သတင်းများ

ဒေါ်နယ်ထရမ့်အစိုးရသည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ပထမဆုံး လက်နက်တင်ပို့မှုကို ခွင့်ပြုခဲ့ကြောင်း ကိယက်ဗ်ပို့စ် သတင်းစာက သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြ

ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ယူကရိန်းသို့ တိုက်ရိုက်စီးပွားဖြစ် လက်နက်ရောင်းချမှုအတွက် ပထမဆုံး ခွင့်ပြုချက်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ရေးသားထားပါသည်။ ယူကရိန်းသည် အမေရိကန်မှ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် လက်နက်များကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ မှ ၅၀ အထိ စုစုပေါင်း ဝယ်ယူရန် ရည်ရွယ်ထားပါသည်။

ကိုးကား - kyiv post

ယူကရိန်းက မကြာခင်အချိန်အတွင်း ချေမှုန်းခံရနိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြော

ယူကရိန်းအနေဖြင့် ရုရှားနှင့်အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ မပါဝင်ပါက မကြာခင်ကာလအတွင်း သိသာသည့် ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူး တစ်ခုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ယူကရိန်းအတွက် စာနာမှုရှိ/မရှိဆိုသော မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်း၏ မူဝါဒသည် ယူကရိန်းကို ကယ်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခက ယူကရိန်းအတွက် ကောင်းမွန်မှုများကို

ယူကရိန်းအနေဖြင့် ရုရှားနှင့်အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ မပါဝင်ပါက မကြာခင်ကာလအတွင်း သိသာသည့် ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူး တစ်ခုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ယူကရိန်းအတွက် စာနာမှုရှိ/မရှိဆိုသော မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်း၏ မူဝါဒသည် ယူကရိန်းကို ကယ်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခက ယူကရိန်းအတွက် ကောင်းမွန်မှုများကို ယူဆောင်လာနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့် က “မိမိက ယူကရိန်းကို ကယ်တင်နေခြင်းဖြစ်သည်ဟု ထင်မြင်ပါသည်။ ယူကရိန်းသည် မကြာခင်အချိန်အတွင်း ချေမှုန်းခံရလိမ့်မည်ဟု မိမိထင်ပါသည်”ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းသည် ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို အနိုင်ရနိုင်မည် မဟုတ်ကြောင်းလည်း အမေရိကန် ဒုသမ္မတ J.D. Vance က လွန်ခဲ့သောရက်ပိုင်းက အလေးပေး ပြောကြားခဲ့ပါသည်။ J.D. Vance က “ယူကရိန်းသည် ရုရှားနှင့်ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခကို အနိုင်ရရှိနိုင်မည် မဟုတ်ပါ။ ထို့အပြင် ဆက်လက်ဖြစ်ပွားနေသည့် ရန်လိုမှုများကြောင့် ရုရှားက ပြိုလဲသွားမည်ဟု မျှော်လင့်နေမှုများကလည်း တကယ့်ကို ထူးဆန်းပါသည်” ဟုပြောခဲ့ပါသည်။

ကိုးကား-NP News

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု ပိုမိုမြင့်တက်လာပြီး ၃၆ နာရီအတွင်း အိန္ဒိယ စစ်ဆင်ရေးစတင်လာနိုင်သည်ဟု ပါကစ္စတန်ဆို

ပါကစ္စတန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးက “အိန္ဒိယသည် လာမည့် ၂၄ နာရီ မှ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်ဆင်ရေးစတင်မည်”ဟူသော ယုံကြည်စိတ်ချရသည့် ထောက်လှမ်းရေးအချက်အလက်ရှိကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၃၀) နံနက်စောစောတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါကြေညာချက်သည် နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့က စိတ်ရှည်သည်းခံမှု ရှိရန် တိုက်တွန်းခဲ့သည်။

ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတာယူလာရှ် တာရာက X (Twitter) တွင် ညသန်းခေါင်အချိန် ပို့စ်တင်ကာ “အိန္ဒိယ၏ စစ်ရေးအရေးယူမှုအတွက် ခိုင်လုံသော အချက်အလက်များ ရှိပါသည်” ဟု ဆိုခဲ့သည်။ သို့သော် မည်သည့်သက်သေအထောက်အထားကို အခြေခံထားကြောင်း ရှင်းလင်းချက် မပေးခဲ့ပေ။

