သတင်းများ

ယခင်လ အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်သမ္မတနှင့် အရာရှိကြီးများ ခြေထောက်ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြောင်း သတင်းထွက်ပေါ်လာ

တီဟီရန်၊ ဇူလိုင် ၁၃ 

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က အစ္စရေးလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အီရန်မြို့တော် တီဟီရန်ရှိ အမျိုးသားလုံခြုံရေးကောင်စီ (Supreme National Security Council) အစည်းအဝေး တက်ရောက်နေသူ အီရန် သမ္မတ Masoud Pezeshkian အပါအဝင် အဆင့်မြင့်အရာရှိများ ခြေထောက် ဒဏ်ရာ အနည်းငယ်ကိုယ်စီ ရခဲ့ကြကြောင်း အီရန်တာဝန်ရှိသူများ ဝန်ခံချက် ကို ကိုးကား၍ Fars သတင်းဌာနက ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားလာပါသည်။ 

ထိုဖြစ်စဉ်အတွင်း အီရန်သမ္မတနှင့် အဆင့်မြင့်အရာရှိများသည် အရေးပေါ် ထွက်ပေါက်မှတစ်ဆင့် အဆိုပါအဆောက်အဦမှ ထွက်ခွာခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားပါသည်။ အစ္စရေးဘက်မှ ထွက်ပေါက် လမ်းကြောင်းများကို ပိတ်ဆို့ရန် ဒုံးကျည် အနည်းဆုံး ၆ ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်း တိုက်ခိုက်မှုတွင် အစ္စရေး၏ ထောက်လှမ်းရေးကွန်ရက်များ ပါဝင် ပတ်သက် နိုင်ကြောင်း Fars က ဖြည့်စွက်ပြောကြားထားပါသည်။

ဇွန် ၁၃ ရက် နံနက်စောစောတွင် အစ္စရေးက အီရန်ကို စစ်ဆင်ရေး စတင်ခဲ့ပြီး ၂၄ နာရီအတွင်း အီရန်ဘက်မှ ပြန်လည်တုံ့ပြန်ခဲ့ပါသည်။ ထို့နောက် ၉ ရက်အကြာ ဇွန် ၂၂ ရက် နံနက်စောစောတွင် အမေရိကန်က Fordow၊ Natanz နှင့် Isfahan ရှိ အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို တိုက်ခိုက်ကာ ပဋိပက္ခတွင် ပါဝင်လာခဲ့သည်။ နောက်တစ်နေ့ညတွင် တီဟီရန်က ကာတာရှိ အမေရိကန်၏ အကြီးဆုံးစစ်အခြေစိုက်စခန်း Al Udeid သို့ ဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်မှစတင်၍ အစ္စရေးနှင့် အီရန်တို့ လုံးဝ စစ်ပြေငြိမ်းရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တရားဝင် အချက်အလက်များအရ ထိုပဋိပက္ခတွင် အီရန်နိုင်ငံသား ၁၀၆၀ ဦး သေဆုံးပြီး ၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့က B-52 ဗုံးကြဲလေယာဉ်ပါ ပူးပေါင်းလေကြောင်း စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိ ကန်တို့က B-52 ဗုံးကြဲလေယာဉ်ပါသည့် ပူးပေါင်းလေကြောင်းစစ်ရေး လေ့ကျင့်မှုကို ဇူလိုင်လ ၁၁ ရက်တွင်ပြုလုပ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ရခြင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်ဖြစ်သည် ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ထိုစစ်ရေးလေ့ကျင့်ခန်းကို တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂျယ်ဂျူးကျွန်း၏ ကမ်းလွန်ပင်လယ်ပြင်ရှိ   နိုင်ငံတကာ လေပိုင်နက်အတွင်း လုပ်ဆောင်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံမှ B-52 ဗုံးကြဲလေယာဉ်၊ တောင်ကိုရီးယားမှ KF-16 တိုက်လေယာဉ် များနှင့် ဂျပန်နိုင်ငံမှ F-2 တိုက်လေယာဉ်များ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင်  ဆက်လက်ဖော်ပြထားသည်။

ယခုကဲ့သို့ B-52 ဗုံးကြဲလေယာဉ်ကို အသုံးပြု၍ စစ်ရေးလေ့ကျင့်ခန်း လုပ်ခြင်း က ကိုရီးယားကျွန်းဆွယ် အနီး၌ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကို ပထမဆုံး အသုံးပြုမှုဖြစ်သည်။ 

