အချုပ်အခြာအာဏာဆိုသည်မှာ ရောင်းရန်မဟုတ်ဟု မက္ကဆီကို သမ္မတ ဆို

News Image

  • အချုပ်အခြာအာဏာဆိုသည်မှာ ရောင်းရန်မဟုတ်ဟု မက္ကဆီကို သမ္မတ ဆို

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်ဘမ်းသည် မူးယစ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် အမေရိကန်တပ်များ မက္ကဆီကိုနယ်မြေ၌ ချထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသည်။ မက္ကဆီကိုအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတွင် အမေရိကန် နှင့် ပူပေါင်းဆောင်ရွက်လိုသော်လည်း ငယ်သားတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းကိုမူ လက်ခံမည် မဟုတ်ကြောင်း သူမက ပြောသွားပါသည်။ 

မက္ကဆီကိုနိုင်ငံအတွင်း အမေရိကန်၏ စစ်ရေးစစ်ဆင်ရေးများကို ခွင့်ပြုရန် ထရမ့်မှ ဖိအားပေးခဲ့သည်ဟု စနေနေ့ (မေ ၃) က Wall Street Journal တွင် ဖော်ပြခဲ့ပြီးနောက် အထက်ပါပြောစကား ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ဖန်းတနီလ်မှောင်ခိုဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် တပ်ဖွဲ့ဝင်များ ချထားရန် ထရမ့်က တွန်းအားပေးခဲ့ပြီး ထရမ့်၏ စိတ်ကူးကို ရှိန်ဘမ်းက ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

မေလ ၃ ရက် (စနေနေ့) တက္ကသိုလ်ဖွင့်ပွဲတစ်ခုတွင် ရှိန်ဘမ်းက “မှန်ပါတယ်... ထရမ့်က အမေရိကန်စစ်တပ်ကို မက္ကဆီကိုက အကူညီပေးရန် ဆိုပြီးအဆိုပြုသော်လည်း မိမိတို့၏ အချုပ်အခြာအာဏာက ရောင်းရန် မဟုတ်ပါ” ဟု သူမက ပြောပါသည်။

“ထရမ့်အနေနှင့် မက္ကဆီကိုအား ကူညီလိုပါက အမေရိကန်မှ မက္ကဆီကို သို့ လက်နက်များ စီးဆင်းမှုကို ရပ်တန့်ရန် အာရုံစိုက်သင့်သည်” ဟု သူမ က ဆက်ပြောပါသည်။ ရှိန်ဘမ်းနှင့် ထရမ့်တို့က “သမိုင်းတွင် အလုံခြုံဆုံး အနောက်တောင်နယ်စပ်ကိုရရှိရန်” နီးနီးကပ်ကပ် လုပ်ဆောင်ခဲ့ကြသည်ဟု အိမ်ဖြူတော်မှ စနေနေ့က ကြေညာချက်တွင် ဖော်ပြသော်လည်း တပ်ဖွဲ့ဝင်များ၏ ကမ်းလှမ်းမှုကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“မှောင်ခိုဂိုဏ်းများနှင့် မူးယစ်ဂိုဏ်းများကို တိုက်ဖျက်ရန် မက္ကဆီကိုက ပိုလုပ်ဆောင်ရမည်ဟု သမ္မတက ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နှစ်နိုင်ငံကြား ရင်းနှီးပြီးဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်ရေး ကူညီပေးရန် အသင့်ရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား-Myanmar National Post