သတင်းများ

ဗီယက်နမ်နိုင်ငံက တရုတ်သင်္ဘောများ သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုကို ကန့်ကွက်

ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီး ဗီယက်နမ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသင်္ဘောများ ဝင်ရောက်လှုပ်ရှားမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က တရုတ် သင်္ဘောများ၏ ဗီယက်နမ်၏သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုနှင့်ပတ်သက်၍ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ 

“၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီးတွင် ဗီယက်နမ်၏ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည့် နိုင်ငံခြားသုတေသနနှင့်လေ့လာမှုများသည် ဗီယက်နမ်၏ အချုပ်အခြာအာဏာနှင့် တရား စီရင်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်” ဟု သူမက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ် အာဏာပိုင်များသည် အရှေ့ပင်လယ်အတွင်း ဖြစ်ပျက်မှုများကို အစဉ်နီးကပ်စွာ ခြေရာခံလျက် နိုင်ငံတကာဥပဒေနှင့် ဗီယက်နမ်၏ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကာ ဗီယက်နမ်၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

ဗီယက်နမ်သည် နိုင်ငံတကာဥပဒေနှင့်အညီ Hoang Sa နှင့် Truong Sa ကျွန်းစုများအပေါ် နိုင်ငံ၏ အချုပ်အခြာအာဏာစိုးမိုးမှုကို အတည်ပြုရန် ဥပဒေနှင့်အညီဖြစ်သော အခြေခံအုတ်မြစ်များနှင့် သမိုင်းဆိုင်ရာ အထောက်အထားများ ပြည့်စုံစွာရှိသည့်အပြင် ဗီယက်နမ်၏ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနှင့် တရားစီရင်ပိုင်ခွင့်များကိုလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်သည် ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအား ရပ်ဆိုင်းသည့် အမိန့်ထုတ်ပြန်

အီရန်သမ္မတ ပေဇက်ရှ်ကီယန်သည် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဥပဒေကြမ်းတစ်ရပ်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် လက်မှတ် ရေးထိုး အတည်ပြုလိုက်ပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် လက အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယားစက်ရုံများ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

သမ္မတ ပေဇက်ရှ်ကီယန်က အီရန် နျူကလီးယားစက်ရုံများ၏ လုံခြုံရေး ကို အာမခံချက်မပေးနိုင်သေးသမျှ IAEA စစ်ဆေးရေးမှူးများ ဝင်ရောက် စစ်ဆေးခွင့်ကို ဆိုင်းငံ့ထားမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ လုပ်ရပ် ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို စောင့်ကြည့် စစ်ဆေးနိုင်စွမ်းမှာ ပိုမိုကန့်သတ်လာနိုင်ပါသည်။ အီရန်သည် လက်ရှိတွင် လက်နက် အဆင့်နီးပါး ယူရေနီယမ်သတ္တုသန့်စင်မှု လုပ်ငန်းများကို လုပ်ဆောင် နေနိုင်ပြီဖြစ်ပါသည်။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ ဖော်ပြချက်အရ ထိုဆိုင်းငံ့မှုသည် “နျူကလီးယားစက်ရုံများနှင့် သိပ္ပံပညာရှင်များ၏ လုံခြုံရေး အာမခံချက် အပါအဝင် သတ်မှတ်ထားသော အခြေအနေများ ပြည့်မီသည်အထိ အသက် ဝင်နေမည်” ဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အနည်းငယ်သာ သိရှိရသေးပြီး အီရန်က မည်သို့ အကောင်အထည်ဖော်မည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပါ။

IAEA အနေဖြင့် ပြီးခဲ့သည့်လက အစ္စရေးနှင့် အမေရိကန်တို့ ဗုံးကြဲ တိုက်ခိုက်ခဲ့သော ပျက်စီးသွားသည့် နျူကလီးယားစက်ရုံများသို့ဝင်ရောက်ခွင့်ကို အစောပိုင်းကတည်းက ငြင်းပယ်ခံထားရပါသည်။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အာမီ ဆာအိဒ် အီရာဗာနီက IAEA စစ်ဆေးရေးမှူးများ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားကြောင်း တနင်္ဂနွေနေ့ (ဇွန် ၂၉) က ပြောကြားခဲ့ပါသည်။ 

