ဘာလင်၊ ပြည်တွင်းရေး

ဘာလင်၊ ပြည်တွင်းရေး
ဂျာမနီအစိုးရအနေဖြင့် တပ်မတော် သို့ဝင်ရောက်အမှုထမ်းသူဦးရေ နည်းပါး လာပါက စစ်မှုထမ်းဥပဒေ ကိုပြန်လည် အသက်သွင်းနိုင်ဖွယ်ရှိကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်က ပြောသည်။ ဂျာမနီနိုင်ငံသည် စစ်မှုထမ်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ် သော်လည်း လက်ရှိ ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ထိုဥပဒေကိုပြန်လည်ပြဋ္ဌာန်းရန် စဉ်းစား လာခြင်းဖြစ်သည်။ လက်ရှိတွင် မိမိသဘောဆန္ဒအရ စစ်မှုထမ်းလိုသူများအပေါ်တွင်သာ မှီခိုရန် အစိုးရအနေဖြင့် သဘောတူထားသော်လည်း လိုအပ်သည့်စစ်မှုထမ်းအင်အားမရရှိပါက စစ်မှုထမ်းဥပဒေ ကိုပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ၂၀၃၁ ခုနှစ် အရောက်တွင် တန်းပြည့်စစ်မှုထမ်းအင် အား ၁၈၀၀၀၀ မှ ၂၀၀၀၀၀ အထိရရှိရန် စီစဉ်ထားကြောင်း၊ ယခုပထမသုံးလပတ် တွင် စစ်မှုထမ်းရန်လျှောက်ထားသူ ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပစ္စတိုး ရီးယပ်ကပြောထားသည်။
Ref: RT
Source: https://myawady.net.mm/

အမေရိကန်ရေတပ်က ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်မှာ အရေးကြီးတဲ့စစ်လက်နက် ပစ္စည်းဝယ်ယူမှုအတွက် ဆုံးဖြတ်ချက် တစ်ခုကိုချမှတ်လိုက်ပါပြီ။ အဲဒီဆုံးဖြတ် ချက်ကတော့ ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်များကိုဝယ်ယူသွားဖို့ဖြစ်ပါတယ်။ အဲဒီဒုံးကျည်တွေကို ၂၀၃၄ ခုနှစ်အတွင်းမှာ ဖြန့်ကြက်အသုံးပြုသွားမှာပါ။ သူ့ကို Virginia အတန်းအစားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောများမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဂျွန်နီဝေါ့ကအတည်ပြုပြောထားပါတယ်။

လက်ရှိမှာတော့ ဒီအစီအစဉ် က ဗိသုကာဒီဇိုင်းပိုင်းအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီး ဒုံးကျည်စနစ်၊ ပစ်လွှတ်ရေး ကိရိယာများ၊ ရေငုပ်သင်္ဘောနဲ့အံဝင်ခွင်ကျဖြစ်မှု၊ ထိပ်ဖူးဒီဇိုင်းနဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်တဲ့အခြေခံအဆောက်အဦများအတွက် အဓိကထား ပုံစံဖော်နေပြီဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုရေပြင်အခြေပြုနျူကလီးယားထိပ်ဖူးတပ်အနိမ့်ပျံဒုံးကျည်ကို ဝယ်ယူသွားမှာဖြစ်ပေမယ့်လည်း လက်ရှိရေငုပ်သင်္ဘောရဲ့လုပ်ငန်းဆောင်တာများကို ထိခိုက်စေခြင်းမရှိစေဖို့ အထူးဂရုပြုဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ အမေရိကန်ရေတပ်က တိုက် ခိုက်ရေးသင်္ဘောများအပေါ်သက်ရောက်မှုနည်းပါးစေတဲ့ လုပ်ငန်းသဘောတရားများကိုအဆုံးသတ်နိုင်ဖို့ အမေရိကန် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ် အပြင်အင်ဒို-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ်နဲ့ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်အတွက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံသတ်မှတ်ထားပြီး နျူကလီးယားထိပ်ဖူးအတွက် ဒေါ်လာသန်း ၄၀၀ အသုံးပြု သွားမှာဖြစ်ပါတယ်။
Ref: IE K.H

