အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အပေါ် ကျူးကျော်စစ်ဆင်မှုများသည် အရှေ့အလယ်ပိုင်းဒေသအတွက် သာမက ကမ္ဘာတစ်ဝှမ်းလုံးအတွက်ပါ ကြီးမားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး Abbas Araghchi က သတိပေးပြောကြားခဲ့သည်။

“အစ္စရေးနှင့် အမေရိကန်တို့၏ ကျူးကျော်မှုများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ခြိမ်းခြောက်နေပြီး ဒေသတွင်းနိုင်ငံများကိုသာမကတစ်ကမ္ဘာလုံးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်” ဟု အီရန် ထိပ်တန်း သံတမန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ ရောက်ရှိစဉ် မီဒီယာများအား ပြောကြားခဲ့ပြီး အီရန်နိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားများအား ကာကွယ်ရန်အတွက်တရားဝင်ခုခံကာကွယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား -TASS
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

အီရန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြကြောင်း ထရမ့်က Truth Social လူမှုကွန်ယက်ပေါ် ရေးတင်သည်။ အစ္စရေးနှင့် အီရန်တို့ကြား တညီတညွတ်တည်း သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည့် အတွက် အပြည့်အဝ အပစ်ရပ်စဲရေး စတင်တော့မည်ဖြစ်ပါသည်။ နှစ်နိုင်ငံ စလုံး လက်ကျန်မစ်ရှင်များ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိအချိန် မှ ၆ နာရီခန့်အကြာ အချိန်ယူပြီးနောက် အပစ်အခတ်ရပ်စဲမှု စတင်မည် ဖြစ်သည်။ ပထမဆုံး အီရန်ဘက်က အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီ ကြာ ထိန်းထားရမှာဖြစ်ပြီး အစ္စရေးကလည်း နောက်ထပ် ၁၂ နာရီကြာ ထိန်းထားရပါမည်။ စုစုပေါင်း ၂၄ နာရီပြည့်ပြီးပါက စစ်ပွဲ ပြီးဆုံးသွားပြီ ဟု သတ်မှတ်မည်ဖြစ်ပါသည်
အီရန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြကြောင်း ထရမ့်က Truth Social လူမှုကွန်ယက်ပေါ် ရေးတင်သည်။ အစ္စရေးနှင့် အီရန်တို့ကြား တညီတညွတ်တည်း သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည့် အတွက် အပြည့်အဝ အပစ်ရပ်စဲရေး စတင်တော့မည်ဖြစ်ပါသည်။ နှစ်နိုင်ငံ စလုံး လက်ကျန်မစ်ရှင်များ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိအချိန် မှ ၆ နာရီခန့်အကြာ အချိန်ယူပြီးနောက် အပစ်အခတ်ရပ်စဲမှု စတင်မည် ဖြစ်သည်။ ပထမဆုံး အီရန်ဘက်က အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီ ကြာ ထိန်းထားရမှာဖြစ်ပြီး အစ္စရေးကလည်း နောက်ထပ် ၁၂ နာရီကြာ ထိန်းထားရပါမည်။ စုစုပေါင်း ၂၄ နာရီပြည့်ပြီးပါက စစ်ပွဲ ပြီးဆုံးသွားပြီ ဟု သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်ကိုနှစ် နိုင်ငံ စလုံးက ငြိမ်းချမ်းစွာ လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၁၂ ရက်ကြာစစ်ပွဲကို အဆုံးသတ်ရန် လိုအပ်နေသည့် ခံနိုင်ရည်၊ သတ္တိနှင့် ဉာဏ်ပညာများ ရှိကြသည့် အစ္စရေးနှင့် အီရန် နှစ်နိုင်ငံလုံးကို ဂုဏ်ပြုလို ပါကြောင်း ရေးသားထားပါသည်။ အဆိုပါစစ်ပွဲသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး အရှေ့အလယ်ပိုင်းဒေသကို ဖျက်ဆီးနိုင်သော်လည်း ယခု အချိန်တွင် ထိုကဲ့သို့ မည်သည့်အခါမျှ ဖြစ်နိုင်မည်မဟုတ်ပါ” “နောင်တွင် လည်း ထိုသို့ဖြစ်လာမည်မဟုတ်ပါ” ဟု ဖော်ပြထားပါသည်။
“ဘုရားသခင်သည် အစ္စရေးကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် အီရန်ကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် အရှေ့အလယ်ပိုင်း ဒေသကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် အမေရိကန် ပြည်ထောင်စုကို ကောင်းချီးပေးပါစေ၊ ဘုရားသခင်သည် ဤကမ္ဘာကြီးကို ကောင်းချီး ပေးပါစေ” ဟု ဒေါ်နယ်ထရမ့်က ဆုတောင်းမေတ္တာပို့သခြင်းဖြင့် အဆုံးသတ်ထားပါသည်။
ကိုးကား- Donal Trump’ Telegram Channel
Photo: Mint

