သတင်းများ

ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရမှ မြို့တော်ကို လုံခြုံစိတ်ချရပြီဟု ကြေညာ

ထရီပိုလီအခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (GNU) လက်အောက်ရှိ လစ်ဗျားကာကွယ်ရေးဝန်ကြီးဌာနသည် အကြီးတန်းလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရသည်ဟု သတင်းထွက်ပေါပြီးနောက် တစ်ညတာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့တော်တွင် စစ်ဆင်ရေးကို “အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း” အင်္ဂါနေ့ (မေ ၁၃) က ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ဒေသအတွင်း ရေရှည်တည်တံ့သော လုံခြုံရေးနှင့် တည်ငြိမ်မှုရှိစေရန်အတွက် ၎င်း၏ အစီအစဉ်ကို အပြီးသတ်ရန်” ညွှန်ကြားချက်များပေးခဲ့ကြောင်း ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခဲ့ခြင်းမရှိပေ။

တိုက်ပွဲများသည် ထရီပိုလီမြို့၏ နေရာများစွာတွင် မေ ၁၃ (အင်္ဂါနေ့) ည က စတင်ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်မီက ကုလသမဂ္ဂထောက်ခံသည့် အစိုးရ၏ တည်ငြိမ်ရေးထောက်ပံ့မှုအဖွဲ့ (SSA) ၏ ခေါင်းဆောင် အဗ္ဗဒူဂါနီ အယ်လ်ကီကလီ (ဂါနီဝါဟုလည်း လူသိများ) လုပ်ကြံခံခဲ့ရသည်။ ၎င်းသည် မြို့၏တောင်ပိုင်းရှိ 444th တိုက်ခိုက်ရေး တပ်ရင်းဌာနချုပ်အတွင်း၌ ပစ်ခတ်ခံခဲ့ရပြီး ဒေသခံမီဒီယာများက ညှိနှိုင်းမှုများ မအောင်မြင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အယ်လ်ဂျာဇီရာ၏ ဖော်ပြချက်အရ မြို့၏ အဘူဆလင်နှင့် မာရှ်ရို အရပ်များတွင် သေနတ်သံများနှင့် ပေါက်ကွဲမှုများကြားခဲ့ရပြီး မျက်မြင်သက်သေများက 111th နှင့် 444th တပ်ရင်းများမှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် SSA ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အယ်လ်အာရေဗီးယားသတင်းဌာနက မိစ်ရာတာနှင့် အခြားမြို့ များမှ လူအုပ်များသည် မြို့တော်သို့ ချဉ်းကပ်လာနေကြောင်း ဖော်ပြခဲ့သည်။

အွန်လိုင်းပေါ်တွင် ဖြန့်ဝေနေသည့် ဓာတ်ပုံများတွင် လူအများအပြား သေဆုံးဒဏ်ရာရရှိသည်ကို တွေ့ရသော်လည်း သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုမူ အတိအကျမသိရသေးဘဲ အယ်လ်ဂျာဇီရာက အနည်းဆုံး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အစ္စရေးတပ်များက ဟားမက်ခေါင်းဆောင် Mohammed Sinwar ကို ပစ်မှတ်ထားကာ ဂါဇာတောင်ပိုင်းရှိ ဆေးရုံတစ်ခုကိုပစ်ခတ်

အစ္စရေးတပ်များသည် အင်္ဂါနေ့ (မေ ၁၃) ညနေပိုင်းတွင် ဂါဇာ တောင်ပိုင်းရှိ ဆေးရုံတစ်ခုကို ပစ်ခတ်ခဲ့ပြီး ဟားမက်ခေါင်းဆောင် Mohammed Sinwar အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးအကြီးတန်း အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

Mohammed Sinwar သည် ယခင်နှစ် အောက်တိုဘာလတွင် အစ္စရေး စစ်တပ်က သတ်ဖြတ်ခဲ့သည့် ၎င်း၏အစ်ကို Yahya Sinwar ၏ နေရာတွင် ဟားမက်အဖွဲ့၏ ခေါင်းဆောင်အဖြစ်ဆက်ခံခဲ့သူဖြစ်သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆ ဦး သေဆုံးပြီး အနည်းဆုံး ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) က ၎င်းတို့သည် ခန်းယူးနစ်စ်မြို့ရှိ ဥရောပဆေးရုံအား ပစ်ခတ်ခဲ့ကြောင်း၊ ဆေးရုံအောက်ရှိ မြေအောက် အခြေစိုက်စခန်းတွင် ဟားမက်အကြီးအကဲများ၏ ထိန်းချုပ်ရေးစင်တာကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် IDF က ပစ်မှတ်အတိအကျကို ဖော်ပြခဲ့ခြင်းမရှိပါ။