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက တင်းမာမှုလျှော့ချရန် နှစ်ဖက်လုံး အား တောင်းဆိုခဲ့သည်။ CNN က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနထံ တာရာ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တုံ့ပြန်ချက်တောင်းခံရန် ဆက်သွယ် ခဲ့သော်လည်း အဖြေမရရှိသေးပါ။

ယခုအချိန်ကာလသည် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး အထူးတင်းမာ နေချိန်ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်က အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယား၏ ပါဟယ်ဂမ်မြို့တွင် အကြမ်းဖက်သမားများက ခရီးသွား ၂၆ ဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အိန္ဒိယက ပါကစ္စတန်က အဆိုပါတိုက်ခိုက်မှုတွင် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။

ပါကစ္စတန်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ကြားနာစုံစမ်းရေးကော်မရှင် ဖွဲ့ရန် အဆိုပြုခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်ပြည်ထောင်စုက ဥရောပ၏ ကာကွယ်ရေးအပေါ် အာရုံစိုက်မှုကို လျှော့ချတော့မည်

အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးပံ့ပိုးမှုများ တဖြည်းဖြည်း ရုတ်သိမ်းလာသည်နှင့်အမျှ ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေး တာဝန်များကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်ထားရမည်ဟု ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့သည်။

သူမ၏ထုတ်ဖော်ပြောဆိုချက်များသည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန် သမ္မတ Donald Trump ၏ သံတမန်ရေးရာ တင်းမာလာမှုများကြားတွင် စစ်ရေးစွမ်းရည်များ မြှင့်တင်ရန် လိုအပ်ကြောင်း ညွှန်းဆိုနေသည်။

“ရုရှား၏ ခြိမ်းခြောက်မှုသည် ပျောက်ကွယ်သွားမည်မဟုတ်ပါ။ ထို့အပြင် အမေရိကန်၏ အာရုံစိုက်မှုသည် အခြားဒေသများဆီသို့ တဖြည်းဖြည်း ရွေ့လျားလာမည်ဆိုသည်ကို ကျွန်မတို့သိထားပါသည်။ ထို့ကြောင့် ဥရောပ တိုက်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန် ကျွန်မတို့အနေဖြင့် ကိုယ်ပိုင် ကာကွယ်ရေးတာဝန်ကို ပိုမိုထမ်းဆောင်ရမည်မှာ အမှန်ပင်ဖြစ်သည်” ဟု ဗွန်ဒါလိုင်းယန်က စပိန်နိုင်ငံ ဗယ်လင်စီယာမြို့တွင် ကျင်းပသည့် ဥရောပ ပြည်သူ့ပါတီညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့သည်။

အချို့သော အဖွဲ့ဝင်နိုင်ငံများက အမေရိကန်ဦးဆောင်သည့် လုံခြုံရေး အစီအစဉ်များအပေါ် မှီခိုမှုလျှော့ချရန် နည်းလမ်းရှာဖွေနေစဉ် ဗွန်ဒါလိုင်းယန် က မတ်လတွင် ဥရောပသမဂ္ဂ၏ စစ်ရေးအရင်းအနှီးများ ပြန်လည်တည်ဆောက်ရန် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၉၁၀ ဘီလီယံ) ရှာဖွေရေးအစီအစဉ်ကို ကြေညာခဲ့သည်။

ဂျာမနီ၏ ဝန်ကြီးချုပ်လောင်း Friedrich Merzက ဖေဖော်ဝါရီလတွင် “အမေရိကန်အပေါ် မှီခိုမှုမှ တဖြည်းဖြည်းလွတ်မြောက်ရန် လိုအပ်သည်” ဟု ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ကာကွယ်ရေးတာဝန်ကို ဝါရှင်တန်အပေါ် မှီခိုအားထားရန် မဖြစ်နိုင်တော့ကြောင်း အကြိမ်ကြိမ်ထောက်ပြခဲ့ပြီး၊ ဂျာမနီနှင့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ပြင်သစ်၏ နျူကလီးယားအကာအကွယ် အောက်သို့ လွှဲပြောင်းတာဝန်ယူပေးရန် ဖွင့်ဟထားသည်။

ထရမ့်က ဥရောပရှိ NATO အဖွဲ့ဝင်နိုင်ငံများအား ပူးပေါင်း ကာကွယ်ရေးအတွက် “မျှတသော အခန်းကဏ္ဍ” မှ ပါဝင်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ယူကရိန်းအား လုံခြုံရေးအာမခံချက်ပေးရန် ငြင်းဆိုခဲ့ပြီး အမေရိကန် စစ်သားများကို ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွင် ပါဝင် စေရန် ကတိမပြုခဲ့ပေ။

