အိန္ဒိယသည် ပါကစ္စတန်နှင့် နယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အသင့်အပြင်ထားကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား

News Image

  • အိန္ဒိယသည် ပါကစ္စတန်နှင့် နယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အသင့်အပြင်ထားကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အရေးပေါ် အခြေအနေများအတွက် အသင့်တပ်စွဲထားကြောင်း ANI သတင်းဌာနကကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

“မမျှော်လင့်ထားသော ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် အိန္ဒိယ-ပါကစ္စတန်နယ်စပ်တစ်လျှောက် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ အားလုံးကို အသင့်ပြင်ထားပြီးဖြစ်သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါသတင်းမတိုင်မီက အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်မှ ကြားနေ ဇုန် (Line of Control) တွင် အမြောက်များ ပစ်ခတ်မှုကိုစတင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ နယ်စပ်တစ်လျှောက် ဒေသအမျိုးမျိုးတွင်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သတင်းရရှိထားသည်။

ကိုးကား - Tass