ကိုးကား - DW

ပင်တဂွန်မှ လက်နက်သိုလှောင်ရုံများတွင် ခဲယမ်းများ လျော့နည်းလာမှုကြောင့် ကိယက်ဗ်သို့ လက်နက်ထောက်ပံ့မှုများ ရပ်ဆိုင်း

ပင်တဂွန်မှ အမေရိကန်ထုတ် လက်နက်အမျိုးအစားများကို ယူကရိန်းသို့ ပို့ဆောင်မှုများ ယာယီရပ်ဆိုင်းလိုက်ကြောင်း Politico နှင့် NBC News တို့က ဖော်ပြခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ အမိန့်အရ အမေရိကန်၏ လက်နက်သိုလှောင်ရုံများအား ပြန်လည် စစ်ဆေးသုံးသပ်ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီးလက်နက်များ အလျင်အမြန်လျော့နည်းလာမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ တိုးပွားလာနေသည်။ 

အဆိုပါဆုံးဖြတ်ချက်သည် Patriot ဒုံးပျံတိုက်ဖျက်ရေးစနစ်၊ Stinger နှင့် AIM ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များ၊ Hellfire နှင့် GMLRS စနစ်များ အပါအဝင် ယခင်က ဝါရှင်တန်မှ ကိယက်ဗ်အား ကတိပြုထားသည့် 155mm အမြောက်ကျည်များစွာကိုပါ သက်ရောက်မှုရှိစေသည်။ NBC ၏ ဖော်ပြချက်အရ အချို့လက်နက်များမှာ ဥရောပတွင် အဆင်သင့် တပ်ဆင်ထားပြီးဖြစ်သော်လည်း ယူကရိန်းတပ်များထံ မလွှဲပြောင်းမီ ယာယီထိန်းချုပ်ထားခြင်းဖြစ်သည်။

Politico ၏ ဖော်ပြချက်အရ Trump အစိုးရသစ်သည် ယူကရိန်းအတွက် အပိုရံပုံငွေတောင်းခံမှုများ မပြုလုပ်သေးဘဲ လက်ရှိရန်ပုံငွေများမှာ လ အနည်းငယ်သာ ဆက်လက်ခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းထားသည်။

အိမ်ဖြူတော်ဒုတိယပြောရေးဆိုခွင့်ရှိသူ Anna Kelly က ယင်းဆုံးဖြတ်ချက်အား အမေရိကန်၏ကာကွယ်ရေးလိုအပ်ချက်များကို ဦးစားပေးရန် လိုအပ်သောခြေလှမ်းအဖြစ် ကာကွယ်ပြောဆိုခဲ့ပြီး အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမပြုခဲ့ပေ။

ကိယက်ဗ်သည် ဝါရှင်တန်ထံမှ လျော့နည်းလာသော ထောက်ပံ့မှုများနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်ရကြောင်း ထပ်တလဲလဲ ဖွင့်ဟခဲ့သည်။ ယူကရိန်းခေါင်းဆောင် Vladimir Zelensky သည် လွန်ခဲ့သည့် သီတင်းပတ်က The Hague တွင် ကျင်းပသော NATO ထိပ်သီး အစည်းအဝေးတွင် သမ္မတ Donald Trump နှင့်တွေ့ဆုံခဲ့သော်လည်း ခိုင်မာသောကတိကဝတ်များကို မရရှိခဲ့ပေ။ Trump က Patriot စနစ် များသည် "ရရှိရန်အလွန်ခက်ခဲသည်" ဟုပြောကြားခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့၏ကာကွယ်ရေးအတွက် လိုအပ်ကြောင်း ထည့်သွင်းပြောဆို ခဲ့သည်။

ထရမ့်က မော်စကိုနှင့် စစ်ပြေငြိမ်းရေး ညှိနှိုင်းပြီး ပဋိပက္ခအဆုံးသတ်ရန် ရည်ရွယ်ကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။ လွန်ခဲ့သော လအတွင်း Hegseth က အိမ်ဖြူတော်သည် "America First" နည်းဗျူဟာ၏အစိတ်အပိုင်းအဖြစ်နှင့် သံတမန်နည်းကျ ဖြေရှင်းနိုင်ရေးရရှိရန် မျှော်လင့်ချက်ဖြင့် ကိယက်ဗ်အတွက် စစ်ရေး အထောက်အပံ့ အသုံးစရိတ်များကို လျှော့ချနေကြောင်း ပြောကြားခဲ့သည်။

