ရှစ်နှစ်ကြာသုတေသနပြုလေ့လာမှုတစ်ခုမှာ အကြားအာရုံကျန်းမာရေးကမှတ်ဉာဏ် ကျဆင်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အချက် တစ်ချက်ကို ပညာရှင်များကတွေ့ရှိလိုက်ပါတယ်။ ပညာရှင်များက ဘရာဇီးနိုင်ငံသား ၈၀၅ ဦးကိုရှစ်နှစ်ကြာလေ့လာမှုတွေလုပ်ခဲ့တာပါ။ သူတို့ရဲ့လေ့လာမှုအရတွေ့ရှိချက် မှာတော့ အသက် ၅၀ ကျော်လာချိန် သက်လတ်ပိုင်းမှာတွေ့ကြုံရတဲ့ အကြားအာရုံချို့ယွင်းမှုက အသက်အရွယ်ရလာချိန်မှာ မှတ်ဉာဏ်ကျဆင်းမှုဖြစ်ပေါ်စေနိုင်တယ် ဆိုတဲ့အချက်ကိုဖော်ပြထားတာ တွေ့ရပါတယ်။

ဒီတွေ့ရှိချက်ဟာ သက်ကြီးပိုင်းတွေမှာ ဒီမန်းရှား လို့ခေါ်တဲ့ ရောဂါကြောင့်ဖြစ်သောစိတ်ဖောက်ပြန်မှု ဖြစ်ပွားခြင်းကိုကာကွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။ ဒီမန်းရှားဆိုတာက မှတ်ဉာဏ်တို့၊ တွေးခေါ်မှုတို့၊ ဆင်ခြင်တုံတရားရှိမှု တို့ကျဆင်းသွားတဲ့အခြေအနေကိုခေါ်တာပါ။ ဒီအခြေ အနေကြောင့် နေ့စဉ်လူမှုဘဝနေထိုင်ရေးမှာအဟန့် အတားအနှောင့်အယှက်ဖြစ်စေတာဖြစ်ပါတယ်။
သုတေသနအရဆိုရင်လူအများစုဟာ အသက် ၅၀ ကျော်လာချိန်မှာ အကြားအာရုံချို့ယွင်းလာတတ် တယ်လို့ဆိုပါတယ်။ ဆောင်ပေါင်လိုဆေးကျောင်းမှပါမောက္ခတစ်ဦးဖြစ်တဲ့ ကလော်ဒီယာဆူအီမိုတို ဦးဆောင်တဲ့ပညာရှင်များရဲ့သုတေသနအရဆိုရင် အခု လိုအကြားအာရုံချို့ယွင်းလာခြင်းက ဒီမန်းရှား ဖြစ်ခြင်းနဲ့ဆက်စပ်နေရတဲ့ အကြောင်းရင်းနှစ်ရပ်ရှိတယ်လို့သိရပါတယ်။ ပထမအကြောင်းရင်းတစ်ခုက သောတအာရုံဆိုတာ ဦးနှောက်ဆီသတင်းအချက်အလက်ပေးပို့ဖို့ အတွက်အဓိကကျတဲ့လမ်းကြောင်း တစ်ခုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
အကြားအာရုံရရှိနေခြင်းကြောင့် ဦးနှောက်ဆီကနေတုံ့ပြန်မှုတွေကို ပြန်လည်ရရှိနေတာဖြစ်ပါတယ်။ အကယ်၍များ အကြားအာရုံမရတဲ့အခါမှာ ဦးနှောက်ကလည်း သူသိရှိထားတဲ့မှတ်ဉာဏ်တွေကိုပြန်ဖော်ထုတ်ဖို့ အားနည်းလာပါတယ်။ ဒါကြောင့်ပဲ အကြားအာရုံချို့ယွင်းခြင်းက မှတ်ဉာဏ်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်လာပါတယ်။
နောက်ထပ်အကြောင်းရင်းတစ်ခုက ပြုမူလှုပ်ရှားမှုနဲ့များစွာသက်ဆိုင်နေပါတယ်။ အကြားအာရုံချို့ ယွင်းသူများဟာ လူ့အသိုင်းအဝိုင်းနဲ့တသီးတသန့် ကွဲထွက်သွားစေပါတယ်။ အကြားအာရုံချို့ယွင်းသူတွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေဟာ သူတို့ရဲ့မိတ်ဆွေကိုစကားပြောနိုင်ဖို့အတွက် အသံကျယ်ကျယ်နဲ့ပြောရခြင်း၊ စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါပြောရခြင်း အစရှိတဲ့အခြေအနေတွေကြောင့် အကြား အာရုံချို့ယွင်းသူတွေဟာ ပတ်ဝန်းကျင်နဲ့မသိမသာကွဲထွက်လာရပါတယ်။
ဒီလိုမျိုးပတ်ဝန်းကျင်နဲ့ကွဲထွက်လာရတဲ့အတွက် အကြားအာရုံချို့ယွင်းသူတွေဟာ သူတို့ကိုယ်သူတို့ ပိတ်လှောင်လိုက်ကြပြီး ဘယ်အရာကိုမှစိတ်ပါဝင်စားမှုမရှိတော့ခြင်း၊ အများနဲ့ဝေးရာမှာသာရှင်သန်ခြင်းတို့ကြောင့် ဒီအခြေအနေဟာ ဒီမန်းရှားဖြစ်ရခြင်း အတွက် အဓိကကျတဲ့အကြောင်းရင်းတစ်ခုဖြစ်လာရခြင်းဖြစ်တယ်လို့ သုတေသနပညာရှင်များကပြောထားပါတယ်။ သုတေသနမှာပါဝင်သူအများအပြားအနေနဲ့ အကြားအာရုံချို့ယွင်းရခြင်းက အမျိုးမျိုးသောလုပ်ငန်းခွင်အခြေအနေများကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကြားအာရုံချို့ယွင်းမှုမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်အတွင်း အကာအကွယ်များတပ်ဆင်ခြင်းနဲ့ နားကြပ်နဲ့သီချင်းများနားထောင်ရာမှာလည်း အသံကျယ်လောင်စွာနဲ့ နားထောင်ခြင်းမပြုဖို့ ပညာရှင်များကသတိပေးထားပါတယ်။
Ref: STD K.H
Source: Myawady Web Portal

