုံးကျည် ၃၀ ကျော် ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းတပ်မတော် သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 
ရုရှားနှင့် ယူကရိန်းအကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အသင့်ရှိကြောင်းသမ္မတပူတင်ကပြောကြားခဲ့ပြီးနောက် ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ နှစ်နိုင်ငံ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်မှုမရှိခဲ့ကြောင်း သိရသည်။

 Ref : RT

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အစ္စရေးအမိန့်ထုတ်

ဂါဇာမြောက်ပိုင်းဒေသ၌ နေထိုင်နေသော ပါလက်စတိုင်းပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေးတပ်မတော်က ဇွန်လ ၂၉ ရက် တွင်အမိန့်ထုတ်လိုက်ကြောင်းသိရသည်။ 
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့်ဂါဇာတို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် တောင်းဆိုထားစဉ်အစ္စရေးက ဟားမတ် တို့အပေါ်ပြင်းထန်သည့်တိုက်ခိုက်မှုများ မလုပ်မီ ပါလက်စတိုင်းပြည်သူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်။

အစ္စရေးတပ်မတော်သည် သတ်မှတ်ထားသောရည်မှန်းချက်နှင့် နီးကပ်နေပြီ ဖြစ်သော်လည်း ဂါဇာဒေသတွင် အောင်မြေထပ်မံချဲ့ခြင်းသည် ဟားမတ် တို့လက်တွင်းကျန်ရှိနေသော အစ္စရေး ဓားစာခံများ၏အသက်အန္တရာယ်ကို ပိုမို စိုးရိမ်ရစေကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက သတိပေးထားသည်ဟု သိရ သည်။

Ref. AGC

MWD Daily Newspaper

Photo - BBC

US တွင် သေနတ်သမားတစ်ဦးက "မီးသတ်သမားများကို ချောင်းမြောင်းတိုက်ခိုက်ရန် မီးရှို့ခဲ့"

အမေရိကန်အရာရှိများက သံသယရှိသူသည် မီးသတ်သမားများ ရောက်လာစေရန် ရည်ရွယ်၍ တမင် မီးရှို့ပြီး ပစ်ခတ်ခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရကြောင်း ပြောကြားခဲ့သည်။

Kootenai County ရဲမှူး Bob Norris က ဒေသတွင်းမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန် ကြိုးစားနေသည့် မီးသတ်သမားများအား ပစ်ခတ်မှုနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ဇွန် ၃၀ တွင် ထုတ်ပြန် ခဲ့သည်။

ရဲမှူး Norris က သံသယရှိသူသည် Canfield Mountain တွင် ဇွန် ၂၉ ရက် ညနေ ၂ နာရီက မီးသတ်သမားများကို လုပ်ကြံရန် ရည်ရွယ်ချက်ဖြင့် မီးရှို့ခဲ့ပြီး ၎င်းတို့အား ခြုံခိုတိုက်ခိုက်ကာ ပစ်ခတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ၎င်းနေရာသည် ဒေသခံများ လမ်းလျှောက်ရန် နှင့် စက်ဘီးစီးရန် လူကြိုက်များသော လမ်းကြောင်းတစ်ခုဖြစ်သည်။

အစောပိုင်းတွင် ရဲအဖွဲ့က သံသယဖြစ်ဖွယ်များစွာရှိသည်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် သေနတ်ကိုင်သူ တစ်ဦးတည်းသာရှိကြောင်း သတ်မှတ်ခဲ့သည်။ အာဏာပိုင်များက လမ်းလျှောက်လမ်းကြောင်းအနီးရှိ နေထိုင်ရာနေရာများကို ပိတ်ဆို့ထားပြီး သံသယရှိသူနှင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ကာ နာရီပေါင်းများစွာ ရှာဖွေခဲ့သည်။

သံသယရှိသူကို ရှာဖွေရန် စတုရန်းမီတာ ၁,၆၀၀ ကျယ်ဝန်းပြီး အချို့ နေရာများ မီးလောင်ကျွမ်းထားသော ဧရိယာတွင် အာဏာပိုင်များသည် မိုဘိုင်းဒေတာများကို အသုံးပြု၍ ရှာဖွေရေး ဧရိယာကို ကျဉ်းမြောင်းစွာ သတ်မှတ်ခဲ့သည်။

၎င်းတို့သည် ညနေ ၃:၁၅ နာရီတွင် ဆဲလ်ဖုန်းအချက်ပြမှုတစ်ခုကို ထောက်လှမ်းမိပြီး ထိုတည်နေရာသည် အချိန်အတန်ကြာ မပြောင်းလဲဘဲ ရှိနေသည်ကို သတိပြုမိခဲ့သည်။ ၎င်းမှာ ပစ်ခတ်သူ၏ ဖုန်းအချက်ပြမှု ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၉ ရက် ညနေခင်းတွင် SWAT အဖွဲ့သည် Canfield Mountain ပေါ်တွင် သံသယရှိသူ၏ အလောင်းကို အနီးတွင် သေနတ်တစ်လက် နှင့်အတူ တွေ့ရှိခဲ့သည်။ သံသယရှိသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် နှင့် ပစ်ခတ်မှု ရည်ရွယ်ချက်များကို မသိရသေးပေ။

