သတင်းများ

အီရန်က အမေရိကန်ကို အဏုမြူလက်နက်များ ပျံ့နှံ့မှု တားဆီးရေး စာချုပ် ချိုးဖောက်မှုဖြင့် စွပ်စွဲ

အီရန်နိုင်ငံက အမေရိကန်သည် အဏုမြူစက်ရုံများကို ညပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အဏုမြူလက်နက်မပျံ့နှံ့ရေးစာချုပ် (NPT) ကို ချိုးဖောက်ခဲ့သည် ဟု စွပ်စွဲခဲ့ကာ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများတွင် ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု မတွေ့ရှိရကြောင်း အာမခံပြောကြားခဲ့သည်။

တနင်္ဂနွေ (ဇွန် ၂၂) နံနက်စောစောတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေညာချက်တစ်ရပ်တွင် အီရန်၏ အဏုမြူစွမ်းအင်အဖွဲ့ (AEOI) က အမေရိကန်၏ လေတပ်မှ ဒေသစံတော်ချိန် နံနက်စောစောအချိန်တွင် ဖော်ဒိုး (Fordow)၊ နတန်ဇ် (Natanz) နှင့် အစ္စဖာဟန် (Isfahan) ရှိ ၎င်း၏ အဏုမြူစက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိုလုပ်ရပ်အား တရားမဝင်ပြီး “ရက်စက်ကြမ်းကြုတ်သော” လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

အီရန်အာဏာပိုင်များက အပြည်ပြည်ဆိုင်ရာ စစ်ဆေးသူများ၏ ကြီးကြပ်မှု အောက်တွင် လည်ပတ်နေသည့် စက်ရုံများကို ဝါရှင်တန်မှ တိုက်ခိုက်ခဲ့ခြင်းအတွက် ဝေဖန်ခဲ့ကြသည်။

“အဆိုပါလုပ်ရပ်ကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ လျစ်လျူရှုမှုနှင့်ပင် ထောက်ခံမှုရပ်ဝန်းအောက်တွင် ဆောင်ရွက်ခဲ့ခြင်းမှာ ဝမ်းနည်းဖွယ်ရာပင်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်က Fordow ကို B-2 ဗုံးကြဲလေယာဉ် ၆ စီးကို အသုံးပြု၍ “Bunker buster” ၁၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အရာရှိ တစ်ဦးက ပြောကြား

အမေရိကန်သည် အီရန်၏ Fordow အဏုမြူစက်ရုံကို B-2 ဗုံးကြဲ လေယာဉ် ၆ စီးကိုအသုံးပြု၍ Bunker buster ၁၂ လုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အရာရှိတစ်ဦး၏ CNN သို့ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။ 

ထို့အပြင် အမေရိကန် ရေတပ်ပိုင် ရေငုပ်သင်္ဘောများမှ Natanz နှင့် Isfahan ရှိ စက်ရုံနှစ်ခုသို့ TLAM ခရူးဇ်ဒုံးကျည် ၃၀ ဖြင့်လည်းကောင်း၊ B-2 တစ်စီးမှ Natanz သို့ Bunker buster ၂ လုံးဖြင့်လည်းကောင်း တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း ၎င်းအရာရှိက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခင်က The New York Times သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။

(Bunker buster) GBU-57A/B Massive Ordnance Penetrator (MOP) ဟုခေါ်သော ယင်းဗုံးသည် အလေးချိန် ပေါင် ၃၀,၀၀၀ ရှိပြီး ပေါက်ကွဲ စေနိုင်သော ခဲယမ်းဆက်စပ်ပစ္စည်း ပေါင် ၆,၀၀၀ ပါဝင်သည်။

အမေရိကန်လေတပ်၏ သတင်းအချက်အလက်များအရ MOP ဗုံးကို ခိုင်ခံ့စွာကာကွယ်ထားသော စခန်းများအတွင်းရှိ ရန်သူ၏ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များကို တိုက်ခိုက် ဖျက်ဆီးရန် အတွက် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုးကား- CNN

အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု

အမေရိကန် တစ်နိုင်ငံထဲတွင်ရှိသော ပေါင်သုံးသောင်းဗုံးများဖြင့် အီရန် ၏ မြေအောက်နျူကလီးယားနေရာ သုံးနေရာကို အမေရိကန် လေယာဉ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သမ္မတထရမ့် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ယနေ့ (ဇွန် ၂၂) အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု ထဲမှ အရေးပါဆုံးနေရာမှာ အစ္စရေးတို့တောင် မဖျက်ဆီးနိုင်သည့် မြေအောက် အနက်ပေ ၂၆၀ နှင့် ၃၀၀ အကြား တည်ဆောက်ထားသော နျုကလီးယား စီမံကိန်း တစ်ခုလည်းပါဝင်ပါသည်။

နတန်ဇ် (Natanz)

ယင်းမှာ အီရန်နိုင်ငံ၏ အကြီးဆုံး ယူရေနီယမ် သန့်စင်စက်ရုံ ဟု သတ်မှတ်ခံထားရပြီး မြို့တော် တီဟီယန်မှ မိုင် ၁၅၀ အဝေးတွင် တည်ရှိပါသည်။

အဆိုပါနေရာ၌ မြေပေါ် အဆောက်အဦ သုံးခုနှင့် မြေအောက် အဆောက်အဦ သုံးခုရှိပါသည်။

ကျွမ်းကျင်သူများ၏ သုံးသပ်ချက်တွေအရ ထိုနေရာတွင် ယူယေနီယမ် တွေကို သန့်စင်ပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်ပါသည်။

အပြည်အပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEA၏ အဆိုအရ ထိုနေရာတွင် ယူယေနီယမ်ကို ၆၀% ရာခိုင်နှုန်းအထိ သန့်စင်ပေးနိုင်ပြီဟု ဆိုပါသည်။ နျူကလီးယား လက်နက်ထုတ်မည် ဆိုပါက ယူယေနီယမ်ကို ၉၀ % သန့်စင်ပေးရမည်ဖြစ်ပါသည်။ 

ဖော်ဒိုး (Fordow)

အဆိုပါ စက်ရုံမှာ Qom မြို့အနီးမှာရှိပြီး တောင်တန်းများ၏ အတွင်း မြေအောက် ခပ်နက်နက်တွင် လှိုဏ်ဂူတူးပြီးဆောက်ထားသည့် စက်ရုံ ဖြစ်ပါသည်။ စက်ရုံ၏ အရွယ်အစားနှင့် အတိုင်းအတာ အသေးစိတ်ကို မသိရှိရသေးပါ။

အဆိုပါနေရာမှာ စက်ရုံရှိနေသည်ဆိုသည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က အစ္စရေး ထောက်လှမ်းရေးအဖွဲ့က အီရန်ထံမှ ခိုးယူ ရရှိ ခဲ့သည့် စာရွက်စာတမ်းများအရ သိရှိရခြင်းဖြစ်ပါသည်။

အဆိုပါနေရာမှာရှိသည့် အဓိက စက်ရုံခန်းမသည် မြေအောက်အနက် ၂၆၀ နှင့် ၃၀၀ ပေကြားမှာရှိပြီး ထိုအနက်ကို ဖျက်ဆီးနိုင်သည့် လက်နက် သည် အမေရိကန်တစ်နိုင်ငံတည်းမှာပဲရှိကြောင်း အစ္စရေး တာဝန်ရှိသူ က ပြောခဲ့ဖူးပါသည်။

IAEA ၏ အစီရင်ခံစာအရ ထိုနေရာမှာလည်း ယူယေနီယမ်တွေကို ၆၀ % ထိတိုးမြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

အစ္စဖာဟန် (Isfahan)

ဖော်ပြပါစက်ရုံက အီရန်နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပြီး ၁၉၈၄ ခုနှစ်မှာ တရုတ်အကူညီဖြင့် တည်ဆောက်ခဲ့သည့် နေရာဖြစ်ပါသည်။

အဆိုပါစက်ရုံတွင် နျူကလီးယားသိပ္ပံပညာရှင် အယောက် ၃၀၀၀ ခန့် အလုပ်လုပ်နေကြကြောင်း ခန့်မှန်းထားပြီး အီရန် နျူကလီးယား စီမံကိန်း ၏ ဗဟိုဌာနဟု ယူဆရကြောင်း သိရှိရပါသည်။

