သတင်းများ

တက္ကဆက်ပြည်နယ်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေး အေးဂျင့် ချောင်းမြောင်းတိုက်ခိုက်ခံရ

အမေရိကန်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်များကို ဇူလိုင် ၄ ရက် ညပိုင်းက တက္ကဆက်ပြည်နယ်ရှိ စခန်းအပြင်ဘက်တွင် အကြမ်းဖက် အုပ်စုတစ်စုက ချောင်းမြောင်းတိုက်ခိုက်ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်တရားရေးဌာနက ဇူလိုင် ၇ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုအတွက် သံသယရှိ ၁၀ ဦးအား လူသတ်ရန် ကြံစည်မှု နှင့် လက်နက်ကိုင်အကြမ်းဖက်မှု စွဲချက်များဖြင့် တရားစွဲဆိုခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ဇူလိုင် ၄ ရက် ညပိုင်းတွင် Alvarado မြို့ရှိ Prairieland Detention Center (လူဝင်မှုစခန်း) အပြင်ဘက်၌ ဖြစ်ပွား ခဲ့သည်။ ထိုစခန်းကို ICE က နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများအားနိုင်ငံကူးလက်မှတ်မရှိဟု သတ်မှတ်ပြီး ပြန်ပို့ရန် စောင့်ဆိုင်းခိုက် ထိန်းသိမ်းထားရာနေရာအဖြစ် အသုံးပြုလျက်ရှိသည်။

သံသယရှိသူများသည် စစ်တပ်ပုံစံ ဝတ်စုံများဝတ်ဆင်ကာ အစပိုင်းတွင် ထောင်အပြင်ဘက်၌ မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ပြီး ICE အား ရှုတ်ချသည့် စာတမ်းများကို ယာဉ်များနှင့် စောင့်ကြပ်ရေးမျှော်စင်များပေါ်တွင် စပရေးဘူးများဖြင့် ရေးခြယ်ခဲ့ကြသည်။

လက်နက်ကိုင်ဆောင်မထားသော ထောင်အရာရှိနှစ်ဦးနှင့် လှည့်ကင်း အရာရှိတစ်ဦးတို့ စကားပြောရန် ရောက်ရှိလာစဉ် အကြမ်းဖက်သမားများက ရုတ်တရက်တိုက်ခိုက်ခဲ့သည်။ တောအုပ်ထဲမှ ပုန်းလျှိုးနေသော သံသယရှိသူတစ်ဦးက လှည့်ကင်းအရာရှိအား လည်ပင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခြားသံသယရှိသူတစ်ဦးက ထောင်အရာရှိနှစ်ဦးအား သေနတ်ဖြင့် အချက် ၂၀-၃၀ ခန့်အထိ ပစ်ခတ်ခဲ့သည်။ 

သံသယရှိသူများသည် ဖြစ်စဉ်နေရာမှ မီတာ ၃၀၀ အကွာတွင် ဖမ်းဆီး ခံခဲ့ရသည်။ အချို့သည် ကျည်ကာဝတ်စုံများဝတ်ဆင်ထားပြီး စကားပြောစက် များ၊ လက်နက်များ ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။ ဆက်လက် ရှာဖွေရာတွင် သံသယရှိသူများ၏ အိမ်နှင့်ယာဉ်များထဲမှ မျက်နှာဖုံး၊ မျက်မှန်၊ လက်အိတ်၊ စပရေးဘူး၊ ကျည်အိမ်များနှင့် ကျည်ကာဝတ်စုံ ၁၂ ထည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဇူလိုင် ၇ ရက်တွင်ပင် Alvarado မြို့၏ တောင်ဘက် ကီလိုမီတာ ၆၄၀ ကျော်အကွာရှိ McAllen မြို့တွင် အခြားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ် Ryan Louis Mosqueda သည် စစ်ဂျာကင်အင်္ကျီဝတ်ဆင်ကာ မောင်းပြန်သေနတ်ဖြင့် အမေရိကန် နယ်စပ် စောင့်တပ်ဖွဲ့ (Border Patrol) စခန်းအတွင်းသို့ အချက်ရေများစွာ ပစ်ခတ်ခဲ့ပြီး အရာရှိတစ်ဦးကို ဒဏ်ရာရစေခဲ့သည်။ နောက်ပိုင်းတွင် သံသယရှိသူအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