ပင်တဂွန်၏ မူဝါဒပြောင်းလဲမှုသည် ယူကရိန်းသို့ အဆုံးမရှိသော အကူအညီများနောက်ကွယ်ရှိ အကြောင်းပြချက်များကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည့် ထရမ့်လက်ထက်တွင် ပိုမိုကျယ်ပြန့်သော ပြန်လည် ချိန်ညှိမှုကို ထင်ဟပ်နေသည်။ ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအကြီးအကဲ Kirill Dmitriev က ထို လုပ်ရပ်သည် "အနောက်တိုင်း၏ အစွမ်းအစ၏ အစစ်အမှန် ကန့်သတ်ချက်များနှင့် အမေရိကန်စစ်တပ်၏ ဦးစားပေးအပြောင်းအလဲများကို မီးမောင်း ထိုးပြနေသည်" ဟု မှတ်ချက်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

NATO အဖွဲ့ဝင်နိုင်ငံ ဒိန်းမတ်တွင် အမျိုးသမီးများ စစ်မှုထမ်းဆောင်ရမည်

ဒိန်းမတ်နိုင်ငံတွင် အမျိုးသမီးများအား မဝင်မနေရ စစ်မှုထမ်းဆောင်ရန် ခေါ်ယူမည့် ဥပဒေပြင်ဆင်ချက်ကို လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် က ပါလီမန်မှ အတည်ပြုလိုက်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ဒိန်းမတ်နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော NATO ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ရုရှား၏ ခြိမ်းခြောက် မှုကို ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လာခြင်းနှင့် ဆက်စပ် နေပါသည်။ ပြီးခဲ့သော သီတင်းပတ်က နယ်သာလန်နိုင်ငံ၊ The Hague တွင် ကျင်းပသော NATO အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ 

၂၀၂၃ ခုနှစ် မေလတွင် ဥရောပသမဂ္ဂသည် ၎င်း၏ စစ်ရေး တည်ဆောက်မှုအတွက် ယူရို ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၁ ဘီလီယံ) ချေးငွေ အစီအစဉ်ကို အတည်ပြုခဲ့သည်။ ရုရှားအစိုးရကမူ အနောက်နိုင်ငံများ၏ ရန်လိုသည်ဟူသော စွပ်စွဲချက်များအား အဓိပ္ပာယ်မရှိသော အကြောင်း ပြချက်များဟု ပယ်ချလျက် ရှိပါသည်။

ဒိန်းမတ်၏ ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ဥပဒေအသစ်အရ “စစ်မှုထမ်းခြင်း တွင် အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှရေး အာမခံချက်ပါဝင်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နှင့် နောက်ပိုင်း အသက် ၁၈ နှစ် ပြည့်သော အမျိုးသမီးများအား စာရင်းသွင်းကာ စစ်မှုထမ်းရန် လိုအပ်ပါက ရွေးချယ်ခေါ်ယူမည်” ဟု ဖော်ပြထားသည်။ အမျိုးသမီးစစ်မှုထမ်းများ သည် အမျိုးသားများနှင့် တူညီသော စည်းကမ်းချက်များဖြင့် ထမ်းဆောင် ရမည်ဖြစ်သည်။ သတင်းများအရ အဆိုပါဥပဒေပြင်ဆင်ချက်တွင် စစ်မှုထမ်း ကာလကို ၄ လမှ ၁၁ လအထိ တိုးမြှင့်ထားသည်ဟု သိရသည်။

ဒိန်းမတ် တပ်မတော်သည် စေတနာ့ဝန်ထမ်းများနှင့် မဖြစ်မနေ ခေါ်ယူ သည့် စစ်မှုထမ်းများကို အားထားရပြီး စေတနာ့ဝန်ထမ်းအရေအတွက် မလုံလောက်ပါက စစ်မှုထမ်းဆောင်ရန် ခေါ်ယူလေ့ရှိသည်။ ၂၀၂၄ ခုနှစ် တွင် ဒိန်းမတ်နိုင်ငံသား ၄,၇၀၀ ခန့်သည် စစ်မှုထမ်းဆောင်ပြီးစီးခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီးများ၏ အချိုးမှာ ၂၄% ခန့်ရှိသည်။ ဝန်ကြီးချုပ် Mette Frederiksen က မတ်လတွင် အမျိုးသမီးများအား စစ်မှုမထမ်း မနေရ အစီအစဉ်ကို ကြေညာခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို “ကျား/မ အပြည့်အဝတန်းတူညီမျှမှု” တစ်ခုအဖြစ် ရှုမြင်ရန် တိုက်တွန်း ခဲ့သည်။

