အိန္ဒိယသည် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပစ်မှတ်များကို တိုက်ခိုက်
အိန္ဒိယတပ်ဖွဲ့များသည် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ၏ ပါကစ္စတန်ထိန်းချုပ်နယ်မြေအတွင်းရှိ ပစ်မှတ်ကိုးခုကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါသည်။
နယူးဒေလီရှိ အိန္ဒိယအာဏာပိုင်များက အဆိုပါတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်များပေါ်တွင်သာ သီးသန့်လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ အုပ်ချုပ်ရေးဗဟိုဖြစ်သော Muzaffarabad မြို့အနီးတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ကြောင်း အစောပိုင်း မျက်မြင်သက်သေများကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြထားပါသည်။
ကိုးကား - Tass
MM-News-Category