သတင်းများ

တန်ချိန် ၁၀၀၀၀ သင်္ဘောများကိုရင်ဆိုင်မယ့် တန်ချိန် ၂၀၀ ရေယာဉ်များ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်က Type 22 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များကို တောင်တရုတ်ပင်လယ်ထဲမှာ  ဖြန့်ကြက်ချထား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအနီးနားမှာ သူတို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေဖို့အတွက် ဆက်လက်လုပ်ဆောင်လာချိန်မှာ တရုတ် တပ်မတော်က အခုလိုဖြန့်ကြက်လိုက် တာပါ။

အမေရိကန်က တောင်တရုတ်ပင်လယ်ထဲမှာအသုံးပြုနေတဲ့စစ်ရေယာဉ်များက တန်ချိန် ၁၀၀၀၀ အထက်ရှိတဲ့ ရေယာဉ်ကြီးများဖြစ်ပါတယ်။ အခု တရုတ်တပ်မတော်က ဖြန့်ကြက်လိုက်တဲ့စစ်ရေယာဉ်တွေကတော့ တန်ချိန် ၂၀၀ သာရှိတာကို တွေ့ရပါတယ်။ အဲဒီအမြန်သွားစစ်ရေယာဉ်များက တန်ချိန်အားဖြင့်နည်းပါးတယ်ဆိုသော်ငြားလည်း စစ်ရေယာဉ်ကြီးများကို ထိရောက်စွာရင်ဆိုင်ဟန့်တားနိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။

အထူးသဖြင့် Type 22 အမြန်သွားစစ်ရေယာဉ်တွေကို ကိုယ်ပျောက်နည်းပညာနဲ့တည်ဆောက်ထားတဲ့အတွက် အရေးကြီးတဲ့စစ်ဆင်ရေးလိုအပ်ချက်ကို ဖြည့် ဆည်းပေးလိုက်တဲ့သဘောပါပဲ။ မကြာ သေးမီကလုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်ခုမှာဆိုရင် တန်ချိန် ၈၀၀၀ ကြားကနေ ၉၀၀၀ ကြားရှိတဲ့ စစ်ရေယာဉ်တစ်စင်းက သတ်မှတ်ဧရိယာထဲဝင်လာချိန်မှာ Type 22 ရေယာဉ်က လျင်မြန်ဖျတ်လတ်လှတဲ့ အရှိန်နဲ့သွားပြီး အဲဒီစစ်ရေယာဉ်ကို တားဆီးနိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။                  

Ref: IE K.H

ပါကစ္စတန်နှင့် တင်းမာမှု မြင့်မားနေချိန် အိန္ဒိယက ပြင်သစ်မှ Rafale တိုက်လေယာဉ် ၂၆ စင်းဝယ်ယူ

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပြင်သစ် နိုင်ငံမှ Rafale တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါတိုက်လေယာဉ်များ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံရှိပြီး ဝယ်ယူမှုအတွက် သဘောတူလက်မှတ် ထိုးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါတိုက်လေယာဉ် ၂၆ စင်းတွင် တစ်ယောက်ထိုင်တိုက်ခိုက်ရေး လေယာဉ် ၂၂ စင်းနှင့် နှစ်ယောက် ထိုင်အမောင်းသင် လေယာဉ် ၄ စင်း ပါဝင်ကြောင်း၊ ယင်းတိုက်လေယာဉ်များကို ၂၀၃၁ ခုနှစ်တွင် အပြီးသတ် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြ ထားသည်။

ထို့ပြင် ယင်းသဘောတူညီချက်တွင် တိုက်လေယာဉ်များအတွက် ပြုပြင် ထိန်းသိမ်းမှု၊ လိုအပ်ချက်များကို ထောက်ပံ့ပေးမှုနှင့် လေယာဉ်မှူးများအား သင်တန်းပေးမှုများ ပါဝင်သည့်အပြင် လေယာဉ်အတွက်လိုအပ်သော အစိတ်အပိုင်းများကို ပြည်တွင်း၌ထုတ်လုပ်မှုတို့လည်း ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ်များကို ဝယ်ယူခြင်း သည် ရေတပ်၏ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊လေယာဉ်တင် သင်္ဘောအခြေပြု အင်ဂျင်နှစ်လုံးတပ်လေယာဉ်များကိုပြည်တွင်း၌ ထုတ်လုပ်အသုံးပြုနိုင်သည့်အချိန်အထိ ကွာဟချက်ကို ဖြည့်တင်းပေးရန်တို့အတွက်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက် အရ သိရှိရပါသည်။

