သတင်းများ

၂၀၂၄ အိုက်စလန်ရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အနိုင်ရ

၂၀၂၄ ခုနှစ် အိုက်စလန်ရွေးကောက်ပွဲတွင် ဆိုရှယ် ဒီမိုကရက်တစ်ပါတီ အနိုင်ရကြောင်း တနင်္လာနေ့တွင် နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကြေညာလိုက်ပါသည်။ဆိုရှယ်ဒီမိုကရက်ပါတီက မဲအများဆုံး ရရှိသော်လည်း ညွှန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်မည်ဖြစ်ပါသည်။

သားဖြစ်သူ တရားစွဲခံထားရသည့် ရာဇဝတ်မှု ၂ ခုကို  ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်

သားဖြစ်သူ ဟန်တာဘိုင်ဒန် တရားစွဲဆိုခံနေရသည့် ရာဇဝတ်မှု ၂ ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါသည်။  ဘိုင်ဒန်အနေဖြင့် သားဖြစ်သူ သေနတ်ဝယ်ယူမှုနှင့် အခွန်တိမ်းရှောင်မှုစသည့် ရာဇဝတ်မှုနှစ်ခုဖြင့် တရားစွဲဆိုခံထားသည့်အပေါ်  လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် အစီအစဉ် မရှိဟု ယခင်က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးသည်။

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz သည် လွန်ခဲ့သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသို့ ရောက်ရှိ

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz သည် လွန်ခဲ့သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသို့  ရောက်ရှိခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

၎င်းသည် ယူကရိန်းခေါင်းဆောင် ဇယ်လင်စကီးနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယူရို သန်း ၆၅၀ တန်ဖိုးရှိ လက်နက်များကို ဒီဇင်ဘာလတွင် ယူကရိန်းသို့ ထပ်မံပေးပို့မည်ဟု ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား - Reuters 

မလေးရှားနိုင်ငံရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လူပေါင်း ၁၃၄၅၂၄ ဦး ခိုလှုံ

ကွာလာလမ်ပူ ဒီဇင်ဘာ ၂

မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ဒီဇင်ဘာ ၂ ရက်အထိ သေဆုံးသူ ခြောက်ဦးရှိလာကြောင်းနှင့် ကီလန်တန်ပြည်နယ်၌ သက်ကြီးရွယ်အိုနှစ်ဦး ရေနစ်သေဆုံးမှုသည် ‌နောက်ဆုံးသေဆုံးမှုဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အစာစားနေစဉ် ဖုန်းမသုံးဖို့ သိပ္ပံပညာရှင်များ သတိပေး

လူမှုကွန်ရက်များ ထွန်းကားလာပြီးနောက် အိမ်တွင်ဖြစ်ဖြစ်၊ စားသောက်ဆိုင်တွင်ဖြစ်ဖြစ် ထူးထူးခြားခြား တစ်ခုခု စားသောက်ပြီဆိုလျှင် လူမစားခင်ဖုန်းက အရင်စားခြင်းမှာ ယနေ့ခေတ်၏ အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။

ယခုတွင် သိပ္ပံပညာရှင်များက ထိုသို့ အစာစားနေစဉ် ဖုန်းသုံးခြင်းသည် ယဉ်‌ကျေးမှုမရှိရုံသာမကဘဲ ဖုန်းတွင် ကပ်ပါလာသည့် ရောဂါပိုးမွှားများကြောင့် ဘေးသင့်စေနိုင်ကြောင်း သတိပေးနေပြီဖြစ်သည်။

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

ရုရှား၏  ၂၀၂၅ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် စစ်ဖက်အသုံးစရိတ်ကို စံချိန်တင်တိုးမြင့်ခွင့်ပြု

လာမည့်နှစ်တွင် ရုရှား၏ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ တို့၏ အသုံးစရိတ်ကို  ကျန်းမာရေး ၊  ပညာရေးနှင့် လူမှုရေးမူဝါဒပိုင်းဆိုင်ရာတို့ထက် ပိုမိုများပြားစွာ သုံးစွဲ သွားမည်ဖြစ်ပါသည်။ 

ယူကရိန်းစစ်ပွဲ ဆင်နွှဲနေမှုအတွက် ရုရှား၏ ၂၀၂၅ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်တွင် စစ်ဖက်ဆိုင်ရာ အသုံးစရိတ် အား  ပိုမိုတိုးမြင့်စွာ သုံးစွဲမည့်  ဘတ်ဂျက်အသစ်တစ်ခု ကို  ရုရားသမ္မတပူတင်က  ခွင့်ပြုလိုက်ပါသည်။ 

ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသား ကွယ်လွန်

အသက် ၁၁၂ နှစ်အရွယ်  ကမ္ဘာပေါ်တွင် အသက် အရှည်ဆုံးအမျိုးသားဖြစ်သူ John Tinniswood သည် အင်္ဂလန် southport ရှိ ဘိုးဘွားရိပ်သာတစ်ခု၌ တနင်္လာနေ့က ကွယ်လွန်သွားကြောင်း ဂရန်းနစ် မှတ်တမ်းက ကြေညာလိုက်ပါသည်။ 

၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် မွေးဖွားခဲ့သူ John Tinniswood သည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး အမျိုးသားတစ်ဦး ဖြစ်ပါသည်။ 

အစ္စရေးတိုက်ခိုက်မှု တစ်ရက်တည်း လူ ၂၀၀ ထက်မနည်း သေဆုံး

ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့်  စနေနေ့ က လူ ၂၀၀ ထက်မနည်း သေဆုံးသွားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဌာန အရာရှိများ၏ ပြောပြချက်များအရ သိရှိရသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရိက္ခာထောက်ပံ့နေသည့် ကုန်တင်ကားများသည်လည်း ဖောက်ထွင်းခိုးယူမှုများ ကြုံတွေ့နေရသဖြင့် အထောက်အပံ့ပေးနေမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း  ကုလသမဂ္ဂက ပြောကြားထားပါသည်။ 

အမေရိကန် FBI အကြီးအကဲရာထူးအတွက်  အမည်စာရင်း ထရန့်ကြေညာ

အမေရိကန်၏လက်ရှိ FBI အကြီးအကဲရာထူးဖြစ်သည့် ဒါရိုက်တာဖြစ်သူ  Christopher Wray နေရာတွင် ထရန့်၏ သစ္စာရှိလူယုံတော်  Kashyap ‘Kash’ Patel ကို အစားထိုးခန့်အပ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က  စနေနေ့ ညနေပိုင်းတွင်  ကြေညာလိုက်ပါသည်။