မော်စကိုက ဥရောပသမဂ္ဂ၏ စစ်ရေးတိုးချဲ့မှုသည် တင်းမာမှုများကို ပိုမို ဆိုးရွားစေမည်ဟု သတိပေးခဲ့သည်။ Vladimir Putin ၏ လုံခြုံရေး အကြံပေး Nikolay Patrushev က “အနောက်နိုင်ငံများသည် ၎င်းတို့၏ စစ်လက်နက်ယန္တရားများကို ရုရှားနှင့်တိုက်ခိုက်ရန် တပ်ဆင်နေပြီး နျူကလီးယားအရေးနှင့်ပတ်သက်သည့် ကြောက်မက်ဖွယ် အခြေအနေများကို စိတ်ကူးယဉ်အိပ်မက်မက်နေကြသည်” ဟု TASS သတင်းဌာနနှင့် အင်တာဗျူးတွင် စွပ်စွဲပြောဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကလည်း မတ်လတွင် “ဥရောပသမဂ္ဂသည် ရုရှားကို “အနိုင်ယူရန်” ဆိုသည့် စိတ်ကူးယဉ်ရည်မှန်းချက်အတွက် ၎င်း၏ စီးပွားရေးကိုစတေးရန် အဆင်သင့် ဖြစ်နေသည်” ဟု ဝေဖန်ခဲ့သည်။

ကိုးကား-RT

Victory Day အထိမ်းအမှတ် မေ ၈ ရက်မှ ၁၁ ရက်အထိ စစ်ပွဲ ယာယီရပ်နားမည်

ရုရှားသမ္မတဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် မေလ ၈ ရက် ၊ နံနက် ၁၂ နာရီမှ မေလ ၁၁ ရက်၊ နံနက် ၁၂ နာရီအထိ လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ရုရှားတပ်မတော်သည် စစ်ဆင်နွှဲမှုများ ရပ်နားထားမည်ဖြစ်ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ထား ပါသည်။ 

ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အပစ်အခတ် ရပ်စဲရေးအဖြစ် အဆိုပါသတ်မှတ်ချက်ကို ရုရှားတပ်များကိုသာမက ယူကရိန်းဘက်ကလည်း အလားတူ လိုက်နာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

မော်စကိုက ယူကရိန်းနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ရှိသော်လည်း ပဋိပက္ခ၏ အရင်းခံ အကြောင်းအရင်း များ ဖြေရှင်းရမည်ဟု ပြောကြားထားပါသည်။ အကယ်၍ ယူကရိန်းက အပစ်အခတ်ရပ်နားမှုကို ချိုးဖောက်ပါက ရုရှားဘက်က ထိရောက်သော တုံ့ပြန်မှုပြုလိမ့်မည် ဟု သတိပေးထားပါသည်။ 

မော်စကိုသည် ပြီးခဲ့သည့် အီစတာပွဲတော်ကာလက နာရီ ၃၀ ကြာ အပစ် အခတ်ရပ်စဲခဲ့ပါသည်။ သို့ရာတွင် ယင်းကာလအတွင်း ယူကရိန်းတပ် များသည် ပစ်ခတ်မှု ၄,၉၀၀ ကြိမ်ကျော်ပြုလုပ်ခဲ့ပြီး အထူးစစ်ဆင်ရေး ဇုံအပြင်ဘက် ၈ ကြိမ်အပါအဝင် ဒရုန်းဖြင့် တိုက်ခိုက်မှုအကြိမ် ၉၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အိန္ဒိယနှင့် စစ်ဖြစ်ရန် နီးကပ်လာပြီဟု ပါကစ္စတန်ဆို

လွန်ခဲ့သည့်သီတင်းပတ်က အိန္ဒိယ အုပ်ချုပ်သည့် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသ၌ လူအသေအပျောက်များသည့် အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယစစ်တပ်က အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြချက်နှင့် ပါကစ္စတန် နိုင်ငံထဲသို့ ကျုးကျော်ဝင်ရောက်လာမည်ကို မျှော်လင့်ထားပါကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ဧပြီ ၂၈ က ပြောကြားခဲ့ပါသည်။