အစ္စရေးက ဂါဇာဒေသမြောက်ပိုင်းရှိဂျာဘာလီယာဒုက္ခသည်စခန်းနှင့် အနီးရှိမြို့တို့မှ လူနေအိမ်ရာခြောက်ခုကို မေလ ၁၄ ရက်နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက် မှုများလုပ်ဆောင်ရာ အနည်းဆုံးလူ ၆၅ ဦးသေဆုံးကြောင်း ပါလက်စတိုင်းတာဝန် ရှိသူများကပြောသည်။

အစ္စရေး၏တိုက်ခိုက်မှုသည် အိပ်ပျော်နေသောပြည်သူများကိုထိမှန်သွားခြင်း ဖြစ်ကြောင်း၊ အများစုမှာ အမျိုးသမီးများ နှင့်ကလေးငယ်များဖြစ်ကြောင်း၊ ကယ် ဆယ်ရေးပစ္စည်းများနှင့် လူ၊ ပစ္စည်းအင်အားပြတ်လပ်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ထို့ပြင် အရေးပေါ်ခွဲစိတ်ကုသမှုများ နှင့် လိုအပ်သောခြေ၊ လက်ဖြတ်တောက် ခွဲစိတ်မှုများကို စင်္ကြံများတွင်လုပ်နေရ ကြောင်း ဆေးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုခံရသော နေအိမ်များသည် အရပ်သားများပိုင်ဆိုင် သောနေအိမ်များဖြစ်ပြီး ဒုက္ခသည်များနေ ထိုင်နေကြောင်းသိရသည်။
Ref: Xinhua
Source: Myawady Daily Newspaper

အိန္ဒိယ က ပါကစ္စတန်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအော်ပရေးရှင်း ဆင်ဒူးတွင် ရုရှားလုပ် S-400 ရွေ့လျား မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များ၏ စွမ်းဆောင်ရည်ကို လေ့ကျင့်ထားသော လူအင်အားနှင့် မှန်ကန်သော နည်းပညာပေါင်းစပ်မှုတို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့ များကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ခဲ့ခြင်းအတွက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အင်္ဂါနေ့ (မေ ၁၃) က ချီးကျူးခဲ့ပါသည်။

“S-400 ကဲ့သို့ ပလက်ဖောင်းများသည် နိုင်ငံအတွက် မကြုံစဖူး ခွန်အားများ ပေးစွမ်းခဲ့ပါသည်” ဟု မိုဒီက ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေးစနစ်ရှေ့တွင်ရပ်ကာ စစ်သည်များအား မိန့်ခွန်းပြောကြားခဲ့ပါသည်။ ခိုင်မာသည့် လုံခြုံရေးအကာအရံတစ်ခုသည် အိန္ဒိယ၏ အမှတ်အသား ဖြစ်လာသည်ဟုလည်း ဆိုပါသည်။
နယူးဒေလီသည် ဧပြီလက ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အကြမ်းဖက် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စလာမာဘတ် အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသအတွင်းရှိ စစ်သွေးကြွများဟု သံသယရှိသော အဆောက်အအုံများကို မေလ ၇ ရက်က ဒုံးကျည်များဖြင့် တိုက်ခိုက်သည့် အော်ပရေးရှင်း ဆင်ဒူးကို စတင်ခဲ့ပါသည်။ အိန္ဒိယ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်သည် S-400 စနစ် လည်ပတ်နေသည့် အဒမ်ပူရ အပါအဝင် လေတပ်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့ပါသည်။
အဒမ်ပူအား မေလ ၁၀ ရက်နေ့တွင် ပါကစ္စတန်က ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းများအရ သိရပါသည်။ ပါကစ္စတန်အစိုးရပိုင် ရုပ်မြင်သံကြား ချန်နယ် PTV က ၎င်း၏ JF-17 တိုက်လေယာဉ်များသည် အသံထက်မြန်သည့် ဒုံးကျည် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အပါအဝင် အိန္ဒိယစစ်တပ် အခြေစိုက်စခန်းကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယစစ်တပ် အရာရှိများက အဆိုပါပြောဆိုချက်များ မှားယွင်းကြောင်း အမြန်ပြန်လည်ချေပခဲ့ကြပါသည်။
ပါကစ္စတန်၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ ချေဖျက်နိုင်ခဲ့ခြင်းကြောင့် S-400 ဝယ်ယူရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကို ကာကွယ်ရေးလေ့လာသုံးသပ်သူများက ချီးကျူးခဲ့ကြပါသည်။ အဆိုပါစနစ်များကို ရုရှား ထံမှ ဒေါ်လာ ၅.၄ ဘီလီယံ အကုန်အကျခံကာ ၂၀၁၆ ခုနှစ်ကတည်းက အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု ခြိမ်းခြောက်မှုကို ဖီဆန်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။
ကိုးကား- MNP