ဆေးရုံအတွင်းမှ တာဝန်ခံ Dr. Saleh Al Hams ၏ ပြောကြားချက်အရ ဆေးရုံဝင်းအတွင်း ဒုံးလက်နက်များစွာ ထိမှန်ခဲ့ပြီး အချို့လူများသည် အပျက်အစီးများအောက်တွင်ပိမိနေပြီး ဆိုးရွားသော ကပ်ဘေးတစ်ခုကို ကြုံတွေ့နေရသည်ဟု ဖော်ပြခဲ့သည်။ ဆေးရုံဝန်ထမ်းများက လူနာများအား အန္တရာယ်ကင်းရှင်းသော နေရာများသို့ ရွှေ့ပြောင်းရန် ကြိုးစားနေ ကြသည်။

မကြာသေးမီက ရိုက်ကူးထားသည့် ဗီဒီယိုများတွင် ဂါဇာမှ မီးခိုးနှင့် ဖုန်မှုန့်များ မြင့်တက်လာသည်ကို မြင်တွေ့ရပြီး ယခုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အကြီးမားဆုံးသော တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်ဟု သိရသည်။

ဟားမက်အဖွဲ့က အစ္စရေး၏ Sinwar နှင့်ပတ်သက်သည့် ပြောကြားချက်မှန်သမျှကို ငြင်းပယ်ခဲ့ပြီး “ပါလက်စတိုင်းမှထုတ်ပြန်သော သတင်းအချက် အလက်များကိုသာ အတည်ပြုနိုင်သည်” ဟု ထုတ်ပြန်ခဲ့သည်။

မေလ ၁၃ ရက်(အင်္ဂါနေ့) ညပိုင်းတွင် IDF က ဂါဇာမှ ပစ်လွှတ်သည့် ဒုံးကျည် ၂ စင်း ကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းသည် လတ်တလောတွင် ပိတ်ဆို့ခံထားရသည့် ဂါဇာမှ တစ်လအတွင်း ပထမဆုံးအကြိမ် ဒုံးပစ်လွှတ်မှုဖြစ်နိုင်သည်။ တတိယဒုံးကျည်တစ်စင်းသည် ကွင်းပြင်တစ်ခုတွင် ကျရောက်ခဲ့သည်။ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟာဒ်အဖွဲ့၏ စစ်ရေးဌာနက အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ယူခဲ့ပြီး ဂါဇာအနီးရှိ အစ္စရေးမြို့များကို ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီး အချိန်အနည်းငယ်အကြာတွင် အစ္စရေးက ဂါဇာ မြောက်ပိုင်းရှိ ဂျဘာလီယာ ဒုက္ခသည်စခန်းနှင့် အနီးတဝိုက်ရှိ နေရာများအား ဖယ်ရှားရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး IDF သည် “ဒုံးကျည် ပစ်လွှတ်သည့် မည်သည့်နေရာကိုမဆို တိုက်ခိုက်မည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူအေအီးထံ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချရန် အမေရိကန်ခွင့်ပြု

ယူအေအီးနိုင်ငံကို အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာလေယာဉ်များနှင့် စက်ပစ္စည်းကိရိယာများရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်ဟု အမေရိကန်အရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံကို ရောင်းချရန်ခွင့်ပြုခဲ့သည့် ပစ္စည်းများထဲတွင် အမေရိကန်၏နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးမည့် အမေရိကန်ဒေါ်လာ(၁.၃၂)ဘီလီယံ တန်ဖိုးရှိ CH-47F Chinook ရဟတ်ယာဉ်(၆)စင်းနှင့် အခြားစက်ပစ္စည်းများပါဝင်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ အမေရိကန်အရာရှိက “ယူအေအီးနိုင်ငံသည် အဆိုပါ ပစ္စည်းများကို ရှာဖွေကယ်ဆယ်ရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့နှင့် အကြမ်းဖက်မှု တန်ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုသွားပါမည်။ ယူအေအီးနိုင်ငံသည် အရှေ့ အလယ်ပိုင်းဒေသတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အရေးပါသည့် အမေရိကန်၏ မိတ်ဖက်နိုင်ငံဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါသည်။

