အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg အား ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တာဝန်ပေးထားကြောင်း သိရှိရပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg ၏ အခန်းကဏ္ဍသည် သမ္မတ ထရမ့် ကိုယ်တိုင်ကြီးကြပ်ရန် ရည်ရွယ်ထားသည့် ငြိမ်းချမ်းရေးစေ့စပ် ညှိနှိုင်းမှုတွင် ကနဦးခြေလှမ်းဖြစ်ဖွယ်ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် သဘောတူညီချက်တစ်ခုရရှိရန် ဒေါ်နယ်ထရမ့် က ၎င်း၏မဲဆွယ်စည်းရုံးရေးကာလအတွင်း ကတိပြုထားသည်ထက် ပိုမိုခက်ခဲကြောင်း ထင်ရှားနေပါသည်။ ရုရှားသည် Kellogg နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင် အကြားနားလည်မှုသည် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကာလအတွင်းတွင် အမေရိကန်-ရုရှားဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေနိုင်ကြောင်း ရုရှားဘက်မှခန့်မှန်းထားသည်။ ခေါင်းဆောင်နှစ်ဦးစလုံးက ၎င်းတို့သည် ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုခြင်း မရှိသေးသော်လည်း မကြာမီစကား ပြောဆိုမှုပြုလုပ်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါသည်။
Kellogg ၏ အဓိကအစီအစဉ်သည် ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်မှုကို နှောင့်နှေးစေပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအတွက် ရုရှားနိုင်ငံအား အပြန်အလှန်အားဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ သက်သာခွင့်ပေးရန် အကြံပြုထားသည်။ ယူကရိန်းအစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်ငြင်းဆိုပါက ဝါရှင်တန်က ကိယက်ဗ်ကို စစ်ရေးအကူအညီရပ်ဆိုင်းရန်လည်း အဆိုပြုထားပါသည်။ ယူကရိန်းသမ္မတ ဇီလန်စကီးသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လိုလားနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်ထားပါသည်။ သို့သော် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားသမ္မတပူတင်က ညှိနှိုင်းရန်ငြင်းဆိုပါက ဒေါ်နယ်ထရမ့်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင်ပါသည်။
အစောပိုင်းသတင်းများအရ ဒေါ်နယ်ထရမ့်၏အဖွဲ့သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် ရုရှားအစိုးရသည် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန်အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ကိုးကား - The Wall Street Journal (WSJ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွင်ရှိသည့် မသင့်လျော်သော စံနှုန်းများကို ပြန်ဖျက်မည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း တွင် ကတိပေးခဲ့ပါသည်။
ကိုးကား-RSBN

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်တွင် ပဥ္စမအကြိမ်မြောက် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။
ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်က Carl Vinson Carrier Strike Group၊ ပဲ့ထိန်းဒုံးကျည် နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet လေယာဉ် နှစ်စင်းတို့ ပါဝင်ကြောင်း၊ ဖိလစ်ပိုင်ဘက်က Antonio Luna ဖရီးဂိတ်သင်္ဘော၊ Andres Bonifacio ကင်းလှည့်သင်္ဘော၊ FA-50 တိုက်လေယာဉ်နှစ်စင်းနှင့် လေတပ် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ကျက် ချထားခဲ့ကြောင်း သိရပါသည်။

ဖိလစ်ပိုင်နှင့်အမေရိကန်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို၂၀၂၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုလေ့ကျင့်မှုသည် ပဉ္စမအကြိမ်ဖြစ်ကာ ၂၀၂၅ ခုနှစ်အတွက်ပထမဆုံးလေ့ကျင့်မှုဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် ရေပိုင်နက်ဇုန်အတွင်း အရှည် ၁၆၅ မီတာရှည်သည့် သင်္ဘောအပါအဝင် တရုတ်ကမ်းခြေစောင့်သင်္ဘောများရှိနေခြင်းအပေါ် ဖိလစ်ပိုင်က တရုတ်နိုင်ငံအား တောင်းဆိုချက်အပြီးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါသည်။
ကိုးကား-CNA
Photo: NAVAL News

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အီရန်နိုင်ငံသမ္မတ တို့သည် ကရင်မလင် နန်းတော်၌ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုစာချုပ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံးကို အကျုံးဝင်ပြီး ကာကွယ်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာတို့အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်အသီးသီးအတွက် အလားအလာ ကောင်းများ ရရှိလာစေရန် ဖြစ်ပါသည်။

