သတင်းများ

တရုတ်နိုင်ငံက Smart Dragon-3 ဒုံးပျံဖြင့် ပင်လယ်ထဲမှ ဂြိုဟ်တုများလွှတ်တင်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်မှ Smart Dragon-3 ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ကာ ၎င်းဒုံးပျံမှာ CentiSpace 01 ဂြိုဟ်တုအစုအဝေးအား သတ်မှတ် ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံအား ဟိုင်ရန်မြို့အနီးရှိ ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ၌ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကမ်းလွန်၌ ဒုံးပျံလွှတ်တင်မှုမစ်ရှင်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ အမျိုးအစား ခွဲခြားမရသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁၃ ရက်နေ့က ဂျပန်ပင်လယ်ထဲသို့ အမျိုးအစား ခွဲခြားမရနိုင်သော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ အဆိုပါ ဒုံးကျည် သည် ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်နိုင်ကြောင်း တောင်ကိုးရီးယားနိုင်ငံက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီး အဆိုပါဒုံးကျည်မှာ မိမိနိုင်ငံကို ကာကွယ်ရန်တီထွင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနယ်နိမိတ်အနီး အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်နေမှုမှာ နိုင်ငံတကာဥပဒေကို တမင်ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vasily Nebenzya က ဇန်နဝါရီ ၉ ရက်တွင် ဝေဖန်ထားသည်။ 

ကိုးကား - TASS

Photo: News.az

ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယခုသီတင်းပတ်အတွင်း ရနိုင်မည်ဟု အမေရိကန် အရာရှိပြော

အစ္စရေးနှင့်အစ္စလာမစ်အဖွဲ့ ဟားမတ်စ်တို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီချက်တစ်ရပ်ကို အစောဆုံးအနေဖြင့် ယခု သီတင်းပတ်တွင်ရရှိမည်ဟု မျှော်လင့်ကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုရာ၌ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး Jake Sullivan က သဘောတူညီချက်တစ်ခုရရှိရန် နီးစပ်နေပြီဖြစ်ပြီး ယခုတစ်ပတ်အတွင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် ၎င်းက ကတိတစ်ခုပေးခြင်းမဟုတ်ဘဲ ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအား ကြားဝင်စေ့စပ်ပေးနေသည့် ကာတာမှ အစ္စရေးနှင့်ဟားမတ်စ်တို့အား ဇန်နဝါရီ ၁၃ ရက်နေ့တွင် အပြီးသတ်သဘောတူညီချက် မူကြမ်းပေးခဲ့ကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ဂါဇာရှိ ဟားမတ်စ်များကိုချေမှုန်းရန် အစ္စရေးအနေနှင့် ဆက်လက်တိုက်ပွဲဝင်သင့်ကြောင်း လက်ယာစွန်းနိုင်ငံရေး ပါတီဝင်တစ်ဦးဖြစ်သည့် အစ္စရေးအစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီးတစ်ဦးက လူမှုမီဒီယာတွင် ဖော်ပြပြောဆိုခဲ့ပါသည်။

အဆိုပါဝန်ကြီးက ဤအချိန်သည် ဂါဇာကမ်းမြောင်တစ်ခုလုံးအား သိမ်းပိုက်ပြီး သန့်စင်ပစ်ရန် အင်အားကုန်သုံး၍ ဆက်လက်လုပ်ဆောင်ရမည့် အချိန်အခါ ဖြစ်သည် ဟုဆိုပါသည်။

ပဋိပက္ခဖြစ်စဉ်စတင်စဉ်မှ ယနေ့အချိန်အထိ ဂါဇာတွင် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါသည်။

ကိုးကား-NHK World

ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်ရန်အသင့်ဖြစ်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောကြား

ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်လိုကြောင်း မြောက်ကိုးရီးယားစစ်သား နှစ်ဦးကို  ရုရှားနိုင်ငံ၊ ကာ့ခ်စ်(Kusk) ဒေသတွင် ဖမ်းဆီး ရမိပြီးနောက် သမ္မတဇယ်လန်စကီးက ကြေညာခဲ့ပါသည်။

