သတင်းများ

အီရန်-အမေရိကန် နျူကလီးယားကိစ္စ ၄ ကြိမ်မြောက် ဆွေးနွေးပွဲ မေ ၁၉ တွင် အိုမန်၌ ပြုလုပ်မည်

အီရန်-အမေရိကန်တို့၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ စတုတ္တအကြိမ် ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်တွင် အိုမန်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားကြောင်း၊ အချိန်နှင့်နေရာကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက သတ်မှတ်ပေးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၎င်း၏ Telegram မှတစ်ဆင့် ပြောကြားလိုက်ပါသည်။

ကိုးကား-TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အိန္ဒိယ-ပါကစ္စတန် စစ်ရပ်စဲရန် သဘောတူ

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အပြည့်အဝ စစ်ရပ်စဲရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၁၀ ရက်တွင် ကြေညာလိုက်ပါသည်။

ပါကစ္စတန်ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အစ်ရှာ့ဒါးက အိန္ဒိယနှင့် စစ်ရပ်စဲရေးသဘောတူညီမှု ရရှိကြောင်း အတည်ပြု ပြောကြားလိုက်ပါသည်။

ထရမ့်က ၎င်းက X လူမှုကွန်ရက်တွင် “ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ချက်ချင်းအကျိုးသက်ရောက်မည့် စစ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။ ပါကစ္စတန်သည် နယ်မြေအချုပ်အခြာအာဏာကို မထိပါးစေဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမြဲကြိုးပမ်းခဲ့သည်” ဟု ရေးသားခဲ့ပါသည်။

“အမေရိကန်အကူအညီဖြင့် ညအချိန် အကြာကြီး ဆွေးနွေးပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့ ချက်ချင်းစစ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း ဝမ်းမြောက်စွာ ကြေညာပါသည်” ဟု ထရမ့်က ၎င်း၏ Truth Social ကွန်ရက်တွင် ရေးသားခဲ့ပါသည်။ “အသိဉာဏ်နှင့် ကောင်းစွာ ဆင်ခြင်နိုင်မှုအတွက် နိုင်ငံနှစ်နိုင်ငံကို ဂုဏ်ပြုပါသည်” ဟု အမေရိကန် ခေါင်းဆောင်က ဖြည့်စွက်ပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ထိုင်း - မလေး နယ်စပ်အကြမ်းဖက်မှုများအတွက် ဝန်ကြီးချုပ် အချင်းချင်း ဆွေးနွေး

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်သည် အပြစ်မဲ့အရပ်သားများကို ထိခိုက် နစ်နာစေသည့် တောင်ပိုင်းပြည်နယ်များတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့ပြီးနောက် မလေးရှား ဝန်ကြီးချုပ် အန်ဝါသည် အကြမ်းဖက်မှုများ အဆုံးသတ်ရာတွင် ထိုင်းနှင့်ပူးပေါင်းရန် မလေးရှား၏ အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပေထုန်တန်၏ အားထုတ်မှုကို အသိအမှတ်ပြုကြောင်းကိုလည်းပြောကြားခဲ့ပါသည်။ 

ထို့အပြင် ထိုင်းဝန်ကြီးချုပ်က လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှား၏ အခန်းကဏ္ဍကို ထောက်ခံကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး စိန်ခေါ်မှုများ ကြားတွင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆောင်ကြဉ်းလာစေရန် အာဆီယံဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

ခေါင်းဆောင်နှစ်ဦးစလုံးသည် ယခုလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ် ထားသည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထပ်မံ တွေ့ဆုံရန် မျှော်လင့်ထားပါသည်။

ကိုးကား-MNP

ရင်ပြင်နီသို့ရောက်လာကြတဲ့ စစ်လက်နက်ပစ္စည်းမျာ

ဒီနှစ်မေလ ၉ ရက်မှာကျင်းပတဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားက တကယ့်ကို ပဲကြီးကျယ်ခမ်းနားပြီး စိတ်ဝင်စားဖို့အကောင်းဆုံး စစ်ရေးပြအခမ်းအနားလို့ ဆိုရပါလိမ့်မယ်။ ဒီစစ်ရေး ပြအခမ်းအနားကြီးမှာ   ကြည်း၊  ရေ၊  လေ တပ်ဖွဲ့များမှ ဂုဏ်ပြုတပ်ဖွဲ့တွေ၊    ခြေလျင်စစ်သည်တွေ၊ ဗိုလ်လောင်းတွေ  အစရှိသည်ဖြင့်    လူသူလက်နက်အင်အား ပြည့်ပြည့်စုံစုံမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တကယ်ကိုကြည့်လို့ကောင်းလှပါတယ်။