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗတ်က အီရန်၏ နျူကလီးယား စက်ရုံများကို “လုံးဝအပြီးတိုင် ဖျက်ဆီးပစ်နိုင်ကြောင်း” သမ္မတ ဒေါ်နယ် ထရမ့် ၏ထုတ်ပြန်ချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

“အီရန်၏ နျူကလီးယားစက်ရုံများနှင့်ပတ်သက်၍ သမ္မတက နိုင်ငံကိုမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း လုံးဝ အပြီးတိုင် ဖျက်ဆီးခံခဲ့ရပြီဟု မိမိတို့ ယုံကြည်သည့်အပြင် အဆိုပါတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်နေရာများတွင် အီရန်၏ ထပ်တိုးသန့်စင်ထားသည့် ယူရေ နီယမ် သိုလှောင်ထားသည်ကိုလည်း အများကြီးယုံကြည်မှုရှိပါသည်” ဟု ၎င်းက ABC ၏ “Good Morning America” အစီအစဉ်တွင် ပြောကြား ခဲ့သည်။
လီဗတ်က “သမ္မတအနေဖြင့် ထိုကဲ့သို့သော ရလဒ်ရရှိမည်ဆိုသည့် ယုံကြည်မှုမရှိဘဲ တိုက်ခိုက်မှုများ မစေခိုင်းခဲ့ပါ” ဟု ဆိုသည်။
အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ ရာဖေးလ်ဂရိုစီက အီရန်၏ လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်နီးပါး နျူကလီးယားပစ္စည်းများ မည်သည့်နေရာတွင်ရှိသည်ကို အတည်မပြု နိုင်သေးဘဲ အခြေအနေကို အကဲဖြတ်နိုင်ရန် စစ်ဆေးရေးများကို အီရန် သို့ ဘေးကင်းစွာ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။
တနင်္ဂနွေနေ့ (ဇွန် ၂၂) က CNN နှင့်အင်တာဗျူးတစ်ခုတွင် ဂရိုစီက အီရန်တွင် ၆၀% အထိ ထပ်တိုးသန့်စင်ထားသော ယူရေနီယမ်ကီလိုဂရမ် ၄၀၀ (ပေါင် ၈၈၀) ခန့် သိုလှောင်ထားကြောင်း၊ ၎င်းသည် နျူကလီးယားလက်နက်ပြုလုပ်ရန် လိုအပ်သော ၉၀% ထပ်တိုး သန့်စင်မှု နှင့် မဝေးကြောင်း ပြောကြားခဲ့သည်။
ထိုအတောအတွင်း ပူးတွဲအရာရှိချုပ်များအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း က ယမန်နေ့က တိုက်ခိုက်မှုများ၏ သက်ရောက်မှုကို အကဲဖြတ်နေဆဲ ဖြစ်သဖြင့် အီရန်တွင် နျူကလီးယားစွမ်းရည်အချို့ ကျန်ရှိနေခြင်း ရှိ/မရှိ ဆိုသည်ကို မှတ်ချက်ပြုရန် အချိန်စောလွန်းနေသေးကြောင်း ပြောကြား ခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆီးရီးယားမီဒီယာများက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ထုတ်ပြန်သည့် သတင်းအရ ဆီးရီးယားမြို့တော် ဒမက်စကပ်ရှိ Mar Elias ခရစ်ယာန် ဘုရားကျောင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အော်သိုဒေါက် ခရစ်ယာန် ဘုရားကျောင်းတွင် တနင်္ဂနွေ ဝတ်ပြုဆုတောင်းမှုပြုနေစဉ် အသေခံဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။
ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက SANA သတင်းဌာနသို့ ထုတ်ပြန်ချက်တွင် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။