ရုရှားနှင့် အီရန်တို့အကြား ကျယ်ပြန့်နက်ရှိုင်းသော မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်သည် မည်သည့်ပြင်ပဖိအားကိုမှ သည်းခံနေမည်မဟုတ်ဘဲ ဒေသတွင်း လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်စွမ်း ရှိကြောင်း အီရန်သမ္မတ Masoud Pezeshkian က ပြောကြားလိုက်ပါသည်။
“မော်စကိုနှင့် တီဟီရန်တို့၏ အခန်းကဏ္ဍများကို ပြင်ပက မည်သူ့ကိုမျှ ဆုံးဖြတ်စေလိုခြင်းမရှိကြောင်း၊ နှစ်နိုင်ငံလုံးက လွတ်လပ်သောမူဝါဒများနှင့် လျှောက်လှမ်း သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတည်ငြိမ်ရေးကို ဖော်ဆောင်ရန်အတွက် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာရန် အသင့်ဖြစ်နေပါပြီဖြစ်ပါကြောင်း၊ မည်သည့်အနောက်နိုင်ငံများကိုမျှ လိုအပ်ခြင်းမရှိပါကြောင်း” ဟု အီရန် သမ္မတက Soloviov Live ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ပြောကြားသွားပါသည်။
ယခုလက်မှတ်ရေးထိုးလိုက်သည့် ရုရှား-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်မှာ နှစ်နိုင်ငံအကြား နီးကပ်မှုကို ပြသလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-TAGS/ Iran

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် အမေရိကန်တွင် Iron Dome နည်းဗျူဟာမြောက် ဒုံးကျည်ကာကွယ်ရေးစနစ်ကို စတင်ထုတ်လုပ်ပြီး ဖြန့်ကျက်ရန် ကတိပြုခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုလုံး စတင်တည်ဆောက်ရန် အမေရိကန်စစ်တပ်ကို အမိန့်ပေးမည်ဖြစ်ကြောင်း ဝါရှင်တန်ရှိ Capital One Sports Arena တွင် ပြုလုပ်သည့် လူထုစုဝေးပွဲ၌ သမ္မတဒေါ်နယ်ထရမ့် က ထောက်ခံသူများကို ပြောကြားခဲ့ပါသည်။
ကိုးကား - TASS

ဖိလစ်ပိုင်နှင့်အမေရိကန်ပြည်ထောင်စုတို့သည် တောင်တရုတ်ပင်လယ်အတွင်းပဉ္စမအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပူးတွဲလုပ်ဆောင်ခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်သည်။
နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ထုတ်ပြန်သည်။

ယခုလုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ဖိလစ်ပိုင်နှင့်အမေရိကန်တို့ကြား ယခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများစတင်သည့် ၂၀၂၃ ခုနှစ်မှစ၍ ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည်ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး အမေရိကန်တပ်များအား ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများအားအသုံးပြုခွင့်ကိုပါ ပေးအပ်ထားသည်။
အဆိုပါရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ရေတပ်မှ Carl Vinson လေယာဉ်တင် သင်္ဘောပါဝင်သည့် တိုက်ခိုက်ရေးအဖွဲ့၊ ဒုံးကျည်တပ်ဖျက်သင်္ဘောနှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet စစ်လေယာဉ်တစ်စင်းပါဝင်သည်။
ထို့ပြင် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်စစ်ဆင်နိုင်မှုတို့ကို တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကပြောကြားထားကြောင်း သိရသည်။
Source: Myawady Web Portal

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်(စနေနေ့) နံနက်ပိုင်းက အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ တရားလွှတ်တော်ချုပ်ရုံးမှ အကြီးတန်းတရားသူကြီးနှစ်ဦးသည် ရုံးချိန် အတွင်း တာဝန်ထမ်းဆောင်နေချိန် သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း၊ အဆိုပါသေနတ်သမားမှာလည်း မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။