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော လတ်ဗီးယားသည်လည်း ၂၀၂၈ ခုနှစ် မတိုင်မီ အမျိုးသမီးများအား စစ်မှုမထမ်းမနေရ အစီအစဉ်ကို ကျင့်သုံးရန် စီစဉ်နေသည်။ ထိုနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင့်သုံးခဲ့သည်။ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့သည် အသီးသီး ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များတွင် ကျားမတန်းတူ စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။ ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Boris Pistorius ကလည်း ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော အမျိုးသားများအတွက် စစ်မှုမထမ်း မနေရစနစ်ကို ပြန်လည်ကျင့်သုံးရန် အဆိုပြုထားသည်။

'Phuket Eye' CCTV စနစ်သည် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ကူညီပေးနေ

ဖူးခက်ပြည်နယ်ရဲတပ်ဖွဲ့သည် ခရီးသွားကမ်းခြေကျွန်းပေါ်ရှိ လုံခြုံရေးကို မြှင့်တင်ရန်ရည်ရွယ်၍ "Phuket Eye" လုံခြုံရေးစနစ်ကို ချဲ့ထွင်ရန် ပြင်ဆင်နေသည်။ ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဆင်လတ် ဆူခမ်းက Phuket Eye စနစ်သည် Phuket Model စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရာဇဝတ်မှုနှိမ်နင်းရေး၊ ခရီးသွားလုံခြုံရေးစစ်ဆေးခြင်းနှင့် ယာဉ်ကြော စီမံခန့်ခွဲမှု တို့ကို ဦးစားပေးသည့် ပူးပေါင်းဆောင်ရွက်ရေး စီမံချက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ကျင်းပခဲ့သော ခြောက်လပတ် အစီရင်ခံစာ ရှင်းလင်းပွဲ တွင် ဗိုလ်မှူးကြီး ဆင်လတ်က ဇန်နဝါရီ ၁ ရက်နေ့မှစ၍ Phuket Eye စနစ်ကြောင့် နိုင်ငံခြားသား ၃၆၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ ထို နိုင်ငံခြားသား ၃၆၉ ဦးအနက် ၈၇ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ ၆၅ ဦးကို အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်မှု၊ ၂၇ ဦးကို တားမြစ်ထားသောအလုပ်အကိုင်လုပ်ကိုင်မှု နှင့် ၂၃ ဦးကို မူးယစ်ဆေးဝါးဆိုင်ရာဖောက်ဖျက်မှုဖြင့် စွဲချက်တင် ခဲ့ကြောင်း ရဲမှူးကြီးက ပြောကြားခဲ့သည်။

ထို့အပြင် ရဲတပ်ဖွဲ့သည် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် နိုင်ငံခြားသား ၂၈,၈၀၉ ဦးကို ဖမ်းဆီးခဲ့ရာ ရုရှားနိုင်ငံသား ၃,၁၂၁ ဦး၊ တရုတ်နိုင်ငံသား ၁,၇၂၁ ဦး၊ ဗြိတိန်နိုင်ငံသား ၁,၄၁၉ ဦး၊ ပြင်သစ်နိုင်ငံသား ၁,၃၆၅ ဦး နှင့် အိန္ဒိယနိုင်ငံသား ၁,၀၆၉ ဦး တို့ ပါဝင်ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့ သည် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် အားပေးလှုံ့ဆော်ခြင်းနှင့် အများ ပြည်သူဆိုင်ရာ ယာဉ်စည်းကမ်း စီမံခန့်ခွဲမှုအပါအဝင် ယာဉ်ကြောထိန်း ချုပ်ရေး အစီအမံများတွင် အောင်မြင်မှုရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီး ဆင်လတ်က ယခုနှစ် သင်္ကြန် (ဆုန်ခရမ်ပွဲတော်) ကာလ အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ မရှိဘဲ ၊ မတော်တဆမှု ၄၅ ကြိမ် နှင့် ဒဏ်ရာရသူ ၄၅ ဦးသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အနာဂတ် အစီအစဉ်များနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ဆင်လတ်က ဖူးခက် ပြည်နယ် ရဲတပ်ဖွဲ့သည် လာမည့်နှစ်အတွင်း ကျွန်းတစ်ဝှမ်းရှိ CCTV ကင်မရာ အရေအတွက်ကို ၂၂၃ ခုမှ ၅၀၃ ခုအထိ တိုးချဲ့ရန် ဘတ်ငွေ ၉၈ သန်း (အမေရိကန်ဒေါ်လာ ၂.၇ သန်း) အကုန်ကျခံမည်ဟု ပြောကြားခဲ့သည်။ ထိုကင်မရာများကို ဖူးခက်ပြည်နယ်ရဲတပ်ဖွဲ့၏ ဒေတာဘေ့စ်နှင့် ချိတ်ဆက် ထားမည်ဖြစ်ပြီး ရိုက်ကူးထားသော ဗီဒီယိုများကို ၃၀ ရက်အထိ သိမ်းဆည်းထားနိုင်မည်ဟု ၎င်းက ရှင်းပြခဲ့သည်။