ဒါ့အပြင် ဒီနှစ်အတွက်ထူးခြားမှုတစ်ခုက ဘယ်လာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ္စတန်၊ တာ့မင်နစ္စတန်၊ ဗီယက်နမ်၊ အီဂျစ်၊ တရုတ်၊ လာအို နဲ့ မြန်မာနိုင်ငံတို့မှ ကိုယ်စားပြုစစ်ရေးပြတပ်ခွဲများ ကပါ လာရောက်ပါဝင်စစ်ရေးပြခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲကြည့်ပရိသတ်များ၊ ကမ္ဘာ့လေ့လာသူများကို အဆွဲဆောင်နိုင်ဆုံးသောအရာက စစ်ရေးပြအခမ်းအနားမှာပါဝင်တဲ့ စစ်လက်နက်ပစ္စည်းများဖြစ်တယ်ဆိုတာ မလွဲဧကန်ပါပဲ။ ဒါကြောင့် ရင်ပြင်နီပေါ်ကနေ ဖြတ်သန်းသွားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ ဘာတွေပါဝင်တယ်ဆိုတာရယ်၊ သူတို့ရဲ့သမိုင်းရယ် အစရှိတာတွေကို ရှာဖွေဖော်ထုတ်တင်ပြလိုက်ရပါတယ်။

Tigr-M သံချပ်ကာယာဉ်

ခေတ်သစ်စစ်ပွဲမှာ ရွေ့လျားနိုင်စွမ်းနဲ့ကာကွယ်နိုင်စွမ်းတို့က အလွန်ကိုအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ ဒီလိုမျိုးစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်သူက Tigr-M သံချပ်ကာယာဉ်ပါပဲ။ ရုရှားတပ်မတော်က လက်ရှိအသုံးပြုနေတဲ့ Tigr-M သံချပ်ကာယာဉ်က ပစ်အား၊ သံချပ်ကာခုခံနိုင်မှု၊ ကြမ်းတမ်းတဲ့စစ်မြေပြင်အတွင်း စစ်သည်များကိုအမြန်ဆုံးသယ်ယူပို့ ဆောင်ပေးနိုင်မှုဆိုတဲ့အရည်အချင်းတွေနဲ့ပေါင်းစပ်ထားတာပါ။ စစ်ဘက်စက်မှုလုပ်ငန်းကုမ္ပဏီကထုတ်လုပ်ထားတဲ့ အဲဒီသံချပ်ကာယာဉ်က အဆင့် ၅ ရှိတဲ့ ၇ ဒသမ ၆၂ မီလီမီတာ သံချပ်ကာဖောက်ကျည်များကို တားဆီးနိုင်စွမ်းရှိပါတယ်။ တီအန်တီယမ်း ၂ ကီလို ဂရမ်ပေါက်ကွဲအားကိုခံနိုင်ရည်ရှိစေဖို့ တည်ဆောက်ထားပါတယ်။ သူ့ရဲ့ကိုယ်ထည်ကိုတော့ သံမဏိနဲ့ကြွေသားတို့ပေါင်းစပ်ထားတာကြောင့် ကြံ့ကြံ့ခံနိုင်မှုနဲ့အလေးချိန်တို့က ဟန်ချက်ညီမျှမှုရှိပါတယ်။

သူ့ရဲ့အသုံးပြုနိုင်ဖို့အတွက် မြင်းကောင်ရေ ၂၁၅ ကောင်အားရှိတဲ့ ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး တစ်နာရီကို ကီလိုမီတာ ၁၂၀ နှုန်းနဲ့သွားနိုင်ကာ ကီလိုမီတာ ၁၀၀၀ အကွာအဝေးအထိ စစ်ဆင်နိုင်စွမ်းရှိပါတယ်။ သူသယ်ဆောင်နိုင်တဲ့ပမာဏက စစ်လက်နက်ပစ္စည်းအလေးချိန် ၁၅၀၀ ကီလိုဂရမ်အပြင် ယာဉ်မောင်းနှစ်ဦးနဲ့ စစ်သည်ရှစ်ဦးတို့ကိုတင်ဆောင်နိုင်ပါတယ်။ သူ့ကိုအသုံးပြုမယ့်နေရာအပေါ်မူတည် ပြီး အမျိုးအစားအမျိုးမျိုးနဲ့ထုတ်လုပ်ထားပါတယ်။