ကိုးကား CNN

အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ နျူကလီးယား စက်ရုံ သုံးခုဖြစ်သော Fordow ၊ Natanz နှင့် Esfahan တို့ကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

“မိမိတို့သည် Fordow ၊ Natanz နှင့် Esfahan အပါအဝင် အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို အောင်မြင်စွာ တိုက်ခိုက်ပြီးစီးခဲ့ပါပြီ၊ လေယာဉ် အားလုံးသည် ယခုအခါ အီရန်၏ လေကြောင်းနယ်နိမိတ်အပြင်သို့ ရောက်ရှိသွားပါပြီ။ အဓိကစက်ရုံ Fordow ကို ထိထိရောက်ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လေယာဉ်အားလုံးသည် လုံခြုံစွာဖြင့် ပြန်လည် ရောက်ရှိ ခဲ့ပြီဖြစ်ပါသည်” ဟု ထရမ့်က ရေးသားခဲ့သည်။

၎င်းသည် ထိုစစ်ဆင်ရေးကို ချီးကျူးခဲ့ပြီး “မိမိတို့၏ ကြီးမြတ်သော အမေရိကန်စစ်သည်တော်များကို ဂုဏ်ပြုပါသည်။ ထိုကဲ့သို့ လုပ်ဆောင် နိုင်သည့် အခြားစစ်တပ်မရှိပါ” ဟု ဖြည့်စွက်ခဲ့သည်။

ထိုသတင်းစကားတွင် အမေရိကန်ခေါင်းဆောင်က တီဟီရန်အား ပြန်လည် တုံ့ပြန်တိုက်ခိုက်ခြင်းမပြုဘဲ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်ဟု ဖော်ပြထားသည်။

တီဟီရန်ဘက်မှ ယခုအချိန်အထိ တုံ့ပြန်ချက်မရှိသေးပေ။ အီရန် စစ်တပ် က ယခင်က အမေရိကန်နှင့် အခြားတတိယပါတီများအား ပဋိပက္ခတွင် ပါဝင်ခြင်းမပြုရန် သတိပေးခဲ့ပြီး အစ္စရေးသို့ ပို့ဆောင်နေသော စစ်ရေး ပစ်မှတ်များနှင့် လက်နက်တင်သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ယီမင်ရှိ ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိကန် ပါဝင်ပါက “အနီးရှိ ပင်လယ်အတွင်းမှ ၎င်း၏စစ်သင်္ဘောများကို ပစ်မှတ် ထားမည်” ဟု သတိပေးခဲ့သည်။

IAEA က ငြင်းဆိုမှုရှိသော်လည်း အမေရိကန်က အီရန်နျူကလီးယား ခြိမ်းခြောက်မှု ဇာတ်လမ်းကို ဖိအားပေးနေ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Dorothy Shea သည် သောကြာနေ့ (ဇွန် ၂၀) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် IAEA ၏ညွှန်ကြားရေးမှူးချုပ် Rafael Grossi က တီဟီရန် သည် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် အထောက်အထားမတွေ့ရကြောင်း ပြောကြားခဲ့သော်လည်း အီရန်ကို နျူကလီးယား ထပ်တိုးသန့်စင်မှုမှ တားဆီးရမည်ဟု ပြောကြားခဲ့သည်။ လေ့လာသူများက ဝါရှင်တန်၏ထုတ်ပြန်ချက်သည် အရှေ့အလယ်ပိုင်း တွင် အုပ်ချုပ်သူပြောင်းလဲရန် အကြောင်းပြချက်များနှင့် ဆင်တူသည်ဟု ဆိုသည်။

IAEA က အီရန်သည် ယူရေနီယမ်ကို ၆၀% အထိ ချဲ့ထွင်ပြီးဖြစ်ကြောင်း (လက်နက်အတွက် လိုအပ်သော ၉၀% မပြည့်သေးသော်လည်း) ထုတ်ပြန်ပြီးနောက် အစ္စရေး၏တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