“ပြည်နယ်ရဲတပ်ဖွဲ့သည် ခရီးသွားများ၏ လုံခြုံရေးအတွက် လုပ်ငန်း ဆောင်တာများကို အရှိန်မြှင့်ဆောင်ရွက်ကာ ဖူးခက်၏ ကမ္ဘာ့အဆင့်မီ လုံခြုံသော ခရီးသွားဆွဲဆောင်မှုပုံရိပ်ကိုလည်း မြှင့်တင်သွားမည်” ဟု ဗိုလ်မှူးကြီး ဆင်လတ်က ပြောကြားခဲ့သည်။ ဖူးခက်သည် ထိုင်းနိုင်ငံ၏ အဓိက ခရီးသွားဆွဲဆောင်ရာဒေသဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းမီ လုံခြုံရေးစနစ်များ တည်ဆောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။

ကိုးကား- Bangkok Post

အီရန်သည် ဟောမုဇ် ရေလက်ကြားတွင် မိုင်းခင်းရန် အစီအစဉ် ရှိနိုင်

အီရန်၏ စစ်တပ်သည် လွန်ခဲ့သည့်လအတွင်းက ပါရှန်ပင်လယ်ကွေ့တွင် ချထားရန် မိုင်းများကို သင်္ဘောများပေါ်သို့ တင်ဆောင်ခဲ့သည်ဟု ယုံကြည်ရပြီး အစ္စရေးနှင့် ပဋိပက္ခ အကြားတွင် ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်သည်ဟု သတင်းရရှိသည်။ 

ရိုက်တာသတင်းဌာနက ဇူလိုင် ၂ ရက်နေ့တွင် အမည်ဖော်မပြလိုသော အမေရိကန် အရာရှိ ၂ ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဇွန် ၁၃ ရက် တွင် အစ္စရေး၏ အီရန်အား စစ်ဆင်ရေးပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးမှ အပြန်အလှန် တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့စဉ် အမေရိကန် ထောက်လှမ်းရေးက အဆိုပါလှုပ်ရှားမှုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြ ခဲ့သည်။

မိုင်းများကို ရေလက်ကြားတွင် ခင်းကျင်းချထားမှု မပြုသေးသော်လည်း တီဟီရန်သည် ကမ္ဘာ့ရေကြောင်း ဖြတ်သန်းသွားလာမှုအများဆုံး လမ်းကြောင်း တစ်ခုကို ပိတ်ဆို့ရန် အလေးအနက်စဉ်းစားနေသည်ဟု ညွှန်းဆိုနိုင်သည်။ အကယ်၍ အီရန်က ဟောမုဇ် ရေလက်ကြားတွင် မိုင်းခင်းပါက ယခုထိ ထိန်းချုပ်မရသော ပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး ကမ္ဘာ့ကုန်သွယ်ရေးကို ဆိုးရွားစွာ နှောင့်ယှက်နိုင်စေသည်။ ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီးဆင်းမှု၏ ငါးပုံတစ်ပုံခန့်သည် ဟောမုဇ် ရေလက်ကြားမှ ဖြတ်သန်း စီးဆင်းလျက်ရှိပြီး ထိုနေရာတွင် ပိတ်ဆို့မှုဖြစ်ပါက ကမ္ဘာ့ရေနံ ဈေးနှုန်း များ မလွဲမသွေ မြင့်တက်လာနိုင်သည်။

