ရွေးကောက်ခံသမ္မတထရန့်က ထိုင်ဝမ်နိုင်ငံအား မိတ်ဆွေအဖြစ်သဘောထားခဲ့ပြီး လက်နက်အများအပြား ရောင်းချပေးခြင်း၊ သံတမန်များ အလည်အပတ် စေလွှတ်ခြင်းများကို ၎င်း၏ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယသက်တမ်းအတွက် မဲဆွယ်မှုများပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသည် အမေရိကန်၏ အီလက်ထရောနစ် စီးပွားရေးကို ခိုးယူသည်ဟု ထရန့်က ပြောကြားခဲ့ ပါသည်။
ဘိုင်ဒန်အစိုးရသည် တာဝန်ကုန်ဆုံးမည့်နောက်ဆုံးရက်များအတွင်း ယူကရိန်းသို့ စစ်ဖက်ဆိုင်ရာလက်နက်များ ထောက်ပံ့ပေးမှုကို ၂၀၂၅ ခုနှစ် တာဝန်မလွှဲပြောင်းမီ ရက်အထိ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်၏ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားလိုက် ပါသည်။
အီဂျစ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု မြှင့်တင်သည့်အနေဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို နိုင်ငံတောင်ပိုင်း အက်ဝမ်ဒေသတွင် ဝန်ကြီးချုပ် မူစတာဖာ မတ်ဗော်လီက ဒီဇင်ဘာ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
နေတိုးအကြီးအကဲ Mark Rutte က အတ္တလန္တိတ် ဖြတ်ကျော်မဟာမိတ်အဖွဲ့အနေဖြင့် လာမည့်နှစ်များ တွင် ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ဒီဇင်ဘာ ၁၂ ရက်က သတိပေးပြောကြားလိုက်ပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် (၅၈)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အတွက် ပုပ်ရဟန်းမင်းကြီး Francis က “ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ငြိမ်းချမ်းမှုကိုဆောင်ကြည်း ပေးတော်မူပါ” ခေါင်းစဉ်ဖြင့် ဆုတောင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။
အာဖရိကနိုင်ငံ၏အရှေ့ဘက် ကမ်းလွန် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြင်သစ်နိုင်ငံ၏ပိုင်နက်ဖြစ်သော Mayotte ကျွန်းစုကို ဒီဇင်ဘာ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်နေ့က ကျွန်းစုကို တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း Chido ကြောင့် လူရာနှင့်ချီ သေဆုံးဖွယ်ရာရှိကြောင်းနှင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း Mayotte တာဝန်ရှိသူများက ဒေသခံမီဒီယာကို ပြောကြားခဲ့သည်ဟုသိရသည်။
အမေရိကန်မဂ္ဂဇင်း Newsweek က တတိယကမ္ဘာစစ်၏ ရှေ့တန်းစစ်မျက်နှာစာဟု ယူဆရသည့် မြေပုံတစ်ခုကို ပြသခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြထား ပါသည်။ အဆိုပါ ထုတ်ဝေမှုအရ ဥရောပတိုက်၏ ရှေ့တန်းစစ်မျက်နှာသည် ရုရှားနှင့် ဖင်လန်နယ်စပ်မှ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လီသူးယေးနီးယား၊ ဆွီဒင်နှင့် ပိုလန်မှ ဂျာမနီအထိ ကျယ်ပြန့်နိုင်ပါသည်။ ထိုမဂ္ဂဇင်းသည် ပိုလန်နှင့် လီသူးယေးနီးယား အကြား ဆွာဝယ်ကီလမ်းကြောင်းကို အထူးအာရုံစိုက်ခဲ့ပြီး၎င်း၏ အမြင်အရ ရုရှားနိုင်ငံ၏ ကလင်နင်ဂရတ် ဒေသနှင့်ဘီလာရုစ်အကြား တည်နေရာကြောင့် ပထမဆုံး တိုက်ခိုက်ရာနေရာ ဖြစ်လာနိုင်ကြောင်း ဖော်ပြထား ပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အထည်ချုပ်မဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှုနှင့်စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခြောက်ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အန်းပွန်မိုနီရော့စ်က ပြောကြားသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် Tartus ၊ Hama နှင့် Latakia ပြည်နယ်များရှိ ဆီးရီးယားစစ်တပ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း Latakia နှင့် Tartous ရှိ စစ်အခြေစိုက်စခန်းများကို အစ္စရေးလေတပ်က ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ အရ သိရှိရပါသည်။ ထို့အပြင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအလယ်ပိုင်း ဟာမာနှင့် ဟုမ်းပြည်နယ်များတွင် ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။
နေပြည်တော် ဒီဇင်ဘာ ၁၆
တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။