အမေရိကန်တရားရေးဌာနက ICE စခန်းများအပေါ် တိုက်ခိုက်မှုများကို နီးကပ်စွာ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက “ဖက်ဒရယ်အရာရှိများ သို့မဟုတ် စခန်းများအပေါ် မည်သည့်တိုက်ခိုက်မှုကိုမျှ အစိုးရက သည်းမခံနိုင်ပါ” ဟု ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ 

AI ကို အသုံးပြု၍ Marco Rubio အယောင်ဆောင်သူတစ်ဦးကြောင့် ဝါရှင်တန်က သတိပေးမှုများ လုပ်ဆောင်

အမေရိကန်နှင့် ပြည်ပနိုင်ငံများ၏ အရာရှိများထံ AI နည်းပညာဖြင့် Marco Rubio အဖြစ် ဟန်ဆောင်ဆက်သွယ်ရန်ကြိုးပမ်းခဲ့သည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မှတ်တမ်းများကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

အယောင်ဆောင်သူသည် Rubio ၏ အသံနှင့် မက်ဆေ့ဂျ်များကို AI ဖြင့် ဖန်တီးထားကာ အနည်းဆုံး နိုင်ငံခြားဝန်ကြီး (၃) ဦး၊ အမေရိကန် ဆီးနိတ် တစ်ဦးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးထံ ပေးပို့ခဲ့သည်ဟု သိရသည်။ Washington Post ၏ ဖော်ပြချက်အရ အဆိုပါလုပ်ရပ်တွင် Signal စာတိုအက်ပ်ကို အသုံးပြုကာ marco.rubio@state.gov ဟူသောအတုအယောင် အီးမေးလ်လိပ်စာဖြင့် အကောင့်ဖွင့်ခဲ့ပြီး ထိုသို့သော ဆက်သွယ်မှုများကို ဇွန်လအလယ်ပိုင်းကတည်းက စတင်လုပ်ဆောင်ခဲ့ သည်ဟု ဆိုသည်။

“အဆိုပါလုပ်ရပ်ကြောင့် ဝန်ကြီးဌာနအား တိုက်ရိုက်ဆိုက်ဘာ ခြိမ်းခြောက်မှု မရှိသော်လည်း ပစ်မှတ်ထားခံရသူများသည် အပြန်အလှန် ပေးပို့မှုများ လုပ်ဆောင်ခဲ့ပါက ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေထားသော အချက်အလက်များ ထိခိုက်နိုင်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးများသို့ ပေးပို့သည့် မှတ်တမ်းများကိုကိုးကား၍ AP က ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က “ဌာနအနေဖြင့် မိမိတို့၏ အချက်အလက်များကို ကာကွယ်ရန် တာဝန်ကို အလေးအနက်ထားကာ နောင်တွင် ထိုသို့သောဖြစ်ရပ်များ ထပ်မံ မဖြစ်ပွား စေရန် ဆိုက်ဘာလုံခြုံရေးအခြေအနေကို အဆက်မပြတ် မြှင့်တင်လျက် ရှိသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်မတိုင်မီ မေလတွင် FBI က အမေရိကန်အရာရှိကြီးများ၏ အသံအတုများကို အသုံးပြုသည့် “အန္တရာယ်ရှိသူများ” အကြောင်း အများ ပြည်သူကို သတိပေးခဲ့ဖူးသည်။ ထိုသတိပေးချက်သည် White House Chief of Staff Susie Wiles ၏ ဖုန်းကို ဟက်ကာ အချက်အလက် အတုများ ပေးပို့ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- RT

ယူကရိန်းတွင် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးနေသည့် အရာရှိများထံမှ ကယ်တင်ရန် ကြိုးစားစဉ် အမေဖြစ်သူ သေဆုံး

