သတင်းများ

အီရန်ကို တိုက်ခိုက်မှုအတွက် မည်သည့်အကြောင်းပြချက်မျှမရှိဟု ပူတင် ပြော

အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်ဆန့်ကျင်ရေး ရန်စမှုများသည် အကြောင်းတရားမရှိဘဲ မှားယွင်းသော အပြုအမူများဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ အား ပြောကြားခဲ့သည်။

တနင်္လာနေ့ (ဇွန် ၂၃) တွင် မော်စကိုသို့ရောက်ရှိလာပြီး ရုရှားသမ္မတနှင့် တွေ့ဆုံခဲ့သော အီရန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ခရီးစဉ်သည် အမေရိကန်၏ အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုအပြီး ရုရှား နှင့် “ပိုမိုနီးကပ်၊ ပိုမိုတိကျပြီး ပိုမိုလေးနက်သော တိုင်ပင်ဆွေးနွေးမှုများ” ပြုလုပ်ရန် လိုအပ်ကြောင်း ယခင်က ဖော်ပြခဲ့သည်။

ကရင်မလင်တွင် ကျင်းပသော အစည်းအဝေးအတွင်း ပူတင်က အီရန် အပေါ် တိုက်ခိုက်မှုများကို အကြောင်းမဲ့စော်ကားမှုအဖြစ် သတ်မှတ်ကာ ယင်းအတွက် “မည်သည့်အကြောင်းပြချက်မျှ မရှိနိုင်” ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေးနှင့် အမေရိကန်၏ လုပ်ရပ်များသည် တရားမဝင်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်က အာရက်ချီအား မော်စကိုတွင် တွေ့ဆုံရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ ၎င်း၏ခရီးစဉ်သည် ရုရှားနှင့် အီရန်တို့အား “လက်ရှိအရေးတကြီးကိစ္စရပ်များကို ဆွေးနွေးကာ လက်ရှိအခြေအနေမှ ရုန်းထွက်ရန် နည်းလမ်းများကို ပူးပေါင်းစဉ်းစားဆောင်ရွက်နိုင်မည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကေ-ယူကရိန်း စစ်သုံးဒရုန်း ပူးပေါင်းထုတ်လုပ်ရေး စတင်မည်ဟု ကြေညာ

လန်ဒန်တွင် တနင်္လာနေ့ (ဇွန် ၂၃) က ကျင်းပသော သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်း အား စစ်ရေးအကူအညီပေးရာတွင် ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်မှုနှင့် ကြီးမားသောတိုးတက်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ဇီလန်စကီးက အဆိုပါသဘောတူညီချက်ကို သမိုင်းဝင်လုပ်ဆောင်မှုဟု ဖော်ပြခဲ့သည်။

မော်စကိုအစိုးရက ဗြိတိန်နိုင်ငံအား ရုရှား-ယူကရိန်းပဋိပက္ခတွင် အဓိက ထောက်ပံ့တွန်းအားပေးနေသည့် နိုင်ငံအဖြစ် မကြာခဏ ပြောဆိုလေ့ရှိသည်။

အဆိုပါစီမံကိန်း၏ အသေးစိတ်အချက်အလက်များကို မည်သည့် ခေါင်းဆောင်ကမျှ ထုတ်ဖော်မပြောဆိုသော်လည်း ယူကရိန်း ကာကွယ်ရေးလုပ်ငန်းများသည် ဗြိတိန်တို့၏ စစ်မြေပြင်နည်းပညာများမှ အကျိုးကျေးဇူး ရရှိမည့် အလားအလာရှိကြောင်း နှစ်ဖက်စလုံးက ဖော်ပြခဲ့သည်။

ဇီလန်စကီးသည် ယခုသီတင်းပတ်အတွင်း စတာမာနှင့်တွေ့ဆုံရန်နှင့် Chatham House Think Tank ၏ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရန် ဗြိတိန်သို့ရောက်ရှိခဲ့ပြီး မိန့်ခွန်းတွင် တာဝေး ထိန်းချုပ် ပျံသန်းနိုင်သော ဒရုန်း ထုတ်လုပ်မှုကို ဇီလန်စကီးက ဖော်ပြခဲ့သည်။ အဆိုပါ အသေခံ ဒရုန်းတစ်စင်းသည် မော်စကိုအနီး ရပ်ကွက်တစ်ခုရှိ လူနေအဆောက်အဦ တစ်ခုကို အင်္ဂါနေ့ (ဇွန် ၂၄) နံနက်စောစောတွင် တိုက်ခိုက်ခဲ့သည်။