"ရုရှား တွင် သုံ့ပန်းအဖြစ် ထိန်းသိမ်းခံရသော ယူကရိန်းစစ်သားများကို လွှတ်ပေးပါက မြောက်ကိုးရီးယားစစ်သားများကို ကင်ဂျုံအန်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း" သမ္မတဇယ်လန်စကီးက ၎င်း၏ X မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့ပါသည်။ ထို့အပြင် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ မြောက်ကိုရီးယား စစ်သားများကို ပိုမိုဖမ်းဆီးရမည်ဖြစ်ကြောင်း" ဇယ်လန်စကီးက ပြောကြားခဲ့ပါသည်။

"ရုရှား ၏ မဟာမိတ်မြောက်ကိုရီးယားတပ်ဖွဲ့ပေါင်း ၁၁,၀၀၀ ခန့်သည် မော်စကို၏ တပ်ဖွဲ့များကို အကူအညီပေးရန် ကာ့ခ်စ်(Kusk) ဒေသတွင် တပ်စွဲထားကြောင်း” ယူကရိန်းနှင့် အနောက်မီဒီယာများက ပြောကြားထားသော်လည်း ရုရှားနိုင်ငံကမူ ပြန်လည် တုံ့ပြန်ပြောကြားထားမှုမရှိကြောင်း သိရှိရပါသည်။ 

ကိုးကား -Aljazerra

ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက် လုပ်ဆောင်ရန် သဘောတူ

ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ရေကြောင်းလုံခြုံရေးနှင့်အခြားနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် အွန်လိုင်း အစည်းအဝေးတွင် သဘောတူညီခဲ့ကြပါသည်။

ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru သည် အမေရိကန် သမ္မတ Joe Biden၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့နှင့် မိနစ် ၃၀ ကြာ ဗွီဒီယို အစည်း အဝေးကို ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပါသည်။

မစ္စတာ ဘိုင်ဒင်က လာမည့်သီတင်းပတ်တွင် ရာထူးမှအနားယူပြီးနောက်ပိုင်းတွင်လည်း တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာလှုပ်ရှားမှုများကို အာရုံထားကာ ၎င်းတို့ နိုင်ငံများအနေဖြင့် ပင်လယ်ရေကြောင်းနှင့် စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ခေါင်းဆောင် ၃ ဦးတို့ သဘောတူခဲ့ကြပါသည်။

မစ္စတာ အီရှီဘာက ဂျပန်၏ Nippon Steel သည် အမေရိကန်ပြည်ထောင်စုမှ US Steel ၀ယ်ယူမှုကို ပိတ်ဆို့ရန် မစ္စတာ ဘိုင်ဒင်ထုတ်ပြန်ခဲ့သည့် အမိန့် ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါလုပ်ရပ်အပေါ် ဂျပန်နှင့်အမေရိကန်တို့မှ စီးပွားရေးလုပ်ငန်းရှင်များက များစွာစိုးရိမ်ပူပန်နေကြောင်း ဖွင့်ဟလျက်ရှိပြီး ၎င်းတို့အားပူပန်မှုလျော့ကျစေရေး လုပ်ဆောင်ရန် အမေရိကန်အားတိုက်တွန်းခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွင် မစ္စတာ အီရှီဘာက နိုင်ငံတကာအခြေအနေများသည် ပိုရှုပ်ထွေးလာကြောင်း၊ သို့သော် တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံပြီး လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ရေး ပိုမိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့်အစီအစဉ်အား မေးမြန်းရာတွင် မစ္စတာ အီရှီဘာက ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပ နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi သည် ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကိုတက်ရောက်ရန် စီစဉ်ထားပြီး အဆိုပါအခမ်းအနားအပြီးတွင် တွေ့ဆုံပွဲအချိန်ဇယားကို ဆက်လက်ဆွေးနွေးနိုင်ရန် လုပ်ဆောင်မည်ဟု မစ္စတာ အီရှီဘာ က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ ကာတာကို ရောက်ရှိ