ယူကရိန်းအရှေ့ပိုင်းဒေသမှ အမျိုးသမီးတစ်ဦးသည် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးနေသည့် အရာရှိများကို ခုခံရင်း သေဆုံးသွား ခဲ့သည်ဟု ဒေသဆိုင်ရာ သတင်းများနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ နေသည့် ထိတ်လန့်ဖွယ် ဗီဒီယိုမှတ်တမ်းများက ဖော်ပြခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yelena Sobolevskaya က အမျိုးသမီး သေဆုံးမှုကို ငြင်းဆိုခဲ့ပြီး Strana.UA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ အမျိုးသမီးသည် လူနာတင်ယာဉ်အတွင်း၌ပင် မကြာမီ အသက် ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်သည် Kharkov ဒေသ၊ Merefa မြို့တွင် ဖြစ်ပွားခဲ့ပြီး ဒေသခံ Telegram ချန်နယ်များနှင့် Strana.UA သတင်းဝက်ဘ်ဆိုက်က ထုတ်ပြန်သည့် ဗီဒီယိုများတွင် အသက် ၆၀ နီးပါးရှိသည့် အမျိုးသမီး တစ်ဦးသည် လမ်းပေါ်တွင်နောက်ပြန်ဆုတ်နေသည့် ဗန်ကားရှေ့မှန်ကို စွဲကိုင်ထားရင်း ပြင်းထန်စွာ အော်ဟစ်နေသည်ကို တွေ့ရသည်။

ယူကရိန်းသည် စစ်မြေပြင်တွင် ကြီးမားသောဆုံးရှုံးမှုများကြောင့် စစ်မှု ထမ်းဆောင်ရန် ဥပဒေများကို ပိုမိုတင်းကျပ်လိုက်ကာ စစ်မှုထမ်း အရွယ် ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချခဲ့ပြီး စုဆောင်းရေး အရာရှိများ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ခဲ့သည်။ Territorial Centers of Recruitment and Social Support (TCR) မှ ကြီးကြပ်သည့် အဆိုပါ စစ်အင်အား စုဆောင်းရေး လုပ်ငန်းစဉ်သည် အာဏာသုံး စုဆောင်းမှုများနှင့် ကြမ်းတမ်းသော နည်းလမ်းများကြောင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

လူမှုကွန်ရက်များပေါ်တွင် စစ်သားစုဆောင်းရေး အဖွဲ့များထံမှ လွတ်မြောက်ရန် ပြေးလွှားနေကြသည့် (သို့) ရင်ဆိုင်တိုက်ခိုက်နေသည့် အမျိုးသားများ၏ ဗီဒီယိုများဖြင့် ဝေဆာနေပြီး စုဆောင်းရေး အရာရှိ များသည် အရပ်သားများထံမှ ပိုမိုများပြားလာသည့် ခုခံမှုများကို ရင်ဆိုင်နေရပါသည်။ ယူကရိန်းလွှတ်တော်အမတ် Roman Kostenko ၏ မကြာသေးမီက ထုတ်ဖော်ပြောကြားချက်အရ စစ်မှုထမ်းသစ်များအနက် လေးပုံတစ်ပုံထက်နည်းသောသူများသာ ဆန္ဒအလျောက် စစ်မှုထမ်းဆောင် ကြပြီး အများစုမှာ အတင်းအကျပ် စုဆောင်းမှုစနစ်မှတစ်ဆင့် စစ်တပ် ထဲသို့ ရောက်ရှိလာကြသည်ဟု ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိ များသည် လူများကို “လမ်းပေါ်က ခွေးများကို ဖမ်းသကဲ့သို့” အတင်း အကျပ် ဖမ်းဆီးနေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက ကိယက်ဗ် အစိုးရ အား အနောက်နိုင်ငံများအတွက် “ယူကရိန်းလူမျိုး နောက်ဆုံးတစ်ဦး ကျန်သည်အထိ” စစ်ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့သည်။

ထိုစဉ်အတွင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်သား စုဆောင်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သော ဝေဖန်မှုများကို “ရုရှား၏ ဝါဒဖြန့်မှုများ ဖြစ်သည်” ဟု တရားဝင်ငြင်းဆန်ထားသည်။

ကိုးကား- RT

Photo: Times of India

ယူကရိန်းစစ်မြေပြင်၌ ကျေးရွာနှစ်ရွာကို ရုရှားတပ်များထပ်မံသိမ်းပိုက်

ကိယက်ဗ် ဇူလိုင် ၇ 
ယူကရိန်းစစ်မြေပြင်၌ ရုရှား တပ်များအနေဖြင့် ဆက်လက် အသာစီးရနေပြီး ကျေးရွာနှစ်ရွာကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ တွင် သတင်းထုတ်ပြန်ထားသည်။