MWD Web Portal

ကိယက်ဗ်မြို့ လမ်းမပေါ်တွင် ယူကရိန်းထောက်လှမ်းရေး အရာရှိကြီး တစ်ဦး လုပ်ကြံခံရ

ယူကရိန်းမီဒီယာများက ဇူလိုင် ၁၁ တွင် လုံခြုံရေးကင်မရာ မှတ်တမ်း တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) ၏ အရာရှိ ဗိုလ်မှူးကြီး Ivan Voronich သည် အရပ်သားကဲ့သို့ဝတ်စားဆင်ယင်ကာ အိတ်တစ်လုံးကိုယူဆောင်လျက် ကိယက်ဗ်မြို့ရှိ တိုက်ခန်းတစ်ခုမှထွက်ခွာပြီး ကားပါကင်သို့သွားနေစဉ် သေနတ်သမားတစ်ဦးက အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်။

ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီး သေဆုံးသူသည် သေနတ် ဒဏ်ရာ များစွာကြောင့် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး သံသယရှိသူ၏ လုပ်ကြံမှုရည်ရွယ်ချက် (သို့) ကိုယ်ရေးအချက်အလက်များကို ယခုအချိန် ထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ အချို့ယူကရိန်း အရပ်ဘက် လူမှုအဖွဲ့ အစည်းများက အဆိုပါဖြစ်ရပ်နောက်ကွယ်တွင် ရုရှား ရှိနိုင်သည်ဟု စွပ်စွဲ ထားသည်။

ရုရှားအစိုးရ တာဝန်ရှိသူများက အထက်ပါသတင်းနှင့်ပတ်သက်၍ တုံ့ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

Voronich သည် SBU ၏ အထူးတပ်ဖွဲ့ဖြစ်သော "Alpha Unit" တွင် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရင့် အရာရှိ တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစ၍ SBU ၏ ရုရှားဆန့်ကျင်ရေး စစ်ဆင်မှု များတွင် အလွန်တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။

SBU ၏ ယခင်အကြီးအကဲဟောင်း Ivan Bakanov က “အဆိုပါ လုပ်ကြံမှုသည် ပြည်တွင်းအကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင် သော်လည်း၊ ရုရှား၏လုပ်ဆောင်မှုဖြစ်ပါက SBU အနေဖြင့် ချက်ချင်းပင် လက်တုံ့ပြန်မှုများကို စတင်ဆောင်ရွက်လိမ့်မည်” ဟု မှတ်ချက်ပြု ခဲ့သည်။ 

Voronich ၏ ယခင်လုပ်ဖော်ကိုင်ဖက်တစ်ဦးအဆိုအရ ၎င်းသည် SBU အတွင်းရှိ Fifth Bureau ကို ဦးဆောင်ခဲ့ဖူးသည်။ ယင်းဌာနခွဲသည် ဒွန်ဘတ်စ်ဒေသရှိ ရုရှားထောက်ခံသူ ခွဲထွက်ရေးခေါင်းဆောင်များကို ပစ်မှတ်ထားသတ်ဖြတ်ရန် အထူးတာဝန်ပေးအပ်ခံရသည့် တပ်ဖွဲ့ ဖြစ်ပြီး အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ၏ ပံ့ပိုးမှုရှိသည်ဟု သိရသည်။

SBU အရာရှိဟောင်းများက Voronich သည် ယူကရိန်းနှင့် ရုရှား ထိန်းချုပ်သည့်နယ်စပ်ကြား လျှို့ဝှက်စစ်ဆင်ရေးများ (Grey Zone Operations) တွင် တာဝန်ယူခဲ့သည့် အထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ယူကရိန်းတပ်မတော်က ရုရှား၏ Kursk ပြည်နယ်အတွင်းသို့ ထိုးစစ်စတင်ခဲ့စဉ် Voronich ၏တပ်ဖွဲ့သည် အဆိုပါတိုက်ပွဲတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယင်း စစ်ဆင်ရေးသည် ရုရှားနယ်စပ်အတွင်းသို့ ယူကရိန်း၏ ရဲရဲတောက် ပြန်လည်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး Voronich ကဲ့သို့သော SBU အထူး တပ်ဖွဲ့ဝင်များက နောက်ကွယ်မှ စီမံခဲ့ကြောင်း ယူဆရသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်က ယူကရိန်းသို့ အမြောက်ဆန်နှင့် ဒုံးကျည်များ ပြန်ပို့နေ

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ အမြောက်ဆန်များနှင့် ဒုံးကျည်များကို ပြန်လည်ပေးပို့နေကြောင်း အမေရိကန် စစ်ဘက်သတင်း အရင်းအမြစ်များ၏ ပြော ဆိုချက်ကိုကိုးကား၍ ဒေသတွင်းသတင်း ဌာနများက ဇူလိုင်လ ၁၀ ရက်တွင်ဖော်ပြ ထားသည်။