အွန်လိုင်းတွင် မျှဝေနေသည့် ဓာတ်ပုံနှင့် ဗီဒီယိုများအရ ဘုရားကျောင်းအတွင်းပိုင်းသည် ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ဆိုးရွားစွာထိခိုက်ခဲ့သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရသည်။
သေနတ်သံများ ထွက်ပေါ်ခဲ့ပြီးမကြာမီ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း UAE အခြေစိုက် The National သတင်းစာက မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ သို့သော် သေနတ်ပစ်ခတ်သံ များ၏ အရင်းအမြစ်ကို ချက်ချင်းမသိရှိရသေးပေ။
ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက SANA သတင်းဌာနအား ပြောကြားရာတွင် အဆိုပါတိုက်ခိုက်မှုကို အစ္စလာမ်မစ် စတိတ် (IS ၊ ယခင်က ISIS) အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်သူသည် ဘုရားကျောင်းသို့ သွားရောက်နေသူများအား ပစ်ခတ်ပြီးနောက် အသေခံ ဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
သို့သော် ဘုရားကျောင်းရှိ ဘုန်းတော်ကြီးတစ်ပါးက ဖြစ်စဉ်နှင့်ပတ်သက်၍ ကွဲလွဲသည့် အချက်အလက်ကို ပြောကြားခဲ့သည်။ ၎င်း၏ပြောကြားချက် အရ တိုက်ခိုက်သူ နှစ်ဦးရှိပြီး၊ ၎င်းတို့သည် ဘုရားကျောင်း အပြင်ဘက်တွင် ပစ်ခတ်ပြီးမှ အတွင်းသို့ဝင်ကာ အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဘုရားကျောင်းအတွင်း၌ လူ ၄၀၀ ခန့် ရှိနေ ခဲ့သည်ဟု ၎င်းက The National သတင်းစာကို ပြောကြားခဲ့သည်။
ကိုးကား- RT

အီရန်၏ Fordow နျူကလီးယားစင်တာသည် အမေရိကန်တို့၏ တိုက်ခိုက်မှုတွင် ကြီးမားသော ပျက်စီးမှုမရှိကြောင်း Qom ပြည်နယ် ကိုယ်စားလှယ် Mohammad Manan Raisi ကို ကိုးကားပြီး Fars သတင်းဌာနက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ Donald Trump က Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစင်တာများသည် အမေရိကန်တို့၏ တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်စီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် Raisi က “လိမ်ညာသော အမေရိကန်သမ္မတ၏ ပြောဆိုချက် နှင့်ဆန့်ကျင်စွာ Fordow နျူကလီးယားစက်ရုံသည် ကြီးမားစွာ ပျက်စီးခြင်း မရှိဘဲ၊ အဓိကပျက်စီးမှုများမှာ မြေပြင်ပေါ်တွင်သာဖြစ်ပြီး ပြန်လည် ပြုပြင်နိုင်သည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက အမေရိကန်ဗုံးကြဲမှု၏ သက်ရောက်မှုမှာ “မြေမျက်နှာပြင်ပေါ်တွင်သာ” ဖြစ်ပြီး သေဆုံးသူမရှိဘဲ ရေဒီယိုသတ္တိကြွမှုလည်း ယိုစိမ့်မှု မရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အစိုးရပိုင် IRIB ၏ ဒုတိယညွှန်ကြားရေးမှူး Hasan Abedini က အမေရိကန်တိုက်ခိုက်မှုမတိုင်မီကပင် Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစက်ရုံများမှ လူများကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ထပ်တိုးသန့်စင်ထားသော အရန်ယူရေနီယမ်များကို နျူကလီးယား စင်တာများမှ ကြိုတင်ရွှေ့ပြောင်းထားပြီး ပစ်မှတ်ထားခံရပါက ရေဒီယို သတ္တိကြွညစ်ညမ်းမှုဖြစ်စေနိုင်သော ပစ္စည်းများ မကျန်ရှိတော့ပါ” ဟု ၎င်းက ဆိုသည်။
အီရန် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alireza Raisi ကလည်း အလားတူပြောကြားခဲ့ပြီး ဒေသခံများအတွက် ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု အန္တရာယ် မရှိကြောင်း Tasnim မီဒီယာ၏ ကိုးကားဖော်ပြချက်အရ သိရှိ ရသည်။
ထိုနေ့အစောပိုင်းတွင် Reuters သတင်းဌာနက အမည်မဖော်လိုသော အီရန်အရာရှိအဆင့်မြင့်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ထပ်တိုး သန့်စင်ထားသော ယူရေနီယမ်အများစုကို လျှို့ဝှက်နေရာတစ်ခုတွင် သိမ်းဆည်းထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်၏ အမျိုးသား နျူကလီးယား ဘေးကင်းရေးစနစ်ဗဟိုဌာနက ပစ်မှတ်ထားခံရသော နေရာများတွင် အရေးပေါ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု သို့မဟုတ် ယိုစိမ့်မှုလက္ခဏာများ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း Fordow ၊ Natanz နှင့် Esfahan တို့တွင် ရေဒီယိုသတ္တိကြွမှုအဆင့်များ တိုးမြင့်လာခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။