ရုရှားတပ်များအနေဖြင့် ယူကရိန်း အရှေ့ပိုင်း ဒွန်းနက်စ်ဒေသ စစ်မြေပြင်၌ ကျေးရွာတစ်ရွာကို သိမ်းယူနိုင်ခဲ့ပြီး ယူကရိန်းအရှေ့ မြောက်ပိုင်း ခါကစ်ဗ်ဒေသ စစ် မြေပြင်၌တွင်လည်း ကျေးရွာတစ်ရွာ ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။ ယင်းအပြင် ရုရှားတပ်များ သည် ဒွန်းနက်စ်ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး အတွက် မိုကရော့ခ်မြို့ကို သိမ်း ပိုက်နိုင်ရန်အတွက်လည်း ကြိုးပမ်း နေကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏အဆိုအရ သိရသည်။

ရုရှားတပ်များသည် လက်ရှိအချိန်တွင် ယူကရိန်းတစ်နိုင်ငံလုံး အကျယ်အဝန်း၏ ၁၉ ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်ထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ် ပြန်ထားသည်။

ရုရှားတပ်များသည် ယူကရိန်း အရှေ့ပိုင်း လူးဟန့်ဒေသကို အပြည့်အ၀ ထိန်းချုပ်ထားပြီး ဒွန်းနက်စ်ဒေသ၊ ဇာပိုရစ်ဗီယာနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်းစီ ထိန်းချုပ်ထားသည်။

သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကို အဆုံးသတ်နိုင်ရေး အတွက် အဆိုပါနယ်မြေလေးခုကို ယူကရိန်းနိုင်ငံက စွန့်လွှတ်ပေးရ မည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားသည်။

 Ref : RT

Trs: KKO

YDNB Newspaper

မော်စကိုသို့ပျံသန်းလာသည့် ယူကရိန်းမောင်းသူမဲ့လေယာဉ်များ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ် ပစ်ချခဲ့ရ

မော်စကို ဇူလိုင် ၆ 
မော်စကိုမြို့ဆီသို့ ဦးတည် ပျံသန်းလာသော ယူကရိန်း မောင်းသူမဲ့လေယာဉ်လေးစင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေး ဇူလိုင် ၅ ရက်တွင် ပစ်ချခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် မောင်းသူမဲ့ လေယာဉ်များ ပျက်ကျရာနေရာတွင် အရေးပေါ်လုံခြုံရေးဝန်ထမ်း များရောက်ရှိနေကြောင်း မော်စကို မြို့တော်ဝန်ဆာဂေးဆိုဘီယာနင် က ပြောကြားထားသည်။

ဇူလိုင်  ၅ ရက်တွင် ရုရှား လေကြောင်းရန် ကာကွယ်ရေး တပ်များသည် ယူကရိန်းမောင်းသူ မဲ့လေယာဉ် ၄၀ စင်းကို ပစ်ချခဲ့ရ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

ယူကရိန်းမောင်းသူမဲ့လေယာဉ်များအန္တရာယ်ကြောင့် ဇူလိုင် ၅ ရက်တွင် မော်စကိုမြို့တွင်းရှိလေဆိပ်အချို့ လေယာဉ်အဆင်း အတက်များ ယာယီရပ်တန့် ခဲ့ရသည်။

ရုရှားနိုင်ငံသည် ဇူလိုင် ၄ ရက် ညပိုင်းတွင် ယူကရိန်းပဋိပက္ခ တစ်လျှောက် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုများဖြင့် ယူကရိန်းမြို့များကို တိုက်ခိုက် ခဲ့သည်။

ဇူလိုင် ၄ ရက် လေကြောင်း တိုက်ခိုက်မှုတွင် ရုရှားတပ်များ သည် မောင်းသူမဲ့လေယာဉ်အစင်း ၅၅၀ထိ အသုံးပြုခဲ့ကြောင်း သိရသည်။

 Ref: RT

ဂါဇာဒေသ၏ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဟု အစ္စရေးစစ်တပ် ပြော

လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၆၅ ရာခိုင်နှုန်းကျော်ကို စစ်ရေးအရ ထိန်းချုပ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က ဇူလိုင် ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်နှင့်အတူ အဓိကအားဖြင့် ဂါဇာဒေသမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စရေး ထိန်းချုပ်ထားသော နယ်မြေများကို ဖော်ပြသည့် စစ်သုံးမြေပုံနှင့် ယင်းဒေသအနှံ့၌ IDF တပ်ခွဲများ တပ်ဖြန့်ချထားပုံတို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်အနေဖြင့် မတ်လအတွင်း ဂါဇာစစ်ဆင်ရေး ပြန်လည်စတင်ချိန်က ယင်းဒေသ ၏ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေးရုပ်သံ Channel 12 News ၏ အဆိုအရ သိရသည်။ လွန်ခဲ့သော သီတင်းပတ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာဒေသ၌ အကြီးတန်း တပ်မှူးလေးဦး အပါအဝင် စစ်သွေးကြွ ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ ကြောင်း IDF က သတင်း ထုတ်ပြန်ခဲ့သည်။ အစ္စရေးလေတပ်ကလည်း မတ်လ ၁၈ ရက်မှစ၍ လက်နက်တိုက်များ၊ ဒုံးကျည် ပစ်လွှတ်သည့်နေရာများ၊ မြေအောက်ဘန်ကာများ အပါအဝင် စစ်ဘက် အခြေခံအဆောက်အအုံ ၇,၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော အစ္စရေး၏ ဂါဇာထိုးစစ်ကြောင့် ပါလက်စတိုင်း ၅၇,၁၃၀ ဦးထက်မနည်း သေဆုံးကာ ၁၃၅,၁၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ဇူလိုင် ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

ကိုးကား- ဆင်ဟွာ

အစ္စရေးက ယီမင်ကို ဦးတည်သည့် ‘Black Flag’ စစ်ဆင်ရေးကို စတင်

အစ္စရေးနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သည့် ယီမင်ကို ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲတိုက်ခိုက်မှုများ စတင်လိုက်ပြီး IDF က ဟူသီ အကြမ်းဖက်အုပ်စုသည် ဆိပ်ကမ်းများနှင့် ဓာတ်အားပေးစက်ရုံများကို စစ်ရေးအရအသုံးပြုရန် ပြောင်းလဲခဲ့သည်ဟု စွပ်စွဲထားသည်။

“Operation Black Flag” အမည်ရှိ အဆိုပါတိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီး Israel Katz နှင့် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က တနင်္လာနေ့ (ဇူလိုင် ၇) အစောပိုင်းတွင် ကြေညာခဲ့သည်။

တိုက်ခိုက်မှုများသည် ယီမင်၏ Hodeidah၊ Ras Isa နှင့် Al-Salif ဆိပ်ကမ်း များရှိ အခြေခံအဆောက်အအုံများနှင့် Ras Katib ရှိ ဓာတ်အားပေးစက်ရုံတို့ကို ဦးတည်ခဲ့သည်။ ပစ်မှတ်ထားသည့်နေရာများတစ်ဝိုက်တွင် ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

IDF က “အဆိုပါဆိပ်ကမ်းများကို ဟူသီ အကြမ်းဖက်အုပ်စုက အီရန် အစိုးရ ထံမှ လက်နက်များသယ်ယူရန် အသုံးပြုနေပြီး ၎င်းလက်နက်များဖြင့် အစ္စရေးနိုင်ငံနှင့် ၎င်း၏မဟာမိတ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်” ဟု စွပ်စွဲခဲ့သည်။ ယခုစစ်ဆင်ရေးသည် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ဟူသီ ထိန်းချုပ်ထားသော နယ်မြေမှ အစ္စရေးသို့ ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက် ခဲ့မှုများကို တိုက်ရိုက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