သူ့ကိုရုရှားရဲ့လက်ရှိအထူးစစ်ဆင်ရေးမှာအသုံးပြု နေတာဖြစ်ပြီး    ရုရှားရဲ့ခေတ်သစ်တိုက်ခိုက်ရေးအင်အားစုအတွက် အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာတာ တွေ့ရပါတယ်။

VPK-Ural သံချပ်ကာယာဉ်

VPK-Ural သံချပ်ကာယာဉ်က ဒွန်းဘတ်ဒေသမှ သည် ဆီးရီးယားသဲကန္တာရအထိ ခြေဆန့်ပြီးတိုက်ပွဲဝင်ခဲ့တဲ့စစ်မြင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ သူ့ကို လူသယ်ယာဉ်အဖြစ်သာမက အမြောက်တွေ၊ လက်နက်ခဲယမ်းတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ရန်သူရဲ့ပစ်ခတ်မှုအောက်မှနေပြီး မိမိတပ်ဖွဲ့များထံရောက်ရှိအောင်ပို့ဆောင်ပေးနိုင်တဲ့ စစ်သုံးယာဉ်တစ်စီးဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ထည်က တင့်ဖျက်မိုင်းတွေရဲ့ပေါက်ကွဲမှုအားကိုခံနိုင်ရည်ရှိသလို သံချပ်ကာတွေကလည်း ၁၂ ဒသမ ၇ မီလီမီတာကျည်တွေရဲ့ဖောက်ထွင်းမှုကို အန်တုနိုင်ပါတယ်။ မြင်းကောင်ရေ ၆၀၀ အားရှိတဲ့ ဒီဇယ်အင်ဂျင်ကိုတပ်ဆင်ထားတာကြောင့် လေးလံတဲ့ ဝန်စည်စလွယ်တွေကိုတင်ပြီး ခရီးကြမ်းကြီးကိုမြန်ဆန်စွာဖြတ်ကျော်နိုင်ကာ အပူချိန်အနုတ် ၄၅ ဒီဂရီမှသည် အပေါင်း ၅၅ ဒီဂရီအထိရှိတဲ့ ပြင်းထန်လှသော ရာသီဥတုအောက်မှာလည်း စစ်ဆင်နိုင်စွမ်းရှိပါတယ်။ သူ့ကိုတော့ အလုံးစုံပြုပြင်မှုမလုပ်ဘဲ ကီလိုမီတာငါးသိန်းအထိ အသုံးပြုနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။

S-400 Triumf

လေယာဉ်ကိုချေမှုန်းနိုင်သူလို့နာမည်ရတဲ့ S-400 Triumf လေကြောင်းရန်ကာကွယ်ရေးစနစ်ကလည်း ရုရှားနိုင်ငံက  လက်ရှိအသုံးပြုနေတဲ့  အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးလက်နက်များအနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ရေဒါက ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ ရန်သူ့လေယာဉ် ဒါမှမဟုတ် ဒုံး ကျည်များကိုထောက်လှမ်းနိုင်ပြီး အမြင့် ၅ မီတာမှ သည် ၃၀ ကီလိုမီတာအတွင်းပျံသန်းလာတဲ့ ပစ်မှတ်များကိုခြေရာခံနိုင်စွမ်းရှိပါတယ်။ သူ့အတွက်အသုံးပြုထားတဲ့ဒုံးကျည်က တာဝေးပစ် 40N6 ဒုံးကျည်ဖြစ် ပြီးလေယာဉ်နဲ့အမြင့်ပျံဒုံးကျည်များကို ပစ်မှတ်ထားကာ  တစ်စက္ကန့်ကို ၄ ဒသမ ၈ ကီလိုမီတာနှုန်းနဲ့ပျံသန်းနေတဲ့ပစ်မှတ်များကိုပါ ပစ်ချနိုင်စွမ်းရှိပါတယ်။