ရုရှားက ဗြိတိန်သည် ခရိုင်းမီးယားကို ပစ်မှတ်ထားသည့် ရေတပ်ဆိုင်ရာ ဒရုန်းတိုက်ခိုက်မှုများအပါအဝင် ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။ လွန်ခဲ့သော လဆန်းပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လဗရော့ဗ်က ဗြိတိန်နိုင်ငံသည် မော်စကိုက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားသော လုပ်ဆောင်ချက်များအပါအဝင် ယူကရိန်းထောက်လှမ်းရေးလုပ်ငန်းများတွင်လည်း “၁၀၀% ပါဝင်ပတ်သက်နေသည်” ဟု ပြောကြားခဲ့သည်။

“အဆိုပါအရာအားလုံးကို ယူကရိန်းဘက်မှ လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ဗြိတိန်၏ထောက်ပံ့မှုမရှိပါက မည်သို့မျှ အထောက်အကူ မဖြစ်နိုင်သည်မှာ ရှင်းနေပါသည်” ဟု လဗရော့ဗ်က ဆိုသည်။

အီရန်က အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

အီရန်နိုင်ငံမှ အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသ စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာ များက တနင်္လာနေ့ (ဇွန် ၂၃) တွင် ဖော်ပြခဲ့သည်။ "Herald of Victory" (အောင်ပွဲ၏ အစပျိုး) ဟု အမည်ပေးထားသော အဆိုပါစစ်ဆင်ရေးတွင် ကာတာနှင့် အီရတ်နိုင်ငံရှိ စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်၊ ကာတာနှင့် ဗြိတိန်တို့ အသုံးပြုနေသော Al Udeid လေတပ် အခြေစိုက်စခန်းကို ပစ်မှတ်ထားသည်ဟု သတင်းများက ဖော်ပြထားပြီး ဒုံးကျည်များ စခန်းအတွင်းသို့ ကျရောက်ထိမှန်ခဲ့ခြင်း ရှိ/ မရှိ မသိရှိရသေးပေ။

ကာတာစစ်တပ်က အီရန်ဒုံးကျည်အားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုကို "အချုပ်အခြာအာဏာကို သိသာထင်ရှားစွာ ချိုးဖောက်မှု" အဖြစ် ရှုတ်ချပြီး ဒိုဟာအနေဖြင့် ယင်းတိုက်ခိုက်မှုကို တုံ့ပြန်ပိုင်ခွင့် ရှိသည်ဟု ပြောကြားခဲ့သည်။

သို့သော် အီရန်မီဒီယာများက အနည်းဆုံး ဒုံးကျည် (၃) စင်း လေကြောင်း ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ လေတပ်စခန်းကို ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။ အချို့သတင်းဌာနများက အဆိုပါအရေအတွက်ထက် နှစ်ဆများပြီး အနည်းဆုံး ဒုံးကျည် (၆) စင်း ပစ်မှတ်ကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။

အီရန်၏ ထိပ်တန်းအစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က Al Udeid စခန်းကို တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ထိုစခန်းအား "အနောက် အာရှဒေသတွင် အမေရိကန်အကြမ်းဖက်စစ်တပ်၏ အကြီးဆုံး နည်းဗျူဟာမြောက် အရင်းအမြစ်" အဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်။ IRGC က "အီရန် နိုင်ငံ၏ နယ်နိမိတ်၊ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ထိပါးသည့် မည်သည့်တိုက်ခိုက်မှုကိုမဆို တုံ့ပြန်တိုက်ခိုက်ခြင်းမှ ချန်လှပ် ထားခဲ့မည် မဟုတ်" ဟု အလေးပေး ပြောကြားခဲ့သည်။

အီရန် သတင်းအရင်းအမြစ်များက အဆိုပါတိုက်ခိုက်မှုသည် အဓိကအားဖြင့် အမေရိကန်၏တိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် လိုအပ်သော သက်သေပြမှု သင်္ကေတတစ်ခုဖြစ်သော်လည်း တင်းမာမှု လျှော့ချရန် အလားအလာကိုလည်း ချန်ထားခဲ့သည်ဟု ဆိုသည်။