အစ္စရေးစစ်တပ်သည် မကြာမီကာလအတွင်း ဂါဇာကမ်းမြှောင်ရှိ ဟားမက်များကို အပြီးသတ်နှိမ်နင်းနိုင်လိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင်နေတန်ယာဟုက ကတိပြုခဲ့ပါသည်။ တချိန်တည်းမှာပင် ၎င်း၏အစိုးရအနေဖြင့် စစ်သွေးကြွအုပ်စုက ဖမ်းဆီးထားသည့် ကျန်ရှိနေသေးသော ဓားစာခံများကို ပြန်လွှတ်ပေးရန် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုပါသည်။

အင်္ဂါနေ့ (မေ ၁၃) က ထိခိုက်ဒဏ်ရာရရှိထားသော အစ္စရေး အရန်တပ်ဖွဲ့ များနှင့် စကားပြောရာတွင် နေတန်ယာဟုက “လာမည့်ရက်များတွင် စစ်ဆင်ရေးပြီးမြောက်ရန် အင်အားအပြည့်ဖြင့် (ဂါဇာသို့)သွားကြမည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ “ဟားမက်များကို လုံးဝ ဖျက်ဆီးခြင်း” နှင့် “မိမိတို့၏ ဓားစာခံများအားလုံးကို လွှတ်ပေးရမည်” ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း အစ္စရေးကို တိုက်ခိုက်စဉ် ဟားမက်အုပ်စုက ဖမ်းဆီးထားသော သုံ့ပန်းများကို ပြန်လွှတ်ပေးရန် “ယာယီအပစ်အခတ်ရပ်စဲရေး” ကို အစ္စရေးက ငြင်းဆိုခြင်းမပြုခဲ့သော်လည်း နေတန်ယာဟုက “စစ်ပွဲကို ရပ်တန့်မည့် အခြေအနေရှိမည်မဟုတ်” ဟု ရှင်းရှင်းလင်းလင်း ပြောသွားပါသည်။
အစ္စရေးသည် ဂါဇာကမ်းမြှောင်ဒေသမှ ပါလက်စတိုင်း အရပ်သားများ ထွက်ခွာခွင့်ပြုမည့် အုပ်ချုပ်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသော်လည်း မည်သည့်နိုင်ငံမှ ပါလက်စတိုင်းသားတို့ကို ခေါ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရပါသည်။ နေတန်ယာဟု၏ အဆိုအရ ပါလက်စတိုင်း တစ်ဝက်ကျော်ခန့်က အခွင့်အရေးရပါက ဂါဇာမှထွက်ခွာသွားဖွယ်ရာ ရှိနေသည်ဟု သိရပါသည်။
မေ ၁၃ (အင်္ဂါနေ့)က ပါလက်စတိုင်း နယ်မြေတောင်ဘက်ရှိ ခန်ယူနီစ်မြို့ ရှိ ဥရောပဆေးရုံကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ( IDF) များက လေကြောင်း တိုက်ခိုက်မှုအပြီး ယခုကဲ့သို့ နေတန်ယာဟု၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ IDF ၏ အဆိုအရ ဟားမက် စစ်သွေးကြွများသည် အဆောက်အအုံအောက်ရှိ မြေအောက်ခန်းများတွင် “ဗဟိုစစ်ဆင်ရေး ထိန်းချုပ်ရေးဌာန” ကို ထူထောင်ထားကြောင်း သိရပါသည်။ အဆိုပါတိုက်ခိုက်မှုသည် ဟားမက် ခေါင်းဆောင် မိုဟမ်မက်ဆင်ဝါ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို မသိရသေးကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါသည်။
ဗုဒ္ဓဟူးနေ့ (မေ ၁၄) တွင် ကယ်ဆယ်ရေးလုပ်သားများ ဆေးရုံသို့ ချဉ်းကပ်ခြင်းကို တားဆီးရန်အတွက် အစ္စရေးတိုက်လေယာဉ်များက အဆိုပါနေရာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မီဒီယာအများအပြား က အခိုင်အမာဆိုကြပါသည်။ ဂါဇာ၏ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီ က စစ်လေယာဉ်များသည် ဒဏ်ရာရသူများကို ကယ်တင်ရန် ကြိုးပမ်းသူတိုင်းကို တမင်ပစ်မှတ်ထားကြောင်း အတည်ပြုခဲ့သည်။
ပါလက်စတိုင်းအရာရှိများ၏ ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