အမေရိကန်အစိုးရသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများ ပေးပို့နေမှုကို ရက်အနည်းငယ်မျှသာ ဆိုင်းငံ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ပေးပို့လာခြင်းဖြစ်သည်။ လက်ရှိပေးပို့နေသည့် ခဲယမ်းများတွင် ၁၅၅ မီလီမီတာ အမြောက်ဆန်များနှင့် အတွဲလိုက်ပစ်ဒုံးကျည်စနစ်အတွက် ပဲ့ထိန်းဒုံးကျည်များပါဝင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများကပြောထားသည်။ သို့သော် ခဲယမ်းအရေအတွက်မည်မျှပေးပို့သည်ကိုမူ ပြောထားခြင်းမရှိပေ။

အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် အန်နာကယ်လီက ပင်တဂွန်သည်  ယူကရိန်းသို့  လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ၊ တိကျပဲ့ထိန်းခဲယမ်းများ ပေးပို့မှုကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၃၀ ရက်တွင် ပြောထားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီက အမေရိကန်မှ ပတ်ထရီးယော့ဒုံးကျည်များကို တောင်းခံထားသော်လည်း ယင်းဒုံးကျည်များမှာ အလွန်ဈေးကြီးသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားကြောင်း သိရသည်။

ယာဉ်တင်အမြောက် ၂၁၄ လက်နဲ့ အမြောက်တပ်ဖွဲ့ကို အဆင့်မြှင့်တင်မယ့် စပိန်

စပိန်တပ်မတော်က သူတို့ရဲ့အမြောက်တပ်ဖွဲ့ကို အဆင့်မြှင့်တင်ဖို့အတွက် ယာဉ်တင်အမြောက် ၂၁၄ လက်ကိုဝယ်ယူဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။ အမြောက် ၂၁၄ လက်မှာ ၈၆ လက်က ဘီးတပ်ယာဉ် တင်အမြောက်များဖြစ်ပြီး ချိန်းကြိုးတပ် ယာဉ်တင်အမြောက်က ၁၂၈ လက်ဖြစ်ပါ တယ်။

ဒီလိုမျိုး အမြောက်တပ်ဖွဲ့ကိုအဆင့်မြှင့် တင်ဖို့အတွက် ယူရို ၃ ဘီလီယံကိုအသုံး ပြုသွားမှာပါ။ စပိန်ကြည်းတပ်နဲ့ မရိန်း တပ်ဖွဲ့တို့အတွက် ရည်မှန်းထားတဲ့ အဲဒီ အမြောက်တွေက သက်တမ်းရင့်နေပြီဖြစ် တဲ့ M109A5E အမျိုးအစား ဟောင်ဝစ်ဇာများနေရာမှာ အစားထိုးသွားမယ်လို့ ဆိုပါတယ်။

စပိန်ကြည်းတပ်က သူတို့အနေနဲ့ တာဝေးသွယ်ဝိုက်ပစ်ကူ စွမ်းအားကို အဆင့်မြှင့်တင်ဖို့လိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုမျိုးအဆင့်မြှင့်တင်မှုတွေ ကိုလုပ်ဆောင်တာပါ။ ဒီစနစ်တွေမှာအသုံး ပြုသွားမယ့် ခဲယမ်းတွေက ပဲ့ထိန်းစနစ်ပါတဲ့အမြောက်ဆန်တွေဖြစ်ပြီး ရောက်ရှိနိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၄၀ ကို ကျော်လွန်စေမယ်လို့ ဆိုပါတယ်။

ဟားမက်အဖွဲ့က အစ္စရေးနိုင်ငံသား ၁၀ ဦးကို လွှတ်ပေးမည်ဟု ကြေညာ

ပါလက်စတိုင်းလက်နက်ကိုင် အဖွဲ့ဖြစ်သော ဟားမက်အဖွဲ့သည် အစ္စရေး နှင့် ပဋိပက္ခရပ်စဲရန် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရရှိရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန်နှင့် မိမိတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို ပြသရန်အတွက် အစ္စရေးနိုင်ငံသား ဓားစာခံ ၁၀ ဦးကို လွှတ်ပေးမည်ဟု ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် ကြေညာခဲ့သည်။