ဒါ့အပြင် တစ်ချိန်တည်းတစ်ပြိုင်တည်းမှာပစ်မှတ်ပေါင်း ၃၆ ခုကိုခြေရာခံပစ်ခတ်နိုင်စွမ်းရှိတဲ့ S-400 Triumf က ယူကရိန်းစစ်မြေပြင်မှာ အမေရိကန်နိုင်ငံကထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်များကို ထိရောက်မှုရှိစွာကြားဖြတ်ဟန့်တားနိုင်ခြင်းဖြင့် သူ့ရဲ့စွမ်းဆောင်ရည်ကိုပြသထားပါတယ်။ သူ့ကို BAZ နဲ့ MZKT ယာဉ်များပေါ်မှာတင်ဆောင်နိုင်တဲ့အတွက် မိနစ်ပိုင်းအတွင်းဖြန့်ကြက်နိုင်စွမ်းလည်းရှိပါတယ်။ လက်ရှိမှာတော့ S-400 Triumf ကို တရုတ်၊ အိန္ဒိယ၊ တူကီယဲနဲ့ အယ်ဂျီးရီးယားအပါအဝင် ကမ္ဘာ့နိုင်ငံ အချို့က ဝယ်ယူအသုံးပြုထားပါတယ်။

Tornado-S အတွဲလိုက်ပစ်ဒုံးကျည်စနစ်

Tornado-S အတွဲလိုက်ပစ်ဒုံးကျည်စနစ်ဆိုတာ ကျယ်ပြန့်တဲ့ ပစ်မှတ်နယ်နိမိတ်ကိုသာမက ဆံခြည်မျှင်မလွဲတိကျတဲ့ပစ်မှတ်ကိုပါ ထိမှန်အောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ စစ်လက်နက်ပစ္စည်းတစ်မျိုးပါ။ တစ်နည်းဆိုရရင် သူ့ကို သမားရိုးကျအမြောက်တွေနဲ့ တိကျပဲ့ထိန်းလက်နက်များကြားက ကွာဟမှုကိုဖြည့်ဆည်းပေးသူလို့ဆိုနိုင်ပါတယ်။ အကွာအဝေးအားဖြင့် ကီလို မီတာ ၁၂၀ အထိရောက်ရှိနိုင်ပြီး   အရွေ့စွမ်းအင်လမ်းညွှန်စနစ်နဲ့ ဂြိုဟ်တုလမ်းညွှန်စနစ်တို့ပါဝင်တဲ့သူ့ရဲ့ဒုံးကျည်များက တိကျမှုအားဖြင့် ၅ မီတာမှ ၇ မီတာ အတွင်းဖြစ်ပါတယ်။ အဲဒီဒုံးကျည်ထဲမှာ ပေါက်ကွဲမှု အားပြင်းထန်တဲ့ လက်နက်အပိုင်းအစတွေ၊ ပဒေသာ ခဲယမ်းတွေ အစရှိတဲ့ခဲယမ်းတွေကိုထည့်သွင်းထားတာကြောင့် ဆက်သွယ်ရေးမြောင်းထဲမှခြေလျင်စစ်သည်တွေမှသည် သံချပ်ကာနဲ့အမာခံဘန်ကာများကိုပါချေမှုန်းနိုင်စွမ်းရှိပါတယ်။ သူ့ကိုရွေ့လျားသွားလာမှုမြန်ဆန်တဲ့ယာဉ်များပေါ်မှာ   တင်ဆောင်ထားတာကြောင့် စစ်သည်သုံးဦးတည်းလိုက်ပါရုံနဲ့ သုံးမိနစ် အတွင်းမှာ တိုက်ပွဲဝင်အသင့်ဖြန့်ကြက်နိုင်စွမ်းရှိပါတယ်။

