ရုရှားနိုင်ငံသည် Oreshnik ဒုံးကျည်ကို သာမက အခြားအဆင့်မြင့်စစ်လက်နက် ပစ္စည်းများကိုလည်း ပိုင်ဆိုင်ထားကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ယက်ကော့က ဩဂုတ်လ ၁၀ ရက်တွင်ပြောသည်။
“ကျွန်တော်တို့မှာ Oreshnik ဒုံးကျည် ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် တခြား အဆင့်မြင့်လက်နက်တွေကိုလည်း ပိုင်ဆိုင် ထားပြီးဖြစ်ပါတယ်။ နာမည်တွေကိုတော့ ထုတ်မပြောတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အကြောင်းမဲ့သက်သက် အချိန်ဖြုန်းနေခဲ့တာမျိုးမရှိပါဘူး” ဟု ဆာဂျီယက်ကော့က Rossiya 1 သတင်းဌာနသို့ပြောထားခြင်းဖြစ်သည်။