လန်ဒန် မေ ၂၈
ပုံမှန် နိုးထချိန်ထက် စောစောစီးစီးနိုးထနေမှုသည် သိုင်းရွိုက်အကျိတ်များ လှုပ်ရှားတုံ့ပြန်မှုလွန်ကဲခြင်းပြဿနာ (Hyperthyroidism) ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ကြောင်း မေ ၂၇ ရက် သတင်းများအရ သိရသည်။
သွိုင်းရွိုက်အကျိတ်များ လှုပ်ရှားတုံ့ပြန်မှုလွန်ကဲပါက နံနက်စောစောအချိန်များတွင် အာရုံနာ့ဗ်ဆဲလ်များကို စေ့ဆော်ပေးတတ်သည့် ဟော်မုန်းများထွက်ပေါ်မှု လွန်ကဲလာတတ်သည်။

သို့ဖြစ်ရာ နံနက်ပိုင်းပုံမှန်ထက်စော၍ နိုးကြားနေတတ်မှုသည် Hyperthyroidism ပြဿနာ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။
Hyperthyroidism ပြဿနာကြောင့် ဆံပင်များပါးလာခြင်း၊ မျက်သားခြောက်ခြင်း၊ လည်ပင်းရောင်ရမ်းခြင်း၊ စိုးရိမ်သောကဝင်ရောက်ခြင်း စသည့် ကျန်းမာရေးပြဿနာများဖြင့် ရင်ဆိုင်ရတတ်ကြောင်း သိရသည်။
Hyperthyroidism ပြဿနာသည် အဖြစ်များသော်လည်း လူအများအပြားကမူ ရောဂါလက္ခဏာများကို သတိမပြုမိကြကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Hyperthyroidism ရောဂါကြောင့် နှလုံးခုန်နှုန်း မူမမှန်မှုပြဿနာပေါ်ထွက်လာနိုင်ပြီး နောက်ဆက်တွဲအဖြစ် နှလုံးခုန် ရုတ်တရက်ရပ်တန့်မှု ဖြစ်ပွားနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ

တံတားဦး ၊ မေ - ၂၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် မိုးဦးကျတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တံတားဦး အခြေခံပညာအထက်တန်းကျောင်းတွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည် ။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် အခြေခံပညာကျောင်းများရှိ ရေတွင်း၊ ရေကန်များ၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိ၊ မရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ပွားနိုင်သည့် ရေတွင်း ၊ ရေကန် ၊ ရေအိုးများ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပေးခြင်း သောက်သုံးရေ ထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားစေရန် လဲလှယ် ပြောင်းထည့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ ဘူးခွံများမှ ရေများအားသွန်ပစ်ခြင်း ၊ ရေများမလှယ်နိုင်သည့်ရေကန်များကို ရေစစ်ဖြင့် စစ်ထုတ်ခြင်း၊ အဘိတ်ဆေး(Abate)ခတ်ခြင်း၊ စာသင်ကျောင်းခန်းမများနှင့် ကျောင်းဝန်းအတွင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြသည် ။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အ-ထ-က၊ တံတားဦးကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများနှင့် လူမှုရေးအသင်းဝင်များက ပူးပေါင်း ဆောင်ရွက်ပေးကြကြောင်းသိရှိရသည်။
ဦးရဲတင့် (ပြန်/ဆက်)