ဇွန် ၂၂ ရက်တွင် အမေရိကန်က အီရန်၏ အဓိက နျူကလီးယားစက်ရုံ သုံးခုကို တိုက်ခိုက်ပြီးချိန်တွင် အီရန်လွှတ်တော်က ဟောမုဇ် ရေလက်ကြား ပိတ်ဆို့ရေး လုပ်ငန်းစဉ်များကို ထောက်ခံခဲ့သည်ဟု သိရှိရပြီး အဆိုပါ ဆုံးဖြတ်ချက်ကို တရားဝင်မထုတ်ပြန်သေးဘဲ အီရန်၏ အမျိုးသားလုံခြုံရေးကောင်စီကသာ ရေလက်ကြားပိတ်ဆို့မည့် အစီအစဉ်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ အီရန်သည် နှစ်ပေါင်းများစွာ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ယခုအထိ လက်တွေ့ဆောင်ရွက်ခဲ့ခြင်းမရှိသေးပေ။

အိန္ဒိယအတွက် ရေတပ်သင်္ဘောများ ပိုမိုတည်ဆောက်သွားမည်ဟု ရုရှား ပြောကြား

ရုရှားနှင့်အိန္ဒိယတို့သည် အိန္ဒိယရေတပ်အတွက် သင်္ဘောများ ထပ်မံ တည်ဆောက်ရန် ဆွေးနွေးလျက်ရှိကြောင်း ရုရှားသင်္ဘော တည်ဆောက်ရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိ အန်ဒရေပူချ်ကော့ဗ်က ကာလီနင်ဂရက် ရှိ ယန်တာသင်္ဘောကျင်းတွင် ကျင်းပပြုလုပ်သည့် အိန္ဒိယရေတပ်သို့ 11356 ဖရီးဂိတ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြား လိုက်ပါသည်။

အိန္ဒိယနှင့် မိမိတို့မှာ ပူးပေါင်းမှုမှာ သမိုင်းရှည်လျားပြီး ယုံကြည် စိတ်ချ ရသော မိတ်ဖက်များ ဖြစ်ပါကြောင်း၊ အိန္ဒိယက လုပ်ဖော်ကိုင်ဖက်များ အတွက် မိမိတို့ သင်္ဘောအစီးရေ အတော်များများ တည်ဆောက်ပြီး ဖြစ်ကာ Make in India အစီအစဉ်အရ အိန္ဒိယတွင် တည်ဆောက် လျက်ရှိသော သင်္ဘောများအတွက်လည်း စက်ပစ္စည်းများနှင့် ယန္တရား များ ဆက်လက်ပို့ဆောင်နေပါကြောင်း၊ စစ်သင်္ဘော အသစ်အဆန်း တည်ဆောက်ရေးအတွက် မိတ်ဖက်ဆက်ဆံရေးကိုလည်း တိုးချဲ့ သွားမည် ဖြစ်ပါကြောင်း ၎င်းက ပြောကြားထားပါသည်။

11356 ဖရီးဂိတ်များသည် ကမ်းနီးနှင့်ကမ်းဝေးပင်လယ်ပြင်တွင် ရေငုပ် သင်္ဘောများနှင့် စစ်သင်္ဘောများကို တိုက်ခိုက်ရန်နှင့် လေကြောင်း တိုက်ခိုက်မှုများကို တစ်ကိုယ်တော်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ခုခံ တိုက်ခိုက် နိုင်ရန် ဒီဇိုင်းထုတ် တည်ဆောက်ထားပါသည်။ ထိုသင်္ဘောများတွင် A-190 100mm အမြောက်၊ Kalibr နှင့် Shtil အပါအဝင် လေကြောင်း ကာကွယ်ရေးဒုံးကျည်များ၊ တော်ပီဒိုလက်နက်များ တပ်ဆင်ထားပါသည်။ ရဟတ်ယာဉ် သယ်ဆောင်နိုင်အောင် မွမ်းမံထားပြီး တန်ချိန် ၃၆၂၀ တန်၊ အလျား ၁၂၄.၈ မီတာ ရှိပြီး အမြန်ဆုံးနှုန်း ရေမိုင် ၃၀ သွားရောက်နိုင် ပါသည်။ 

