သတင်းများ

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်၊ ဩဂုတ်-၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ဓာတ်မြေဩဇာများနှင့်မျိုးစေ့များ  ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ကျောက်ဆည်၊ ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာ (DrumSeeder) များ၊ ဓာတ်မြေဩဇာများ နှင့် မျိုးစေ့များ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ 

အမေရိကန်နှင့် ရုရှားကြား သဘောတူညီချက်တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂ မဖြစ်မနေ ပါဝင် ရမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် ဆို

အမေရိကန်နှင့် ရုရှားကြား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ မည်သည့်သဘော တူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kallas က ဩဂုတ် ၁၀ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

တရုတ်စီးပွားရေးအလားအလာအပေါ် အကောင်းမြင်ကြောင်း ဗြိတိန် စီးပွားရေးပညာရှင် ပြောကြား

တရုတ်နိုင်ငံ စီးပွားရေး၏အခြေခံက တည်ငြိမ်ကောင်းမွန်ပြီး ရင်းနှီးမြှုပ်နှံမှုထိရောက်နှုန်း မြင့်မား သလို သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုများသည် စဉ်ဆက်မပြတ် တိုးတက်လာရာ တရုတ် စီးပွားရေးသည် တည်ငြိမ်၊ ကောင်းမွန်စွာ တိုးတက်မည်ဟု ယုံကြည်ကြောင်း ဗြိတိန်စီးပွားရေး ပညာရှင်၊ လန်ဒန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမူဝါဒဌာန ဒါရိုက်တာဟောင်း John Ross က မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်သားအရေအတွက် ၆ နှစ်တာအတွင်း၂၀% ကျဆင်း

တောင်ကိုရီးယားတပ်မတော်ရှိ စစ်သားအရေအတွက်သည် ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ၂၀% ကျဆင်းသွားကြောင်း အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါသည်။ ထိုသို့ကျဆင်းရသည့် အဓိကအချက်မှာကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် မဖြစ်မနေစစ်မှုထမ်းရမည့် အရွယ်ရောက်ယောက်ျားလူဦးရေ သိသိသာသာ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြထား ပါသည်။

ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ ဖုန်းပြောဆိုခဲ့ကြောင်း ကရင်မလင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan နှင့် ဖုန်းဆက်စကားပြောခဲ့ကြောင်း ကရင်မလင်က သတင်း ထုတ်ပြန်ထားပါသည်။ ကရင်မလင် အဆိုအရ အဆိုပါဖုန်းခေါ်ဆိုမှုကို အာမေးနီးယား ဝန်ကြီးချုပ်ဘက်မှ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ထိုဖုန်းခေါ်ဆိုမှုအတွင်း အာမေးနီးယားဝန်ကြီးချုပ်က ပူတင်အား သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် ကျင်းပသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev တို့နှင့် တွေ့ဆုံမှုရလဒ်များကို အကျဉ်းချုပ်တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဥရောပက တစ်ထရီလီယံကျော် ဆုံးရှုံးကြောင်း ကျွမ်းကျင်သူပြော

ဥရောပသည် ရုရှားကို စွမ်းအင်နယ်ပယ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည့်အတွက် မိမိဘက်၌ ပြန်လည်ထိခိုက်ပြီး ယူရိုငွေ တစ် ထရီလီယံကျော် ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း ဆုံးရှုံး နစ်နာမှုများ ပိုမိုရှိလာမည်ဖြစ်ကြောင်း Greek-Russian Club ဥက္ကဋ္ဌ Theodoros Ignatiadis ပြောကြားထားပါသည်။

အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်း ထရမ့်၏ အခွန်စည်းကြပ်မှုခံရမည်

အမေရိကန်သို့ တင်ပို့နေသည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်းခန့်မှာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှု ခံရမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဩဂုတ်လ ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

ပူတင်-ထရမ့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်သည့် မျှော်မှန်းချက်များကို ရုရှားက ထုတ်ဖော်

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က သမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ အလက်စကာထိပ်သီးအစည်းအဝေးကို ဆက်ဆံရေးတင်းမာမှုများ ပြေလျော့ရန်နှင့် ရှည်ကြာနေသော အငြင်းပွားမှုများကို ဖြေရှင်းရန် အခွင့် အရေးတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က Izvestia သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Ryabkov က ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံး      ပြည်နယ်ဖြစ်သော အလက်စကာတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်သာမက အမေရိကန်သမ္မတဟောင်း Joe Biden ၏ အုပ်ချုပ်မှုကာလအတွင်း

ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်းနိုင်ငံများက နယ်မြေဆိုင်ရာ အငြင်းပွားမှုများကို စွန့်လွှတ်

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် သောကြာနေ့ (ဩဂုတ် ၈) က လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်ဦး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို တစ်ဦးက အပြန်အလှန် လေးစားရန်သဘောတူညီခဲ့ကြကြောင်း နှစ်နိုင်ငံမှထုတ်ပြန်သည့် စာတမ်း တွင် ဖော်ပြထားသည်။