ဟားမက်အဖွဲ့က ထုတ်ပြန်ချက်တွင် “လက်ရှိ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ အောင်မြင်စေရန် အလေးအနက်ထားပြီး တာဝန်ယူမှုရှိစွာ ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခု” အဖြစ် အဆိုပါလုပ်ဆောင်မှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟားမက်အဖွဲ့က “အဓိက ဆွေးနွေးစရာများ ကျန်ရှိနေဆဲဖြစ်ပြီး၊ အထူးသဖြင့် အထောက်အပံ့များ စီးဆင်းရေး၊ ဂါဇာမှ အစ္စရေးတပ်များ ရုပ်သိမ်းရေးနှင့် အပစ်အခတ်အမြဲတမ်းရပ်စဲရေး အာမခံချက်များ ပေးရေး” တို့ကို ထပ်လောင်း တောင်းဆိုခဲ့သည်။ အဆိုပါ တောင်းဆိုချက်များကို အစ္စရေးက ယခင်က ငြင်းဆိုခဲ့ဖူးသည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၆) က ကာတာတွင် ပြုလုပ်ခဲ့သော နောက်ဆုံးအဆင့် ညှိနှိုင်းမှုများတွင် အစ္စရေးသည် ဟားမက်အဖွဲ့က တင်ပြခဲ့သည့် မရှင်းလင်းသော အဆိုပြုချက်များကို ပယ်ချခဲ့သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ဟားမက်အဖွဲ့သည် အပစ်အခတ်ရပ်စဲမှုသည် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာမှ အစ္စရေးတပ်များ ရုပ်သိမ်းရေးကို အာမခံပေးရန် တောင်းဆိုခဲ့သည်။

အစောပိုင်းကာလများက ဟားမက်အဖွဲ့သည် အပစ်အခတ် ယာယီရပ်စဲမှု ၏ အစိတ်အပိုင်းအဖြစ် အစ္စရေးနှင့် အကျဉ်းသားဖလှယ်မှုများ ပြုလုပ်ကာ ဓားစာခံ ၃၀ ခန့်ကို လွှတ်ပေးခဲ့သည်။ သို့သော် မတ်လကုန်ပိုင်းတွင် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးများ ပြန်လည်စတင်ခဲ့သည့်အခါ ထို သဘောတူညီမှု ပျက်ပြားသွားခဲ့သည်။ လွတ်မြောက်လာသော အကျဉ်းသားများ၏ အခြေအနေနှင့် အကျဉ်းချထားစဉ်က ကြုံတွေ့ခဲ့ရသည်ဟု စွပ်စွဲထားသော ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက တိုင်ကြားမှုများ ရှိခဲ့သည်။

ဟားမက်၏ ထုတ်ပြန်ချက်သည် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ဂါဇာတစ်ခုလုံးရှိ ပြည်သူများကို ဂါဇာ၏တောင်ပိုင်းရှိ ရာဖာ မြို့ အပျက်အစီးများပေါ်တွင် တည်ဆောက်မည့် “လူသားချင်းစာနာ ထောက်ထားမှုမြို့တော်” (humanitarian city) သို့ ရွှေ့ပြောင်းရန် အစီအစဉ်ကို ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုမြို့ကို အစ္စရေးစစ်တပ်က အဝေးမှ လုံခြုံရေးပေးထားမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများက အုပ်ချုပ်မည်ကို ရှင်းလင်းသည့်ပြောကြားမှု မရှိသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်သွားမည်ဟု ဝန်ကြီးက ဆိုသည်။

ကတ်ဇ်က ထိုနေရာတွင် နေထိုင်ရန် စီစဉ်ပေးထားသော ပါလက်စတိုင်း ပြည်သူများအား အခြားနိုင်ငံများသို့ ဆန္ဒအလျောက် ပြောင်းရွှေ့မှု မပြုလျှင် ထွက်ခွာခွင့်မပေးဟု ပြောကြားခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက ယင်းအဆိုပြုချက်ကို အကျဉ်းစခန်းတစ်ခုအဖြစ် သတ်မှတ်ဝေဖန် ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် လမ်းညွှန် စီမံကိန်းတစ်ခုဟု ရှုတ်ချခဲ့ကြသည်။

ကိုးကာ- RT

Europe ပိုလန်က ဂျာမနီ၊ လစ်သူယေးနီးယားတို့နှင့် နယ်စပ်တစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ပြန်လည် ထားရှိ