အခြားဒေသတွင်းနိုင်ငံများဖြစ်သည့် ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်နှင့် အီရတ်တို့သည် အီရန်၏ အမေရိကန်စစ်စခန်းများကို နောက်ထပ် တိုက်ခိုက်နိုင်ခြေအတွက် မိမိတို့၏ လေကြောင်းနယ်နိမိတ်များကို ယာယီ ပိတ်ထားကြောင်း ကြေညာခဲ့သည်။ အီရန်မီဒီယာများက အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ထပ်မံပစ်လွှတ် တိုက်ခိုက် ခဲ့သည်ဟု ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ တိုက်ခိုက်မှုကို အလွန်အားနည်းသော တုံ့ပြန်မှုအဖြစ် သုံးသပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့်ဒုံးကျည် ၁၄ စင်းအနက် ၁၃ စင်းကို ကာကွယ်နိုင်ခဲ့ကာ နောက်ဆုံး ၁ စင်းမှာ ပစ်မှတ်လွဲချော်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အီရန်က ဝါရှင်တန်အား တိုက်ခိုက်မှုအကြောင်း ကြိုတင် သတိပေး ခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် “အချိန်မီ အသိပေးခဲ့သည့်အတွက် အီရန်ကို ကျေးဇူးတင်ပါသည်။ ထို့ကြောင့် မည်သူမျှ အသက်မဆုံးရှုံးခဲ့ပါ၊ ဒဏ်ရာလည်း မရခဲ့ပါ” ဟု ရေးသားခဲ့ပြီး အီရန်အနေဖြင့် “ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုဘက်သို့ ဆက်လက် လျှောက်လှမ်းနိုင်မည်” ဟု မျှော်လင့်ကြောင်း၊ ၎င်းကိုယ်တိုင်လည်း “အစ္စရေးကို ထိုနည်းအတိုင်း လုပ်ဆောင်ရန် အားပေးမည်” ဟု ကတိပြုခဲ့ပြီး “ကမ္ဘာကြီးကို ဂုဏ်ပြုပါသည်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အချိန်ကျရောက်ပါပြီ” ဟု ၎င်းက ဖြည့်စွက် ရေးသားခဲ့သည်။

အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

ဗိုလ်ချုပ်ကြီး ရောဘတ် စပါလ်ဒင်း က အမေရိကန် လေတပ်သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အစီအစဉ်ကို ၁၀ နှစ်ကျော်ကတည်းကရေးဆွဲခဲ့ပြီး ထရမ့်အစိုးရလက်ထက်တွင် "အကောင်းဆုံး" အကောင်အထည် ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇွန် ၂၂ ရက်နံနက်အစောပိုင်းက စတင်ခဲ့သော "Night Hammer" စစ်ဆင်ရေးတွင် အမေရိကန်စစ်တပ်သည် အီရန်၏ နျူကလီးယား စက်ရုံ များကို တိုက်ခိုက်ရန် သမိုင်းတစ်လျှောက် အကြီးဆုံး B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ် တပ်ဖွဲ့ကို အသုံးပြုခဲ့သည်။ အမေရိကန် အရာရှိများ၏ အဆိုအရ ထိုတိုက်ခိုက်မှုသည် ၃၇ နာရီခန့် ကြာမြင့်ခဲ့ပြီး ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် B-2 လေယာဉ်များ လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးနှင့် အရှည်လျားဆုံး စစ်ဆင်ရေးဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာစီမံကိန်းရေးရာဌာန၏ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော လေတပ်ဗိုလ်မှူးချုပ် ရောဘတ် စပါလ်ဒင်းက Night Hammer စစ်ဆင်ရေးသည် နှစ်ပေါင်းများစွာ ကတည်းက ပါဝင်ရေးဆွဲခဲ့သည့် စစ်ဆင်ရေးအစီအစဉ်အတိုင်း "အကောင်းဆုံး" အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ Hudson Institute တွင် အကြံပေးပညာရှင်အဖြစ် လုပ်ကိုင် နေသော စပါလ်ဒင်းက အီရန်၏နျူကလီးယားစက်ရုံများကို လေကြောင်း တိုက်ခိုက်ရန် ဆယ်စုနှစ်ကျော်မျှ ကြိုတင်ပြင်ဆင်မှုများ လိုအပ်ကြောင်း၊ ယင်းတွင် အသုံးပြုမည့် လက်နက်စနစ်များနှင့် စစ်ဆင်ရေး အစီအစဉ် များအတွက် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုမှုများ ပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