ယူအေအီးနိုင်ငံကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သွားရောက်မလည်ပတ်မီ ရက်ပိုင်းအလိုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယူအေအီးကို စစ်လက်နက်ပစ္စည်းရောင်းချရန်ခွင့်ပြုချက် ထွက်ပေါ် လာခြင်းလည်း ဖြစ်ပါသည်။

ကိုးကား- NP News

အမေရိကန်က ပံ့ပိုးပေးထားသည့် HIMARS ဒုံးကျည်စနစ် ပစ်ခတ် စမ်းသပ်မှုကို ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်လုပ်ဆောင်

တရုတ်နိုင်ငံအား ထိန်းချုပ်ကိုင်တွယ်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံက ပံ့ပိုးပေးထားသည့် HIMARS ဒုံးကျည်စနစ်သစ်၏ ပထမဆုံးအကြိမ် ပစ်ခတ်စမ်းသပ်မှုတစ်ရပ်ကို ထိုင်ဝမ်တပ်မတော်က မေလ ၁၂ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။

အဆိုပါ ပစ်ခတ်စမ်းသပ်မှုကို နိုင်ငံတောင်ပိုင်း Pingtung စစ်အခြေစိုက်စခန်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်စမ်းသပ်ခဲ့သည့် ဒုံးကျည် ၃၃ လုံးမှာ ၁၂ ကီလိုမီတာအကွာရှိ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ထိုင်ဝမ် တပ်မတော်က ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါ HIMARS ဒုံးကျည်ပစ်ခတ်မှုစနစ်ကို ယာဉ်ပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်ပြီး ရွေ့လျားစစ်ကစားနိုင်မှုနှင့် တိကျမှုတို့ကို ပေါင်းစပ်ထားသည့် စနစ်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာဖိအားများ မြင့်တက်လာခြင်းကြောင့် ထိုင်ဝမ်က ပြီးခဲ့သည့်နှစ်အတွင်း HIMARS ဒုံးကျည်စနစ် ၁၁ ခုကို ပထမအကြိမ် အမေရိကန်နိုင်ငံထံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်အတွင်းတွင်လည်း ဆက်လက်မှာယူသွားမည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်-နစက(၄)

ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးဟုဆို

အိန္ဒိယနိုင်ငံက  ပါကစ္စတန်နိုင်ငံ၌ ရှိသော အကြမ်းဖက်သမားများကို ပစ်မှတ်ထားသည့် ဆင်းဒူးစစ်ဆင်ရေး ဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမားအယောက် ၁၀၀ ကျော် သေဆုံးပြီး ပါကစ္စတန်လုံခြုံ‌ရေး တပ်ဖွဲ့ဝင် ၄၀ ကျော်ကွယ်လွန်သွားကြောင်း အိန္ဒိယစစ်ဘက်မှ  အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်းဒူးစစ်ဆင်ရေးတွင် ညွှန်ကြားရေးမှူးအဖြစ်  တာဝန်ထမ်းဆောင်နေသည့် ရာဂျစ်ဂိုင်က အိန္ဒိယ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ လေတပ်စခန်း အနည်းဆုံး ၁၁ ခု ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ထိုကဲ့သို့   တိုက်ခိုက်လိုက်သည့်အတွက် ပါကစ္စတန်၏  စစ်ရေးစွမ်းရည်အပေါ် များစွာထိခိုက်စေကြောင်း  မေလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံရှိ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အခြေခံ အဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် ဆင်းဒူးစစ်ဆင်ရေးကို ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဆင်းဒူးစစ်ဆင်ရေးတွင် ပါကစ္စတန်၏ စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထားခြင်း မရှိကြောင်း  အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်။

Source: https://myawady.net.mm/

အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားခြိမ်းခြောက်မှုကို သည်းခံမည်မဟုတ်ဟု မိုဒီပြောကြား

အိန္ဒိယဝန်ကြီးချုပ် မိုဒီက တနင်္လာနေ့ (မေ ၁၂) တွင် “သင့်လျော်သော တုံ့ပြန်မှု” ပြုလုပ်မည်ဟု ကတိပြုလျက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ပြင်ဆင်နေကြောင်း၊ နျူကလီးယားစွမ်းအားရှိသည့် အိမ်နီးချင်း (ပါကစ္စတန်)၏ ခြိမ်းခြောက်မှုခံရပါက စစ်ရေးအရ တုံ့ပြန်မည်ဟု ညွှန်းဆိုသော ပြောကြားချက်များ ပြုလုပ်ခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်းနှင့်နယ်စပ်ရှိ ပစ်မှတ်များကို စင်ဒူးစစ်ဆင်ရေးဖြင့် တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် မိုဒီက ပထမဆုံးအကြိမ်အဖြစ် အများပြည်သူကို ပြောကြားရာတွင် “နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို ပါကစ္စတန်က အားပေးနေပြီး နယူးဒေလီ၏ လုံခြုံရေးမူဝါဒ ပြောင်းလဲထားသည်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