ဝါဆော၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရားမဝင် ရွှေ့ပြောင်းအခြေချမှုကို တားဆီးကာ အမျိုးသားလုံခြုံရေးကို အားဖြည့်ဆောင်ရွက်ရန်အတွက် ဂျာမနီ၊ လစ်သူယေးနီးယားနိုင်ငံတို့နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များကို ဇူလိုင် ၇ ရက်၌ ပြန်လည်ထားရှိခဲ့ကြောင်း ပိုလန်အာဏာပိုင်များက ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ဂျာမနီနှင့် နယ်စပ်တစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၅၂ ခု၊ လစ်သူယေးနီးယားနှင့် နယ်စပ် တစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၁၃ ခုတို့ကို ရွေးချယ်သတ်မှတ်ထားကြောင်း ပိုလန် ပြည်ထဲရေးနှင့် စီမံ အုပ်ချုပ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ထိုကဲ့သို့ စစ်ဆေးမှုများမှာ ဩဂုတ် ၅ ရက်အထိ ရက် ၃၀ ကြာ သက်ရောက်မှုရှိမည်ဖြစ်ကာ ရဲတပ်ဖွဲ့၊ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၏ အကူအညီနှင့်အတူ နယ်ခြားစောင့်တပ်ဖွဲ့က စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများကို အလျဉ်းသင့်သလို ဆောင်ရွက်သွားမည်ဖြစ်ကာ ဗင်ကားများ၊ ခရီးသည်အများအပြား တင်ဆောင်လာသောယာဉ်များနှင့် မှန်စတစ်ကာ တပ်ဆင်ထားသောယာဉ်များကို အဓိကထား၍ စစ်ဆေး သွားမည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကွန်းရက်ဒ် ရှဝက်ဒ်က ပြောကြားခဲ့သည်။

“ဒါက ရှင်ဂန်ဧရိယာထဲကို မပူးပေါင်းခင်က ကျွန်တော်တို့ဆီမှာရှိခဲ့သည့် နယ်စပ်ထိန်းချုပ်မှုပုံစံမျိုး မဟုတ်ဘူး ဆိုတာကို အမှတ်ရကြပါစို့။ လမ်းအတားအဆီးတွေ၊ ခြံစည်းရိုးအကာအရံတွေ ရှိလာမှာမဟုတ်ပါဘူး” ဟု ရှဝက်ဒ် က ဆိုသည်။ “မော်တော်ယာဉ်တွေ စစ်ဆေးရေးဂိတ်တွေကို ဖြတ်လာသည့်အခါမှာ အန္တရာယ်ရှိနိုင်ခြေအပေါ် ဆန်းစစ်သုံးသပ်မှုကို အခြေခံပြီး ရွေးချယ်စစ်ဆေးသွားမှာပါ။ ယာဉ်တစ်စီးကို တားလိုက်ပြီဆိုရင် ယာဉ်မောင်း တင်မကဘဲ လိုက်ပါလာသူများ၏ အထောက်အထားတွေကိုလည်း စစ်ဆေးမှာဖြစ်သလို ယာဉ်နောက်ဖုံးကို ဖွင့်ပြီးတော့လည်း စစ်ဆေးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်ဆေးမှုအသစ်များ လုပ်ဆောင်မည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ပြည်သူများကို အသိပေးထား သည့် နိုင်ငံတစ်ဝန်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း ပြည်ထဲရေးနှင့် စီမံအုပ်ချုပ်ရေးဝန်ကြီး တိုမက်ခ် ရှီမိုညက်ခ်က ပိုလန်-ဂျာမနီနယ်စပ်ရှိ Swiecko မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

ဂျာမနီအစိုးရက တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများကို ထိန်းချုပ်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှု တစ်စိတ် တစ်ဒေသအဖြစ် ပိုလန်နှင့် ထိစပ်နေသော နယ်စပ်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ

နိုင်ငံတကာ စစ်ဆေးအတည်ပြုမှုနှင့် အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုအား ကန့်ကွက်မှုမရှိဟု အီရန်သမ္မတ ဆို

နျူကလီးယားအရေးကိစ္စနှင့်စပ်လျဉ်း၍ အီရန်နိုင်ငံသည် နိုင်ငံတကာ စစ်ဆေးအတည်ပြုမှုနှင့် အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုအား ကန့်ကွက်မှုမရှိကြောင်း၊ သို့သော် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်လိုအပ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အမေရိကန် မီဒီယာသမား Tucker Carlson ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု အီရန်သမ္မတ အိမ်တော်၏ ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သော ဆောင်းပါးအရ သိရသည်။

တွေ့ဆုံမေးမြန်းမှုတွင် အီရန်အနေဖြင့် နျူကလီးယားလက်နက်အား ရှာဖွေလုပ်ဆောင်ခဲ့ခြင်း မရှိသလို၊ လက်ရှိရော အနာဂတ်တွင်ပါ ရှာဖွေလုပ်ဆောင်သွားမည်မဟုတ်ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က ထပ်မံ အလေးထားပြောကြားခဲ့သည်။

အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးအတည်ပြုမှုအား မည်သည့် အခါကမျှ ရှောင်တိမ်းခဲ့ခြင်းမရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှု ပြန်လည်လုပ်ဆောင်၍ နိုင်ငံတကာ စစ်ဆေး အတည်ပြုမှုအား လက်ခံလိုကြောင်း၊ သို့သော် အမေရိကန်က အီရန် နျူကလီးယား အဆောက်အဦများကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် စက်ပစ္စည်းနှင့် နေရာအများအပြား ဖျက်ဆီးခံခဲ့ရသဖြင့် အဆိုပါ နေရာများသို့ ပြန်လည်သွားရောက်ရန် အခက်ခဲရှိကြောင်း၊ လက်ရှိတွင် စောင့်ဆိုင်းရန် လိုအပ်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်နိုင်မည်လောနှင့်စပ်လျဉ်း၍ မာဆော့ ပါဇက်ရှ် ကီရမ်က “မိမိတို့အနေဖြင့် နဂိုက တွေ့ဆုံဆွေးနွေးမှုနှင့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ကြောင်း မိမိထင်ပါသည်”၊ သို့သော် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဒေသတွင်းအခြေအနေအား ရှုပ်ထွေး သွားအောင် လုပ်ဆောင်လိုက်သည်ဟု ဆိုသည်။

ဒေသတွင်းကို ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆီသို့ ဦးဆောင်သွားမည်လော သို့မဟုတ် အတောမသတ်နိုင်သည့် စစ်မက်အတွင်းသို့ ကျဆင်းသွားအောင် လုပ်ဆောင်မည်လောဟူသည်မှာ အမေရိကန်သမ္မတ၏ ရွေးချယ်မှု တွင်သာ မူတည်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ အီရန်အနေဖြင့် ဆွေးနွေး ညှိနှိုင်းမှုအားမကန့်ကွက်သော်လည်း ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုအား ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း၊ “ဆွေးနွေးညှိနှိုင်းနေသည့် ကာလအတွင်းမှာ အစ္စရေးက တိုက်ခိုက်မှု လုပ်ဆောင်ပြီး စစ်မီး ပြန်လည်စတင်ခြင်းကို ထပ်မံခွင့်ပြုခြင်းမျိုး မလုပ်သင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်အနေဖြင့် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ အီရန်၌ လှုပ်ရှားမှုအတွက် အတားအဆီးများ လုပ်ဆောင်သွား မည် မဟုတ်ကြောင်း၊ အီရန်အနေဖြင့် “အမေရိကန်နှင့် စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန် အစဉ်အမြဲ အဆင်သင့် ဖြစ်နေပါသည်”၊ သို့သော် အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများသည် အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုများအား တားဆီး လိုက်ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။

မာဆော့ ပါဇက်ရှ်ကီရမ်က အမေရိကန်၏ ၎င်းအပေါ်လုပ်ကြံသတ်ဖြတ်မှုအား ငြင်းပယ်လိုက်ပြီး အစ္စရေးကသာ စတင်လုပ်ဆောင်သူဖြစ်သည်ဟု ဆိုခဲ့သည်။ ပြည်တွင်းအစည်းအဝေးတစ်ရပ် တက်ရောက်နေစဉ်အတွင်း ၎င်းက အစ္စရေး၏ လုပ်ကြံသတ်ဖြတ်မှု ခံရလုနီးပါးဖြစ်ခဲ့သည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်ကို လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်ပြီးနောက် အစ္စရေး-အီရန် နှစ်ဖက် အပြန်အလှန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံက အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အီရန်ရှိ နျူကလီးယားအဆောက်အဦနေရာ ၃ ခုအား တိုက်ခိုက်ခဲ့ရာ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၂၃ ရက်တွင် ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ် စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အမေရိကန်ဘက်က ကြေညာသည့် အချိန် ဇယားအရ အစ္စရေး-အီရန် အပစ်ရပ်ခဲ့သည်။ အီရန်လွှတ်တော်က ဇွန် ၂၅ ရက်တွင် ဥပဒေတစ်ရပ်ကို အတည်ပြုပြီး အီရန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။

အိုမန်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် အီရန်သည် ယခုနှစ် ဧပြီလကတည်းက ကြားခံဆွေးနွေးညှိနှိုင်းမှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ နှစ်ဖက်က အဓိကအကြောင်းအရာများစွာနှင့်စပ်လျဉ်း၍ သိသာထင်ရှားသော ကွဲလွဲမှု များရှိခဲ့သည်။ ၆ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းမှုကို မူလက ဇွန် ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေးက အီရန်ကို ရုတ်တရက်တိုက်ခိုက်မှုကြောင့် ပယ်ဖျက်ခဲ့ရသည်။ 

ယူကရိန်းတွင် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးနေသည့် အရာရှိများထံမှ ကယ်တင်ရန် ကြိုးစားစဉ် အမေဖြစ်သူ သေဆုံး

