သတင်းများ

အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်တွင်  ရုရှား-တရုတ် လေကြောင်း ကင်းလှည့်

ရုရှားလေကြောင်းတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေကြောင်းတပ်ဖွဲ့တို့က အနောက် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ပူးတွဲလေကြောင်း ကင်းလှည့်မှု ပြုလုပ်ခဲ့ကြပါသည်။ 

အဆိုပါ  ကင်းလှည့်မှုသည်  ရုရှား-တရုတ်တို့၏  ၉ ကြိမ်မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှု၏ ဒုတိယ အဆင့်ဖြစ်ပြီး အခြားတတိယနိုင်ငံကို ရည်ရွယ်ထားခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်စွာ တိုးတက်လာမှုကို ဖော်ပြနေကြောင်း သိရှိရသည်။ 

ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်က မစဉ်းစားထား

ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်ကမစဉ်းစားထားကြောင်း သမ္မတ ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး Sullivan က ABC News သို့ ပြောကြားခဲ့သည်။

ကိုးကား - ABC News

ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ်နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိ

ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ် နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာ ကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့ကြောင်း IZ သတင်းဌာနကဖော်ပြထားသည်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစာရင်းတွင် ချန်လှပ်ထားမှုကို စိတ်ပျက်မိကြောင်း  ရုရှားဘောလုံး အကြီးအကဲ ပြောကြား

“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရမည့်စာရင်းတွင် ရုရှားဘောလုံးအသင်းကို ချန်လှပ်ထားခြင်းကို စိတ်ပျက်မိကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ကတည်းက FIFA  က ရုရှားကို မည်သည့် နိုင်ငံတကာပွဲများတွင်မဆို ပါဝင်ထည့်သွင်းခြင်းမရှိတော့ကြောင်း” ရုရှားဘောလုံးအသင်းဥက္ကဌ Alexander Dyukov က ပြောကြားလိုက်သည်။ 

ကနေဒါအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထရန့်ခြိမ်းခြောက်မှု အသက်ဝင်လာမလား

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က  ကနေဒါမှ တင်သွင်းလာမည့်  ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့်  Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။ 

Novaya Zemlya ကျွန်းစုရှိ ရုရှားနိုင်ငံ၏ စမ်းသပ်မှု များပြုလုပ်သည့်နေရာသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေ

Novaya Zemlya ကျွန်းစုရှိ ရုရှားနိုင်ငံ၏ စမ်းသပ်မှုများ ပြုလုပ်သည့်နေရာသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁၂  အဓိက ညွှန်ကြားရေးမှူးရုံး အကြီးအကဲဟောင်း  ဗိုလ်မှူးကြီး ဗလာဒီမာ ဗာခို့ဗ်က TASS သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုးကား - TASS သတင်းဌာန

ရုရှားတပ်မတော်သည် ယူကရိန်းစစ်တပ်၏ စစ်လေယာဉ်ကွင်းများရှိ အဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်

ရှားတပ်မတော်သည် ယူကရိန်းစစ်တပ်၏ စစ်လေယာဉ်ကွင်းများရှိ အဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အထူးစစ်ဆင်ရေး ဆိုင်ရာတိုးတက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ရုရှားတပ်ဖွဲ့များသည် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ယူကရိန်းလက်နက်ကိုင် စစ်သွေးကြွ ၁,၅၁၀ ဦး အထိချေမှုန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါ်

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း Sputnik သတင်းဌာနမှ ဖော်ပြထားသည်။

၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်ဝန်ထမ်း ၈၂,၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထား သည်။ 

ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီခိုလှုံရာ စင်တာ ၃၀၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အမေရိကန်သည် အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းမှ ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်

အမေရိကန်သည် အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းမှ ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြား ရေးဒုတိယဝန်ကြီး Sergey Ryabkov က ပြောကြား ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ရုရှားကို ထိခိုက်စေရန် အခွင့်အလမ်းအားလုံးကိုအသုံးပြုရန်ကြိုးပမ်းသော်လည်း အထူးစစ်ဆင်ရေး၏ တာဝန်များကိုပြီးမြောက်အောင်ဆောင်ရွက်မည့် ရုရှားနိုင်ငံကို တားဆီးနိုင်မည်မဟုတ်ကြောင်း Sergei Ryabkov က ပြောကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှား နိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ် ခွင့်ပြုချက်ကို ရှုတ်ချ

က်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ်ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း RIA Novosti သတင်းဌာနကဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည်ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဗျဲလူးဆော့ဗ်နှင့် တွေ့ဆုံစဉ်ရုရှားနယ်မြေအတွင်းသို့ အနောက်နိုင်ငံများက တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ပေးထားသော ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။