သို့သော် တိုက်ခိုက်မှုစတင်ပြီးနောက် Grossi က အီရန်သည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် အထောက်အထားမရှိဟု ပြောကြားခဲ့ပြီး ထပ်တိုးသန့်စင်ထားသော ယူရေနီယမ်ဖြင့် ဗုံးတစ်လုံး ဖြစ်လာမည်မဟုတ်ဟု အတိအလင်းပြောကြားခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့များကလည်း အီရန်သည် နျူကလီးယား လက်နက် ရှာဖွေနေကြောင်း အထောက်အထားမရှိဟု ဆိုသည်။ သို့သော် သမ္မတ Donald Trump က အီရန်သည် ဗုံးရရန် “အလွန်နီးကပ်နေပြီ” ဟုဆိုကာ ၎င်း၏နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန် သဘောတူညီမှုမရှိပါက အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်ကြောင်း သတိပေးခဲ့သည်။

သံအမတ် Shea က “အမေရိကန်သည် အစ္စရေးနှင့်အတူ ဆက်လက် ရပ်တည်နေပြီး အီရန်၏ နျူကလီးယားရည်မှန်းချက်များကို ဆန့်ကျင်သည့် ၎င်း၏လှုပ်ရှားမှုကို ထောက်ခံကြောင်း” ကြေညာခဲ့သည်။ သူမက “အမေရိကန်သည် အီရန်တွင် နျူကလီးယားလက်နက်ရရှိရန် လိုအပ် သမျှ အားလုံးရှိပြီဖြစ်ကြောင်း ဆက်လက်လျစ်လျူရှု၍မရတော့ပါ” ဟု အတိအလင်းပြောဆိုခဲ့ပြီး ၎င်း၏အကြီးအကဲထံမှ ဆုံးဖြတ်ချက်တစ်ခုသာ လိုအပ်နေသေးသည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အစ္စရေးနိုင်ငံက အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ကို သတ်ဖြတ်မည် ဟု ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၏ အီရန်အပေါ် စစ်ဆင်ရေး တွင် တိုက်ရိုက်ပါဝင်ရန် စဉ်းစားနေစဉ် ထိုသို့ဝင်ရောက်တိုက်ခိုက်မှုက တီဟီရန်တွင် အစိုးရအပြောင်းအလဲကို ဖြစ်စေနိုင်ခြေရှိမရှိ မေးခွန်းများ မြင့်တက်လာနေသည်။ ထိုသို့ဖြစ်ပါက အီရန်နိုင်ငံ ပြိုကွဲသွားခြင်း နှင့် ဒေသတစ်ခွင်လုံးသို့ ရိုက်ခတ်မှုများ ဖြစ်နိုင်သည်ဟု ဆိုသည်။

အာဏာနှင့် လွတ်လပ်ရေးအတွက် ကြာမြင့်စွာ တိုက်ပွဲဝင်နေသော ခွဲထွက်ရေး လှုပ်ရှားမှုများ ရှိသည့် အီရန်သည် အစိုးရပြိုလဲပါက နိုင်ငံတွင်း ကွဲပြားမှုနှင့် ကပ်ဘေးဆိုးများ ရင်ဆိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

အယ်လီ ခါမေနီအား လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ အစီအစဉ်ကို ငြင်းပယ်ခဲ့သည်ဟု သတင်းများထွက်ပြီးနောက် ထရမ့်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် “လွယ်ကူစွာ ပစ်မှတ်ထားနိုင်သူ” ဖြစ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အယ်လီ ခါမေနီအား ပစ်မှတ်ထားလုပ်ကြံရန် အစီအစဉ်ကို ပယ်ဖျက်ခြင်းမရှိဘဲ အမြင့်ဆုံး ခေါင်းဆောင်၏ သေဆုံးမှုသည် “ပဋိပက္ခကို ပိုမိုဆိုးရွားစေမည် မဟုတ်ဘဲ အဆုံးသတ်သွားစေမည်” ဟု ပြောကြားခဲ့သည်။

ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီဟု WSJ သတင်းဌာနက ဖော်ပြ

သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ကို တိုက်ရိုက်တိုက်ခိုက်ရန် အမေရိကန် ၏စီမံချက်များကို လျှို့ဝှက်စွာ အတည်ပြုခဲ့သော်လည်း ဆက်လက် ဆောင်ရွက်ရန် အမိန့်မပေးရသေးကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။ တီဟီရန်မှ အမေရိကန်၏ မည်သည့် စစ်ရေးဝင်ရောက်စွက်ဖက်မှုကိုမဆို ပြန်လည်ပြုပြင်မရနိုင်သော ပျက်စီး စေမှုဖြင့် တုံ့ပြန်မည်ဟု သတိပေးခဲ့သည်။

အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေး၏ တစ်ပတ် နီးပါးကြာမြင့်သည့် ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်လာနိုင်ခြေကို အသုံးပြု၍ တီဟီရန်အား ၎င်း၏သတ်မှတ်ချက်များကို ကန့်သတ်ချက်မရှိ လိုက်နာ စေရန် ဖိအားပေးမည်ဟု WSJ မှ ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် ရေးသား ဖော်ပြခဲ့သည်။

ထရမ့်သည် ဝါရင့်အကြံပေးများအား အီရန်ကိုတိုက်ခိုက်ရန် အစီအစဉ် များကို အတည်ပြုပေးခဲ့ကြောင်း အင်္ဂါနေ့ (ဇွန် ၁၇) ညနှောင်းပိုင်းတွင် ပြောကြားခဲ့သော်လည်း တီဟီရန်မှ ၎င်း၏နျူကလီးယားချဲ့ထွင်မှု အစီ အစဉ်ကို လုံးဝရပ်ဆိုင်းရန် သဘောတူမည်/မတူမည်ကို ရှင်းလင်းစွာ သိရှိပြီးမှသာ နောက်ဆုံးအမိန့်ပေးရန် စောင့်ဆိုင်းနေကြောင်း ဆွေးနွေးမှု များနှင့်ရင်းနှီးသော အရင်းအမြစ်များကို ကိုးကား၍ သတင်းဌာနမှ ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သမ္မတသည် ၎င်း၏အကြံပေးများအား အမေရိကန်၏ Massive Ordnance Penetrator (MOP) ဗုံးများဖြင့် တောင်အတွင်း နက်ရှိုင်းစွာတည်ရှိသော အီရန်၏ Fordow နျူကလီးယားစက်ရုံကို ထိုးဖောက်ဖျက်ဆီးနိုင်မှု ရှိ/မရှိ မေးမြန်းခဲ့ကြောင်း Axios သတင်းဌာနမှ မျှဝေခဲ့သည်။

အစ္စရေးတွင် ပေါင် ၃၀,၀၀၀ (၁၃,၆၀၀ ကီလိုဂရမ်) လေးသော ဘန်ကာ ဖျက်ဗုံးများနှင့် ၎င်းတို့ကိုသယ်ဆောင်နိုင်သည့် လေယာဉ်များ မရှိသော် လည်း Fordow စက်ရုံပျက်စီးမှုမရှိသရွေ့ ပဋိပက္ခကိုရပ်စဲမည်မဟုတ်ဟု အစ္စရေးအရာရှိများကပြောကြားခဲ့သည်။

MOP ဗုံးများကိုသယ်ဆောင်နိုင်သည့် တစ်ခုတည်းသော ဗုံးကြဲ လေယာဉ် များဖြစ်သည့် အမေရိကန် B-2 Spirit လေယာဉ် ၆ စီးကို ယူကေ-အမေရိကန်ပူးပေါင်းအခြေစိုက် Diego Garcia စခန်းတွင် အီရန်အား တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း တပ်စွဲထားကြောင်း Financial Times ကဖော်ပြခဲ့သည်။

ထိုဗုံးကြဲလေယာဉ်များ၏ တိုက်ခိုက်မှုများသည် ယူကေအား ပဋိပက္ခတွင်းသို့ ဆွဲသွင်းနိုင်သည်ဟု ဒေါင်းနင်းလမ်း (ယူကေအစိုးရ) က စိုးရိမ် နေကြောင်း သတင်းဌာနမှဖော်ပြခဲ့သည်။