Yars တိုက်ချင်းပစ်ဒုံးကျည်များ

Yars တိုက်ချင်းပစ်ဒုံးကျည်များဆိုတာ ရုရှားနိုင်ငံရဲ့မဟာဗျူဟာမြောက်ဟန့်တားမှုနဲ့ နည်းပညာပိုင်း ဆိုင်ရာထိပ်တန်းရောက်ရှိနေတဲ့ တိုက်ချင်းပစ်ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။ သူ့ကိုယာဉ်ပေါ်တင်ထားထာ ကြောင့် စစ်မြေပြင်တစ်ဝန်းမှာ လိုအပ်သလိုသွားလာ နိုင်စွမ်းရှိပြီး သူ့ကိုခြေရာခံမိဖို့ ဒါမှမဟုတ် ပစ်ခတ် နိုင်ဖို့ဆိုတာ တော်တော်လေးကိုအလှမ်းဝေးတဲ့အရာ တစ်ခုဖြစ်တယ်လို့ဆိုရပါမယ်။ Yars မှာ MIRV လို့ ခေါ်တဲ့ ထိပ်ဖူးတပ်ဆင်ထားပါတယ်။ အဲဒီထိပ်ဖူးမှာ သာမိုနျူကလီးယားခြောက်လုံးအထိ  သယ်ဆောင် ထားပြီး ကီလိုမီတာ ၁၂၀၀၀ အထိရောက်ရှိနိုင်စွမ်း ရှိပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံက Yars ဒုံးကျည် စနစ်ပေါင်း  ၂၀၀ ကျော်ကို ရွေ့လျားစနစ်အနေနဲ့သာမက မြေအောက်အခြေစိုက်စနစ်နဲ့ပါဖြန့်ကြက်ထားတာဖြစ်ပါတယ်။

Lancet ဒရုန်း

ရုရှားနိုင်ငံက ဒရုန်းတပ်ဖွဲ့ကို ဒီနှစ်စစ်ရေးပြအခမ်း အနားမှာမှ ပထမဆုံးထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီဒရုန်းတပ်ဖွဲ့ထဲမှာ Lancet ဒရုန်းဆိုတာလည်းအပါအဝင်ဖြစ်ပါတယ်။ Lancet ဒရုန်းဆိုတာ ရုရှားနိုင်ငံရဲ့ ဒရုန်းစစ်ပွဲမဟာဗျူဟာကိုကြီးစွာသော အလှည့်အပြောင်းဖြစ်သွားစေတဲ့ ဒရုန်းအမျိုးအစားပါ။ သူ့ကိုအသေခံဒရုန်းအနေနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ယာဉ်များ၊ ခံစစ်နေရာများနဲ့ လေကြောင်းရန်ကာကွယ်ရေးနေရာများကို တိကျမှုရှိစွာထိမှန်အောင် ဒီဇိုင်းဆွဲထားတာပါ။ သူ့မှာပုံစံနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက ကီလိုမီတာ ၄၀ အထိပျံသန်းနိုင်ပြီး ဖောက်ခွဲရေးပစ္စည်း ၁-၃ ကီလိုဂရမ်သယ်နိုင်တဲ့ Product 52 ဖြစ်ပါတယ်။ ဒုတိယတစ်ခုက ကီလိုမီတာ ၆၀ အထိပျံသန်းနိုင်ပြီး ဖောက်ခွဲရေးပစ္စည်း ၃-၅ ကီလိုဂရမ်သယ်ဆောင်နိုင်တဲ့  Product 51 ဖြစ်ပါ တယ်။ သူ့ကိုလောက်လွှဲပုံစံမျိုးနဲ့ပစ်လွှတ်ရတာဖြစ်ပြီး ပျံသန်းချိန်က မိနစ် ၃၀ မှ ၄၀ ကြားရှိကာ ယူကရိန်းနိုင်ငံရှိ သံချပ်ကာများနဲ့လေကြောင်းရန်ကာကွယ် ရေးစနစ်များကို ချေမှုန်းထားနိုင်တာကိုလည်းတွေ့ ရှိရပါတယ်။

Ref: RT

Source: https://myawady.net.mm/

အမေရိကန်မပါဝင်ဘဲ ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်မည် မထင်ကြောင်း ဂျာမန်ဝန်ကြီးချုပ် ပြောကြား

အမေရိကန်၏ နိုင်ငံရေးနှင့်စစ်ရေးအရ ဆက်လက်ပံ့ပိုးမှု မပါဝင်ဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည်မဟုတ်ပါ ဟု ဂျာမန် ဝန်ကြီးချုပ် Friedrich Merz က ပြင်သစ်သမ္မတ Emmanuel Macron နှင့် ပူးတွဲပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။ 