IDF ၏ ပြောဆိုချက်အရ Ras Isa ရှိ တိုက်ခိုက်ခံရသော ပစ်မှတ်များ ထဲတွင် Galaxy Leader ကုန်တင်သင်္ဘောလည်း ပါဝင်နေပြီး အဆိုပါ သင်္ဘောကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဟူသီတပ်ဖွဲ့များက သိမ်းယူခဲ့ခြင်းဖြစ်ပြီး၊ IDF ၏ အဆိုအရ ဟူသီ လက်နက်ကိုင်များသည် ယင်းသင်္ဘောပေါ်၌ ရေဒါစနစ် တပ်ဆင်ကာ ပင်လယ်နီဒေသရှိ ရေကြောင်းသွားလာမှုများကို စောင့်ကြည့်ခြင်းနှင့် ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်ရန် အသုံးပြုနေသည်ဟု ဆိုပါသည်။

IDF က Ras Kanatib ဓာတ်အားပေးစက်ရုံ ကို ဟူသီ တို့၏ စစ်ရေး လုပ်ငန်းများအတွက် အဓိက လျှပ်စစ်ထောက်ပံ့ရာ အချက်အချာ နေရာ အဖြစ် အသုံးပြုနေသော တရားဝင် ပစ်မှတ်တစ်ခုဟု ဖော်ပြခဲ့သည်။ “ဟူသီ အစိုးရသည် အရပ်သားအခြေခံအဆောက်အအုံများကို မည်သို့အသုံးပြု နေသည်ကို အဆိုပါဖြစ်ရပ်က နောက်ထပ်သက်သေတစ်ခုအဖြစ် ပြသ လျက်ရှိသည်” ဟု IDF က ဆိုသည်။ ကာကွယ်ရေးဝန်ကြီး အစ္စရေး Katz က အစ္စရေးသည် ဟူသီ တို့ကို အီရန်မှ ပံ့ပိုးသော ဒေသတွင်း အင်အားစု များ၏ ကွန်ရက်တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။

အစ္စရေးက ဟူသီ လှုပ်ရှားမှုကို အီရန်အစိုးရ၏ အဓိကအင်အားစု အခွဲတစ်ခုအဖြစ် စွပ်စွဲထားပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်လှုပ်ရှားမှုများကို ထောက်ပံ့ရန် လက်နက်နှင့်ငွေကြေးများရရှိထားသည်ဟု ဆိုသည်။ ထို့အပြင် ဟူသီ တို့သည် ရေကြောင်းနယ်ပယ်ကို အကြမ်းဖက် အင်အား ဖော်ပြရန်နှင့် နိုင်ငံတကာကုန်သွယ်ရေးကို နှောင့်ယှက်ရန် အသုံးပြုနေ သည်ဟု စွပ်စွဲကာ အစ္စရေးသည် ၎င်း၏နိုင်ငံသားများအား ခြိမ်းခြောက်မှု များကို “လိုအပ်သလို မည်သည့်နေရာမဆို တုံ့ပြန်ရန် အဆုံးအဖြတ် ပေးထားကြောင်း” ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီရန်တို့ကြား ပြီးခဲ့သည့်လက စစ်ပြေငြိမ်းရေး သဘောတူညီမှုအပြီးတွင် ဟူသီ တို့က ဒရုန်းနှင့် ဒုံးကျည်များ အစ္စရေးသို့ ထပ်မံ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။ ယခုအစ္စရေး၏ ပြန်လည် တုံ့ပြန်တိုက်ခိုက်မှုများမှာ မေလက တိုက်ခိုက်မှုများအပြီးနောက်ပိုင်း ယီမင်တွင် အကြီးမားဆုံး စစ်ဆင်ရေးဆောင်ရွက်ချက် ဖြစ်သည်။

ရုရှား ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ကိယက်ဗ်တွင် မီးလောင် ကျွမ်း

ယူကရိန်းအရာရှိများက ရုရှားစစ်တပ်သည် သောကြာနေ့ (ဇူလိုင် ၄) နံနက် အစောပိုင်းတွင် မြို့တော်ကို ပစ်မှတ်ထားသည့် ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုခဲ့ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ လတ်တလောတွင် မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုသေးပေ။

