OIC အဖွဲ့အစည်းသည် တောင်အာရှဒေသတွင် တင်းမာမှုများ မြင့်တက်လာခြင်းကို သတိပေးပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်း

News Image

  • OIC အဖွဲ့အစည်းသည် တောင်အာရှဒေသတွင် တင်းမာမှုများ မြင့်တက် လာခြင်းကို သတိပေးပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်း

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် တောင်အာရှဒေသရှိ လုံခြုံရေးအခြေအနေ ဆိုးရွားလာခြင်းအတွက် ပြင်းထန်စွာ စိုးရိမ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အိန္ဒိယ၏ ပါကစ္စတန်အပေါ် အကြောင်းမဲ့စွပ်စွဲချက်များသည် ပျက်ယွင်းနေသော ဒေသတွင်းအခြေအနေကို ပိုမိုတင်းမာစေကြောင် သတိပေးခဲ့ပါသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် OIC အဖွဲ့က ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံများသည် မကြာသေးမီက ဖြစ်ပေါ် တိုးတက်မှုများကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချပြီး သက်ဆိုင်သူအားလုံးကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

OIC အဖွဲ့သည် အိန္ဒိယ၏ ရန်လိုသော စကားလုံးများနှင့် ပါကစ္စတန်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များသည် တောင်အာရှဒေသတွင် မတည်ငြိမ်မှုများကို တိုးပွားလာစေကြောင်း ထောက်ပြခဲ့ပါသည်။

OIC အဖွဲ့သည် ၎င်း၏ မူဝါဒအရ ခိုင်မာသောရပ်တည်ချက်ကို အတည်ပြုပြီး အကြမ်းဖက်သမား မည်သူဖြစ်ပါစေ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချ ကြောင်း ပြောကြားခဲ့သည်။ သို့သော် အကြမ်းဖက်ဝါဒကို သီးခြားနိုင်ငံ၊ ဘာသာရေး၊ လူမျိုးရေး သို့မဟုတ် ယဉ်ကျေးမှုတစ်ခုခုနှင့် ဆက်စပ်ရန် ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

“OIC သည် မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ အကြမ်းဖက်ဝါဒကို ရှုတ်ချပါသည်။ သို့သော် အကြမ်းဖက်ဝါဒကို သီးခြားနိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုခုနှင့် ဆက်စပ်ရန် ကြိုးပမ်းမှုအားလုံးကို ပယ်ချသည်” ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

OIC အဖွဲ့သည် ဂျမူးနှင့် ကက်ရှ်မီးယားအငြင်းပွားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြာရှည်စွာရှိနေသော ဆုံးဖြတ်ချက်များကို တစ်ဖန်ပြန်လည် ထောက်ပြခဲ့ပြီး ယင်းအငြင်းပွားမှုကို ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အဓိကပြဿနာအဖြစ် ဖော်ပြခဲ့ပါသည်။

“ဂျမူးနှင့် ကက်ရှ်မီးယား ပြဿနာသည် တောင်အာရှ ငြိမ်းချမ်းရေးအတွက် အခြေခံကျသော အဟန့်အတားဖြစ်နေဆဲဖြစ်ပါသည်။ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်သူများသည် ၎င်းတို့၏မိမိကိုယ်ကိုဆုံးဖြတ်ပိုင်ခွင့်ကို ငြင်းပယ်ခံနေရဆဲဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။ ပူးတွဲကြေညာချက်တွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ပါကစ္စတန်၏ သည်းခံဆက်ဆံမှုနှင့် ငြိမ်းချမ်းစွာပဋိပက္ခဖြေရှင်းရေးအတွက် ကတိကဝတ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ “OIC သည် ပါကစ္စတန်၏ ရင့်ကျက်သော ချဉ်းကပ်မှုနှင့် ထိပ်တိုက်တွေ့ဆုံလိုခြင်းမရှိ ဟူသော ၎င်း၏ တစ်သမတ်တည်းသော သတင်းစကားကို အသိအမှတ်ပြုပြီး ချီးကျူးထိုက်သည်ဟု သတ်မှတ်ပါသည်” ဟု အဖွဲ့က ပြောကြားခဲ့ပါသည်။

OIC သည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ဩဇာကြီးမားသောနိုင်ငံများသည် အခြေအနေကို လျှော့ချရန်အတွက် ချက်ချင်းနှင့် ယုံကြည်စိတ်ချရသော အစီအမံများ ချမှတ်ရန်အတွက် တိုက်တွန်းခဲ့ပါသည်။ ပါကစ္စတန်နှင့်အိန္ဒိယအကြား ဆက်လက်၍ ဆက်ဆံရေး ယိုယွင်းလာမှုကို တားဆီးရန်နှင့် သဘောထားညှိနှိုင်းမှုကို မြှင့်တင်ရန်အတွက် သံတမန်နည်းလမ်းဖြင့် အားထုတ်မှုပြုရန် ပြောကြားခဲ့ပါသည်။

ကိုးကား - samaa