ကိုးကား-RT

ရုရှားရောက် မြန်မာ့တပ်မတော်

မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ နိုင်ငံကိုယ်စားပြု စစ်ရေးပြအဖွဲ့များ ဧပြီ ၂၇ ရက် (မော်စကိုစံတော်ချိန်) နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ အလာဘီနို လေ့ကျင့်ရေးကွင်းတွင် စစ်ရေးပြပွဲတွင် ပါဝင်သည့် နိုင်ငံများ၏ စစ်ရေးပြ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား-နစက-၁

ဖိလစ်ပိုင်နှင့်အမေရိကန်တို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုစမ်းသပ်

မနီလာ၊ စစ်ရေး

ဖိလစ်ပိုင်နှင့်အမေရိကန်တို့က ၎င်းတို့ ၏ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွင် ပထမဆုံးအဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုစမ်းသပ်သည့်အနေဖြင့် ဒုံးကျည် များကိုပစ်လွှတ်ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံသည် ဘာလီကာတန် အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စစ်သည်အင်အား ၁၇၀၀၀ ဝန်းကျင်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး  လေကြောင်းရန်ကာကွယ်ရေးစနစ်စမ်းသပ်မှုကို  ဧပြီလ၂၇ ရက်တွင်လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းကဲ့သို့လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်မှုတွင် အမေရိကန်မရိန်း တပ်ဖွဲ့မှ Madis အမျိုးအစား တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကဝေဟင်ရှိပစ်မှတ်ဒရုန်းများကို ထိမှန်အောင် ပစ်ချလိုက်နိုင်သည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံမှ Sypder အမည်ရှိ ဒုံးပစ်စနစ်ကလည်း ကိုယ်တိုင် ဒရုန်းတိုက်ခိုက်မှုရန်မှကာကွယ်ပြီး လေပိုင်နက်သို့ဝင်လာသော အနိမ့်ပျံဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်နိုင်ကြောင်းနှင့် ယင်းဒုံးကျည်စနစ်များကို  ပူးတွဲပစ်ခတ်ခြင်းဖြစ်ကြောင်းသိရသည်။                          

Ref: TST

Source: https://myawady.net.mm/

အိန္ဒိယမှ ပါကစ္စတန်နိုင်ငံသား အားလုံးနီးပါး ထွက်ခွာပြီ

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် အိန္ဒိယသို့ ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသားများ၏ ဗီဇာများကို ဖျက်သိမ်းရန် နယူးဒေလီက ဆုံးဖြတ်ပြီးနောက် အိန္ဒိယနိုင်ငံမှ ပါကစ္စတန်နိုင်ငံသားအားလုံးနီးပါးသည် နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ The Hindu သတင်းစာက ဖော်ပြခဲ့ပါသည်။

အစီရင်ခံစာအရ ဧပြီ ၂၄ ရက်ကတည်းက ပါကစ္စတန်နိုင်ငံသား ၅၃၇ ဦး သည် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ် Attari စစ်ဆေးရေးဂိတ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်းသိရသည်။ ပါကစ္စတန်နိုင်ငံသားများ အိန္ဒိယနိုင်ငံအတွင်းမှ ဧပြီလ ၂၇ ရက် နောက်ဆုံးထား၍ ထွက်ခွာရန် ထုတ်ပြန်ထားသည့် အမိန့်ကို လိုက်နာမှု ရှိ၊ မရှိ အိန္ဒိယလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် ဆက်လက်စစ်ဆေးလျက်ရှိပါသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသည် ဧပြီလ ၂၄ ရက်တွင် ပါကစ္စတန် နိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းအား ရပ်ဆိုင်းခဲ့ပြီး ဧပြီလ ၂၇ ရက်မှ စတင်ကာ ယခင်က ခွင့်ပြုထားသော ဗီဇာများကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံသားများအတွက် ဆေးကုသခွင့် ဗီဇာများသည် ဧပြီလ ၂၉ ရက်နေ့အထိ သက်တမ်းရှိနေဆဲဖြစ်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံတွင် ကာလရှည်နေထိုင်နေသော ဟိန္ဒူပါကစ္စတန်နိုင်ငံသားများနှင့် သက်ဆိုင်ခြင်းမရှိပေ။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

