ဂါဇာဒေသတွင် စစ်ဆေးရေးတိုးမြှင့်လုပ်ဆောင်ရန် အရန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာအား စည်းရုံး ဖြန့်ကြက်ရန်အစ္စရေးစီစဉ်
တဲအဗစ်၊ စစ်ရေး
ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆေးရေးတိုးမြှင့်လုပ်ဆောင်ရန်အတွက်အရန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာအား စည်းရုံးဖြန့်ကြက်ရန် စီစဉ်လျက်ရှိကြောင်း အစ္စရေးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မန်ဆာကပြောကြားသည်။
အစ္စရေးနိုင်ငံအနေဖြင့် ယခုရက်သတ္တပတ်အတွင်း အရန်တပ်ဖွဲ့ဝင်များကို ဂါဇာဒေသတွင်စစ်ဆင်ရေးတိုးမြှင့်ရန်နှင့် အင်အားတိုးချဲ့ရန်အတွက် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အား ပါလက်စတိုင်းနယ်မြေများအား သိမ်းပိုက်ရန်အတွက်ဖြန့်ကြက်မည်မဟုတ်ကြောင်း မန်ဆာက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့ဝင်များအား တိုးမြှင့်ဖြန့်ကြက်ခြင်းသည် ဟားမက်အဖွဲ့အား ၎င်းတို့ထိန်းသိမ်းထားသည့်ဓားစာခံများအား ပြန်လည်လွှတ်ပေးရန်အတွက် ဖိအားပေးခြင်းသာဖြစ်ကြောင်း အစ္စရေးကပြောသည်။
ထို့ပြင် ဟားမက်အဖွဲ့အနေဖြင့် ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားသည့် ဓားစာခံများကို ပြန်လည်လွှတ်ပေးပြီး လက်နက်ချမည်ဆိုပါက အစ္စရေး-ဟားမက်စစ်ပွဲသည် အဆုံးသတ်မည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောကြားထားသည်။
Ref: TNA