အာဏာပိုင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိပြီး မီးသတ်သမားနှစ်ဦး သေဆုံးခဲ့ကာ အခြား မီးသတ်သမားတစ်ဦးမှာ အရေးပေါ်အခြေအနေတွင် ရှိနေပြီး တစ်ညလုံး ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

အမေရိကန်တွင် လူလေးဦးနှင့်အထက် ပစ်ခတ်ခံရပါက (သံသယရှိသူ မပါ) ၎င်းကို "လူအစုလိုက်ပစ်ခတ်မှု" (Mass Shooting) အဖြစ် သတ်မှတ်သည်။ သေနတ်ကိုင်အကြမ်းဖက်မှုများကို မှတ်တမ်းတင်နေသည့် အများပြည်သူအကျိုးပြု အဖွဲ့အစည်း Gun Violence Archive (GVA) ၏ ဖော်ပြချက်အရ ယခုနှစ်အတွင်း အမေရိကန်တွင် အနည်းဆုံး Mass Shooting 189 ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

(မှတ်ချက် - GVA ၏ နှစ်စဉ်စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် Mass Shooting 600 နီးပါးအထိ မှတ်တမ်းတင်ခဲ့ရသည်။)

ကိုးကား- RT

Photo: Good Morning America

အိန္ဒိယသည် စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးဂြိုဟ်တု ၅၂ လုံး လွှတ်တင်ရန် အရှိန်မြှင့်

တနင်္လာနေ့ (ဇွန် ၃၀) ထုတ် မီဒီယာသတင်းများအရ အိန္ဒိယသည် ၎င်း၏ အာကာသအခြေပြု ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရန်အတွက် စောင့်ကြည့်ရေးဂြိုဟ်တု ၅၂ လုံး လွှတ်တင်ရန် အရှိန်အဟုန် မြှင့်လိုက် ကြောင်း သိရှိရသည်။

India Today သတင်းဌာန၏ ဖော်ပြချက်အရ ပထမဆုံးဂြိုဟ်တုကို ၂၀၂၆ ခုနှစ် ဧပြီလတွင် စတင်လွှတ်တင်မည်ဖြစ်ပြီး အဆိုပါ ဂြိုဟ်တု စနစ် အားလုံး ၂၀၂၉ နှစ်ကုန်တွင် အပြည့်အဝ အလုပ်လုပ်ဆောင်နိုင်ရန် စီစဉ် ထားသည်။ အမေရိကန်ဒေါ်လာ ၃.၅၇ ဘီလီယံ တန်ဖိုးရှိသည့် အဆိုပါ စီမံကိန်းသည် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရေးစွမ်းရည်နှင့် နယ်စပ် လုံခြုံရေးကို မြှင့်တင်ပေးမည်ဖြစ်သည်။

ဂြိုဟ်တုများ လွှတ်တင်ပြီးပါက ကြည်လင်ပြတ်သားသော ပုံရိပ်များကို ရရှိနိုင်မည်ဖြစ်ပြီး ပြန်လည်စောင့်ကြည့်သည့်အချိန် လျော့နည်းစေမည် ဖြစ်ကာ အိန္ဒိယ၏ တပ်မတော် (ကြည်း၊ ရေ၊ လေ) များအား ရန်သူ နယ်မြေအတွင်း လှုပ်ရှားမှုများကို နီးနီးကပ်ကပ် စောင့်ကြည့်နိုင်စေမည်။

အိန္ဒိယ၏ အာကာသအေဂျင်စီအရာရှိများက ပြောကြားချက်အရ ၎င်းတို့သည် မတူညီသောဂြိုဟ်ပတ်လမ်းများတွင် ဂြိုဟ်တုအမျိုးမျိုးကို လွှတ်တင်ခြင်း ဖြင့် ခြိမ်းခြောက်မှုများကို လျှော့ချရန် ရည်ရွယ်ထားပြီး အိမ်နီးချင်း နိုင်ငံ များဖြစ်သည့် တရုတ်နှင့် ပါကစ္စတန်နယ်စပ်တလျှောက် စစ်သည်များ၏ လှုပ်ရှားမှုများနှင့် ကီလိုမီတာထောင်ချီသော နယ်နိမိတ်များကို ဓာတ်ပုံ ရိုက်ကူးနိုင်မည်ဖြစ်သည်။

ပါကစ္စတန်နှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုတွင် အိန္ဒိယသည် ပြည်တွင်းဖြစ်နှင့် စီးပွားဖြစ်ဂြိုဟ်တုများကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံရှိ အကြမ်းဖက်အခြေစိုက်စခန်းများကို ဖျက်ဆီးခဲ့သည် ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