ကက်ရှ်မီးယားပြည်နယ်၊ ပါဟယ်ဂမ်တွင် ဧပြီ ၂၂ ရက်က စစ်သွေးကြွများက ခရီးသွား ၂၆ ဦးကို ပစ်သတ်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုသည် ဟိန္ဒူအများစုနေထိုင်ရာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဒေါသထွက်ခဲ့ပြီး မွတ်ဆလင်အများစုနေထိုင်သော ပါကစ္စတန်ကို လျင်မြန်စွာ အရေးယူရန် တောင်းဆိုခဲ့ကြပါသည်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ်က ပါကစ္စတန် စစ်တပ်အနေဖြင့် တိုးပွားလာနေသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။ 

“စစ်ကဖြစ်လာနိုင်သည့် အခြေအနေ ရှိနေသဖြင့် မိမိတို့အနေဖြင့် တပ်ဖွဲ့ များကို အားဖြည့်ထားပါကြောင်း၊ ထို့ကြောင့် ယင်းအခြေအနေတွင် မဟာ ဗျူဟာကျသည့် ဆုံးဖြတ်ချက်တချို့ကို ချမှတ်ရမည်ဖြစ်သည့်အတွက် အဆိုပါ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်ပါသည်” ဟု အာဆစ်က ပြောပါသည်။ 

အာဆစ်၏ အဆိုအရ ပါကစ္စတန်စစ်တပ်သည် အိန္ဒိယ၏ တိုက်ခိုက်မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ အစိုးရအား အကျဉ်းချုံး ပြောကြားထားပါသည်။ သို့သော် ၎င်း၏ဆန်းစစ်ချက်နှင့်ပတ်သက်သော ထောက်လှမ်းရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည့် အဆိုပါ နယ်စပ်ဒေသနှင့်ပတ်သက်ပြီး ၎င်းတို့အကြား၌ ယခင်ကတည်းက စစ်ပွဲများဖြစ်ခဲ့ပြီး နယ်စပ်က အကြမ်းဖက်သမားများကို ပါကစ္စတန်က ထောက်ပံ့ပေးနေသည်ဟု နယူးဒေလီအစိုးရက စွပ်စွဲထားပါသည်။

ကိုးကား-Myanmar National Post

တန်ချိန် ၁၀၀၀၀ သင်္ဘောများကိုရင်ဆိုင်မယ့် တန်ချိန် ၂၀၀ ရေယာဉ်များ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်က Type 22 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များကို တောင်တရုတ်ပင်လယ်ထဲမှာ  ဖြန့်ကြက်ချထား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအနီးနားမှာ သူတို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေဖို့အတွက် ဆက်လက်လုပ်ဆောင်လာချိန်မှာ တရုတ် တပ်မတော်က အခုလိုဖြန့်ကြက်လိုက် တာပါ။

အမေရိကန်က တောင်တရုတ်ပင်လယ်ထဲမှာအသုံးပြုနေတဲ့စစ်ရေယာဉ်များက တန်ချိန် ၁၀၀၀၀ အထက်ရှိတဲ့ ရေယာဉ်ကြီးများဖြစ်ပါတယ်။ အခု တရုတ်တပ်မတော်က ဖြန့်ကြက်လိုက်တဲ့စစ်ရေယာဉ်တွေကတော့ တန်ချိန် ၂၀၀ သာရှိတာကို တွေ့ရပါတယ်။ အဲဒီအမြန်သွားစစ်ရေယာဉ်များက တန်ချိန်အားဖြင့်နည်းပါးတယ်ဆိုသော်ငြားလည်း စစ်ရေယာဉ်ကြီးများကို ထိရောက်စွာရင်ဆိုင်ဟန့်တားနိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။

အထူးသဖြင့် Type 22 အမြန်သွားစစ်ရေယာဉ်တွေကို ကိုယ်ပျောက်နည်းပညာနဲ့တည်ဆောက်ထားတဲ့အတွက် အရေးကြီးတဲ့စစ်ဆင်ရေးလိုအပ်ချက်ကို ဖြည့် ဆည်းပေးလိုက်တဲ့သဘောပါပဲ။ မကြာ သေးမီကလုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်ခုမှာဆိုရင် တန်ချိန် ၈၀၀၀ ကြားကနေ ၉၀၀၀ ကြားရှိတဲ့ စစ်ရေယာဉ်တစ်စင်းက သတ်မှတ်ဧရိယာထဲဝင်လာချိန်မှာ Type 22 ရေယာဉ်က လျင်မြန်ဖျတ်လတ်လှတဲ့ အရှိန်နဲ့သွားပြီး အဲဒီစစ်ရေယာဉ်ကို တားဆီးနိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။                  

