နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သန္တာကျောက်တန်းများ၊ ဖြူဖွေးကျယ်ပြောလှသော သဲသောင်ပြင်များ ပိုင်ဆိုင်ထားသည့် မော်လဒိုက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် အားလပ်ရက်များ အတွင်း သွားရောက်လည်ပတ်ရန်ကောင်းသည့် ကမ္ဘာ့ ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်လာပြီဖြစ်သည်။

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် အထူးစစ်ဆင် ရေးဇုန်အတွင်း အခြေအနေများနှင့် ရုရှား၏နောက်ဆုံးပေါ်လက်နက်များအကြောင်းကို ၎င်း၏CSTO မိတ်ဖက်နိုင်ငံ များအား နိုဝင်ဘာလ ၂၈ ရက်နေ့၊ ကာဇက်စတန်နိုင်ငံ Astana တွင် ကျင်းပပြုလုပ်နေသည့် CSTO ထိပ်သီး အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း ကရင် မလင်သတင်းဌာနက ဖော်ပြထားသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် CSTO အဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များကို ၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့၌ မော်စကိုတွင် ကျင်းပပြုလုပ်မည့် မဟာ မျိုးချစ်စစ်ပွဲတွင်အောင်ပွဲခံခြင်း နှစ် ၈၀ပြည့် အထိမ်း အမှတ်အခမ်းအနားသို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့ပြီး CSTO နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအား ရင်ပြင်နီတွင် ရုရှားစစ်မှုထမ်းများနှင့်အတူ ပါဝင်ဆင်နွှဲ ခွင့်ပြုမည်ဟု ပြောကြားခဲ့ကြောင်း ကရင်မလင် မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။
ကိုးကား - kremlin.ru

ရုရှားနိုင်ငံသည် မကြာမီကာလအတွင်း နောက်ထပ် လက်နက်များ ထပ်မံတီထွင်နိုင်မည်ဖြစ်ကြောင်း၊ ရုရှား နိုင်ငံထုတ်X-101 တာဝေးပစ်ဒုံးကျည်သည် ဥရောပနိုင်ငံ ထုတ်တာဝေးပစ်စနစ်များ၏ အကွာအဝေးကို သိသိ သာသာ ကျော်တက်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ Iskander စနစ်၏ ပြုပြင်မွမ်းမံမှုများသည် ATACMS ဗားရှင်းသုံးမျိုးလုံး၏စွမ်းရည်နှင့်ညီမျှကြောင်း သမ္မတ ဗလာဒီမာပူတင် က CSTO ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကိုးကား - kremlin.ru

ရုရှားတပ်မတော်သည် အထူးစစ်ဆင်ရေး စတင်ချိန် မှစ၍ ယူကရိန်းတို့၏ စုစုပေါင်း လေယာဉ် ၆၄၉ စီး၊ ရဟတ်ယာဉ် ၂၈၃ စင်း၊ မောင်းသူမဲ့လေယာဉ် ၃၆,၈၈၂ စီး၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၅၈၆ စင်း၊ တင့်ကား၁၉,၅၂၀ စီးနှင့် အခြားသံချပ်ကာတိုက်ခိုက်ရေး ယာဉ် ၁,၄၉၂ စီး၊ ပစ်လွှတ်သည့် ဒုံးပျံစနစ် အပါအဝင် အမြောက် ၁၈,၆၄၇ လက်၊ စိန်ပြောင်း ၂၈,၇၈၃ လက်နှင့် အထူးစစ်ယာဉ်များကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့ ၌ ၎င်းတို့၏ အထူးစစ်ဆင်ရေးဆောင်ရွက်မှု အစီရင်ခံ စာတွင် ဖော်ပြထားပါသည်။

“စစ်ပွဲအတွင်း ယူကရိန်းတပ်မတော်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၆၀၀၀၀ မှ ၁၀၀,ဝဝဝ ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၄၀၀,ဝဝဝသည် ဒဏ်ရာ အပြင်းအထန်ရဖွယ်ရှိကာ ဆက်လက်တိုက်ပွဲဝင်ရန် မဖြစ်နိုင်” ဟု The Economist သတင်းက ရေးသား ဖော်ပြသည်။

တောင်ကိုရီးယားနိုင်ငံသား ၈၂ ရာခိုင်နှုန်းက ယူကရိန်း ကို စစ်ရေးအကူအညီပေးနေခြင်းကို ဆန့်ကျင်ကြောင်း Reuters သတင်းကဖော်ပြပါသည်။
ယူကရိန်းနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံကို လက်နက် မျိုးစုံအတွက် အကူအညီပေးနိုင်ရန် တောင်းဆိုထားပြီး တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနှင့် ရုရှား တို့၏အနာဂတ်ခြေလှမ်းပေါ်တွင် မူတည်၍ ယင်းအကူ အညီကို စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်
ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။