"လက်ရှိအခြေအနေတွင် ဥရောပသားများအနေဖြင့် ထိုနေရာကို အစားထိုးနိုင်စွမ်း မရှိသေးပါ။ ဥရောပသားများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိပါသည်။အမေရိကန်အနေဖြင့် NATO အဖွဲ့ဝင်အနေဖြင့် လည်းကောင်း၊ ယူကရိန်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူအနေဖြင့်လည်းကောင်း ဆက်လက် ပါဝင်ဆောင်ရွက်ရန် မိမိတို့မျှော်လင့်ပါသည်” ဟု Merz က ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-TASS

Photo: Britannica

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အမေရိကန်က ဟိုက်ဒရိုဂျင်ဗုံးအသစ် (B61-13) ထုတ်လုပ်မှုကို လာမည့်လတွင် စတင်မည်ဟု ကြေညာ

အမေရိကန်နိုင်ငံ၏ နျူကလီးယားလုံခြုံရေး အေဂျင်စီ (NNSA) ၏ ထုတ်ပြန်ချက်အရ လာမည့်လအတွင်း ၎င်း၏ နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင် ဗုံးအသစ် (B61-13) ကို ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

B61-13 ဗုံး သည် ၁၉၆၈ ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော B61 နျူကလီးယား ဗုံးများကို အခြေခံကာ အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး အီလက်ထရွန်နစ် နည်းပညာနှင့် ထိန်းချုပ်မှုစနစ်များ (ဥပမာ - လမ်းညွှန်ခြင်းအတွက် တိကျသော နည်းပညာအသစ်) တို့ဖြင့် အဆင့်မြှင့်တင်မည်ဖြစ်သည်။

၎င်း ဟိုက်ဒရိုဂျင်ဗုံးအသစ်၏ အများဆုံး အဖျက်စွမ်းအားမှာ ကီလိုတန် ၃၆၀ (ဟီရိုရှီးမားပေါ်ကို ဗုံးကြဲခဲ့သည့် အာဏာထက် ၂၄ ဆ ပိုမိုပြင်းထန်) ရှိသည်ဟု သိရှိရသည်။

NNSA ၏ ယာယီအကြီးအကဲ တယ်ရီဆာ ရောဘင်က ကွန်ဂရက် လွှတ်တော်သို့ B61-13 ၏ ပထမဆုံး အသုံးပြုနိုင်သည့် ဗုံးကို ယခုလကုန်တွင် စတင်ထုတ်လုပ်နိုင်မည်ဟု ဗုဒ္ဓဟူးနေ့ (မေ ၇) က ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်သည် မူလထုတ်လုပ်ရန်လျာထားသည်ထက် တစ်နှစ်နီးပါး စောနေပြီး ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြည့်အဝထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

“အဆိုပါဗုံးသည် ခက်ခဲပြီး ကျယ်ပြန့်သော စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နိုင်ရန် သမ္မတအား ထပ်လောင်းရွေးချယ်စရာများပေးခြင်းဖြင့် တားဆီးနိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အိန္ဒိယဒရုန်း ၂၅ စင်း ပစ်ချနိုင်ခဲ့ပြီး ပါကစ္စတန်ဘက်တွင် သေဆုံးဒဏ်ရာ ရသူများရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

အိန္ဒိယမှလာသော ဒရုန်းများသည် ပါကစ္စတန်ပြည်တွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန်ဘက်က ၂၅ စင်း ပစ်ချခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး အရပ်သား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာနက မေ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဒရုန်းများသည် မေ ၈ ရက် နံနက်အစောပိုင်းမှစ၍ ပါကစ္စတန် နိုင်ငံအတွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန် နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးလ်၊ Rawalpindi စသည့် ဒေသများနှင့် တောင်ပိုင်း Sindh ပြည်နယ် မြို့တော် ကရာချိ စသည့် နေရာ များတွင် အိန္ဒိယဒရုန်း ၁၂ စင်းကို ပစ်ချခဲ့ကြောင်း၊ ပါကစ္စတန်သို့ ကျူးကျော်လာသော အခြား ဒရုန်းတစ်စင်းသည် ပန်ဂျပ်ပြည်နယ်ရှိ ပါကစ္စတန် စစ်ရေးပစ်မှတ်ကို ထိမှန်ခဲ့ရာ အနည်းဆုံး တပ်သား ၄ ဦးဒဏ်ရာရခဲ့ပြီး စစ်ဘက်ဆိုင်ရာအဆောက်အအုံ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ Sindh ပြည်နယ် မီရာနိုဒေသတွင်လည်း ဒရုန်းကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Sharif Chaudhry က အဆိုပါနေ့တွင် ပါကစ္စတန် စစ်ဌာနချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