မိုဒီက “စင်ဒူးစစ်ဆင်ရေးသည် အကြမ်းဖက်ဝါဒကို အိန္ဒိယ၏ တုံ့ပြန်မှု ဖြစ်သည်။ ၎င်းစစ်ဆင်ရေးသည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် ထိရောက်သော စံနမူနာပြ လုပ်ဆောင်မှုအသစ်ကို မှတ်သားတွေ့မြင်စေခဲ့ပြီး ထိုကဲ့သို့ ကျင့်သုံးသွားနိုင်စေရန် ဖော်ဆောင်ပေးခဲ့သည်” ဟု ပြောကြားခဲ့ပြီး “အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို အားပေးထောက်ပံ့သော နိုင်ငံများအကြား ခွဲခြားသတ်မှတ်မှု မပြုတော့ပါ” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

“မိမိတို့၏ လုံခြုံရေးမူဝါဒစံနှုန်းများအရ သင့်လျော်သောတုံ့ပြန်မှုများ ပြုလုပ်မည်။ အကြမ်းဖက်ဝါဒ၏ အရင်းအမြစ်များ ပေါ်ထွက်လာသည့် နေရာတိုင်းတွင် ထိုက်တန်ပြင်းထန်သော အရေးယူမှုများ ပြုလုပ်မည်” ဟု ၎င်းက ကတိပေးခဲ့ပြီး “နျူကလီးယား ခြိမ်းခြောက်မှုကို နောက်ထပ် သည်းမခံတော့ပါ” ဟု မိုဒီက ဆက်လက် ပြောကြားခဲ့သည်။

NATO ကို အားဖြည့်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး EU နိုင်ငံများ အသုံးပြုရန် စီစဉ်ထား

ဥရောပသမဂ္ဂခေါင်းဆောင်နိုင်ငံများနှင့် ဥရောပကော်မရှင်တို့သည် လန်ဒန်တွင် ကျင်းပသည့် အစည်းအဝေးအပြီးတွင် NATO ၏ အခန်းကဏ္ဍနှင့် အဖွဲ့၏ စစ်ရေးစွမ်းရည်များကို မြှင့်တင်ရန် အပြည့်အဝ အားထုတ် သွားမည်ဟု ကြေညာလိုက်ပါသည်။

ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ၏ အဆင့်မြင့်ဆုံး သံတမန်တို့က “မိမိတို့၏ စုပေါင်း ကာကွယ်ရေးစွမ်းရည်၊ ထုတ်လုပ်မှုနှင့် ဥရောပ၏နည်းပညာနှင့် စက်မှုအခြေခံအဆောက်အအုံများကို အားဖြည့်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားမည်” ဟု ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထုတ်ပြန်ချက်တွင် “ဥရောပနိုင်ငံများသည် မိမိတို့၏ လုံခြုံရေးအတွက် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရမည်။ ဥရောပ-အတ္တလန္တိတ် ဒေသတစ်ခုလုံးတွင် ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်ရန်နှင့် ကာကွယ်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံခြုံရေး နှင့်ကာကွယ်ရေးဘတ်ဂျက် စိုက်ထုတ်မှုတိုးမြှင့်ခြင်းဖြင့် NATOနှင့် ဥရောပမဟာမိတ်နိုင်ငံတို့၏ ပံ့ပိုးမှု ပိုမိုအားကောင်းစေမည်” ဟု ဖော်ပြ ထားပါသည်။

ထို့အပြင် အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းသို့ လက်နက်များ ဆက်လက်ထောက်ပံ့ရန်၊ ကာကွယ်ရေးလုပ်ငန်းစွမ်းရည်ကို မြှင့်တင်ရန်နှင့် ကြည်း၊ ရေ၊ လေလုံခြုံရေးအင်အားစုများ၏ မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် စဉ်းစားနေကြောင်း၊ ယူကရိန်း၏ လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည် အားကောင်းလာရေးကိုလည်း ထောက်ခံနိုင်ကြောင်း စာတမ်းတွင် ထပ်လောင်းဖော်ပြ ထားပါသည်။

NATO နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ တူရကီတွင် စုဝေးရန် စီစဉ်ထားသည်။