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။
အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။
ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားတို့အပေါ် မူတည်ပြီး သက်ကြီးဘိုးဘွားများနှင့် ရောဂါအခံရှိသူများတွင် မှိုဆိပ်သင့်ပါကပိုမိုပြင်းထန်စွာခံစားရနိုင်သည်ဟုလည်း သတိပေးခဲ့သည်။
ထို့ကြောင့် မှိုဆိပ်သင့်လက္ခဏာများခံစားရပါက အချိန်မီဆေးကုသမှုခံယူရန်လိုအပ်၍ နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနများသို့ ချက်ချင်းပို့ဆောင်ကာ ဆေးကုသမှုခံယူရမည်ဖြစ်ပြီး မိမိမသိသော/မစားဖူးသော မှိုမျိုးကိုမစားသုံးခြင်းသည် အကောင်းဆုံးသောကာကွယ်နည်းဖြစ်ရာ အဆိပ်ရှိသည်ဟု သံသယဖြစ်ဖွယ်မှိုများ၊ သေချာမသိသော၊ မစားဖူးသောမှိုများကို စားသုံးခြင်းလုံးဝမပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။
ကိုးကား : Popular Myanmar
Photo: Go Fresh

နယူးယောက် မေ ၂၆
ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက မေ ၂၅ ရက်တွင်ပြောကြားသည်။
အမေရိကန်နိုင်ငံ ဘီဒဗလျူအိတ်ချ် ဆေးရုံမှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီဖြည့်စွက်ဆေး နေ့စဉ်သုံးစွဲသူများ၌ မျိုးဗီဇ အခြေခံ မော်လီကျူး (DNA) ပျက်စီးမှု ပုံမှန်ထက် နည်းပါးကြောင်း သိရသည်။

မျိုးဗီဇအခြေခံ မော်လီကျူးများ ပျက်စီးမှုနှုန်းနည်းပါးမှုသည် ဇရာဝင်လာမှုအရှိန် နှေးကွေးသွားမှု လက္ခဏာဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို တစ်နေ့သုံးကြိမ် သောက်သုံးသူများ၌ မျိုးဗီဇအခြေခံမော်လီကျူး ပျက်စီးမှုနှုန်း ပုံမှန်ထက် နည်းပါးသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
သို့ရာတွင် ဗီတာမင်ဒီကို အလွန်အကျွံစားသုံးပါက သွေးအတွင်း ကယ်လ်စီယမ်ဓာတ်စုစည်းမှု များပြားလာနိုင်ကြောင်း သုတေသနပညာရှင်များက သတိပေးထားသည်။
သွေးအတွင်း ကယ်လ်စီယမ်ဓာတ် စုသည်းမှု များပြားပါက ပျို့အန်ခြင်း၊ ကျောက်ကပ်၌ ကျောက်တည်ခြင်းများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း Covid-19 ရောဂါကူးစက်မှု ၅၃,၅ဝဝ ကျော်ရှိခဲ့ပြီး ဘန်ကောက်မြို့တွင် အများဆုံးတွေ့ရှိရကြောင်း ထိုင်းအခြေစိုက် သတင်းများ၏ ဖော်ပြမှုအရ သိရသည်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၅၃,၅၆၃ ဦးရှိခဲ့သည်ဟု သိရပြီး ဘန်ကောက်တွင် ရောဂါပိုးတွေ့ရှိသူ ၉,၅၃၉ ဦးဖြင့် အများဆုံး ဖြစ်ကာ ချွန်ဘူရီတွင် (၃,၃၇၉ဦး) ၊ စမုပရာကန်တွင် (၂,၄၉၁ ဦး) ၊ နွန်ထဘူရီတွင် (၂,၂၇၈ ဦး) နှင့် ရယောင်းတွင် (၂,၂၁၀ ဦး) ဦးတို့ ပါဝင်သည် ဟု ဆိုသည်။
ထိုအထဲမှ ၅ ဦးသေဆုံးကာ ဆေးရုံတက်ရောက်ကုသခံရသူ ၂,၈၂၇ ဦးနှင့် ပြင်ပလူနာ ၅ဝ,၇၃၆ ဦးရှိကြောင်းနှင့် အဆိုပါ Covid-19 ရောဂါပိုး ကူးစက်ခံရသူများတွင် အသက် ၃ဝ-၃၉ နှစ်ကြားရှိ လူနာ ၁ဝ,၇၄ဝ ဦးဖြင့် အများဆုံးအုပ်စုဖြစ်ပြီး အသက် ၂ဝ-၂၉ နှစ်ကြား (၉,၅၂၇ ဦး) ၊ အသက် ၆ဝနှင့်အထက် (၈,၁၀၇ ဦး) နှင့် အသက်လေးနှစ်အောက် ကလေးငယ် (၄,၁၁၇) ဦးတို့ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
စမုပရာကန်တွင် Covid-19 ကူးစက်မှုများ မြင့်တက်လာမှုကြောင့် ဘန်ဖလီ ခရိုင်ရှိ Ratwinit Bangkaeo ကျောင်းကို မေလ ၂၆ ရက်နေ့ (တနင်္လာနေ့)မှ မေလ ၂၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)အထိ အွန်လိုင်း သင်ကြားရေး သို့ ပြောင်းလဲခဲ့သည်ဟု သိရပြီး ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ ထိုင်းတစ်နိုင်ငံလုံးတွင် ၂ဝ၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ Covid-19 ကူးစက်မှု ၁၈၆,၉၅၅ ဦးရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား- MHT

