အိန္ဒိယသည် “Operation Sindoor” စစ်ဆင်ရေးနှင့် ပတ်သက်၍ ရုရှားအား အသိပေးအကြောင်းကြား
အိန္ဒိယသည် “Sindoor” စစ်ဆင်ရေးနှင့် ပတ်သက်၍ ရုရှားအပြင် အမေရိကန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ကိုလည်း အသိပေးအကြောင်းကြားခဲ့ကြောင်း အိန္ဒိယအစိုးရ အရာရှိများက သတင်းထောက် များအား ပြောကြားခဲ့ပါသည်။
“အိန္ဒိယအနေဖြင့် ယခုလုပ်ဆောင်ချက်များကို ကြိုတင်အသိပေးရန်အကြီးတန်းအိန္ဒိယအရာရှိများသည် ၎င်းတို့၏နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာ သံတမန်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ထိုနိုင်ငံများတွင် အမေရိကန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ရုရှားတို့ ပါဝင်ပါသည်” ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အိန္ဒိယ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ စစ်သွေးကြွစခန်းများတွင် အနည်းဆုံး အကြမ်းဖက်သမား ၁၂ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယရုပ်သံလိုင်း News 18 က ဖော်ပြထားပါသည်။
ကိုးကား - Tass
MM-News-Category