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး ဆွေးနွေးရန် အစ္စရေး လုံခြုံရေးကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu စေလွှတ်လိုက်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် မော့ဆက်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲလည်း ပါဝင်ကြောင်း Reuters သတင်းဌာနနှင့်အခြား မီဒီယာ များက သတင်းဖော်ပြပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူဦးရေသည် ၄၆,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကြားဝင်စေ့စပ်နေသည့် ကာတာနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်နေပါသည်။

အမေရိကန်သမ္မတ Joe Biden ၏ အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးနှင့်အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန်လည်း ကာတာတွင် ရောက်ရှိနေကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး Jake Sullivan က သဘောတူညီချက်ရရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း CNN ၏အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ပါသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် မစ္စတာ Netanyahu သည် မစ္စတာ Biden နှင့်ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး စေ့စပ်ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုများကို ၎င်းတို့ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုမှုမတိုင်မီတွင် ဟားမတ်စ်အနေဖြင့် ဓားစာခံများကို ပြန်လည်လွှတ်ပေးခြင်းမရှိပါက ထို့အတွက် ပေးဆပ်ရမည် ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့ပါသည်။

WhatsApp တွင်ပြောသည့်စကားများကို အမေရိကန်အစိုးရ ဝင်ဖတ်၍ရကြောင်း Meta ပိုင်ရှင် မက်ခ်ဇူကာဘာဂ် ပြောကြား

CIA အပါအဝင် အမေရိကန် အစိုးရအာဏာပိုင်များက WhatsApp ကို အသုံးပြုသူများပြောသည့် သတင်းစကားများကို အဝေးမှထိန်းချုပ်ပြီး ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း Meta ပိုင်ရှင် မက်ခ်ဇူကာဘာဂ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အာဏာပိုင်အဖွဲ့အစည်းများက WhatsApp ၏ end-to-end encryption ကို ထိထိရောက်ရောက် ကျော်လွှားနိုင်ခဲ့ကြောင်းကိုလည်း ပြောပါသည်။ 

ဇန်နဝါရီ ၁၀ ရက်နေ့က ဂျိုးရီဂျင် အတွေ့အကြုံဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် WhatsApp ၏ ကုဒ်အတွက် Meta က မက်ဆေ့ချ်အကြောင်းအရာများကို ကြည့်ရှုခြင်းမှတားဆီးထားသော်လည်း သုံးစွဲသူ၏ ဖုန်းသို့ ဝင်ရောက်ကြည့်ရှု့ခြင်းမှ ကာကွယ်ပေးနိုင်မည်မဟုတ်ကြောင်း Zuckerberg မှ ရှင်းပြခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမေးမြန်းခန်းအတွက် ကြိုးစားနေသည့် တက်ကာကားလ်ဆင် က ဇူကာဘာဂ်ကို သတင်းစကားလုံခြုံရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့လုပ်ဆောင်ရမည်နည်းဆိုသည့် မေးခွန်းကို ၎င်းကဖြေကြားခဲ့ခြင်းဖြစ်ကြောင်း၊ တက်ကာ က ပူတင်နှင့်စကားပြောဆိုရန်အတွက် ၃ နှစ်ကြာ ကြိုးစား ခဲ့ပြီး စကားပြောခွင့်ရချိန်တွင် အမေရိကန်အမျိုးသားလုံခြုံရေး NSA နှင့် ထောက်လှမ်းရေး CIA တို့က ၎င်း၏ ဖုန်းကို ဖောက်ဝင်နိုင်ခဲ့ပြီး စပိုင်လုပ်ခဲ့ခြင်းကြောင့် ရုရှားဖက်က အဆက်အသွယ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး တက်ကာက အဆိုပါအဖွဲ့များကို အပြစ်တင်ခဲ့ပါသည်။ 

“မိမိတို့အနေဖြင့် သုံးစွဲသူပြည်သူများ၏ သတင်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းပေးနိုင်သော်လည်း ဥပဒေစိုးမိုးရေးအတွက် လုံလောက်သည့် အကြောင်းပြချက်ရှိပါကတားဆီးပေး၍မရနိုင်ကြောင်း” ဇူကာဘာဂ်က ပြောပါသည်။ ယခုကာလ်ဆင်သုံးခဲ့သော လျှို့ဝှက်ကုဒ်သည် Meta ၏ ဒေတာဘေ့စ်များနှင့် တူနေသည့်အတွက် ဖောက်ဝင်ခံလိုက်ရကြောင်း ပြောကြားခဲ့ပါသည်။ 