သေဆုံးသူ တရားသူကြီးများမှာ မွတ်ဆလင်ပညာရှင် Ali Razini နှင့် Mohammad Moghiseh တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးသည် တရားလွှတ်တော်ချုပ်ရုံးရှိ ဌာနခွဲ အသီးသီး၏ ဦးဆောင်တရားသူကြီးရာထူး တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြသည်။ ၎င်းတို့သည်နိုင်ငံတော်လုံခြုံရေး၊ သူလျှိုလုပ်မှု၊ အကြမ်းဖက်ဝါဒ စသည့် ရာဇဝတ်ကျူးလွန်သည့် အမှုများကို တိုက်ဖျက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး ရဲရင့်ပြီး အတွေ့အကြုံရှိသည့် တရားသူကြီးများ ဖြစ်ကြောင်း တရားစီရင်ရေးမဏ္ဍိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။
“တရားသူကြီးနှစ်ဦး၏အခန်းထဲသို့ သေနတ်ကိုင်ဆောင်ထားသည့် လူတစ်ဦး ဝင်ရောက်သွားကြောင်း၊ တရားသူကြီးနှစ်ဦးကို ပစ်သတ်လိုက်ကြောင်း၊ ထို့နောက် သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း သိရခြင်းမရှိသေးကြောင်း” တရားစီရင်ရေး ပြောရေးဆိုခွင့်ရသူ Asghar Jahangir က အီရန်နိုင်ငံပိုင် မီဒီယာကို ပြောကြားထားပါသည်။
ကိုးကား -AL JAZEERA

ယူကရိန်းဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးအား ရုရှားအား ကူညီထောက်ပံ့မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုဌာန(SBU)က ဇန်နဝါရီ ၁၈ ရက်နေ့တွင် တယ်လီဂရမ်၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါအမျိုးသားသည် crypto လဲလှယ်မှုမှတစ်ဆင့် ရုရှားစစ်တပ်သို့ ငွေကြေးထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်တွင် ဖော်ပြထားသည်။

သံသယရှိသူ၏အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း SBU မှ ၎င်းသည် ယူကရိန်း၏ အကြီးဆုံးဘဏ်တစ်ခုရှိ သတင်းအချက်အလက်ဌာနကို ဦးဆောင်သည်ဟု ဆိုသည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါအမျိုးသားသည် ရုရှားစစ်တပ်အား ထောက်ပံ့ရန်အတွက် ၎င်း၏ကိုယ်ပိုင်ငွေများကို အသုံးပြုခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကိယက်ဗ်ကို ရုရှားစစ်တပ်က စစ်ဆင်ရေး စတင်ပြီးနောက် ဘဏ်အရာရှိသည် ရုရှား စစ်တပ်ထံ ပုံမှန် ငွေလွှဲရန် ကမ္ဘာ့အကြီးဆုံး crypto currency လဲလှယ်မှု အကောင့်တစ်ခုကို ဖန်တီးခဲ့သည်။
အဆိုပါအမျိုးသား၏ တယ်လီဂရမ် ချန်နယ်တွင် သက်ဆိုင်ရာ crypto ငွေကြေးထောက်ပံ့ခဲ့သည့် အချက်အလက်များရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ SBU က ရုရှားစစ်တပ်အား ထောက်ပံ့ရာတွင် ဘဏ်အရာရှိသုံးစွဲသည့် ငွေကြေးပမာဏ အတိအကျကို ထုတ်ပြန်ခြင်းမပြုပေ။
ရဲအရာရှိများက သံသယရှိသူအား ကိယက်ဗ်တွင်ထိန်းသိမ်းခဲ့ပြီးနောက် ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းရာ ရုရှားနိုင်ငံကူးလက်မှတ်နှင့် ရုရှားရူဘယ် ငွေ များကိုတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ဘဏ်အရာရှိသည် ဆိုဗီယက်ခေတ်က ဆုတစ်ခုရရှိခဲ့ကြောင်း စာရွက်စာတမ်းနှင့်အတူ ဒေါ်လာနှင့်ယူရိုငွေစက္ကူ အမြောက်အမြားကို သိမ်းဆည်းရခဲ့ကြောင်းဖော်ပြထားသည်။
အဆိုပါအမျိုးသားအား ရန်ဘက်နိုင်ငံကို ကူညီထောက်ပံ့မှုဖြင့် စွပ်စွဲထားပြီး ၁၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကာ သံသယရှိသူအား အာမခံ မပေးဘဲ ချုပ်နှောင်ထားကြောင်း SBU မှ ပြောကြားခဲ့သည်။
ယူကရိန်းသည် နှစ်နိုင်ငံပဋိပက္ခကြားတွင် ရုရှားအပေါ် ထောက်ခံခဲ့သူများကို ပြင်းထန်စွာအရေးယူခဲ့သည်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ယူကရိန်းအခြေစိုက် ခါကော့ဗ်ဒေသရှိ လူ့အခွင့်အရေး NGO တစ်ခု၏ အစီရင်ခံစာတွင် ရုရှားအား နည်းလမ်းအမျိုးမျိုးဖြင့် ကူညီသည်ဟု သံသယရှိသူပေါင်း ၇၀၀ ကျော်ကို ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့ကြောင်းဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ Odnoklassniki Website တွင် ရုရှား၏ စစ်ရေးအောင်မြင်မှုများအကြောင်း ပို့စ် သုံးခုမျှဝေခဲ့သည့် သက်ကြီးယူကရိန်း အမျိုးသမီးတစ်ဦးကိုလည်း ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သည်။
ကိုးကား-RT