Ref: IE K.H

ပါကစ္စတန်နှင့် တင်းမာမှု မြင့်မားနေချိန် အိန္ဒိယက ပြင်သစ်မှ Rafale တိုက်လေယာဉ် ၂၆ စင်းဝယ်ယူ

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပြင်သစ် နိုင်ငံမှ Rafale တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါတိုက်လေယာဉ်များ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံရှိပြီး ဝယ်ယူမှုအတွက် သဘောတူလက်မှတ် ထိုးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါတိုက်လေယာဉ် ၂၆ စင်းတွင် တစ်ယောက်ထိုင်တိုက်ခိုက်ရေး လေယာဉ် ၂၂ စင်းနှင့် နှစ်ယောက် ထိုင်အမောင်းသင် လေယာဉ် ၄ စင်း ပါဝင်ကြောင်း၊ ယင်းတိုက်လေယာဉ်များကို ၂၀၃၁ ခုနှစ်တွင် အပြီးသတ် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြ ထားသည်။

ထို့ပြင် ယင်းသဘောတူညီချက်တွင် တိုက်လေယာဉ်များအတွက် ပြုပြင် ထိန်းသိမ်းမှု၊ လိုအပ်ချက်များကို ထောက်ပံ့ပေးမှုနှင့် လေယာဉ်မှူးများအား သင်တန်းပေးမှုများ ပါဝင်သည့်အပြင် လေယာဉ်အတွက်လိုအပ်သော အစိတ်အပိုင်းများကို ပြည်တွင်း၌ထုတ်လုပ်မှုတို့လည်း ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ်များကို ဝယ်ယူခြင်း သည် ရေတပ်၏ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊လေယာဉ်တင် သင်္ဘောအခြေပြု အင်ဂျင်နှစ်လုံးတပ်လေယာဉ်များကိုပြည်တွင်း၌ ထုတ်လုပ်အသုံးပြုနိုင်သည့်အချိန်အထိ ကွာဟချက်ကို ဖြည့်တင်းပေးရန်တို့အတွက်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက် အရ သိရှိရပါသည်။

ရုရှားရောက် မြန်မာ့တပ်မတော်

မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ နိုင်ငံကိုယ်စားပြု စစ်ရေးပြအဖွဲ့များ ဧပြီ ၂၇ ရက် (မော်စကိုစံတော်ချိန်) နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ အလာဘီနို လေ့ကျင့်ရေးကွင်းတွင် စစ်ရေးပြပွဲတွင် ပါဝင်သည့် နိုင်ငံများ၏ စစ်ရေးပြ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား-နစက-၁

အီရန်၏နျူကလီးယား အခြေခံအဆောက်အအုံများအားလုံးကို ဖျက်သိမ်းပစ်ရန် အစ္စရေးဝန်ကြီးချုပ်တောင်းဆို

အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံများ အားလုံးကို ဖျက်သိမ်းပစ်ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထပ်မံတောင်းဆိုခဲ့သည်ဟု သိရ ပါသည်။

အမေရိကန်နှင့်အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ လုပ်ဆောင်နေချိန်တွင် နေတန်ရာဟု၏ တောင်းဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို သုံးကြိမ်လုပ်ဆောင်ခဲ့ပြီး အဆိုပါဆွေးနွေးမှုများကို အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ သို့သော် အီရန်၏ ငြိမ်းချမ်းသည့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်များကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်သည်ဟု အိုမန်နိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အီရန်၏နျူကလီးယားအခြေခံ အဆောက်အအုံများ အားလုံးကို ဖျက်သိမ်းပစ်ရန် နေတန်ရာဟုက တောင်းဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

ထို့အပြင် အီရန်ကို နျူကလီးယားလက်နက်မရရှိစေရန် လုပ်ဆောင်သွားမည် ဟု အစ္စရေးအစိုးရဘက်က ကာလရှည်ကြာကတိပြု ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ သို့သော်လည်း အီရန်၏နိုင်ငံခြားရေးမူဝါဒ သို့မဟုတ် လမ်းကြောင်းကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများအားလုံးကို တားဆီးနိုင်မည်ဟု အီရန်ကယုံကြည်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာဂရာချီက ပြောကြားခဲ့ပါသည်။