ရုရှားနိုင်ငံသည် အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုအား အပြင်းအထန် ရှုတ်ချခဲ့ပြီး တာဝန်မဲ့မှု၊ ရန်စ တိုက်ခိုက်မှုနှင့် အန္တရာယ်များသော လုပ်ရပ်ဖြစ်ကြောင်း ပြောကြားကာ အရှေ့အလယ်ပိုင်းဒေသအား နျူကလီးယားအကျိုးဆက်များဖြင့် ကြီးမားသော စစ်ပွဲဆီသို့ တွန်းပို့နိုင်သည်ဟု သတိပေးခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၂) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် ရုရှားသံအမတ်ကြီး Vasily Nebenzia က ဝါရှင်တန်အား ကုလသမဂ္ဂ ပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နျူကလီးယား မပြန့်ပွားရေးစာချုပ် (NPT) တို့ကို ချိုးဖောက် သည်ဟု စွပ်စွဲခဲ့သည်။
“အမေရိကန်သည် Pandora's box (အဆိုးများစွာ ထွက်ပေါ်စေမည့် အရာ) ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကာ မည်သည့်အကျိုးဆက်များ ဆက်ဖြစ် လာမည်ကို မည်သူမျှ မသိနိုင်တော့ပါ” ဟု Nebenzia က ပြောကြားခဲ့ပြီး IAEA ကြီးကြပ်ထားသော နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားသည့် အတွက် ဝါရှင်တန်သည် “နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားကို လုံးဝမထီမဲ့မြင်ပြုခြင်းကို တစ်ဖန် ထပ်မံပြသလိုက်သည်” ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
Nebenzia သည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲမတိုင်မီ အခြေအနေများနှင့် နှိုင်းယှဉ်ကာ ထိုအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Colin Powell က“အခြားလွတ်လပ်သော နိုင်ငံတစ်နိုင်ငံအား ကျူးကျော်ရန် အကြောင်း ပြချက်” အနေဖြင့် မှားယွင်းသော အထောက်အထားများကို တင်ပြခဲ့ပြီး “နှစ်ပေါင်းများစွာ ဒေသခံပြည်သူများအား ကမောက်ကမဖြစ်စေခဲ့သော လက်နက်ကြီးများ မတွေ့ရှိခဲ့သည့် အဖြစ်အပျက်” ကို ထောက်ပြခဲ့သည်။

အမေရိကန်က အီရန်၏နျူကလီးယား အဆောက်အအုံသုံးခုကို တိုက်ခိုက်လိုက် ပြီးနောက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
အမေရိကန်တပ်မတော်သည် တာဝေးသွား B2 အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ အသုံးပြု၍ အီရန်နိုင်ငံ၏ အထင်ကရနျူကလီးယား အဆောက်အအုံများဖြစ်သော ဖော်ဒိုး၊ နာတန့်နှင့် အက်စဖာဟန်နေရာတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်တွင်ပြောသည်။