ကိုးကား- TASS

Photo: CSIS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်မှုကြောင့်အိန္ဒိယဘက်က သင့်လျော်သလိုတုံ့ပြန်ရဟု ဆို

နယူးဒေလီ၊ စစ်ရေး

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် မကြာမီမှာပင် ပါကစ္စတန်ဘက်က ထိုသဘောတူညီချက်ကိုချိုးဖောက်မှုကြောင့် အိန္ဒိယဘက်က သင့်လျော်သလိုတုံ့ပြန်လိုက်ရခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို့ပြင် ပါကစ္စတန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုနှင့်ပတ်သက်၍ သင့်လျော်သလိုကိုင်တွယ် ဖြေရှင်းရန် တောင်းဆိုကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကပြောသည်။

အဆိုပါနှစ်နိုင်ငံကြားတွင် အမေရိကန် အစိုးရကကြားဝင်ဖျန်ဖြေပေးလိုက်သည့်အတွက် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုသဘောတူညီချက်မှာ မေလ ၁၀ ရက် ညနေ ၅ နာရီတွင် စတင်အသက်ဝင်ခြင်းဖြစ်သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မေလ ၇ ရက်တွင် ဆင်းဒူးစစ်ဆင်ရေးကို စတင်ကြောင်း ကြေညာကာ ပါကစ္စတန် နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို တိုက်ခိုက်မှုများလုပ်ဆောင်သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သမား ၇၀ သေဆုံးကြောင်း၊ ပါကစ္စတန်၏ စစ်ရေးပစ်မှတ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်းအိန္ဒိယအစိုးရကထုတ်ပြန်ထားသည်။

သို့သော် အိန္ဒိယ၏တိုက်ခိုက်မှုများကို ပါကစ္စတန်ကလက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်လာသည့်အတွက် နှစ်နိုင်ငံကြားတင်းမာမှုမြင့်တက်လာခြင်းဖြစ်သည်။              

Ref: Sputnik

ပါကစ္စတန်က အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ဟု အိန္ဒိယစွပ်စွဲ

အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး နာရီပိုင်းအတွင်း ပါကစ္စတန် သည် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်ရှိ ဆရီနာဂါမြို့ရှိ ပစ်မှတ်များကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယက စွပ်စွဲလိုက် ပါသည်။ 

“အပစ်အခတ်ရပ်စဲရေးက ဘာဖြစ်သွားသနည်း။ ဆရီနာဂါ မှာ ပေါက်ကွဲသံတွေ ကြားလိုက်ရသည်!!!” ဟု ဂျမူးနှင့်ကက်ရှ်မီးယား ဝန်ကြီးချုပ် အိုမာအဘ်ဒူလာ က ၎င်း၏ X မီဒီယာ အကောင့်တွင်ရေးသားခဲ့ပါသည်။ 

“ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် ပစ်ခတ်ခြင်းကို ပါကစ္စတန်တပ်ဖွဲ့များ စနေနေ့ (မေ ၁၀) က ပြုလုပ်ခဲ့ပြီး နာရီပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်။ ထို့နောက် အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ပါသည်” ဟု အိန္ဒိယတူဒေး သတင်းဌာနက စနေနေ့ (မေ ၁၀ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

 “အပစ်အခတ်ရပ်စဲရေး မရှိပါ” ဟု အဘ်ဒူလာက ပြောခဲ့ပြီး “ဆရီနာဂါ မြို့အလယ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို အသင့်အနေအထား တပ်လှန့်ထားသည်” ဟု ဆိုပါသည်။ 

အိန္ဒိယ - ပါကစ္စတန် အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (မေ ၁၀) အစောပိုင်းတွင် “အပစ်အခတ်ရပ်စဲရေး ချက်ချင်းသဘောတူညီခဲ့ကြသည်” ဟု ကြေညာထားပါသည်။

ကိုးကား- MNP

အီရန်-အမေရိကန် နျူကလီးယားကိစ္စ ၄ ကြိမ်မြောက် ဆွေးနွေးပွဲ မေ ၁၉ တွင် အိုမန်၌ ပြုလုပ်မည်

အီရန်-အမေရိကန်တို့၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ စတုတ္တအကြိမ် ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်တွင် အိုမန်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားကြောင်း၊ အချိန်နှင့်နေရာကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက သတ်မှတ်ပေးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၎င်း၏ Telegram မှတစ်ဆင့် ပြောကြားလိုက်ပါသည်။

ကိုးကား-TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