ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်သည် အထူးစစ်ဆင် ရေးဇုန်အတွင်း အခြေအနေများနှင့် ရုရှား၏နောက်ဆုံး ပေါ်လက်နက်များအကြောင်းကို CSTO ထိပ်သီးအစည်း အဝေးတွင် ရှင်းလင်းပြောကြား

News Image

  • ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်သည် အထူးစစ်ဆင် ရေးဇုန်အတွင်း အခြေအနေများနှင့် ရုရှား၏နောက်ဆုံး ပေါ်လက်နက်များအကြောင်းကို CSTO ထိပ်သီးအစည်း အဝေးတွင် ရှင်းလင်းပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် အထူးစစ်ဆင် ရေးဇုန်အတွင်း အခြေအနေများနှင့် ရုရှား၏နောက်ဆုံးပေါ်လက်နက်များအကြောင်းကို ၎င်း၏CSTO မိတ်ဖက်နိုင်ငံ များအား နိုဝင်ဘာလ ၂၈ ရက်နေ့၊ ကာဇက်စတန်နိုင်ငံ Astana တွင် ကျင်းပပြုလုပ်နေသည့် CSTO ထိပ်သီး အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း ကရင် မလင်သတင်းဌာနက ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် Oreshnik ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် အတွက် ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် လက်ရှိအချိန်တွင် ယူကရိန်းရှိ ပစ်မှတ်များကို ရွေးချယ်နေကြကြောင်း၊ ယူကရိန်းရှိ ဆုံးဖြတ်ချက်ချရေးစင်တာများသည် Oreshnik တိုက်ခိုက်မှုများအတွက် ပစ်မှတ်များဖြစ်လာနိုင်ကြောင်း၊ ရုရှားသည် တာဝေးပစ်ဒုံးကျည်များ အသုံးပြုမှုနှင့် ပတ်သက်၍ နေတိုးအား သတိပေးခဲ့ကြောင်း၊ ရုရှား၏ ဒုံးကျည်ထုတ်လုပ်မှုသည် NATO အဖွဲ့၏ စုပေါင်း ထုတ်လုပ်မှုထက် ၁၀ ​​ဆ ရှိကြောင်း၊  ရုရှားသည် အသံထက်မြန်သော ဒုံးကျည်ထုတ်လုပ်မှုကို လေးပုံ တစ်ပုံ တိုးမြှင့်မည်ဖြစ်ကြောင်း၊ Oreshnik ဒုံးကျည် များသည် ပြိုင်ဘက်မရှိသေးကြောင်း၊ ကမ္ဘာပေါ်တွင် ရုရှား၏ Oreshnik နှင့်ညီမျှသည့် အမျိုးအစား မရှိ သေးကြောင်း၊ မကြာခင်အချိန်အထိ အမျိုးအစားတူ ပေါ်လာနိုင်မည်မဟုတ်ကြောင်း သမ္မတပူတင်က ရှင်းပြ ခဲ့ပါသည်။

Oreshnik ဒုံးကျည်များ၏ ကြီးမားသော တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုသည် နျူကလီးယားလက်နက်များ အသုံးပြုမှုနှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်ကြောင်း၊ Oreshnik ဒုံးကျည်၏ ထိခိုက်ပျက်စီးနိုင်သော ဒြပ်စင်များ၏ အပူချိန်သည် ၄,၀၀၀ ဒီဂရီစင်တီဂရိတ်အထိရှိပြီး၊ Oreshnik ပေါက်ကွဲမှု၏ ဗဟိုချက်ရှိ အရာအားလုံးသည် အခြေခံ အားဖြင့် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားနိုင် ကြောင်း၊ ရုရှားနိုင်ငံ၏ပိုင်နက်ထဲသို့ ယူကရိန်းဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို တုံ့ပြန်သည့်အနေဖြင့်ယူကရိန်းရှိအဆောက်အအုံများကို တိုက်ခိုက်မှုအသစ်များ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရုရှားသည် ၎င်း၏နယ်မြေပေါ်တွင် ဖြစ်ပွားနေသောတိုက်ခိုက်မှုများ အပေါ်တုံ့ပြန်၍ ယူကရိန်း၏ စစ်တပ်အဆောက်အအုံ များကို ဒုံးကျည်ပေါင်း ၁၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗလာဒီမီယာပူတင်က CSTO ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုးကား - kremlin.ru