ကိယက်ဗ်တွင် ပထမဆုံးတိုက်ခိုက်မှုကို ညသန်းခေါင်ကျော်တွင် စတင် ကြုံတွေ့ခဲ့ရပြီး မြို့တော်ဝန် Vitaly Klitschko က လေကြောင်း ကာကွယ်ရေးစနစ်များမှ တိုက်ခိုက်မှုများကို ဟန့်တားနေစဉ် နေထိုင်သူ များအား ခိုလှုံရန်နေရာများသို့ သွားရောက်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ အရာရှိများက နံနက် ၄ နာရီအထိ ခရိုင်အများအပြားရှိ အများ ပြည်သူ နေထိုင်ရာနေရာမဟုတ်သော အဆောက်အအုံများကို အဓိက ထားကာ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ထိခိုက်သေဆုံးမှုအစီရင်ခံစာများ မထုတ်ပြန်နိုင်သေးသော်လည်း Klitschko က အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒုံးကျည်နှင့် ဒရုန်း အကြွင်း အကျန်များကြောင့် လူနေရပ်ကွက်များနှင့် သီးသန့်ခြံဝင်းများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းလူမှုမီဒီယာများတွင် ဖြန့်ဝေထားသည့် ကြည်လင် ပြတ်သားမှု မရှိသော ဗီဒီယိုများစွာတွင် တိုက်ခိုက်မှုကြောင့် မြို့ရှိ အဆောက်အဦ များမှ မီးတောက်မီးလျှံများ ထွက်ပေါ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်သည်။

မြို့တော်အတွင်း နေရာအနှံ့ထိမှန်ခဲ့ပြီး အနည်းဆုံး ၁၃ နေရာ၌ ထိခိုက်မှု များ ရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသည့် နေရာအတိအကျနှင့် အဆောက်အအုံ အမျိုးအစား များကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ယူကရိန်း အစိုးရသည် သတင်းအချက်အလက်စီးဆင်းမှုကို အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားပြီး အများပြည်သူဆိုင်ရာ အဆောက်အအုံများ ထိခိုက်မှု မရှိပါက တိုက်ခိုက်မှုဆိုင်ရာ မှတ်တမ်းများ မျှဝေသူများကို အရေးယူလေ့ ရှိသောကြောင့် ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်းမပြုသေးပေ။ မော်စကိုအစိုးရသည် ယူကရိန်း၏ စစ်ရေး အခြေခံအဆောက်အအုံများကို ဒရုန်းနှင့်ဒုံးကျည်ပစ်ခတ်မှုများဖြင့် ပုံမှန် တိုက်ခိုက်လျက်ရှိပြီး ၎င်းတို့၏လုပ်ငန်းစဉ်များတွင် အရပ်သားများကို ပစ်မှတ်မထားဟု ငြင်းဆိုကာ လူနေထူထပ်သည့်ဒေသများတွင် လေကြောင်း ကာကွယ်ရေးစနစ်များ တပ်ဆင်ထားမှုအတွက် ကိယက်ဗ်အစိုးရအား အပြစ်ဖို့လေ့ရှိသည်။

အဆိုပါတိုက်ခိုက်မှုသတင်းများ ထွက်ပေါ်လာချိန်သည် သမ္မတပူတင်နှင့် အမေရိကန်သမ္မတထရမ့်တို့ ဖုန်းဆက်ပြောဆိုဆွေးနွေးပြီးခါစ အချိန်ဖြစ်ပြီး ထရမ့်က ယူကရိန်းတွင် “ဖြစ်နိုင်သမျှ အမြန်ဆုံး” စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ရုရှားကို တောင်းဆိုခဲ့သည်ဟု သိရပါသည်။ ပူတင်ကလည်း စေ့စပ်ညှိနှိုင်းဖြေရှင်းမှုအတွက် မော်စကိုဘက်က အဆင်သင့်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သော်လည်း “အကြောင်းရင်းဇစ်မြစ်” ကို မဖြေရှင်း နိုင်သေးသရွေ့ ရုရှားက နောက်ဆုတ်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

ယခုနှစ်အတွင်း အစ္စတန်ဘူလ်တွင် ညှိနှိုင်းမှုများအကြိမ်ကြိမ် လုပ်ဆောင်ခဲ့သော်လည်း ကိယက်ဗ်က ရုရှားနယ်မြေအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး မော်စကိုကလည်း အပြန်အလှန် တုံ့ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ 

Kiev သည် စစ်မြေပြင်တွင် အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ဟု ထောက်လှမ်းရေးအကြီးအကဲက ပြောကြား