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါ ရောဂါများကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသော်လည်း အဆိုပါ ရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

- လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့် လက္ခဏာများ ရှိသူများ အနေဖြင့် မိမိမှအခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက်-
(က) လူထူထပ်သောနေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊
(ခ) ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ/ တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊
(ဂ) ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ/ ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း။
- တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်(Hand sanitizer)ဖြင့် မကြာခဏ စနစ်တကျဆေးကြောခြင်း၊
- ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေးသည့်အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်း။
ကျန်းမာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ် သတင်းထုတ်ပြန်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်တွင် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကြပ်မတ် ကုသမှုပေးရသော လူနာများ မရှိခြင်း၊ သေဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း သိရသည်။
ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်း မျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါ ပိုးများဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း၊ လက်ရှိ ထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါ ပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်ကြောင်း လည်း သိရသည်။
မိုးရာသီကာလ စိုစွတ်သည့် ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ်ကြည့်ရှုရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
လက်ရှိတွင် ဦးစားပေးအုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းအား ဆက်လက်အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသန ဦးစီး ဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲ များဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
ထို့ကြောင့် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- NP News

ပဲခူး မေ ၂၂
ပဲခူးမြို့ ခုတင်- ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် အကြိမ်(၃၀)မြောက် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးကြသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့နှင့်အတူ ပဲခူးမြို့ ခုတင် - ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတ အဖွဲ့အစည်း များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်နှင့် ကော်ဖီများ အခမဲ့တိုက်ကျွေးနေမှုတို့ကို လိုက်လံကြည့်ရှုသည်။
ထို့နောက်တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အားပေးစကား ပြောကြားကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက် မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီး ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ်၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး တစ်လစာ လစဉ်ပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ကင်ဘာရာ မေ ၂၂
ရိုးစင်းသည့် ဓာတ်စာပုံစံနှစ်မျိုးသည် စိတ်ကျန်းမာရေးပြဿနာများ၏ ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း မေ ၂၁ ရက် သတင်းများအရ သိရသည်။
ဩစတြေးလျနိုင်ငံ ကွင်းစတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် စိတ်ကျရောဂါနှင့် စိုးရိမ်သောကဝေဒနာလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

အလားတူ အဆီဓာတ်ပါဝင်မှုလျှော့ချထားသည့် ဓာတ်စာပုံစံများသည်လည်း စိတ်ကျန်းမာရေးပြဿနာ လက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း ဩစတြေးလျ သုတေသနပညာရှင်များက ပြောကြားသည်။
အဆီဓာတ်ပါဝင်မှု လျှော့ချထားသည့် အစားအစာများ၏ အထက်ပါအကျိုးကျေးဇူးကို အဝလွန်နေသူ၊ အင်ဆူလင်ဟောမုန်းတုံ့ပြန်နိုင်စွမ်း ကျဆင်းနေသူများ၌ ပို၍ ထင်ထင်ရှားရှား တွေ့ရကြောင်း သိရသည်။
ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် ကယ်လိုရီပါဝင်မှုကို ၁၅၀၀ ခန့်ထိသာ ကန့်သတ်ထားသော အစားအစာများဖြစ်ပြီး အဆီဓာတ်ကန့်သတ်ထားသော ဓာတ်စာများမှာ စွမ်းအင်၏ ၃၀ ရာခိုင်နှုန်းကိုသာ အဆီဓာတ်မှ ရယူနိုင်သော ဓာတ်စာမျိုးဖြစ်ကြောင်း သိရသည်။