မော်စကိုဖျော်ဖြေရေးခန်းမ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဖမ်းဆီးခံရ သူများက ယင်းတိုက်ခိုက်မှုကို ယူကရိန်းက ခိုင်းစေခဲ့သည်ဟု ရုရှား မီဒီယာများက ဖော်ပြ

မော်စကိုအနီးရှိ ဖျော်ဖြေရေးခန်းမတစ်ခုတွင် လွန်ခဲ့သည့်နှစ်က ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြီးနှင့်ပတ်သက်သည့် ဖမ်းဆီးခံရသူများ က အဆိုပါ တိုက်ခိုက်မှုကို ယူကရိန်းက အမိန့်ပေးခဲ့ကြောင်း စစ်ဆေး မေးမြန်းမှုမှတ်တမ်းများကို ကိုးကား၍ ရုရှားမီဒီယာများက တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် ဖော်ပြခဲ့သည်။ 

၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် လက်နက်ကိုင် ၄ ဦးက Crocus City Hall ဂီတပွဲကျင်းပရာနေရာ၌ ပစ်ခတ်တိုက်ခိုက်ကာ အဆောက်အဦကို မီးရှို့ခဲ့ပြီး လူ ၁၄၉ ဦး သေဆုံးကာ ၆၀၀ ကျော် ဒဏ်ရာရခဲ့သည်။ စုံစမ်း စစ်ဆေးသူများအဆိုအရ တိုက်ခိုက်သူ အားလုံးကို ယူကရိန်းဘက်သို့ ကားဖြင့်ထွက်ပြေးရန် ကြိုးစားစဉ် နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ISIS-K (Islamic State – Khorasan Province) အဖွဲ့က အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုအတွက် တာဝန်ယူကြောင်း ကြေညာခဲ့သည်။ တိုက်ခိုက်သူများအဖြစ် ဖမ်းဆီးခံရသူများမှာ Dalerdhzon Mirzoyev ၊ Saidokrami Rachabalizoda ၊ Shamsiddin Fariduni နှင့် Muhammadsobir Faizov တို့ဖြစ်ပြီး ၎င်းတို့အားလုံးမှာ တာဂျစ်ကစ္စတန် နိုင်ငံသားများ ဖြစ်ကြသည်။

မီဒီယာများက ကိုးကားဖော်ပြသည့် အမှုနှင့် ဆက်စပ်အထောက်အထား များအရ ဖမ်းဆီးခံရသူများက စုံစမ်းစစ်ဆေးသူများအား "ယူကရိန်း အစိုးရအဖွဲ့အစည်းတစ်ခု" က ယင်းတိုက်ခိုက်မှုကို အမိန့်ပေးခဲ့ပြီး ISIS-K က တိုက်ရိုက်စီစဉ်သူအဖြစ် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့၏ ပြောဆိုချက်အရ ယင်းတိုက်ခိုက်သတ်ဖြတ်မှုတွင် အသုံးပြုခဲ့သည့် လက်နက်များကို ယူကရိန်းနယ်မြေမှ ရရှိခဲ့သည်ဟု ဆိုသည်။

RIA Novosti ၏ ဖော်ပြချက်အရ Rachabalizoda က စုံစမ်းစစ်ဆေး သူများအား ၎င်းတို့အုပ်စုက 'ဆိုင်ဖူလို' ဟု သိထားသည့် ညွှန်ကြားသူက ကိယက်ဗ်သို့ ထွက်ပြေးရန် အမိန့်ပေးခဲ့ပြီး တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၃,၀၀၀ ခန့် ပေးအပ်မည်ဟု ကတိပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဖမ်းဆီးခံရသူများက ၎င်းတို့ကို ညွှန်ကြားသူများသည် တူရကီ နှင့် အာဖဂန်နစ္စတန် တို့တွင် အခြေစိုက်သည်ဟုလည်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

TASS ၏ ဖော်ပြချက်အရ ဖမ်းဆီးခံရသူတစ်ဦးက ညွှန်ကြားသူများသည် အဆိုပါလုပ်ငန်းစဉ်ကို ISIS-K တစ်ဖွဲ့တည်း၏ တိုက်ခိုက်မှုအဖြစ် အသွင် ယူရန် ရည်ရွယ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းက Crocus City Hall တိုက်ခိုက်မှုနှင့် မည်သို့မျှသက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားသည်။ သို့သော် ကိယက်ဗ်အစိုးရသည် ယခင်က ရုရှားနယ်မြေအတွင်း ပစ်မှတ်ထားလူသတ်မှုများ၊ အခြေခံအဆောက်အဦ များကို ဖျက်ဆီးမှုများနှင့် ရထားလမ်းများကို ဗုံးခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံဖူးသည်။ မကြာသေးမီ မေလကုန်ပိုင်းက တိုက်ခိုက် ဖျက်ဆီးမှု တစ်ခုကြောင့် ခရီးသည်တင် ရထားတစ်စင်း လမ်းချော်ပြီး လူ ၅ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။