စပါလ်ဒင်း၏ အဆိုအရ စစ်ဆင်ရေးကို စီစဉ်သောအခါတွင် စစ်ဆင်ရေး ၏ အောင်မြင်မှုသည် လျှို့ဝှက်မှုပေါ်တွင် များစွာမူတည်သည်ဟု အမေရိကန် စစ်တပ်က ဆုံးဖြတ်ခဲ့သည်။ ၎င်းကူညီရေးဆွဲခဲ့သည့် အစီအစဉ်တွင် အမေရိကန်လေတပ်သည် ဂူအမ်သို့ ဗုံးကြဲလေယာဉ် တပ်ဖွဲ့တစ်ခုစေလွှတ်ကာ "အာရုံပြောင်းလှည့်မှု" အဖြစ် အသုံးပြုခဲ့ပြီး လူထုအာရုံနှင့် အီရန်၏ အာရုံကို ဖယ်ရှားခဲ့သည်။

"ယနေ့ကမ္ဘာတွင် ထိုကဲ့သို့သော လှုပ်ရှားမှုများကို ဖုံးကွယ်ရန် ပိုမို ခက်ခဲလာသည်" ဟု စပါလ်ဒင်းက ပြောကြားခဲ့သည်။ “စမတ်ဖုန်းများနှင့် လေယာဉ်လမ်းကြောင်းခြေရာခံ ဝက်ဘ်ဆိုဒ်များကြောင့် ရန်သူများက အဆိုပါလုပ်ဆောင်ချက်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည် ဆိုသည့် အချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်” ဟု ၎င်းကဆိုသည်။

B-2 ၏ အတောင်ပံ ဒီဇိုင်းသည် ရေဒါဖမ်းယူမှုများကို ရှောင်ရှားနိုင်စေပြီး အီရန်ကို တိုက်ခိုက်ရန် အကောင်းဆုံးလေယာဉ်အဖြစ် သင့်လျော် စေသည်။ အစ္စရေးသည် အီရန်၏ လေကာစနစ်ကို အားနည်းစေခဲ့သော်လည်း B-2 ၏ ဖုံးကွယ်နိုင်စွမ်းသည်လည်း အဆိုပါစစ်ဆင်ရေး အောင်မြင်ရေးအတွက် အရေးပါသည်ဟု စပါလ်ဒင်းက ပြောကြား ခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော B-2 ဗုံးကြဲလေယာဉ်များသည် အမေရိကန်ပြည်ထောင်စုမှ ပျံတက်ပြီးနောက် အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အီရန်လေပိုင်နက်အတွင်းသို့ ဝင်ရောက် ခဲ့သည်။ ဗုံးများပစ်ချတိုက်ခိုက်ပြီးနောက် လေယာဉ်များသည် ပြန်လည် ချိန်ကိုက်ပျံသန်းခဲ့ကြရာ ကြာမြင့်စွာပျံသန်းရခြင်းသည် လေယာဉ်မှူး များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။

စပါလ်ဒင်းက “လေယာဉ်မှူးများသည် တစ်ခါပျံသန်းစဉ် လေထဲမှ လောင်စာဆီဖြည့်ခြင်း (Mid-Air Refueling) ၆-၇ ကြိမ်ခန့် ပြုလုပ်ရပြီး၊ ဖြည့်တင်းမှုတစ်ကြိမ်စီသည် မိနစ် ၃၀ ခန့် ကြာမြင့်သည်” ဟု ရှင်းပြ ခဲ့သည်။ “ထို့ကြောင့် လေယာဉ်မှူးများသည် အရေးကြီးသော အချိန် များတွင် နိုးကြားတက်ကြွစွာရှိနေစေရန် ပျံသန်းမှုမတိုင်မီနှင့် ပျံသန်းနေ စဉ်အတွင်း အိပ်စက်ခြင်းနှင့် အစားအသောက်ဆိုင်ရာ စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- VN Express