ထို့နောက် ထရမ့်က အီရန်နိုင်ငံအနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးကိုလက်ခံရတော့မည်ဖြစ်ကြောင်း၊ လက်မခံပါက ယခုတိုက်ခိုက်မှုထက် ပိုမိုဆိုးဝါးသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရစေမည်ဖြစ်ကြောင်း နိုင်ငံတော် မိန့်ခွန်းတွင် ပြောထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်၏ တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့တိုက်ခိုက်ခြင်း ကြောင့် အမေရိကန်အနေဖြင့် အဆုံးမဲ့ အကျိုးဆက်များကို ခံစားရစေမည်ဖြစ် ကြောင်း အီရန်အစိုးရက ဇွန်လ ၂၂ ရက် တွင်ပြောသည်။
ထို့ပြင် အမေရိကန်ဘက်က ယခုကဲ့သို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်တွေးထားကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါနေရာများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ သန့်စင်ပြီး ယူရေနီယံများကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း၊ ပြန်မရနိုင်သော မည်သည့်ဆုံးရှုံးမှုမျှ မရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အံ့ဩမှုစိုးစဉ်းမျှမဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ အကြံပေး မက်ဒီမိုဟာ မက်ဒီက ပြောထားသည်ဟု သိရသည်။
MWD Web Portal

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အတုအယောင် ဖန်တီးမှု (deepfake) နည်းပညာ တိုးတက်လာမှုကြောင့် ကမ္ဘာသည် “သတင်း အချက်အလက် လှည့်စားမှု” (informational barbarism) ဘက်သို့ ဦးတည်နေကြောင်း သတိပေးခဲ့ပြီး သတင်းဌာနများအနေဖြင့် အချက်အလက်စစ်ဆေးခြင်း (fact-checking) နှင့် ဗီဒီယိုအတုအစစ် စိစစ်ခြင်းတို့ အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ခဲ့သော အာရှ-ပစိဖိတ် သတင်းဌာနများအဖွဲ့ (OANA) ၏ ၁၉ ကြိမ်မြောက်အထွေထွေညီလာခံတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုအတွင်း Zakharova က deepfake များကို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ဖွယ်ရာအဖြစ် သတ်မှတ်ခဲ့သည်။ သူမက မကောင်းသောရည်ရွယ်ချက်ရှိသူများသည် ၎င်းတို့၏ ပစ်မှတ်များကို “မုသားအဆိပ်ဆေးလုံးများ” (Poison Pills of Lies) ဖြင့် တိုက်ခိုက်ရန် အခွင့်အလမ်းတိုင်းကို အသုံးချနေပြီး ၎င်းတို့၏ ရည်မှန်းချက်များအောင်မြင်ရန် AI အခြေခံသော အတုအယောင်အကြောင်းအရာများ (Generative Content) ကို အသုံးပြုလာကြောင်း ပြောကြားခဲ့သည်။
“လွန်ခဲ့သော နှစ်အနည်းငယ်ကအထိ deepfake ဆိုသည်မှာ လူများကို ရှုပ်ထွေးစေနိုင်သည့် အသစ်အဆန်းတစ်ခုသာဖြစ်သော်လည်း ယခုအခါ တွင် deepfake ဗီဒီယိုများ၏ အရည်အသွေးနှင့် အရေအတွက် တိုးလာမှုက လူသားမျိုးနွယ်သည် ထိုကဲ့သို့သော တိုက်ခိုက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် အဆင်သင့်ဖြစ်ပြီလားဆိုသည့် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်” ဟု Zakharova က ဆိုသည်။ “မိမိတွင် တိကျသော အဖြေ မရှိပါ” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် Zakharova ကိုယ်တိုင် အပါအဝင် အတုအယောင်အကြောင်းအရာများကို ဖော်ထုတ် ရှင်းလင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း ထိုအရာများ တိုးပွားလာသည်နှင့်အမျှ၎င်းတို့ကို တိုက်ဖျက်ရန် လိုအပ်သည့်အချိန်လည်း ပိုမိုများပြားလာကြောင်း သူမက ဆိုသည်။ အဆိုပါပြဿနာသည် လှည့်ဖြားသူများမှ deepfake များကို မြင့်တက်လာသည့်နှုန်းအတိုင်း အမျိုးမျိုးသောရှုထောင့်များရှိပြီး စနစ်တကျ နည်းလမ်းပေါင်းစုံဖြင့် အပြည်ပြည်ဆိုင်ရာ တုံ့ပြန်မှုကို လိုအပ်နေကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
“သတင်းဌာနများနှင့် အဓိကမီဒီယာ အဖွဲ့အစည်းများ အနေဖြင့်အချက်အလက် စစ်ဆေးခြင်းအတွက် အထူးတပ်ဖွဲ့များထားရှိရန်လိုအပ်ပြီး ယုံကြည်စိတ်ချရခြင်းမရှိသော အချက်အလက်များကို ယုံကြည် စိတ်ချရသည်ဟု ပြသရန် အသုံးပြုသည့် နည်းပညာဆိုင်ရာ လှည့်စားမှုများကို ဖော်ထုတ်နိုင်ရန် လေ့ကျင့်ထားရမည်မှာ အလိုလိုသိသာပါသည်” ဟု သူမက ပြောကြားခဲ့သည်။
မီဒီယာစနစ်အတွင်း အကြမ်းဖျဉ်း သတင်းအချက်အလက်များကို အများဆုံးကိုင်တွယ်သည့် သတင်းဌာနများသည် သဘာဝအားဖြင့်အတုအယောင်ပုံရိပ်များကို တိုက်ဖျက်ရာတွင် ရှေ့တန်းမှ ပါဝင်နေကြောင်း Zakharova က ထောက်ပြခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်တွင် “သတင်းတုများ” ကို တိုက်ဖျက်ရန် အထူးလှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် ရုရှား၏ အမျိုးသား အကျိုးစီးပွားကို ပစ်မှတ်ထားသည့် သတင်းအချက်အလက် တိုက်ခိုက်မှု များအဖြစ် သတ်မှတ်ထားသည့် အကြောင်းအရာများအတွက် ပုံမှန်ငြင်းဆိုချက် ၅,၀၀၀ ကျော်နှင့် အသေးစိတ်ဖော်ထုတ်ချက် ၃၅၀ ကျော်ကို ထုတ်ပြန်ခဲ့ကြောင်း အရာရှိက ပြောကြားခဲ့သည်။

အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် နှင့် ရေနံသယ်ယူ ပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်သိမ်းရန် တောင်းဆိုလိုက်သည်။
“အမေရိကန်က ဖော်ဒိုးနျူကလီးယားစက်ရုံကို တိုက်ခိုက်ပြီးနောက် ယခု မိမိတို့အလှည့်ဖြစ်ပါပြီ” ဟု သဘောထားတင်းမာသော Kayhan သတင်းစာ ၏ အယ်ဒီတာချုပ် Hossein Shariatmadari က သတိပေးပြောကြား ခဲ့သည်။ ၎င်းသည် ၎င်းကိုယ်ကို အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ၏ “ကိုယ်စားလှယ်” အဖြစ် ယခင်က ပြောဆိုခဲ့သူ ဖြစ်သည်။

Kayhan ၏ Telegram မက်ဆေ့ဂျ်တွင် Shariatmadari က “အချိန် ဆွဲခြင်း၊ နှောင့်နှေးခြင်းမရှိဘဲ ပထမအဆင့်အနေဖြင့် ဘာရိန်းတွင် အခြေစိုက်နေသော အမေရိကန်ရေတပ်အား ဒုံးကျည်များဖြင့် တိုက်ခိုက် ရမည်။ တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာနေသော အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်သင်္ဘောများ အား ပိတ်ပင်ရမည်” ဟု ပြောကြားခဲ့သည်။
ထိုမက်ဆေ့ဂျ်၏ အဆုံးတွင် ကုရ်အာန်ကျမ်းမှ စကားစုတစ်ခုဖြင့် အဆုံးသတ်ထားပြီး၊ “၎င်းတို့ကို သင်တွေ့သမျှနေရာတိုင်းတွင် သတ် ပစ်လော့” ဟု ဖော်ပြထားသည်။
ယခုအချိန်အထိ အမေရိကန်၏ အီရန်နျူကလီးယား စက်ရုံ တိုက်ခိုက်မှု အား ခေါင်းဆောင် Khamenei ထံမှ တရားဝင်တုံ့ပြန်ချက် မရှိသေးပေ။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန် တစ်နိုင်ငံထဲတွင်ရှိသော ပေါင်သုံးသောင်းဗုံးများဖြင့် အီရန် ၏ မြေအောက်နျူကလီးယားနေရာ သုံးနေရာကို အမေရိကန် လေယာဉ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သမ္မတထရမ့် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ (ဇွန် ၂၂) အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု ထဲမှ အရေးပါဆုံးနေရာမှာ အစ္စရေးတို့တောင် မဖျက်ဆီးနိုင်သည့် မြေအောက် အနက်ပေ ၂၆၀ နှင့် ၃၀၀ အကြား တည်ဆောက်ထားသော နျုကလီးယား စီမံကိန်း တစ်ခုလည်းပါဝင်ပါသည်။
နတန်ဇ် (Natanz)