အမေရိကန်သည် လတ်တလောရက်များအတွင်း အရှေ့အလယ်ပိုင်း ဒေသတွင် ၎င်း၏စစ်အင်အားများကို ပိုမိုစုစည်းလာခဲ့ပြီး လေယာဉ်ဆီဖြည့်ရန် လေယာဉ်ဆီတင်သင်္ဘောများ၊ လေကြောင်းကာကွယ်ရေး စွမ်းရည်ရှိသော စစ်သင်္ဘောများနှင့် တိုက်လေယာဉ်တင် သင်္ဘောအုပ်စု နောက်ထပ်တစ်ခုကို ရွှေ့ပြောင်းခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်က IAEA အကြီးအကဲ၏ “သစ္စာဖောက်မှု” ကြောင့် နျူကလီးယား နေရာများကို တိုက်ခိုက်ခံရသည်ဟု စွပ်စွဲပြောဆို

အီရန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ Rafael Grossi အား အစီရင်ခံစာတစ်စောင်တွင် အချက် အလက်များကို လှည့်စားခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ၎င်း၏နျူကလီးယားစက်ရုံများကို အစ္စရေး၏တိုက်ခိုက်မှု ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုကာ အေဂျင်စီ၏ တာဝန်များကိုသစ္စာဖောက်မှုအဖြစ် ရှုမြင်နေသည်။

ကြာသပတေးနေ့ (ဇွန် ၁၉) က X (Twitter) တွင် ပြန်ကြားချက် ထုတ်ပြန်ရာ၌ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baqaei က Grossi အား ဘက်လိုက်သောအစီရင်ခံစာကို ထုတ်ပြန်ခဲ့ သည်ဟု စွပ်စွဲခဲ့ပြီး ၎င်းကို အမေရိကန်နှင့် ဥရောပနိုင်ငံ သုံးနိုင်ငံက အသုံးပြု၍ “အခြေအမြစ်မရှိသော စွပ်စွဲချက်များ” ပါဝင်သည့် ဆုံးဖြတ် ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်ဟု ဆိုသည်။

ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် Grossi က “အီရန်သည် ကမ္ဘာပေါ်တွင် ယူရေနီယမ်ကို ၆၀% အထိ ကြွယ်ဝစွာ ထုတ်လုပ်ပြီး စုဆောင်းနေသည့် တစ်ခုတည်းသော နျူကလီးယား လက်နက်မဲ့နိုင်ငံဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

သို့သော် အင်္ဂါနေ့ (ဇွန် ၁၇) က CNN နှင့် အင်တာဗျူးတစ်ခုတွင် IAEA အကြီးအကဲက အီရန်သည် “နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် စနစ်တကျ ကြိုးပမ်းနေသည့် အထောက်အထား” ကို မတွေ့ရှိခဲ့ဟု ပြောကြားခဲ့သည်။

Baqaei က “Grossi ကြီး၊ သင်ပြောတာ နောက်ကျလွန်းနေပြီ” ဟု ပြောကြား ခဲ့ပြီး ၎င်း၏အစီရင်ခံစာသည် အမှန်တရားကို ဖုံးကွယ်ခဲ့ပြီး ဆုံးဖြတ်ချက် တစ်ရပ်ကို ရေးဆွဲရာတွင် အသုံးပြုခံခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် “လူမျိုးတုံးသတ်ဖြတ်ရေး တိုက်ခိုက်လိုစိတ်ပြင်းထန်သူ” များက အီရန်၏ နျူကလီးယားစက်ရုံများကို တရားမဝင်တိုက်ခိုက်မှုပြုလုပ်ရန် အကြောင်းပြချက် အဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။

Grossi ၏ အစီရင်ခံစာကြောင့် လွန်ခဲ့သည့် သီတင်းပတ်တွင် IAEA ဘုတ် အဖွဲ့က နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်အား နျူကလီးယား လက်နက်မပြန့်ပွားရေး တာဝန်များကို ချိုးဖောက်သည်ဟု ကြေညာ ခဲ့သည်။ IAEA အဖွဲ့ဝင် ၃၅ နိုင်ငံအနက် အမေရိကန်၊ဗြိတိန်၊ပြင်သစ်နှင့် ဂျာမနီတို့ အပါအဝင် ၁၉ နိုင်ငံက အီရန်၏ ကြေညာထားခြင်းမရှိသော နျူကလီးယားပစ္စည်းများနှင့် ယူရေနီယမ်စုဆောင်းမှုများကို ရှင်းပြရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ အဆိုပြုချက်ကို ထောက်ခံခဲ့သည်။

