အိန္ဒိယ-ပါကစ္စတန် စစ်ရပ်စဲရန် သဘောတူ

News Image

  • အိန္ဒိယ-ပါကစ္စတန် စစ်ရပ်စဲရန် သဘောတူ

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အပြည့်အဝ စစ်ရပ်စဲရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၁၀ ရက်တွင် ကြေညာလိုက်ပါသည်။

ပါကစ္စတန်ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အစ်ရှာ့ဒါးက အိန္ဒိယနှင့် စစ်ရပ်စဲရေးသဘောတူညီမှု ရရှိကြောင်း အတည်ပြု ပြောကြားလိုက်ပါသည်။

ထရမ့်က ၎င်းက X လူမှုကွန်ရက်တွင် “ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ချက်ချင်းအကျိုးသက်ရောက်မည့် စစ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။ ပါကစ္စတန်သည် နယ်မြေအချုပ်အခြာအာဏာကို မထိပါးစေဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမြဲကြိုးပမ်းခဲ့သည်” ဟု ရေးသားခဲ့ပါသည်။

“အမေရိကန်အကူအညီဖြင့် ညအချိန် အကြာကြီး ဆွေးနွေးပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့ ချက်ချင်းစစ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း ဝမ်းမြောက်စွာ ကြေညာပါသည်” ဟု ထရမ့်က ၎င်း၏ Truth Social ကွန်ရက်တွင် ရေးသားခဲ့ပါသည်။ “အသိဉာဏ်နှင့် ကောင်းစွာ ဆင်ခြင်နိုင်မှုအတွက် နိုင်ငံနှစ်နိုင်ငံကို ဂုဏ်ပြုပါသည်” ဟု အမေရိကန် ခေါင်းဆောင်က ဖြည့်စွက်ပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