အီရန်သည် အာရပ်နိုင်ငံများနှင့်အမေရိကန်ရင်းနှီးမြှုပ်နှံမှုပါဝင်သော ပူးပေါင်း အဏုမြူချဲ့ထွင်ရေး စီမံကိန်းတစ်ရပ်ကို အဆိုပြုခဲ့သည်ဟု အီရန်အရာရှိများ၏ ထုတ်ဖော်ပြောဆိုချက်အရ နယူးယောက်တိုင်းမ် သတင်းစာက အင်္ဂါနေ့ (မေ ၁၃) တွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ္စစ် အရာချီ သည် တနင်္ဂနွေနေ့ (မေ ၁၁) က အိုမန်နိုင်ငံတွင် အမေရိကန်ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့်တွေ့ဆုံစဉ် ထိုအဆိုပြုချက်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သမ္မတ ဒေါ်နယ် ထရမ့်၏ အီရန်၏အဏုမြူစီမံကိန်းများ အပြည့်အဝဖျက်သိမ်းရေး တောင်းဆိုမှုအား အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော် ဝစ်ကော့ဖ်၏ ပြောရေးဆိုခွင့်ရှိသူ အက်ဒီ ဗက်စ်ကွစ်ဇ် က အဆိုပါသတင်းအား ငြင်းဆိုကာ “ထိုကဲ့သို့သော ပူးပေါင်းမှုစီမံကိန်းကို မည်သည့်အခါမျှ ဆွေးနွေးခဲ့ခြင်းမရှိ” ဟု ကြေညာခဲ့သည်။ အမေရိကန် နှင့်အီရန်တို့သည် ၁၉၈၀ ပြည့်နှစ်ကတည်းက သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ကီယန် က ယခုအပတ်အတွင်း အဏုမြူ စီမံကိန်းလုံးဝရပ်ဆိုင်းရန် တောင်းဆိုမှုများသည် “လက်မခံနိုင်သောအရာ” ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
အရာချီက လွန်ခဲ့သောလအတွင်း “ယူရေနီယမ်ထပ်တိုးသန့်စင်မှုသည် မိမိတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အဆိုပါကိစ္စတွင် လျှော့ပေါ့ညှိနှိုင်းမှုမရှိစေရ” ဟု ရှင်းလင်းစွာ ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂမှ အားပေးထောက်ခံခဲ့သော အဏုမြူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံက စာချုပ်ကို လျှို့ဝှက်စွာ ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့သည်။ အီရန်ဘက်က မည်သည့်မှားယွင်းမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုသော်လည်း ၎င်းတို့၏ ကတိကဝတ်များကို ချိုးဖောက်ကာ ယူရေနီယမ်သိုလှောင်မှု ပမာဏကို တိုးမြှင့်ခဲ့သည်။
အိုမန်နိုင်ငံ၏ ကြားနေဆောင်ရွက်မှုဖြင့် လေးကြိမ်တိုင်ကျင်းပခဲ့သော ဆွေးနွေးပွဲများကို နှစ်ဖက်စလုံးက အပြုသဘောဆောင်သော အဆင့်တစ်ခုဟု သတ်မှတ်ခဲ့သော်လည်း အမေရိကန်နှင့် အီရန်တို့သည် ဂါဇာ စစ်ပွဲ၊ ယီမင်ရှိဟူသီများ၏ အပြည်ပြည်ဆိုင်ရာသင်္ဘောများနှင့် အစ္စရေးကို တိုက်ခိုက်မှုများနှင့်ပတ်သက်၍ တင်းမာမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အင်္ဂါနေ့ (မေ ၁၃) တွင် ထရမ့်က အီရန်အား “ဒေသတွင်းရှိ အဖျက်စွမ်းအားအကြီးမားဆုံးသော အင်အားစု” အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းတို့အား အဏုမြူလက်နက်များ ရရှိပိုင်ဆိုင်ခွင့် မည်သည့်အခါမျှ မပေးသင့်ကြောင်း ဖိအားပေးပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Gilberto Teodoro နှင့် ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius တို့သည် မေလ ၁၄ ရက်က ဘာလင်မြို့တွင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန က မေလ ၁၅ ရက်တွင် ကြေညာလိုက်ပါသည်။