အီရန်နိုင်ငံက အဆိုပါဆုံးဖြတ်ချက်အား နိုင်ငံရေးသဘောဆောင်သည့် ဆုံးဖြတ်ချက်အဖြစ် ပယ်ချခဲ့ပြီး ယူရေနီယမ် သန့်စင်မှု စက်ရုံ အသစ်တစ်ခု တည်ဆောက်မည်ဟု ကြေညာခဲ့သည်။

ရုရှားနိုင်ငံက “ဘက်လိုက်ပြီး အီရန်ဆန့်ကျင်ရေး” ဆုံးဖြတ်ချက်သည် အစ္စရေး၏ တိုက်ခိုက်မှုများအတွက် လမ်းခင်းပေးခဲ့သည်ဟု ဝေဖန် ခဲ့သည်။

Baqaei က Grossi သည် “နျူကလီးယား လက်နက်မပြန့်ပွားရေးစနစ် အား သစ္စာဖောက်ခဲ့သည်” ဟု စွပ်စွဲကာ တာဝန်ခံမှုရှိရန်တောင်းဆိုခဲ့ပြီး “မှားယွင်းသော သတင်းများသည် ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်စေနိုင်သည်” ဟု သတိပေးခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်ဆီးနိတ် ထောက်လှမ်းရေး ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Senator Mark Warner က အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် အီရန်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည့် အထောက်အထား မတွေ့ရှိ ရကြောင်း ပြောကြားခဲ့ပြီး ၎င်းမှာ မတ်လကထုတ်ပြန်ခဲ့သော နောက်ဆုံး အစီရင်ခံစာနှင့် မပြောင်းလဲဘဲ တူညီနေဆဲဖြစ်သည်။

ကရင်မလင်က အမေရိကန်၏ အီရန်ကို တိုက်ခိုက်နိုင်ခြေနှင့်ပတ်သက်၍ မှတ်ချက်ပြု

ဝါရှင်တန်သည် အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိမည်ဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က RT သို့ ပြောကြားခဲ့သည်။ အမေရိကန် သည် အစ္စလာမ်မစ်သမ္မတနိုင်ငံအီရန်နှင့် အစ္စရေးနိုင်ငံတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ခြင်းသည် ဒေသတွင်း အခြေအနေကို ပိုမိုဆိုးရွားစေမည်ဟု ၎င်းက သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မကြာသေးမီကာလများအတွင်း တီဟီရန်ကို တိုက်ရိုက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ နျူကလီးယား အစီအစဉ်အား အပြည့်အဝစွန့်လွှတ်ရန် တောင်းဆိုခဲ့သည်။ Wall Street Journal က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် အီရန်ကို တိုက်ခိုက်ရန် အစီအစဉ် တစ်ခုကို လျှို့ဝှက်စွာ အတည်ပြုပြီးဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း သမ္မတ က ထိုဖော်ပြမှုသည် မမှန်ကန်ဟု ပြောကြားခဲ့သည်။ အိမ်ဖြူတော် က ထရမ့်သည် လာမည့် သီတင်း ၂ ပတ်အတွင်း နောက်ဆုံး ဆုံးဖြတ်ချက် ကို ချမှတ်မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“မော်စကိုက ဒါဟာ မှားယွင်းသည့် လှုပ်ရှားမှု ဟု ယူဆပါသည်” ဟု ပက်စ်ကော့ဗ်က ရုရှား၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ပြောကြားခဲ့သည်။ “ဒါဟာ နောက်ထပ် တင်းမာမှုတွေကို ဦးတည်စေမည့် အဓိက တင်းမာမှုတစ်ခုဖြစ်ပြီး ဒေသတွင်း အခြေအနေကို ပိုမို ရှုပ်ထွေး စေမှာပါ၊ ဒီလိုပဋိပက္ခတွေဟာ တစ်ဒေသလုံးကို မီးစွဲလောင်စေနိုင်ပါသည်” ဟု ပက်စ်ကော့ဗ်က သတိပေးခဲ့ပြီး ရုရှားသည် ပဋိပက္ခကို ဖြေရှင်းရာ တွင် ကူညီရန် အဆင်သင့်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

