သတင်းများ

ရုရှားက ကလပ်စတာ ထိပ်ဖူးတပ်ထားသောဒုံးကျည်ဖြင့် ယူကရိန်း လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်

ယူကရိန်းက ရုရှားဘက်မှ ကလပ်စတာထိပ်ဖူးတပ်ထားသော ဒုံးကျည် များဖြင့် ၎င်း၏ လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ အခြားအနည်းငယ်ဒဏ်ရာရကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထရမ့်၏ Big, Beautiful Bill ဥပဒေကြောင့် အမေရိကန် ဆင်းရဲသားများ ပိုမိုဆင်းရဲလာမည်

အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) ၏ အဆိုအရ ထရမ့်၏ ဥပဒေကြမ်းသည် အမေရိကန်၏ အဆင်းရဲဆုံးလူတန်းစားများအား ဝင်ငွေလျော့နည်းစေပြီး အချမ်းသာဆုံးများမှာမူ ပိုမိုချမ်းသာလာမည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အမေရိကန်လူဦးရေ၏ ၁၀% ရှိသည့် အဆင်းရဲဆုံးအုပ်စုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ် ရေးထိုး ခဲ့သော "Big and beautiful act" (OBBBA) အောက်တွင် Medicaid နှင့် အစားအစာအထောက်အပံ့ကဲ့သို့သော အစိုးရထောက်ပံ့မှု အစီအစဉ်များ ကို ကန့်သတ်ခံရခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁,၂၀၀ ခန့် ဆုံးရှုံးမည် ဖြစ်သည်။

EU က ရုရှားကို (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှုအစီအစဉ် စတင်ရန် ပြင်ဆင်

EU ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Kaja Kallas က EU သည် ရုရှား အပေါ် (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ်ကို စတင် ဆောင်ရွက် မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မော်စကိုအား မည်သည့်လျှော့ပေါ့မှုမျှ မပြုလုပ်သင့်ကြောင်း သတိပေးခဲ့သည်။ 

နယ်မြေလွှဲပေးရေးအပေါ် ဇီလန်စကီး၏ သဘောထားပျော့ပျောင်းလာ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားနှင့် ဖြစ်နိုင်ခြေ ရှိသော ပဋိပက္ခဖြေရှင်းရေးတစ်စိတ်တစ်ပိုင်းအနေဖြင့် နယ်မြေ လွှဲပေးရန် နှင့် လက်ရှိရှေ့တန်းစစ်မျက်နှာများကို ရပ်တန့်ရန် သဘောတူ နိုင်ကြောင်း Daily Telegraph သတင်းစာက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် အရင်း အမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ ၎င်းသည် ယခင်သီတင်းပတ် များအတွင်းက နယ်မြေစွန့်လွှတ်ရေးနှင့်ပတ်သက်၍ အတိအလင်း ငြင်းဆို ခဲ့သည်။

ထိုင်းစစ်တပ်က မကြာသေးခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှုအပြီး မိမိ ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာ

ထိုင်းဘုရင့်တပ်မတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက ထိုင်းနိုင်ငံ Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းအနီးတွင်ကမ္ဘောဒီးယား တို့ထောင်ထားသော မြေမြှုပ်မိုင်းပေါက်ကွဲမှုအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အရေးကို အသုံးပြုနိုင်ကြောင်း ပြောကြားလိုက်သည်။ ထိုင်းတပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree က "အဆိုပါမိုင်းပေါက်ကွဲမှုသည် Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းနေရာမှ ၁ ကီလိုမီတာအကွာတွင်ရှိသည့် တပ်သားများ၏ ပုံမှန်စောင့်ကြည့် လှည့်လည်ရာ လမ်းကြောင်း၌ ယနေ့(ဩဂုတ်၁၂) နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပ

ထိုင်းအစိုးရက နယ်စပ်နေပြည်သူများအတွက် အိမ်အသစ်များထောက်ပံ့

ထိုင်းအစိုးရသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် အိမ်များအတွက် ယူဘွန်ရာဇဌာနီပြည်နယ်၊ နမ်ယွမ်ခရိုင်ရှိ နေထိုင်သူများအား အသင့်နေ အိမ်များကို စတင်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ Phumtham Wechayachai က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် နယ်စပ်တစ်လျှောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များနှင့် ဒေသခံများ၏ အခက်အခဲများကို ဖြည့်ဆည်းရန် တရားရေး ဝန်ကြီး Tawee Sodsong နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich တို့အား တာဝန်ပေးအပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ နမ်ယွမ်ခရိုင်တွင် ပြု

ဂျယ်လီငါးများကြောင့် ပြင်သစ်နျူကလီးယားစက်ရုံ ရပ်ဆိုင်းခဲ့ရ

ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ နျူကလီးယားစွမ်းအင်စက်ရုံတစ်ခု၏ ရေ လည်ပတ်မှုစနစ်အတွင်းသို့ ဂျယ်လီငါးအုပ်ကြီးဝင်ရောက်မှုကြောင့် ယာယီပိတ်သိမ်းခဲ့ရကြောင်း စက်ရုံက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ဟိုလိုကော့စ်သင်ခန်းစာများကို မေ့လျော့သွားပြီဟု ရုရှား သံတမန် ပြောဆို

အစ္စရေးသည် ဟိုလိုကော့စ်သင်ခန်းစာများကို လျစ်လျူရှုကာ ဂါဇာမြို့ကို သိမ်းပိုက်ရန် အစီအစဉ်ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က သတိပေးခဲ့သည်။ အနောက်ဂျေရုဆလင်က သိမ်းပိုက်ရန် အတည်ပြုချက်ကို ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေး တွင် သံတမန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရမ့်က တရုတ်နိုင်ငံအပေါ် တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့် ကာလ ထပ်မံသက်တမ်းတိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် တရုတ်နိုင်ငံအပေါ် တိုးမြှင့်စည်းကြပ်ခွန်ချမှတ်ရန် ဆိုင်းငံ့ထားသည့် ကာလကို နောက်ထပ် ရက် ၉၀ ထပ်မံသက်တမ်းတိုးလိုက်သည်။ တရုတ် အစိုးရကလည်း အလားတူသဘောထား ပြန်လည်ဖော်ပြလျက် အမေရိကန် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုဆိုင်းငံ့ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၁၁

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၀) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။