ကိုးကား- Tass

Photo: Indian Politics

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

MI6 သည် IAEA အတွင်းသို့ လျှို့ဝှက်စွာ စိမ့်ဝင်နေခဲ့

The Grayzone သတင်းဌာနက အင်္ဂါနေ့ (ဇူလိုင် ၁) တွင် ထုတ်ပြန်ချက်အရ ဗြိတိန် ထောက်လှမ်းရေးအရာရှိတစ်ဦးသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အတွင်းသို့ လျှို့ဝှက်ဝင်ရောက်ကာအီရန်အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ပူးပေါင်း ကူညီခဲ့သည်ဟု ဆိုသည်။

လျှို့ဝှက်စာရွက်စာတမ်းများတွင် MI6 အေးဂျင့် Nicholas Langman ၏ IAEA အတွင်းရှိ လုပ်ဆောင်ချက်များကို ဖော်ပြထားပြီး Torchlight ဟုခေါ်သော ဗြိတိန် ထောက်လှမ်းရေးအဖွဲ့အစည်းနှင့်သက်ဆိုင်သည့် လိမ်လည်မှုမှတ်တမ်းများတွင် Langman ၏ ကိုယ်ရေးရာဇဝင်ကို တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

Langman သည် မင်းသမီး Diana ၏ သေဆုံးမှုတွင် ဗြိတိန် ထောက်လှမ်းရေး ၏ ပါဝင်မှုကို ဖုံးကွယ်ရန် ကူညီခဲ့သူဖြစ်ပြီး ဂရိအာဏာပိုင်များက အေသင် ရှိ ပါကစ္စတန်လူမျိုး ရွှေ့ပြောင်းနေထိုင်သူများအား ပြန်ပေးဆွဲညှင်းပန်းမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသူလည်း ဖြစ်သည်။

၎င်း၏ ကိုယ်ရေးမှတ်တမ်းအရ IAEA နှင့် ဓာတုလက်နက် တားဆီးရေး အဖွဲ့ (OPCW) တို့ကို ပံ့ပိုးကူညီရန်အပါအဝင် “နျူကလီးယား၊ ဓာတုနှင့် ဇီဝလက်နက်နည်းပညာများ ပျံ့နှံ့မှုကို ဖော်ထုတ်တားဆီးရန် အေဂျင်စီ အချင်းချင်း ပူးပေါင်းအဖွဲ့များကို ဦးဆောင်ခဲ့သည်” ဟု ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ် မှ ၂၀၁၂ ခုနှစ် အတွင်း Langman သည် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ စီစဉ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည် ဟု ဆိုသည်။ အမေရိကန်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိအဆင့်မြင့်အရာရှိများနှင့် နိုင်ငံတော်အဆင့်ထိ ထိရောက်သောဆက်ဆံရေးများ တည်ဆောက်ကာ မဟာဗျူဟာချမှတ်ရာတွင် ကူညီ ခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် “အီရန် နျူကလီးယားနှင့် ပိတ်ဆို့မှု သဘောတူညီချက်အား ကြီးမားသော သံတမန်အောင်မြင်မှုအဖြစ် ရောက်ရှိ စေရန် အထောက်အကူပြုခဲ့သည်” ဟု ၎င်းက ဂုဏ်ယူစွာ ဖော်ပြခဲ့သည်။

Langman သည် UK နိုင်ငံခြားရေးဝန်ကြီးဌာန၏ Counter-Proliferation Center တွင် တာဝန်ထမ်းဆောင်စဉ်အချိန်ကာလသည် အီရန်သိပ္ပံပညာရှင်များအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုနှင့် လျှို့ဝှက် လုပ်ဆောင်ချက်များ တိုးမြင့်လာချိန်နှင့် ကိုက်ညီခဲ့သည်။ ထိုကာလအတွင်း အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုများနှင့် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး အီရန် အပေါ် အမေရိကန်နှင့် EU တို့က ပြင်းထန်သော စီးပွားရေးဆိုင်ရာ အရေးယူမှုများ ချမှတ်ခဲ့သည်။