ရုရှားတပ်မတော်က ယူကရိန်းစစ်ဘက် အဆောက်အအုံများကို အကြီးစား တိုက်ခိုက်မှုလုပ်ဟု ရုရှားအစိုးရ ထုတ်ပြန်

ရုရှားတပ်မတော်သည် ယူကရိန်းစစ်ဘက် အဆောက်အအုံများကို အကြီးစား တိုက်ခိုက်မှု လုပ်ဆောင်သည်ဟု ရုရှားအစိုးရအဖွဲ့က ဇွန်လ ၂၃ ရက်တွင်ထုတ် ပြန်ထားသည်။

ဇွန်လ ၂၂ ရက် ညသန်းခေါင်ယံတွင် လုပ်ဆောင်သည့် ထိုတိုက်ခိုက်မှုများ၌ တိကျမှုမြင့်မားသော လက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုခဲ့ ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် ယူကရိန်းစစ်ဘက် အဆောက်အအုံများတွင် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများ၊ စစ်သုံး လေယာဉ်ကွင်းရှိ အဆောက်အအုံများ၊ ယူကရိန်းရေတပ်မှ မိုင်းခင်း-တော်ပီဒို လက်နက်တိုက်တို့ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် လေတပ်ဖွဲ့၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များနှင့် အမြောက်များက ယူကရိန်း၏ လက်နက်တိုက်များ၊ ဒရုန်းမောင်းသင်တန်း နေရာများနှင့် ယူကရိန်းနှင့် ပြည်ပမှကြေးစား စစ်သည်များ ယာယီအခြေပြုရာနေရာများကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။

ယူကရိန်းနိုင်ငံ ကိယက်မြို့ရှိ  ဒေသခံများ၏ ပြောဆိုမှုအရဆိုလျှင် ရုရှား၏ တိုက်ခိုက်မှုများသည် ဒရုန်းတပ်ဆင်ရေး စက်ရုံများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။

မကြာသေးမီကာလက ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံအပေါ် ဒရုန်းများဖြင့်တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာခြင်းကြောင့် ယခုကဲ့သို့တိုက်ခိုက်မှုများကို   လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ရုရှားဘက်က ပြောထားသည်။

MWD Web Portal
 
ဆီးရီးယားရှိ ဘုရားရှိခိုးကျောင်းဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သူများ တရားဥပဒေအရစီရင်ခံရမည်ဟုဆို

ဇွန်လ ၂၂ ရက်တွင်ဖြစ်ပွားသည့် ဘုရား ရှိခိုးကျောင်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ပါဝင်သူများသည် တရားဥပဒေအရစီရင်ခံရမည်ဖြစ်ကြောင်း ဆီးရီးယားယာယီ သမ္မတ အာမတ်အယ်ရှာရာက ဇွန်လ ၂၃ ရက်တွင်ပြောသည်။

ဒမတ်စကပ်မြို့ ဒွဲလာရပ်ကွက်ရှိ ဘုရား ရှိခိုးကျောင်းတစ်ခုတွင် ပစ်ခတ်မှုများနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှုတို့ဖြစ်ပွားရာ လူ၂၅ ဦးသေဆုံးပြီး ၆၃ ဦးဒဏ်ရာရှိသည် ဟု ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကိုကျူးလွန်သူသည် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်စပ်နေသူဖြစ်ကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်သူများကို နေ့ရောညပါရှာဖွေဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနှင့်အညီစီရင်သွားမည်ဖြစ်ကြောင်း ရှာရာကထုတ်ပြန်ထားသည်။ ယခုတိုက်ခိုက်မှုသည်၂၀၁၁ ခုနှစ်နောက်ပိုင်း ဘုရား ရှိခိုးကျောင်းအတွင်းပိုင်း၌ ပထမဆုံးဖြစ် ပွားသောတိုက်ခိုက်မှုဖြစ်ကြောင်း လေ့လာသူများကပြောသည်။ 