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် လုံခြုံရေးကောင်စီနှင့် စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ကြောင်း TASS သတင်းအေဂျင်စီ က ဖော်ပြထားပါသည်။

ရုရှားသမ္မတ ပူတင်သည် ရုရှားလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များနှင့် ပုံမှန်အစည်းအဝေးပြုလုပ်လေ့ရှိသော်လည်း များသောအားဖြင့် သောကြာနေ့များတွင်ဖြစ်ပါသည်။ ယခုတစ်ကြိမ် တနင်္လာနေ့တွင် ထိုအစည်းအဝေးပွဲမျိုးကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၌ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပမည်ဖြစ်ပြီး အဆိုပါ အကြောင်းအရာသည် လုံခြုံရေးကောင်စီနှင့် ရုရှားဖက်ဒရေးရှင်းသမ္မတ တွေ့ဆုံမှု၏ အကြောင်းအရာများအနက် တစ်ခုအဖြစ်ပါဝင်ခဲ့ပါသည်။
ရုရှားသမ္မတပူတင်က ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ အဖြစ် ရာထူးတက်လာခြင်းကို ဂုဏ်ပြုခဲ့ပြီး ရုရှားနှင့် တိုက်ရိုက်အဆက်အသွယ်ပြန်လည်ရရှိပြီး တတိယကမ္ဘာစစ်ကို တားဆီးရန် အမေရိကန် အစိုးရသစ်၏ ဆုံးဖြတ်ချက်ကို မော်စကိုက ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား- TASS

BRAHMOS ခရုဒုံးကျည်များကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့်အစီအစဉ်တစ်ရပ်ကို အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က သဘောတူညီခဲ့ပြီဖြစ်ကြောင်း အိန္ဒိယမီဒီယာတစ်ခုက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖော်ပြခဲ့သည်။
ဒုံးကျည်များရောင်းချမည့် အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဗြန်တိုက အိန္ဒိယနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

BRAHMOS ခရုဒုံးကျည်များ ဝယ်ယူနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယ၊ ရုရှားနိုင်ငံတို့နှင့် အနည်းဆုံး ၇ နှစ်ကြာ စေ့စပ်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် ရုရှားနိုင်ငံပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Rosobo-ronexport လည်းပါဝင်ကြောင်း Hindustan Times က အဆိုပါအရောင်းအဝယ်ကိစ္စနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်၏ပြောကြားချက်ကို ကိုးကား၍ဖော်ပြသည်။
အိန္ဒိယ၊ ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ အဆိုပါဒုံးကျည်များ ရောင်းချမည့် အစီအစဉ်အား သဘောတူညီပြီးဖြစ်သည်။ လက်နက်ရောင်းချရေးနှင့် စပ်လျဉ်းသည့် တရားဝင်ထုတ်ပြန်ချက်ကို မကြာမီထုတ်ပြန်လာနိုင်သည်။
အင်ဒိုနီးရှားနိုင်ငံသို့ BRAHMOS ခရုဒုံးကျည်များရောင်းချရန် သဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့တွင် တန်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ထုတ်ပြန်ချက်များအရ အဆိုပါဒုံးကျည်များ ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ချေးငွေပေးအပ်ရန် ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရသည်။
N.A RT