ယူကရိန်းထံ ယူရို ၁ ဘီလီယံ ဥရောပသမဂ္ဂ ထပ်မံထုတ်ပေး

News Image

  • ယူကရိန်းထံ ယူရို ၁ ဘီလီယံ ဥရောပသမဂ္ဂ ထပ်မံထုတ်ပေး

ဥရောပသမဂ္ဂသည်   နိုင်ငံခြားဘဏ်များ၌ ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများမှ ရရှိထားသော ငွေများထဲမှယူရိုဘီလီယံ ၁ ဘီလီယံ (ဒေါ်လာ ၁.၀၇ ဘီလီယံ) ကို ယူကရိန်းသို့ ထပ်မံထုတ်ပေးခဲ့ကြောင်း ဥရောပကော်မရှင် စီးပွားရေးဆိုင်ရာ ကော်မရှင်နာ Valdis Dombrovskis က ကြေညာလိုက်ပါသည်။

အဆိုပါရန်ပုံငွေမှ ယူကရိန်းသည် ယခုနှစ်အတွင်း ယူရို ၆ ဘီလီယံကို ရရှိထားပြီးဖြစ်ကာ ဥရောပကော်မရှင်အနေဖြင့် နောက်ထပ် ယူရို ဘီလီယံ ၁၂ ဘီလီယံ ထပ်မံ လွှဲပြောင်းပေးရန် ရည်ရွယ်ထားကြောင်း Dombrovskis က ပြောကြားထားပါသည်။

ဥရောပကော်မရှင်သည် ၂၀၂၂ ခုနှစ်မှစတင်၍ ယူကရိန်းအတွက် စုစုပေါင်း ယူရိုဘီလီယံ ၁၅၀ ဘီလီယံ (ဒေါ်လာ ၁၆၁ ဘီလီယံ) ကုန်ကျခဲ့ပြီ ဖြစ်ကြောင်း အစောပိုင်းက အစီရင်ခံပြောကြားထားပါသည်။

ကိုးကား- TASS

Photo: Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