Ref: AGC

MWD Daily Newspaper

Photo - Al Monitor

အီရန်မီဒီယာများက အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်လျက်ရှိ

အီရန်၏ Fordow နျူကလီးယားစင်တာသည် အမေရိကန်တို့၏ တိုက်ခိုက်မှုတွင် ကြီးမားသော ပျက်စီးမှုမရှိကြောင်း Qom ပြည်နယ် ကိုယ်စားလှယ် Mohammad Manan Raisi ကို ကိုးကားပြီး Fars သတင်းဌာနက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ Donald Trump က Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစင်တာများသည် အမေရိကန်တို့၏ တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်စီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် Raisi က “လိမ်ညာသော အမေရိကန်သမ္မတ၏ ပြောဆိုချက် နှင့်ဆန့်ကျင်စွာ Fordow နျူကလီးယားစက်ရုံသည် ကြီးမားစွာ ပျက်စီးခြင်း မရှိဘဲ၊ အဓိကပျက်စီးမှုများမှာ မြေပြင်ပေါ်တွင်သာဖြစ်ပြီး ပြန်လည် ပြုပြင်နိုင်သည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက အမေရိကန်ဗုံးကြဲမှု၏ သက်ရောက်မှုမှာ “မြေမျက်နှာပြင်ပေါ်တွင်သာ” ဖြစ်ပြီး သေဆုံးသူမရှိဘဲ ရေဒီယိုသတ္တိကြွမှုလည်း ယိုစိမ့်မှု မရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အစိုးရပိုင် IRIB ၏ ဒုတိယညွှန်ကြားရေးမှူး Hasan Abedini က အမေရိကန်တိုက်ခိုက်မှုမတိုင်မီကပင် Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစက်ရုံများမှ လူများကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ထပ်တိုးသန့်စင်ထားသော အရန်ယူရေနီယမ်များကို နျူကလီးယား စင်တာများမှ ကြိုတင်ရွှေ့ပြောင်းထားပြီး ပစ်မှတ်ထားခံရပါက ရေဒီယို သတ္တိကြွညစ်ညမ်းမှုဖြစ်စေနိုင်သော ပစ္စည်းများ မကျန်ရှိတော့ပါ” ဟု ၎င်းက ဆိုသည်။

အီရန် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alireza Raisi ကလည်း အလားတူပြောကြားခဲ့ပြီး ဒေသခံများအတွက် ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု အန္တရာယ် မရှိကြောင်း Tasnim မီဒီယာ၏ ကိုးကားဖော်ပြချက်အရ သိရှိ ရသည်။

ထိုနေ့အစောပိုင်းတွင် Reuters သတင်းဌာနက အမည်မဖော်လိုသော အီရန်အရာရှိအဆင့်မြင့်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ထပ်တိုး သန့်စင်ထားသော ယူရေနီယမ်အများစုကို လျှို့ဝှက်နေရာတစ်ခုတွင် သိမ်းဆည်းထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်၏ အမျိုးသား နျူကလီးယား ဘေးကင်းရေးစနစ်ဗဟိုဌာနက ပစ်မှတ်ထားခံရသော နေရာများတွင် အရေးပေါ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု သို့မဟုတ် ယိုစိမ့်မှုလက္ခဏာများ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း Fordow ၊ Natanz နှင့် Esfahan တို့တွင် ရေဒီယိုသတ္တိကြွမှုအဆင့်များ တိုးမြင့်လာခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်

အမေရိကန်က အီရန်၏နျူကလီးယား အဆောက်အအုံသုံးခုကို တိုက်ခိုက်လိုက် ပြီးနောက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

အမေရိကန်တပ်မတော်သည် တာဝေးသွား B2 အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ အသုံးပြု၍  အီရန်နိုင်ငံ၏ အထင်ကရနျူကလီးယား အဆောက်အအုံများဖြစ်သော ဖော်ဒိုး၊ နာတန့်နှင့် အက်စဖာဟန်နေရာတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်တွင်ပြောသည်။

ထို့နောက် ထရမ့်က အီရန်နိုင်ငံအနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးကိုလက်ခံရတော့မည်ဖြစ်ကြောင်း၊ လက်မခံပါက  ယခုတိုက်ခိုက်မှုထက်  ပိုမိုဆိုးဝါးသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရစေမည်ဖြစ်ကြောင်း နိုင်ငံတော် မိန့်ခွန်းတွင် ပြောထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်၏ တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့တိုက်ခိုက်ခြင်း ကြောင့် အမေရိကန်အနေဖြင့် အဆုံးမဲ့ အကျိုးဆက်များကို ခံစားရစေမည်ဖြစ် ကြောင်း အီရန်အစိုးရက ဇွန်လ ၂၂ ရက် တွင်ပြောသည်။