ဇူကာဘာဂ်က အစ္စရေးကုမ္ပဏီ NSO Group မှ ဖန်တီးထားသည့် လျှို့ဝှက်ဆော့ဖ်ဝဲဖြစ်သည့် Pegasus ကဲ့သို့သော ကိရိယာများဖြစ်ပြီး ဒေတာဝင်ရောက် ကြည့်ရှု့ရန် မိုဘိုင်းလ်ဖုန်းများတွင် လျှို့ဝှက်ထည့်သွင်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

ကိုးကား-Myanmar National Post

ရိုမေးနီးယားအခြေစိုက် နေတိုးကာကွယ်ရေးစခန်းမှတစ်ဆင့်  ရုရှားကို နေတိုး စစ်ဆင်နွှဲလာနိုင်ဟု ရိုမေးနီးယားသမ္မတလောင်းပြောကြား

ဥရောပတွင် အကြီးမားဆုံး နေတိုးကာကွယ်ရေးစစ်စခန်းဖြစ်လာမည့် ရိုမေးနီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ တည်ရှိသည့် Mihail Kogalniceanu အခြေစိုက်စခန်းတွင် ရုရှားကို စစ်ပွဲစတင်ရန် အဓိကနေရာတစ်ခုအဖြစ် အသုံးပြုလာမည်ဟု ယုံကြည်နေကြောင်း ရိုမေးနီးယား တစ်သီးပုဂ္ဂလက သမ္မတလောင်း Calin Georgescu က ပြောကြားလိုက်သည်။ 

မိမိအနေဖြင့် ယခုနေတိုးအခြေစိုက်စခန်းကိစ္စကို လက်မခံနိုင်ကြောင်း၊ ရိုမေးနီးယားတွင် ယခုဖြစ်ပျက်နေသည့်ကိစ္စအပေါ် အမေရိကန်ရော အခြားနိုင်ငံ များကပါ စိတ်ဝင်စားခြင်းမရှိပါကြောင်း၊  ၎င်းတို့က ရိုမေးနီးယားကို စစ်ပွဲအတွက် တံခါးတစ်ချပ်တစ်ခုအဖြစ် အသုံးပြုလာပါက မိမိနိုင်ငံတွင် ဖြစ်ပျက်လာနိုင်သည်များကို စိတ်ထဲမရှိကြပါကြောင်း၊ မိမိတို့မြေရှိ နေတိုးအခြေစိုက်စခန်းက ရုရှားကို ကြီးကြီးမားမားစစ်ဆင်နွှဲလာပါက မိမိတို့နိုင်ငံကို မည်ကဲ့သို့ သက်ရောက်မှုများ ရှိလာနိုင်မည်ဆိုသည်ကို ထည့်သွင်းစဉ်းစားလိုကြောင်း၊ မိမိအနေဖြင့် စစ်ပွဲကို လုံးဝမလိုချင်ကြောင်း Georgescu က အမေရိကန် ရေတပ် အငြိမ်းစား Shawn Ryanနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

ရိုမေးနီးယားမှ စတင်မည့် နေတိုး၏ ရုရှားအပေါ် စစ်ဆင်နွှဲမည်ဆိုသည့် ၎င်း၏ ယူဆချက်ကို ထုတ်ဖော်ပြောပြခြင်းသည် ပထမအကြိမ် မဟုတ်ဘဲ ယခင် ကလည်း ပြောပြဖူးကြောင်း ရိုမေးနီးယား တီဗီချန်နယ်တစ်ခုဖြစ်သည့် Digi 24 မှတ်ချက်ပြုထားပါသည်။

