နမ်မီးဘီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား
နမ်မီးဘီးယားနိုင်ငံအနောက်မြောက် ပိုင်း၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေပြီဖြစ်ကြောင်း အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
အိုပူဝိုခရိုင်၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ရှစ်ဦးကိုတွေ့ရှိကြောင်း၊ သေဆုံးသူ တစ်ဦးအပါအဝင် ခြောက်ဦးသည် မိသားစုတစ်စုတည်းမှဖြစ်ကြောင်း ကျန်းမာရေး နှင့်လူမှုရေးဝန်ကြီးကသတင်းစာရှင်းလင်း ပွဲ၌ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဒေသတွင်း၌ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုတစ်ခုတွေ့လျှင်ပင် ကူးစက်ရောဂါပျံ့နှံ့နေပြီဟုကြေညာနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ် စီမံခန့်ခွဲမှုစနစ်ကိုအသက်သွင်းကာ ကဏ္ဍ ပေါင်းစုံမှတာဝန်ရှိသူများနှင့်ပူးပေါင်းမှု များလုပ်ဆောင်နေကြောင်းနှင့် အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့များကိုလည်း ရောဂါဖြစ်ပွားသည့်နေရာများသို့ စေလွှတ်ထား ကြောင်းသိရသည်။
Ref: Xinhua
Photo- Namibia Daily News
MWD web portal