အမေရိကန် သို့မဟုတ် အစ္စရေး၏ လက်ချက်ဖြင့် အီရန်တွင် အစိုးရ အပြောင်းအလဲဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ပက်စ်ကော့ဗ် က ထိုသို့သော ဆွေးနွေးမှုများသည် လက်မခံနိုင်ဟု ရှင်းလင်းစွာ ဖော်ပြ ခဲ့သည်။ “ယခုကဲ့သို့ စကားဝိုင်းတွေရှိခြင်းကို လက်မခံနိုင်ဟု မိမိတို့ ယူဆပါသည်၊ ယခုလိုလုပ်ရပ်တွေလုပ်ဖို့ဆိုတာက ပိုပြီးတော့ လက်မခံ နိုင်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပက်စ်ကော့ဗ်၏ပြောကြားချက်အရ ရုရှားသမ္မတသည် အခြေအနေ တစ်ရပ်လုံးကို “ပြည့်ပြည့်စုံစုံ သိရှိနားလည်ထားပြီး” ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် လုပ်ဆောင်နိုင်စွမ်းရှိပြီး ပဋိပက္ခစတင်ပြီးနောက် အစ္စရေးနှင့် အီရန်နှစ်နိုင်ငံစလုံး၏ ခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ သို့ရာတွင် အစ္စရေးနှင့် အီရန်နှစ်နိုင်ငံစလုံးသည် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည့်အတွက် လက်ရှိတွင် ဆွေးနွေးမှုများအတွက် အခွင့်အလမ်း နည်းပါး နေသေးကြောင်း ပက်စ်ကော့ဗ်က ဝန်ခံခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) ညပိုင်းက သတင်းထောက်များနှင့်ပြုလုပ်ခဲ့သော အမေးအဖြေအစီအစဉ်တွင် ပူတင်ကိုယ်တိုင်က မော်စကိုသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်အပါအဝင် ပါဝင်ပတ်သက်သူအားလုံးထံ သဘောထား ပြေလျော့မှုဆိုင်ရာ မူဘောင်များစွာကို အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရန်၏ ငြိမ်းချမ်းစွာ နျူကလီးယားနည်းပညာရယူပိုင်ခွင့်နှင့် အစ္စရေး၏ လုံခြုံရေးအာမခံရှိမှုနှစ်ခုလုံးကို ကာကွယ်ပေးမည့် အပြန်အလှန် လုံခြုံရေးအာမခံချက်များပါဝင်သည့် ဖြေရှင်းချက်တစ်ရပ်ကိုလည်း ၎င်းက အဆိုပြုခဲ့သည်။

အီရန်က နျူကလီးယားဗုံးလုပ်နေသည့် သက်သေမရှိဟုဆို

ဗီယန်နာ၊ ပဋိပက္ခ

အီရန်နိုင်ငံက နျူကလီးယားဗုံးကိုထုတ်လုပ်နိုင်ရေး အစီအစဉ်တကျလုပ်ဆောင်နေသည်ဟူသော မည်သည့်သက်သေမျှမရှိကြောင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်း အင်အေဂျင်စီအကြီးအကဲ ရာဖေးဂရော့စီကပြောသည်။

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားဗုံး ကိုရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ယုံကြည်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောပြီးနောက်အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ဇွန်လ ၁၉ ရက်တွင်ပြောခြင်းဖြစ်သည်။ 
 
အလားတူ အမေရိကန်နိုင်ငံ၏အမျိုး သားထောက်လှမ်းရေးဌာနအကြီးအကဲ ဖြစ်သည့် တူစီဂတ်ဘာ့ကလည်း အီရန် နိုင်ငံသည် နျူကလီးယားဗုံးများကိုဖန်တီး

နေခြင်းမရှိကြောင်း ပြောသည်။ 

Ref: RT

Photo- Al jazeera

MWD Daily Newspaper