ယင်းမှာ အီရန်နိုင်ငံ၏ အကြီးဆုံး ယူရေနီယမ် သန့်စင်စက်ရုံ ဟု သတ်မှတ်ခံထားရပြီး မြို့တော် တီဟီယန်မှ မိုင် ၁၅၀ အဝေးတွင် တည်ရှိပါသည်။
အဆိုပါနေရာ၌ မြေပေါ် အဆောက်အဦ သုံးခုနှင့် မြေအောက် အဆောက်အဦ သုံးခုရှိပါသည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်တွေအရ ထိုနေရာတွင် ယူယေနီယမ် တွေကို သန့်စင်ပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်ပါသည်။
အပြည်အပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEA၏ အဆိုအရ ထိုနေရာတွင် ယူယေနီယမ်ကို ၆၀% ရာခိုင်နှုန်းအထိ သန့်စင်ပေးနိုင်ပြီဟု ဆိုပါသည်။ နျူကလီးယား လက်နက်ထုတ်မည် ဆိုပါက ယူယေနီယမ်ကို ၉၀ % သန့်စင်ပေးရမည်ဖြစ်ပါသည်။
ဖော်ဒိုး (Fordow)
အဆိုပါ စက်ရုံမှာ Qom မြို့အနီးမှာရှိပြီး တောင်တန်းများ၏ အတွင်း မြေအောက် ခပ်နက်နက်တွင် လှိုဏ်ဂူတူးပြီးဆောက်ထားသည့် စက်ရုံ ဖြစ်ပါသည်။ စက်ရုံ၏ အရွယ်အစားနှင့် အတိုင်းအတာ အသေးစိတ်ကို မသိရှိရသေးပါ။
အဆိုပါနေရာမှာ စက်ရုံရှိနေသည်ဆိုသည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က အစ္စရေး ထောက်လှမ်းရေးအဖွဲ့က အီရန်ထံမှ ခိုးယူ ရရှိ ခဲ့သည့် စာရွက်စာတမ်းများအရ သိရှိရခြင်းဖြစ်ပါသည်။
အဆိုပါနေရာမှာရှိသည့် အဓိက စက်ရုံခန်းမသည် မြေအောက်အနက် ၂၆၀ နှင့် ၃၀၀ ပေကြားမှာရှိပြီး ထိုအနက်ကို ဖျက်ဆီးနိုင်သည့် လက်နက် သည် အမေရိကန်တစ်နိုင်ငံတည်းမှာပဲရှိကြောင်း အစ္စရေး တာဝန်ရှိသူ က ပြောခဲ့ဖူးပါသည်။
IAEA ၏ အစီရင်ခံစာအရ ထိုနေရာမှာလည်း ယူယေနီယမ်တွေကို ၆၀ % ထိတိုးမြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
အစ္စဖာဟန် (Isfahan)
ဖော်ပြပါစက်ရုံက အီရန်နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပြီး ၁၉၈၄ ခုနှစ်မှာ တရုတ်အကူညီဖြင့် တည်ဆောက်ခဲ့သည့် နေရာဖြစ်ပါသည်။
အဆိုပါစက်ရုံတွင် နျူကလီးယားသိပ္ပံပညာရှင် အယောက် ၃၀၀၀ ခန့် အလုပ်လုပ်နေကြကြောင်း ခန့်မှန်းထားပြီး အီရန် နျူကလီးယား စီမံကိန်း ၏ ဗဟိုဌာနဟု ယူဆရကြောင်း သိရှိရပါသည်။
ကိုးကား CNN