လက်ရှိတွင် အိန္ဒိယမှဒရုန်းများ ပါကစ္စတန်လေပိုင်နက်တွင် စဉ်ဆက် မပြတ် ကျူးကျော်ဝင်ရောက်လျက်ရှိရာ ပါကစ္စတန်စစ်တပ်က ယခုအခါ “အမြင့်ဆုံးတပ်လှန့်သည့်အနေအထား” တွင် ရှိကြောင်း Chaudhry က ပြောကြားခဲ့သည်။ အိန္ဒိယစစ်တပ်၏ မေ ၇ ရက်တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်ဘက်တွင် ၃၁ ဦးသေဆုံး၍ ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

လာဟိုးလ်ဒေသ နေရာအများအပြားတွင် ပေါက်ကွဲသံများကြားခဲ့ရပြီး လေ့လာမှုအရ ထိုပေါက်ကွဲသံများမှာ အိန္ဒိယမှဒရုန်းများ ကျူးကျော် ဝင်ရောက်လာပြီးနောက် ပါကစ္စတန်စစ်တပ်ဘက်က ပစ်ချမှုမှလာခြင်း၊ သို့မဟုတ် စစ်ရေးပစ်မှတ်ကို ထိမှန်ပြီးနောက် ထွက်ပေါ်လာသော ကျယ်လောင်သည့်အသံမှ လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဦးက မေ ၈ ရက် နံနက်အစောပိုင်းတွင် ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။

လုံခြုံရေးအရ မြို့တော် အစ္စလာမ်မာဘတ်နှင့် လာဟိုးလ်၊ ကရာချိ၊ ဆိုင်ရယ်လ်ကော့တ်ရှိ လေဆိပ်များကို ဒေသစံတော်ချိန် မေ ၈ ရက် ည ၆ နာရီအထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်က မေ ၈ ရက် နံနက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ကိုးကား- Xinhua

ယူကရိန်းထံ ယူရို ၁ ဘီလီယံ ဥရောပသမဂ္ဂ ထပ်မံထုတ်ပေး

ဥရောပသမဂ္ဂသည်   နိုင်ငံခြားဘဏ်များ၌ ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများမှ ရရှိထားသော ငွေများထဲမှယူရိုဘီလီယံ ၁ ဘီလီယံ (ဒေါ်လာ ၁.၀၇ ဘီလီယံ) ကို ယူကရိန်းသို့ ထပ်မံထုတ်ပေးခဲ့ကြောင်း ဥရောပကော်မရှင် စီးပွားရေးဆိုင်ရာ ကော်မရှင်နာ Valdis Dombrovskis က ကြေညာလိုက်ပါသည်။

အဆိုပါရန်ပုံငွေမှ ယူကရိန်းသည် ယခုနှစ်အတွင်း ယူရို ၆ ဘီလီယံကို ရရှိထားပြီးဖြစ်ကာ ဥရောပကော်မရှင်အနေဖြင့် နောက်ထပ် ယူရို ဘီလီယံ ၁၂ ဘီလီယံ ထပ်မံ လွှဲပြောင်းပေးရန် ရည်ရွယ်ထားကြောင်း Dombrovskis က ပြောကြားထားပါသည်။

ဥရောပကော်မရှင်သည် ၂၀၂၂ ခုနှစ်မှစတင်၍ ယူကရိန်းအတွက် စုစုပေါင်း ယူရိုဘီလီယံ ၁၅၀ ဘီလီယံ (ဒေါ်လာ ၁၆၁ ဘီလီယံ) ကုန်ကျခဲ့ပြီ ဖြစ်ကြောင်း အစောပိုင်းက အစီရင်ခံပြောကြားထားပါသည်။

ကိုးကား- TASS

Photo: Reuters

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကြောင့် မြောက်ပင်လယ်ရေလမ်းကြောင်း အပေါ် စိတ်ဝင်စားမှုတိုးစေမည်ဟု ရုရှားကျွမ်းကျင်သူပြောကြား