ထို့ပြင် အမေရိကန်ဘက်က ယခုကဲ့သို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်တွေးထားကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါနေရာများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ သန့်စင်ပြီး ယူရေနီယံများကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း၊ ပြန်မရနိုင်သော မည်သည့်ဆုံးရှုံးမှုမျှ မရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အံ့ဩမှုစိုးစဉ်းမျှမဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ အကြံပေး မက်ဒီမိုဟာ မက်ဒီက ပြောထားသည်ဟု သိရသည်။

ဆီးရီးယားနိုင်ငံတွင် အော်သိုဒေါက်ခရစ်ယာန်ဘုရားကျောင်း၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

ဆီးရီးယားမီဒီယာများက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ထုတ်ပြန်သည့် သတင်းအရ ဆီးရီးယားမြို့တော် ဒမက်စကပ်ရှိ Mar Elias ခရစ်ယာန် ဘုရားကျောင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အော်သိုဒေါက် ခရစ်ယာန် ဘုရားကျောင်းတွင် တနင်္ဂနွေ ဝတ်ပြုဆုတောင်းမှုပြုနေစဉ် အသေခံဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက SANA သတင်းဌာနသို့ ထုတ်ပြန်ချက်တွင် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။

အွန်လိုင်းတွင် မျှဝေနေသည့် ဓာတ်ပုံနှင့် ဗီဒီယိုများအရ ဘုရားကျောင်းအတွင်းပိုင်းသည် ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ဆိုးရွားစွာထိခိုက်ခဲ့သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရသည်။

သေနတ်သံများ ထွက်ပေါ်ခဲ့ပြီးမကြာမီ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း UAE အခြေစိုက် The National သတင်းစာက မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ သို့သော် သေနတ်ပစ်ခတ်သံ များ၏ အရင်းအမြစ်ကို ချက်ချင်းမသိရှိရသေးပေ။ 

ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက SANA သတင်းဌာနအား ပြောကြားရာတွင် အဆိုပါတိုက်ခိုက်မှုကို အစ္စလာမ်မစ် စတိတ် (IS ၊ ယခင်က ISIS) အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်သူသည် ဘုရားကျောင်းသို့ သွားရောက်နေသူများအား ပစ်ခတ်ပြီးနောက် အသေခံ ဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် ဘုရားကျောင်းရှိ ဘုန်းတော်ကြီးတစ်ပါးက ဖြစ်စဉ်နှင့်ပတ်သက်၍ ကွဲလွဲသည့် အချက်အလက်ကို ပြောကြားခဲ့သည်။ ၎င်း၏ပြောကြားချက် အရ တိုက်ခိုက်သူ နှစ်ဦးရှိပြီး၊ ၎င်းတို့သည် ဘုရားကျောင်း အပြင်ဘက်တွင် ပစ်ခတ်ပြီးမှ အတွင်းသို့ဝင်ကာ အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဘုရားကျောင်းအတွင်း၌ လူ ၄၀၀ ခန့် ရှိနေ ခဲ့သည်ဟု ၎င်းက The National သတင်းစာကို ပြောကြားခဲ့သည်။

Deepfake နည်းပညာဖြင့် ဖန်တီးထားသော သတင်းအချက်အလက် လှည့်စားမှု အန္တရာယ်ကို မော်စကိုက သတိပေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အတုအယောင် ဖန်တီးမှု (deepfake) နည်းပညာ တိုးတက်လာမှုကြောင့် ကမ္ဘာသည် “သတင်း အချက်အလက် လှည့်စားမှု” (informational barbarism) ဘက်သို့ ဦးတည်နေကြောင်း သတိပေးခဲ့ပြီး သတင်းဌာနများအနေဖြင့် အချက်အလက်စစ်ဆေးခြင်း (fact-checking) နှင့် ဗီဒီယိုအတုအစစ် စိစစ်ခြင်းတို့ အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ခဲ့သော အာရှ-ပစိဖိတ် သတင်းဌာနများအဖွဲ့ (OANA) ၏ ၁၉ ကြိမ်မြောက်အထွေထွေညီလာခံတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုအတွင်း Zakharova က deepfake များကို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ဖွယ်ရာအဖြစ် သတ်မှတ်ခဲ့သည်။ သူမက မကောင်းသောရည်ရွယ်ချက်ရှိသူများသည် ၎င်းတို့၏ ပစ်မှတ်များကို “မုသားအဆိပ်ဆေးလုံးများ” (Poison Pills of Lies) ဖြင့် တိုက်ခိုက်ရန် အခွင့်အလမ်းတိုင်းကို အသုံးချနေပြီး ၎င်းတို့၏ ရည်မှန်းချက်များအောင်မြင်ရန် AI အခြေခံသော အတုအယောင်အကြောင်းအရာများ (Generative Content) ကို အသုံးပြုလာကြောင်း ပြောကြားခဲ့သည်။