ဆိုက်ဘာလုံခြုံရေး၊ ကာကွယ်ရေးလက်နက်ပစ္စည်းနှင့် ထောက်ပံ့ရေး၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများအထိ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ အဆိုပါသဘောတူညီချက်သည် ပြီးခဲ့သည့်နှစ်က Pistorius ၏ ဖိလစ်ပိုင်ခရီးစဉ်နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က နှစ်ဦးစလုံးက နှစ်နိုင်ငံစစ်တပ်များအကြား ရေရှည်ဆက်ဆံရေး မြှင့်တင်ရန် ကတိပြုခဲ့ကြပါသည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်၏ တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည် ဟု ပင်လယ်နယ်နိမိတ်ဆိုင်ရာ တောင်းဆိုမှုများအား အခိုင်အမာ ပြောကြားနေမှုအပေါ် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က အမျက်ထွက်နေကြပါသည်။ ၂၀၁၆ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ် မြို့ရှိ စေ့စပ်ဖျန်ဖြေရေး အမြဲတမ်းတရားရုံးက တရုတ်၏ အဆိုပြုချက်များမှာ ဥပဒေအရ အခြေခံမရှိဟု ဆုံးဖြတ်ခဲ့သော်လည်း တရုတ်နိုင်ငံက ထိုဆုံးဖြတ်ချက်ကို လက်မခံဘဲ ငြင်းဆိုခဲ့ပါသည်။
Pistorius က ပြီးခဲ့သည့် ဩဂုတ်လက မနီလာတွင် “ထိုဆုံးဖြတ်ချက်သည် မည်သည့်ခြွင်းချက်မျှမရှိဘဲ ဆက်လက်တည်ရှိသည်” ဟု ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာက နှစ်နိုင်ငံကြား ရေကြောင်းလွတ်လပ်စွာသွားလာခွင့် ကတိကဝတ်ကိုပြသရန် ဂျာမန် စစ်သင်္ဘောနှစ်စင်း အင်ဒို-ပစိဖိတ်ဒေသသို့ ရှားရှားပါးပါး ဖြတ်သန်းခရီးသွားလာမှု ပြုလုပ်ခဲ့ကြပါသည်။
ကိုးကား- FMT
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ရေတပ်က ၎င်းတို့၏စစ်ရေယာဉ်များတွင် ကိုယ်ပျောက်စွမ်းရည်တိုးစေမည့်လေ့ကျင့်ခန်းကို AI အသုံးပြု၍ မေလ ၁၂ ရက်တွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါလေ့ကျင့်ခန်း၌ စစ်ရေယာဉ်၏ သံလိုက်အားဝင်မှုကို ပပျောက်အောင် လုပ်ဆောင်ရာတွင် AI နည်းပညာအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ယင်းနည်းပညာကိုအသုံးပြုပြီးနောက် စစ်ရေယာဉ်အနေဖြင့် ရေဒါစက်ကွင်းမှ ကင်းလွတ်စေနိုင်သည့်အတွက် ၎င်း၏ ကိုယ်ပျောက်စွမ်းရည်ကို ၆၀ ရာခိုင်နှုန်းပိုမိုမြင့်တက်လာစေကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
လေ့ကျင့်ခန်း၌အသုံးပြုသော AI စနစ်များသည် သံလိုက်လှိုင်းဖမ်း ကိရိယာများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အာရုံခံကိရိယာများမှ အချက်အလက်များကို ရယူ၍ ရေပြင်အပူချိန်၊ ရေယာဉ်အမြန်နှုန်းနှင့် အခြားသောပြောင်းလဲနေသည့် အချက်အလက်များ အပေါ်အခြေခံကာ သံလိုက်အားဝင်မှုပပျောက်အောင် လုပ်ဆောင်သည့် ကွိုင်များတွင် လျှပ်စစ်စွမ်းအင်စီးဆင်းမှုကို အလိုအလျောက်ကိုက်ညှိပေးခြင်းဖြစ်သည်။
ထိုလေ့ကျင့်ခန်းကို မြောက်ပိုင်းစစ်နယ်ဝန်း၏ ရေတပ်စခန်းဌာနချုပ်၌လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သည့် CCTV သတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။