ကိုးကား-TASS

တရားလွှတ်တော်ချုပ်ကလည်း အမေရိကန်တွင် TikTok သုံးစွဲမှု ပိတ်ပင်စေလို

တရုတ်နိုင်ငံအခြေစိုက် TikTok ကုမ္ပဏီအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၉ ရက်မတိုင်မီတွင် TikTok ကို တရုတ်နိုင်ငံသားမဟုတ်သည့်ကုမ္ပဏီထံ ရောင်းချခြင်းမရှိပါက နိုင်ငံလုံခြုံရေး ခြိမ်းခြောက်လာနိုင်မည်ဖြစ်သည့်အတွက် အမေရိကန်နယ်နိမိတ်အတွင်း TikTok သုံးစွဲခွင့်အား ပိတ်ပင်မည့် ဉပဒေတစ်ရပ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အမေရိကန်တရားလွှတ်တော်ချုပ် တရားသူကြီး ၉ ဦး က TikTok ပိတ်သိမ်းရန် ထုတ်ပြန်ထားသည့် ဥပဒေအပေါ် အယူခံလွှာတင်သွင်းထားမှုအတွက် TikTok ၏ ကိုယ်စားလှယ်ရှေ့နေများနှင့် စစ်ဆေးကြားနာမှုများဆောင်ရွက်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း ထိုသို့ ပိတ်ပင်လိုက်ခြင်းက အမေရိကန်တွင် TikTok သုံးစွဲနေသူ သန်း ၁၇၀ ကျော်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း Content Creators များ ကလည်း ပြောကြားထားပါသည်။ 

တရုတ်နိုင်ငံအနေဖြင့် TikTok Application ကို အသုံးပြု၍ အမေရိကန်နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို သူလျှိုထောက်လှမ်းနိုင်ခြင်းအပြင် နိုင်ငံရေးအရ လွှမ်းမိုးခြယ်လှယ်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရက သတိပေးပြောကြားထားသည်။

အမေရိကန်တရားလွှတ်တော်ချုပ်က TikTok ပိတ်ပင်မည့် ဥပဒေအပေါ်   တရုတ်ကုမ္ပဏီ၏ အယူခံဝင်ရောက်မှုကို လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။မကြာမီရက်ပိုင်းအတွင်း အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာမည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကမူ TikTok Application အသုံးပြုမှု ပိတ်ပင်မည့်ကိစ္စကို ၎င်း၏ သမ္မတရာထူး တရားဝင် စတင်ထမ်း‌ဆောင်မည့် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ဆိုင်းငံ့ထားရန် ပြောကြားထားသည်။

ကိုးကား-BBC

ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် နေတိုးက ဘောတစ်ပင်လယ်သို့ စစ်ရေယာဉ် ၁၀ စင်းခန့်စေလွှတ်မည်

နေတိုးအဖွဲ့အနေဖြင့် ရေအောက်အခြေခံအဆောက်အဦများကို ကာကွယ်ရန်အတွက် ဘောတစ်ပင်လယ်သို့ စစ်ရေယာဉ် ၁၀ စင်းခန့်စေလွှတ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ နီးစပ်သည့် သတင်းအရင်းအမြစ်များကပြောသည်။

နေတိုးတပ်ဖွဲ့မှ စစ်သင်္ဘောများသည် ဘောတစ်ပင်လယ်သို့ ယခုသီတင်းပတ်အကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ၎င်းသင်္ဘောများသည် စွမ်းအင်နှင့်တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာ ဆက်သွယ်ရေးကြိုးများအနီးတွင် နေရာယူသွားမည်ဖြစ်ကြောင်း ဖင်လန်သတင်းဌာနတစ်ခုက ထုတ်ပြန်သည်။

အဆိုပါဒေသအတွင်းရှိ ရေအောက်ကေဘယ်လ်ကြိုးများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြတ်တောက်သွားခဲ့ရာ ၎င်းကြိုးများအနက်သုံးကြိုးမှာ ဖင်လန်နှင့် အက်စတိုးနီးယားတို့ကြား ဆက်သွယ်ထားသော ကြိးများဖြစ်ပြီး ကျန်တစ်ကြိုးမှာ ဖင်လန်နှင့် ဂျာမနီတို့ကြား ဆက်သွယ်ထားကြောင်း သိရသည်။

Source: မြဝတီသတင်းစာ