အီရန်သည် ကြာမြင့်စွာကတည်းက IAEA အား ၎င်း၏ရန်သူများနှင့် ပေါင်းဖက်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး တီဟီရန်မှ အရာရှိများက IAEA သည် အစ္စရေးထံသို့ အီရန်၏ နျူကလီးယားသိပ္ပံပညာရှင်များ၏ ကိုယ်ရေးအချက်အလက်များနှင့် အဓိကစက်ရုံများအကြောင်း ထောက်လှမ်းရေး အချက်အလက်များ ပေးပို့ခဲ့သည်ဟု ဆိုသည်။ ယင်းစက်ရုံများကို ပြီးခဲ့သည့်လက အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အမေရိကန်နှင့် အင်ဒိုပစိဖိတ်မဟာမိတ်နိုင်ငံများသည် ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီ

QUAD အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပြီး နည်းပညာမြင့်ပစ္စည်းများ တီထွင်ဖန်တီးထုတ်လုပ်ရာတွင် အရေးပါသည့် ဓာတ်သတ္တုပစ္စည်းများနှင့် မြေရှားသတ္တုတင်ပို့ရောင်းချခြင်း ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းသည့်ဒေသ အဖြစ် ဖော်ဆောင်ပေးရန် ရည်ရွယ်၍ Quadrilateral Security Dialogue (QUAD) အဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

အမေရိကန်သည် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပြဿနာများရှိနေစဉ် အင်ဒိုပစိဖိတ်ဒေသတွင်း နိုင်ငံများအတွင်း ၎င်း၏ဩဇာလွှမ်းမိုးမှုကို မြှင့်တင်၍ တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန်ရည်ရွယ်၍ QUAD အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင် ၂ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံ ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက QUAD အဖွဲ့သည် ကြေညာချက်များထုတ်ပြန်ခြင်းထက် လက်တွေ့လုပ်ဆောင်မှုများဖြစ်ရန် လိုအပ်ကြောင်းနှင့် QUAD အဖွဲ့အနေဖြင့် အနာဂတ်တွင် အခိုင်အမာရပ်တည်နေနိုင်ရေးအတွက် ကုန်သွယ်ရေး သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

QUAD Critical Minerals Initiative အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးဖြစ်စေရေးနှင့် အရေးကြီးသော ဓာတ်သတ္တုပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချမှုကွင်းဆက်ကို လုံခြုံစိတ်ချရစေရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးလေးဦးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုးကား - Business Standard

ဘာသာပြန်ဆိုသူ- ‌ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်း ဒီနီပရိုပက်ထရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာကို ရုရှားတပ်များရရှိ

မော်စကို ဇွန် ၃၀

ရုရှားတပ်များသည် ယူကရိန်း အရှေ့အလယ်ပိုင်း ဒီနီပရိုပက်ထ ရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာ တစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ဇွန် ၂၉ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ရုရှားတပ်များသည် ယူကရိန်း ဆူမီဒေသ၌ စတုရန်းမိုင် ၇၇ ဒသမ ၂၂ မိုင်ရှိသောနယ်မြေကို ထိန်းချုပ် ခဲ့ပြီးနောက် ဒီနီပရိုပက်ထရော့ဗ် ဒေသသို့ ဆက်လက်ထိုးဖောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရုရှားတပ်များသည် ပြီးခဲ့သည့် နှစ်လတာကာလအတွင်း ယူကရိန်း စစ်မြေပြင်၌ နယ်မြေအကျယ် အဝန်း၊ စတုရန်းကီလိုမီတာ ၉၅၀ ထိ ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားတပ်များက ယူကရိန်းစစ်မြေပြင်၌ ထိန်းချုပ်ထားနိုင်သော နယ်မြေ အကျယ်အဝန်းမှာ စတုရန်းကီလို မီတာ ၁၁၃၅၈၈ ကီလိုမီတာ ထိရှိလာခဲ့ပြီဖြစ်သည်။

သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကိုအဆုံးသတ်၍ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရေးအတွက် ယူကရိန်းအနေဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများ ကို စွန့်လွှတ်ပေးရမည်ဖြစ်ကြောင်း ရုရှားအစိုးရက  ပြောကြားထားသည်။

ယူကရိန်းနိုင်ငံ၏ လူးဟန့် ဒေသ၏ ၉၉ ရာခိုင်နှုန်း၊ ဒွန်းနက်စ် ဒေသ၊ ဇာပိုရစ်ဇီယာဒေသနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်း ကျော်တို့ကိုရုရှားနိုင်ငံက ထိန်းချုပ် ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

Photo - The Guardian