အိန္ဒိယနှင့်ပါကစ္စတန်ကြား စစ်ရေးတင်းမာမှုများ တိုးလာခြင်းမှာ အိန္ဒိယသမုဒ္ဒရာရှိ ရေကြောင်းလမ်းများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်လာစေသဖြင့် အခြားနိုင်ငံများက မြောက်ပင်လယ်လမ်းကြောင်း (Northern Sea Route) အပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေမည်ဟု ရုရှား၏ Arctic Development Project Office မှ ကျွမ်းကျင်သူ Alexander Vorotnikov က TASS သတင်းဌာနသို့ ပြောကြားလိုက်ပါ သည်။

အိန္ဒိယသည် မေလ ၇ ရက်တွင် Operation Sindoor အမည်ဖြင့် ပါကစ္စတန်အတွင်းရှိ အကြမ်းဖက်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်ကလည်း ၎င်း၏လေကြောင်းကို ၄၈ နာရီပိတ်ကာ တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

ထိုပဋိပက္ခကြောင့် မြောက်ပင်လယ် ရေလမ်းကြောင်းသည် ပိုမိုဘေးကင်းသော လမ်းကြောင်းအဖြစ် ရွေးချယ်စရာဖြစ်လာပါသည်။ အထူးသဖြင့် ရုရှားနှင့် မိတ်ဖက်ဖြစ်သော အာရှနိုင်ငံများစွာတို့က ထိုလမ်းကြောင်းကို ပိုမိုအသုံးပြုလာကြမည်ဖြစ်ပါသည်။

ပဋိပက္ခ ဆက်လက်ကြီးထွားပါက အဆိုပါရေလမ်းကြောင်းကို အသုံးပြုမည့် နိုင်ငံများ ပိုမိုများပြားလာမည် ဟု Vorotnikov က ရှင်းပြခဲ့သည်။

မြောက်ပင်လယ် ရေလမ်းကြောင်းသည် ရုရှား၏ ဥရောပအပိုင်းနှင့် အရှေ့ဖျားဒေသကို ဆက်သွယ်ပေးသည့် အတိုဆုံးရေကြောင်းလမ်းဖြစ်ပြီး အာတိတ် ဒေသတွင် အဓိကအသုံးပြုသော ရေကြောင်းလမ်းဖြစ်သည်။ ၎င်း၏ အရှည်မှာ ၅,၆၀၀ ကီလိုမီတာ ရှိပြီး Kara Strait မှ Providence Bay အထိ ဖြတ်သန်းသွားလာနိုင်ပါသည်။

ကိုးကား- TASS

Photo: East Post

မြောက်ကိုရီးယားတပ်မတော်က ဒုံးကျည်စနစ်များဖြင့် စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားတပ်မတော်သည် မေလ ၈ ရက်တွင် တာဝေးပစ် ဒုံးကျည်စနစ်များနှင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင် လမ်းညွှန်ပေးခဲ့သည် ဟု သတင်းဌာနက ဆက်လက် ဖော်ပြခဲ့သည်။ လေ့ကျင့်မှုတွင် ၆၀၀ မီလီမီတာ multi-layer ဒုံးကျည် စနစ်နှင့် Hwasongpho-11-Ka ဗျူဟာမြောက်ဒုံးကျည်များ အသုံးပြုခဲ့ ကြောင်း ဖော်ပြထားပါသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသည့် ဒုံးကျည်များနှင့်လက်နက်စနစ်များကို နျူကလီးယား လက်နက်စနစ်နှင့် အတူ ထိရောက်စွာအသုံးပြုနိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့သည် ဟု သတင်းဖော်ပြချက်အရ သိရပါသည်။

တောင်ကိုရီးယား၏ စစ်ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား သည် မေလ ၈ ရက်တွင် Wonsan မြို့အနီးမှ ဂျပန်ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည်များ ပစ်လွှတ်ခဲ့ပါသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက် ကလည်းတောင်ကိုရီးယားနှင့်အမေရိကန်တို့ "Freedom Shield" စစ်လေ့ကျင့်မှုမစတင်မီ မြောက်ကိုရီးယားက ပင်လယ်ဝါထဲသို့ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ပါသည်။

ကိုးကား- TASS

Photo: Euronews.com