ရုရှားတပ်များကို ပြန်လည်တွန်းလှန်နိုင်စွမ်း ယူကရိန်းတွင်မရှိကြောင်း ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးဌာန (HUR) အကြီးအကဲ Kirill Budanov က ဝန်ခံခဲ့သည်။ ပဋိပက္ခ၏ အခြေအနေကို အဓိပ္ပာယ်ရှိစွာ ပြောင်းလဲနိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ ညှိနှိုင်းဆွေးနွေးမှုသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မကြာသေးမီက စစ်ဘက်ဆိုင်ရာ ယုတ္တိ အရ နယ်မြေများကို တရားဝင်တောင်းဆိုခြင်းမရှိဘဲ သိမ်းပိုက်ထားရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ သမိုင်းတလျှောက် ရုရှားသည် “ရုရှား စစ်သား၏ခြေလှမ်းရောက်ရှိရာနေရာသည် မိမိတို့၏ပိုင်နက်ဖြစ်သည်” ဆိုသည့် အမျိုးသားအကျိုးစီးပွားကာကွယ်ရေး နိယာမကို အခြေခံ ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ပတ်သက်၍ ယခု သီတင်းပတ် အတွင်း တွေ့ဆုံမေးမြန်းမှုတွင် Budanov က ရုရှားသမ္မတ၏အဆိုမှာ စစ်ရေးဆိုင်ရာ သဘောတရားအရ မှန်ကန်ကြောင်း ပြောကြားခဲ့သည်။

“၎င်းတို့ရောက်ရှိသမျှနေရာတိုင်းကို မိမိတို့ထိန်းချုပ်မည်ဆိုသည်ကို နားမလည်သူ တစ်ဦးမျှ မရှိဟု ထင်ပါသလား ၊ လူတိုင်းသိလိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု Budanov က ပြောကြားခဲ့သည်။ သို့သော် ၎င်းက ယူကရိန်းနိုင်ငံသားများအား စစ်မှုထမ်းခြင်းနှင့် ရုရှားကို တိုက်ခိုက်ရန် တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည်။ 

ထို့အပြင် စစ်မြေပြင်တွင် ကြီးမားသော အပြောင်းအလဲများ မဖြစ်လာ နိုင်ဟု ၎င်းက မျှော်မှန်းခဲ့သည်။ ရုရှားတပ်များသည် တဖြည်းဖြည်း နယ်မြေ ချဲ့ထွင်နေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြီးဆုံးသည်အထိ အရေးပါသော အခြေအနေပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်မဟုတ်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံက တရုတ်သင်္ဘောများ သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုကို ကန့်ကွက်

ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီး ဗီယက်နမ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသင်္ဘောများ ဝင်ရောက်လှုပ်ရှားမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က တရုတ် သင်္ဘောများ၏ ဗီယက်နမ်၏သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုနှင့်ပတ်သက်၍ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ 

“၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီးတွင် ဗီယက်နမ်၏ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည့် နိုင်ငံခြားသုတေသနနှင့်လေ့လာမှုများသည် ဗီယက်နမ်၏ အချုပ်အခြာအာဏာနှင့် တရား စီရင်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်” ဟု သူမက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ် အာဏာပိုင်များသည် အရှေ့ပင်လယ်အတွင်း ဖြစ်ပျက်မှုများကို အစဉ်နီးကပ်စွာ ခြေရာခံလျက် နိုင်ငံတကာဥပဒေနှင့် ဗီယက်နမ်၏ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကာ ဗီယက်နမ်၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

ဗီယက်နမ်သည် နိုင်ငံတကာဥပဒေနှင့်အညီ Hoang Sa နှင့် Truong Sa ကျွန်းစုများအပေါ် နိုင်ငံ၏ အချုပ်အခြာအာဏာစိုးမိုးမှုကို အတည်ပြုရန် ဥပဒေနှင့်အညီဖြစ်သော အခြေခံအုတ်မြစ်များနှင့် သမိုင်းဆိုင်ရာ အထောက်အထားများ ပြည့်စုံစွာရှိသည့်အပြင် ဗီယက်နမ်၏ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနှင့် တရားစီရင်ပိုင်ခွင့်များကိုလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