၂၀၂၄ တွင် ကမ္ဘာ့စစ်အသုံးစရိတ် ၉.၄% မြင့်တက်ပြီး ဒေါ်လာ ၂.၇၁၈ ထရီလီယံအထိ သုံးစွဲခဲ့ကြောင်း SIPRI ဖော်ပြ

၂၀၂၄ ခုနှစ်က ကမ္ဘာ့စစ်ရေးအသုံးစရိတ်များသည် ဒေါ်လာ ၂.၇၁၈ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး ယခင် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၉.၄% တိုးမြင့်လာခဲ့ကြောင်း၊ ထိုပမာဏမှာ စစ်အေးတိုက်ပွဲကာလအပြီးမှစ၍ အမြင့်ဆုံးနှစ်စဉ်တိုးတက်နှုန်းဖြစ်ကြောင်း စတော့ဟုမ်းရှိ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ၏ အစီရင်ခံစာက ဖော်ပြ ထားပါသည်။

အဆိုပါတိုးတက်မှုမှာ တစ်ကမ္ဘာလုံးအနှံ့ စစ်ရေးအသုံးစရိတ်များ ကျယ်ပြန့်စွာ မြင့်တက်လာမှုကို ရောင်ပြန်ဟပ်နေပါသည်။ အထူးသဖြင့် ထိုစစ်သုံးစရိတ်များမှာ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် အလျင်အမြန် တိုးတက်မြင့်တက်ခဲ့ပါသည်။

ထင်ရှားသည့်အချက်မှာ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျာမနီနှင့် အိန္ဒိယ စသည့် ၅ နိုင်ငံသည် ကမ္ဘာ့စစ်ရေးအသုံးစရိတ်၏ ၆၀% (ဒေါ်လာ ၁.၆၃၅ ထရီလီယံ) ကို သုံးစွဲခဲ့ကြပါသည်။ ထို့အပြင် စစ်ရေးဘဏ္ဍာငွေအများဆုံး နိုင်ငံ ၁၅ နိုင်ငံမှာလည်း ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ အသုံးစရိတ်များကို တိုးမြှင့်ခဲ့ကြကာ ကမ္ဘာ့စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ခန့်မှန်းခြေ ၂.၅% ကို စစ်ရေးအတွက် သုံးစွဲလာခဲ့ကြပါသည်။

၂၀၂၄ ခုနှစ်က ရုရှား၏ စစ်ရေးအသုံးစရိတ်သည် ဒေါ်လာ ၁၄၉ ဘီလီယံ အထိ ရှိမည်ဟု ခန့်မှန်းရပြီး၊ ယခင်နှစ် (၂၀၂၃) နှင့်နှိုင်းယှဉ်ပါက ၃၈% အထိ သိသိသာသာ တိုးမြင့်သုံးစွဲခဲ့ပါသည်။ ထိုပမာဏသည် ၂၀၁၅ ခုနှစ် ကထက် နှစ်ဆ ပိုမိုများပြားနေပါသည်။

ကိုးကား- TASS

Photo: Vrede

ရုရှားစစ်ဗိုလ်ချုပ်ကြီးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူကို အချုပ် တစ်လ ချမှတ်

ရုရှားဗဟိုစစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Yaroslav Moskalik ကို ဗုံးခွဲသတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ Ignat Kuzin ကို မော်စကိုရှိ တရားရုံးက ပဏာမစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဆိုကို ထောက်ခံခဲ့ပြီး တစ်လကြာ ချုပ်နှောင်ထားရန် ဆုံးဖြတ်လိုက်သည်ဟု တရားရုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားပါသည်။

Ignat Kuzin သည် ယူကရိန်းနိုင်ငံတွင် နေထိုင်ခွင့်ရရှိသူဖြစ်ပြီး ယူကရိန်း လုံခြုံရေးဝန်ဆောင်မှု (SBU) က ငှားရမ်းထားသူဟု ရုရှားအာဏာပိုင်များက ပြောကြားထားပါသည်။

Kuzin ကို ရုရှားနိုင်ငံ၏ ရာဇသတ်ပုဒ်မ ၂၀၅ (အကြမ်းဖက်မှု)၊ ပုဒ်မ ၂၂၂ ပုဒ်မခွဲ ၂ (တရားမဝင်လက်နက်ကို လက်ဝယ်ထားရှိမှု) နှင့် ပုဒ်မ ၂၂၃ ပုဒ်မခွဲ ၂ (ဗုံးပြုလုပ်မှု) တို့ဖြင့် စွဲချက်တင်ခဲ့ပြီး မော်စကိုရှိ Basmanny ခရိုင်တရားရုံးက ၎င်းကို တစ်လကြာ အချုပ်ထားရန် ဆုံးဖြတ်လိုက်ပါသည်။