ယူကရိန်းအရှေ့ပိုင်းဒေသမှ အမျိုးသမီးတစ်ဦးသည် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးနေသည့် အရာရှိများကို ခုခံရင်း သေဆုံးသွား ခဲ့သည်ဟု ဒေသဆိုင်ရာ သတင်းများနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ နေသည့် ထိတ်လန့်ဖွယ် ဗီဒီယိုမှတ်တမ်းများက ဖော်ပြခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yelena Sobolevskaya က အမျိုးသမီး သေဆုံးမှုကို ငြင်းဆိုခဲ့ပြီး Strana.UA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ အမျိုးသမီးသည် လူနာတင်ယာဉ်အတွင်း၌ပင် မကြာမီ အသက် ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်သည် Kharkov ဒေသ၊ Merefa မြို့တွင် ဖြစ်ပွားခဲ့ပြီး ဒေသခံ Telegram ချန်နယ်များနှင့် Strana.UA သတင်းဝက်ဘ်ဆိုက်က ထုတ်ပြန်သည့် ဗီဒီယိုများတွင် အသက် ၆၀ နီးပါးရှိသည့် အမျိုးသမီး တစ်ဦးသည် လမ်းပေါ်တွင်နောက်ပြန်ဆုတ်နေသည့် ဗန်ကားရှေ့မှန်ကို စွဲကိုင်ထားရင်း ပြင်းထန်စွာ အော်ဟစ်နေသည်ကို တွေ့ရသည်။

ယူကရိန်းသည် စစ်မြေပြင်တွင် ကြီးမားသောဆုံးရှုံးမှုများကြောင့် စစ်မှု ထမ်းဆောင်ရန် ဥပဒေများကို ပိုမိုတင်းကျပ်လိုက်ကာ စစ်မှုထမ်း အရွယ် ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချခဲ့ပြီး စုဆောင်းရေး အရာရှိများ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ခဲ့သည်။ Territorial Centers of Recruitment and Social Support (TCR) မှ ကြီးကြပ်သည့် အဆိုပါ စစ်အင်အား စုဆောင်းရေး လုပ်ငန်းစဉ်သည် အာဏာသုံး စုဆောင်းမှုများနှင့် ကြမ်းတမ်းသော နည်းလမ်းများကြောင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

လူမှုကွန်ရက်များပေါ်တွင် စစ်သားစုဆောင်းရေး အဖွဲ့များထံမှ လွတ်မြောက်ရန် ပြေးလွှားနေကြသည့် (သို့) ရင်ဆိုင်တိုက်ခိုက်နေသည့် အမျိုးသားများ၏ ဗီဒီယိုများဖြင့် ဝေဆာနေပြီး စုဆောင်းရေး အရာရှိ များသည် အရပ်သားများထံမှ ပိုမိုများပြားလာသည့် ခုခံမှုများကို ရင်ဆိုင်နေရပါသည်။ ယူကရိန်းလွှတ်တော်အမတ် Roman Kostenko ၏ မကြာသေးမီက ထုတ်ဖော်ပြောကြားချက်အရ စစ်မှုထမ်းသစ်များအနက် လေးပုံတစ်ပုံထက်နည်းသောသူများသာ ဆန္ဒအလျောက် စစ်မှုထမ်းဆောင် ကြပြီး အများစုမှာ အတင်းအကျပ် စုဆောင်းမှုစနစ်မှတစ်ဆင့် စစ်တပ် ထဲသို့ ရောက်ရှိလာကြသည်ဟု ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိ များသည် လူများကို “လမ်းပေါ်က ခွေးများကို ဖမ်းသကဲ့သို့” အတင်း အကျပ် ဖမ်းဆီးနေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက ကိယက်ဗ် အစိုးရ အား အနောက်နိုင်ငံများအတွက် “ယူကရိန်းလူမျိုး နောက်ဆုံးတစ်ဦး ကျန်သည်အထိ” စစ်ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့သည်။

ထိုစဉ်အတွင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်သား စုဆောင်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သော ဝေဖန်မှုများကို “ရုရှား၏ ဝါဒဖြန့်မှုများ ဖြစ်သည်” ဟု တရားဝင်ငြင်းဆန်ထားသည်။

ကိုးကား- RT

Photo: Times of India

ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေခဲ့သော တရုတ်မော်ဒယ်လ်ကို ကယ်ဆယ် နိုင်ခဲ့ပြီး သံရုံးမှ အလုပ်ကမ်းလှမ်းမှုများနှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ဓာတ်ပုံရိုက်ကူးရေးအလုပ်ကမ်းလှမ်းမှုကို လက်ခံပြီးနောက် ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ဘန်ကောက်ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့ပြီး သံရုံးမှ တရုတ်နိုင်ငံသား များအား အလွယ်တကူ အလုပ်ကမ်းလှမ်းမှုများကို လက်မခံရန် သတိ ပေးထားသည်။

