သတင်းများ

ပူတင်နှင့် ထရမ့် ထိပ်သီးအစည်းအဝေးသို့ ဇီလန်စကီးအား ဖိတ်ကြားခြင်းမရှိဟု ဝါရှင်တန်ပို့စ်က ဖော်ပြ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ လာမည့်သီတင်းပတ်အတွင်း အမေရိကန်၌ ပြုလုပ်မည့် ထိပ်သီး အစည်း အဝေးသို့ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးအား ဖိတ်ကြား ထားခြင်း မရှိကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဆိုသည်။ 

ဇီလန်စကီးက ထရမ့် အဆိုပြုထားသည့် နယ်မြေလဲလှယ်မှုအစီအစဉ်ကို ပယ်ချ

ဗလာဒီမာ ဇီလန်စကီးက ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှု အချုပ်အခြာ အာဏာကို ထိန်းသိမ်းရန် ထပ်မံအတည်ပြုခဲ့ပြီး ရုရှားသို့ သွတ်သွင်း ခံထားရသော နယ်မြေအားလုံးကို ကိယက်ဗ်က ဆက်လက် တောင်းဆို ထားကြောင်း အတည်ပြုခဲ့သည်။

ထိုပြောကြားချက်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုနှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခု တွင် နှစ်ဖက်အကျိုးရှိစေရန် နယ်မြေလဲလှယ်မှုများ ပါဝင်နိုင်ကြောင်း အဆိုပြုပြောကြားပြီးနောက် မကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

အထူးမိုးလေဝသသတင်း  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ၁၁-၈-၂၀၂၅ ရက်နေ့မှ ၁၅-၈-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကခ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများ

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦးရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့သည်။

တရားမဝင်လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ပညာသင်ကြားလျက်ရှိ

တခြားဂြိုဟ်မှာနေထိုင်ဖို့ခေါ်သွားပေးမယ့် ၃၆ မိုင်အရှည်ရှိ အာကာသယာဉ်

လူကိုထက်တော်တော်များများက အာကာသဆိုတာ ကြီးကို လက်တွေ့မျက်မြင်တွေ့ရှိထား ဖူးခြင်းမရှိကြပါဘူး။ ဇာတ်ကားတွေထဲ မှာပါတဲ့ဇာတ်ဝင်ခန်းလောက်ကိုသာ ကြည့်ဖူးကြတာပါ။ အခုနောက်ပိုင်းမှာတော့ အာကာသခရီးသွား လုပ်ငန်းက တော်တော်လေးကိုတွင် ကျယ်လာနေတဲ့အနေအထားရှိပါတယ်။ မကြာသေးခင်ကပဲ ကမ္ဘာ့သူဌေးကြီးတွေက   အာကာသထဲကိုကိုယ်တိုင်ကိုယ်ကျသွားခဲ့ကြပြီးပါပြီ။

 ဂြိုဟ်တုများကိုတန်ပြန်ထောက်လှမ်းမယ့် အာကာသလေယာဉ်

ဂြိုဟ်တုတော်တော်များများကို ကမ္ဘာ ပတ်လမ်းအနိမ့်နဲ့ အလွန်နိမ့်တဲ့ ကမ္ဘာပတ်လမ်းထဲမှာ လွှတ်တင် ထားကြတာဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုတွေထဲမှာ ကင်းထောက်ဂြိုဟ်တုတွေ၊ စစ်သုံးထောက်လှမ်း ရေးဂြိုဟ်တုတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အဲဒီ ဂြိုဟ်တုတွေကို တန်ပြန်ထောက်လှမ်းမယ့်အရာ တစ်ခုတော့ မကြာခင်မှာထွက်ပေါ်လာဖို့ရှိနေတာ တွေ့ရပါတယ်။

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြား ငြိမ်းချမ်းရေးရရှိပြီဟု ဒေါ်နယ်ထရမ့်ကြေညာ

အာမေးနီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိရန် အမေရိကန်အစိုးရက စွမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုငြိမ်းချမ်း ရေးသဘောတူညီချက်အရ အာမေးနီးယား နှင့် အဇာဘိုင်ဂျန်တို့ကြား ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် သံတမန်ဆက်ဆံရေး လုပ်ငန်းများအတွက် လမ်းပွင့်သွားပြီဖြစ် ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။