Kuzin သည် ၎င်း ကျူးလွန်ခဲ့မှုကို ဝန်ခံခဲ့ပြီး ယခုအကြမ်းဖက် လုပ်ဆောင်မှု အတွက် ဝန်ဆောင်ခအဖြစ် ဒေါ်လာ ၁၈၀၀၀ ရရှိမည်ဟုလည်း ထွက်ဆိုထားပါသည်။

ကိုးကား- TASS   

Photo: Russian General

၂၄ နာရီအတွင်း ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးကြောင်း Al Jazeera ပြောကြား

ဂါဇာကမ်းမြောင်တွင် ဧပြီ ၂၆ ရက်(စနေနေ့) ၂၄ နာရီအတွင်း အစ္စရေး စစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၀ ဦး သေဆုံး သွားရကြောင်း ကာတာနိုင်ငံ Al Jazeera သတင်းဌာနက ဖော်ပြ ထားသည်။ 

အစ္စရေး ပိတ်ဆို့ထားမှုကြားတွင် ကယ်ဆယ်ရေးအေဂျင်စီများသည်နယ်မြေအတွင်း အစားအစာငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း သတင်းဌာနက အလေးပေး ပြောကြား ခဲ့သည်။ 

၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်တွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေကို ကြီးမားသောတိုက်ခိုက်မှုများ ပြုလုပ်ကာ ဇန်နဝါရီက သဘောတူညီထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ပါသည်။ 

ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရမှုအတွက် ယူကရိန်းအထူး တပ်ဖွဲ့ဝင်တစ်ဦးကို FSB က ဖမ်းဆီး

ရုရှားစစ်ဦးစီးချုပ်ရုံး၏ အဓိကစစ်ဆင်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Yaroslav Moskalik အား လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူ ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးကို FSB က ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးလိုက်ပါသည်။

ဖမ်းဆီးခံရသူ အမည်မှာ အိဂ်နတ် ကုဇင် ဖြစ်ပြီး ယူကရိန်း နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ ၁၉၈၃ ခုနှစ်ဖွား ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးဖြစ်ကြောင်း FSB ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာထား ပါသည်။

FSB ၏ စုံစမ်းမှုအရ ကုဇင်သည် ယူကရိန်းအထူးတပ်ဖွဲ့ SBU သို့မဟုတ် GUR နှင့် ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားစစ်ဦးစီးချုပ်ရုံး၏ အဓိကစစ်ဆင်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Yaroslav Moskalik အား လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူ ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးကို FSB က ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးလိုက်ပါသည်။

ဖမ်းဆီးခံရသူ အမည်မှာ အိဂ်နတ် ကုဇင် ဖြစ်ပြီး ယူကရိန်း နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ ၁၉၈၃ ခုနှစ်ဖွား ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးဖြစ်ကြောင်း FSB ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာထား ပါသည်။

FSB ၏ စုံစမ်းမှုအရ ကုဇင်သည် ယူကရိန်းအထူးတပ်ဖွဲ့ SBU သို့မဟုတ် GUR နှင့် ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား လေးဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရ

အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ဧပြီလ၂၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူလေးဦးသေဆုံးပြီး ၅၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ဟော်မော့ဂန်ပြည်နယ် ဘန်ဒါအားဘတ်မြို့ရှိ ရှာဟစ်ရာဂျီးဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လူ ၅၁၆ ဦးအား အာဏာပိုင်များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။

ထို့ပြင် အာဏာပိုင်အဖွဲ့သည် ဒဏ်ရာရရှိသူများကို ကုသမှုပေးအပ်နိုင်ရန်အတွက် ဖားပြည်နယ် ရှီရက်မြို့၌ ခုတင် ၉၀ ဆံ့ ဆေးကုသရေးစင်တာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ရှာဟစ်ရာဂျီးဆိပ်ကမ်းရှိ ဓာတ်ငွေ့သိုလှောင်ကန်တစ်ခု၌ ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း IRNA သတင်းအေဂျင်စီက ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များကို အစိုးရက စေလွှတ်ခဲ့ပြီး ရှာဟစ်ရာဂျီးဆိပ်ကမ်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့ကြောင်း သိရသည်။

Ref: Xinhua