သံရုံးမှ ထုတ်ပြန်ချက်အရ “ကျုံး” အမည်ရှိသူတစ်ဦးအား အဖွဲ့အစည်း မျိုးစုံ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ကယ်တင်နိုင်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့ဘဲ ထိုသူ၏ အမည်အပြည့်အစုံ နှင့် လိင်ကိုလည်း ဖော်ပြခဲ့ခြင်းမရှိပေ။

တရုတ် အစိုးရထောက်ခံသော မီဒီယာများက ဇွန်လအစောပိုင်းက မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံရိုက်ကူးရန် ထိုင်းသို့ရောက်ရှိလာပြီးနောက် “ကျုံး” အမည်ရှိ အသက် ၂၃ နှစ်အရွယ် တရုတ်လူငယ်တစ်ဦးအား လှည့်ဖြားကာ မြန်မာနိုင်ငံသို့ လူကုန်ကူးခံရကြောင်း သောကြာနေ့ (ဇူလိုင် ၄) တွင် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံပိုင်အသံလွှင့်ဌာန CCTV ၏ ဖော်ပြချက်အရ ၎င်း၏နှမသည် မကြာသေးမီက မြန်မာနိုင်ငံရှိ မသိရှိရသော နေရာတစ်ခုမှ သံသယ ဖြစ်ဖွယ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီးနောက် ကွမ်ကျိုးနှင့် ဘန်ကောက် ရဲတပ်ဖွဲ့များထံ ၎င်းပျောက်ဆုံးနေကြောင်း အကြောင်းကြားခဲ့သည်။

ဘန်ကောက်ရှိ တရုတ်သံရုံးမှ ၎င်း၏နိုင်ငံသားများအား နိုင်ငံခြားရှိ သံသယဖြစ်ဖွယ် “လုပ်ခလစာမြင့်အလုပ်များ” ကို သတိထားရန် သတိပေးခဲ့ပြီး ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ရန် သင့်လျော်သော ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ အဆိုပါ သတိပေးချက်သည် နိုင်ငံခြားရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် လူကုန်ကူးမှုနှင့် လှည့်ဖြားအလုပ်အကိုင်ကမ်းလှမ်းမှုများအပေါ် စိုးရိမ်မှုများ တိုးပွားလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ အဆိုအရ လူမှောင်ခိုကွန်ရက်များသည် အရှေ့တောင် အာရှတစ်လွှား၊ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်း လိမ်လည်မှုစခန်းများသို့ လူပေါင်းသိန်းချီကို လူကုန်ကူးခဲ့ပြီး သားကောင် များအား တရားမဝင် အွန်လိုင်းလှည့်ဖြားမှုလုပ်ငန်းများတွင် အဓမ္မ အလုပ် လုပ်စေခဲ့သည်။

လတ်တလောဖြစ်စဉ်သည် ဇန်နဝါရီလက နိုင်ငံတစ်ဝှမ်း စိတ်ဝင်စားမှု ဖြစ်စေခဲ့သည့် အလားတူဖြစ်ရပ်တစ်ခုနှင့် ဆင်တူသည်။ ထိုအချိန်က အသက် ၃၁ နှစ်အရွယ် တရုတ်သရုပ်ဆောင်တစ်ဦးသည် ထိုင်းတွင် ရုပ်ရှင် ရိုက်ကူးရန်အလုပ်အဖြစ် လှည့်ဖြားခံရပြီး မြန်မာနိုင်ငံရှိ အွန်လိုင်း လိမ်လည်မှု စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ နောက်ဆုံးတွင် ထိုင်းရဲတပ်ဖွဲ့ မှ ၎င်းအား ကယ်တင်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်အပြီးတွင် တရုတ်နှင့် ထိုင်း နိုင်ငံတို့သည် လိမ်လည်မှုစခန်းများအား စုံစမ်းစစ်ဆေးရန်နှင့် တိုက်ဖျက်ရန် အတွက် ဘန်ကောက်တွင် ညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ရန် သဘော တူညီခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ်သံရုံးသည် သောကြာနေ့ (ဇူလိုင် ၄) က သံရုံး၏ WeChat အကောင့်တွင် “အွန်လိုင်း ဆက်သွယ်ရေး လှည့်ဖြားမှု နည်းလမ်းအသစ်များ ပေါ်ထွက်လာခြင်း” ကို ကိုင်တွယ်ဖြေရှင်းသည့် အသိပေးချက် ရှည်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ထိုအသိပေးချက်တွင် ပြည်သူများအား လှည့်ဖြားမှုများကို ဖော်ထုတ် နိုင်ရန် ရည်ရွယ်၍ သတိပြုရမည့် အကြံပြုချက်များနှင့် အဓိက စကားစုများ ၂၀ ကို စာရင်းပြုစုဖော်ပြထားသည်။

ကိုးကား- Bangkok Post