“လွန်ခဲ့သော နှစ်အနည်းငယ်ကအထိ deepfake ဆိုသည်မှာ လူများကို ရှုပ်ထွေးစေနိုင်သည့် အသစ်အဆန်းတစ်ခုသာဖြစ်သော်လည်း ယခုအခါ တွင် deepfake ဗီဒီယိုများ၏ အရည်အသွေးနှင့် အရေအတွက် တိုးလာမှုက လူသားမျိုးနွယ်သည် ထိုကဲ့သို့သော တိုက်ခိုက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် အဆင်သင့်ဖြစ်ပြီလားဆိုသည့် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်” ဟု Zakharova က ဆိုသည်။ “မိမိတွင် တိကျသော အဖြေ မရှိပါ” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် Zakharova ကိုယ်တိုင် အပါအဝင် အတုအယောင်အကြောင်းအရာများကို ဖော်ထုတ် ရှင်းလင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း ထိုအရာများ တိုးပွားလာသည်နှင့်အမျှ၎င်းတို့ကို တိုက်ဖျက်ရန် လိုအပ်သည့်အချိန်လည်း ပိုမိုများပြားလာကြောင်း သူမက ဆိုသည်။ အဆိုပါပြဿနာသည် လှည့်ဖြားသူများမှ deepfake များကို မြင့်တက်လာသည့်နှုန်းအတိုင်း အမျိုးမျိုးသောရှုထောင့်များရှိပြီး စနစ်တကျ နည်းလမ်းပေါင်းစုံဖြင့် အပြည်ပြည်ဆိုင်ရာ တုံ့ပြန်မှုကို လိုအပ်နေကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

“သတင်းဌာနများနှင့် အဓိကမီဒီယာ အဖွဲ့အစည်းများ အနေဖြင့်အချက်အလက် စစ်ဆေးခြင်းအတွက် အထူးတပ်ဖွဲ့များထားရှိရန်လိုအပ်ပြီး ယုံကြည်စိတ်ချရခြင်းမရှိသော အချက်အလက်များကို ယုံကြည် စိတ်ချရသည်ဟု ပြသရန် အသုံးပြုသည့် နည်းပညာဆိုင်ရာ လှည့်စားမှုများကို ဖော်ထုတ်နိုင်ရန် လေ့ကျင့်ထားရမည်မှာ အလိုလိုသိသာပါသည်” ဟု သူမက ပြောကြားခဲ့သည်။

မီဒီယာစနစ်အတွင်း အကြမ်းဖျဉ်း သတင်းအချက်အလက်များကို အများဆုံးကိုင်တွယ်သည့် သတင်းဌာနများသည် သဘာဝအားဖြင့်အတုအယောင်ပုံရိပ်များကို တိုက်ဖျက်ရာတွင် ရှေ့တန်းမှ ပါဝင်နေကြောင်း Zakharova က ထောက်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်တွင် “သတင်းတုများ” ကို တိုက်ဖျက်ရန် အထူးလှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် ရုရှား၏ အမျိုးသား အကျိုးစီးပွားကို ပစ်မှတ်ထားသည့် သတင်းအချက်အလက် တိုက်ခိုက်မှု များအဖြစ် သတ်မှတ်ထားသည့် အကြောင်းအရာများအတွက် ပုံမှန်ငြင်းဆိုချက် ၅,၀၀၀ ကျော်နှင့် အသေးစိတ်ဖော်ထုတ်ချက် ၃၅၀ ကျော်ကို ထုတ်ပြန်ခဲ့ကြောင်း အရာရှိက ပြောကြားခဲ့သည်။