ဗြိတိန်တော်ဝင်လေတပ်က ရဟတ်ယာဉ်ပေါ်ကနေ ဒရုန်းတစ်မျိုးကို လွှတ်လိုက်တဲ့ ဗီဒီယိုတစ်ခုက အင်တာနက်ပေါ် တက်လာပါတယ်။ အဲဒီဗီဒီယိုတက်လာခြင်းက ခေတ်သစ်ဒရုန်းစစ်ပွဲမှာ ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက်တာနဲ့ အတူတူပါပဲ။
သူတို့က FPV ဒရုန်းတွေကို CH-47 Chinook ရဟတ်ယာဉ်ပေါ်ကနေ လွှတ်လိုက်တာပါ။ အဲဒီဒရုန်းတွေက လှိုင်းနှုန်းတွေကို ဖိဖျက်နိုင်တယ်။ ထောက်လှမ်းရေးလည်းလုပ်နိုင်မယ်။ နောက်ဆုံးမှာ တိုက်ခိုက်ရေးကိုပါ လုပ်ဆောင်နိုင်မယ့်ဒရုန်းတွေဖြစ်ပါတယ်။ အခုလိုရဟတ်ယာဉ်ကို အသုံးပြုခြင်းကြောင့် ဒရုန်းအစင်းရေများစွာကို တစ်ပြိုင်နက်တည်း လွှတ်နိုင်မှာဖြစ်ပါတယ်။

အသံနှုန်းလွန်ဒုံးကျည်နည်းပညာတစ် ခေတ်ဆန်းသစ်လာချိန်မှာ တရုတ်နိုင်ငံကလည်း အသံနှုန်းလွန်ဒုံးကျည်အတွက် နောက်ထပ် အာမခံချက်တစ်ခုကိုပေးနိုင်ပြီဖြစ်ပါတယ်။ သူပေးတဲ့ အာမခံချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ပစ်မှတ်ကိုမဆို မိနစ် ၃၀ အတွင်းရောက်ရှိထိမှန်စေမယ့် ဒုံးကျည်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။

အဲဒီဒုံးကျည်က အသံရဲ့အမြန်နှုန်းထက် အဆ ၂၀ ပိုမြန်တဲ့နှုန်းနဲ့သွားနိုင်မှာဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဒုံးတပ်ဖွဲ့မှ သုတေသနပညာရှင်များက ပြောပါတယ်။ ဒါ့အပြင် အဲဒီဒုံးကျည်ကို အာကာသကနေ ပစ်လွှတ်နိုင်မှာ ဖြစ်တဲ့အတွက် ရန်သူရဲ့ ဘယ်လိုမျိုးကြိုတင် သတိပေးစနစ်ကမှ အလုပ်ဖြစ်မှာ မဟုတ်ပေမယ့် သူတို့မှာ အားနည်းချက်ရှိနေသေးတယ်လို့ ထုတ်ပြန်ထားတာတွေ့ ရပါတယ်။