သတင်းများ

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၇

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

လေယာဉ်အကာအကွယ်တည်ဆောက်သည့် အလုပ်သ မား တစ်ဦးက ရုရှားနိုင်ငံ၊ Kursk ဒေသရှိ Khalino စစ်တပ် အခြေစိုက်လေတပ်စခန်းသို့ အမေရိကန်နိုင်ငံထုတ်  ATACMS cluster Bombပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိ၍ မှတ်တမ်းတင်နိုင်ခဲ့

လေယာဉ်အကာအကွယ်တည်ဆောက်သည့် အလုပ်သ မား တစ်ဦးက ရုရှားနိုင်ငံ၊ Kursk ဒေသရှိ Khalino စစ်တပ် အခြေစိုက်လေတပ်စခန်းသို့ အမေရိကန်နိုင်ငံထုတ်  ATACMS cluster bomb ပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိ၍ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသည် မကြာသေးမီက ယခုကဲ့သို့ အခြေအနေ များအတွက် Khalino တွင် တိုက်ခိုက်မှုအကြမ်းခံနိုင်သည့် ဘန်ကာများကို တည်ဆောက်ခဲ့ပြီး လေယာဉ် အားလုံးကို ကြိုတင်ရွှေ့ပြောင်းထားခဲ့ကြောင်း သိရှိရသည်။

ကိုးကား- ရုရှားနိုင်ငံ၏ဒေသတွင်းမီဒီယာ

လာအိုနိုင်ငံတွင် အဆိပ်သင့်ခဲ့သည် ဟု ယူဆရသော နယူးဇီလန်နိုင်ငံသားခရီးသွား  မိမိနေရပ်သို့ ပြန်လည် ရောက်ရှိ

လာအိုနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ် ရောက်ရှိစဉ် မက်သနောဓာတ်ငွေ့ရည် ပါဝင်သည်ဟု ယူဆရသော အဖျော်ယမကာ သောက်မိရာက အဆိပ်သင့်ခဲ့သူ နယူးဇီလန်နိုင်ငံသားသည် ယခုအခါ မိမိနေရပ်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အာဏာပိုင် အရာရှိများက အတည်ပြုပြောကြားလိုက်သည်။ 

Su- 34 ရှေ့တန်းစစ်ဆင်ရေး ဗုံးကြဲတိုက် လေယာဉ် အသစ်များ ရုရှားလေကြောင်းထံ လွှဲပြောင်းပို့ဆောင်ပေး

နိုင်ငံတော်နည်းပညာပူးပေါင်းဆောင်ရွက်မှု Rostec ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် United Aircraft Cooperation (UAC)အနေဖြင့် Su-34 ရှေ့တန်းဗုံးကြဲ တိုက်လေယာဉ် အသစ် တစ်သုတ်ကို ရုရှားနိုင်ငံလေကြောင်း အာကာသ တပ်ဖွဲ့ထံ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း၊ “နိုင်ငံတော် ကာကွယ်ရေးစာချုပ်ကို အချိန်မီဖြည့်ဆည်းဆောင်ရွက် ပေးခြင်းသည် UAC ၏ အဓိကတာဝန်တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏အလုပ်သမားများသည် ယခုကဲ့သို့အရေးကြီး သည့် အလုပ်ကို ဂုဏ်ယူစွာဖြင့် ဆောင်ရွက်နေကြကြောင်း၊ အဆိုပါ Su-34 ဗုံးကြဲလေယာဉ်များသည် ယခုနှစ် အတွက် နောက်ဆုံးအသုတ် မဟုတ်သေးကြောင်း၊ ဗုံးကြဲတိုက် လေယာဉ

ရုရှားနှင့် မြောက်ကိုရီးယား ၂၀၂၅ ခုနှစ်တွင် အားကစား ကဏ္ဍအပြန်အလှန် ဖလှယ်မည်

ရုရှားအားကစားဝန်ကြီး Mikhail Degtyarev နှင့် မြောက်ကိုရီးယား အားကစားဝန်ကြီး Kim Il Guk တို့သည် တနင်္ဂနွေနေ့က ပြုံးယမ်းမြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ၂၀၂၅ ခုနှစ်အတွင်း အားကစား အပြန် အလှန်ဖလှယ်ရေး အစီအစဉ်တစ်ရပ်ကို လက်မှတ်ရေးထိုး လိုက်ကြောင်း မြောက်ကိုရီးယား၏ တရားဝင် သတင်း ဌာနဖြစ်သည့် Korean Central News Agency (KCNA) က ဖော်ပြလိုက်သည်။ 

ယူကရိန်းမှ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်း စစ်တပ်အကြီးအကဲ Syrskyi ၏ထုတ်ပြန်ချက်အပြီးတွင် ယူကရိန်းတပ်ဖွဲ့များသည် Khersonska ဒေသရှိ Novaya Kakhovka မြို့ကို စတင်ပစ်ခတ်တိုက်ခိုက်

ယူကရိန်းမှ တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ ယူကရိန်း စစ်တပ်အကြီးအကဲ Syrskyi ၏ထုတ်ပြန်ချက်အပြီးတွင် ယူကရိန်းတပ်ဖွဲ့များသည် Khersonska ဒေသရှိ Novaya Kakhovka မြို့ကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် Novaya Kakhovka မြို့ရှိ ဘတ်စ်ကားမှတ်တိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပင်စင်စားလေးဦး သေဆုံးပြီး လူပေါင်း တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ Novaya Kakhovka မြို့ သည် ရုရှားတပ်ဖွဲ့များအတွက် နောက်တန်းအခြေစိုက်စခန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး စင်တာအဖြစ် အသုံးပြုကြောင်း သိရှိရသည်။

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍မေးမြန်း

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်၍ မေးမြန်း ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Maria Zakharova ပြောကြားခဲ့ပါသည်။

မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Wilkes Edward သည် ထောက်လှမ်းရေးနှင့် အဖျက် အမှောင့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ၎င်း၏ အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း  ရုရှားဖက်ဒရေးရှင်း၏ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်တပ် အကြီးအကဲ Syrsky သည် ရုရှား နိုင်ငံအပေါ် တန်ပြန်ထိုးစစ်အသစ် ပြုလုပ်မည် ဟု ကြေ ညာ

ယူကရိန်းစစ်တပ် အကြီးအကဲ Syrsky သည် ရုရှား နိုင်ငံအပေါ် တန်ပြန်ထိုးစစ်အသစ် ပြုလုပ်မည်ဟုကြေညာခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်ရန်သူကို တားဆီးရမည်ဖြစ်သော်လည်း ယူကရိန်းတပ်ဖွဲ့များသည် ခံစစ်ကိုသာ ဆက်လက်ထိန်းသိမ်း ထားမည်ဆိုပါက အောင်ပွဲရနိုင်မည် မဟုတ်ကြောင်း၊ အစပျိုးပြီး တန်ပြန်တိုက်ခိုက်ခြင်းကို ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား- ယူကရိန်းဒေသတွင်းမီဒီယာ

Sumy နှင့် Krivoy Rog နယ်မြေများတွင် ရုရှား တပ်မတော်က တိုက်ခိုက်မှုများ ပြုလုပ်

Sumyနှင့်Krivoy Rog နယ်မြေများတွင် ရုရှားတပ်မတော် က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ယူကရိန်း တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု သတိပေးချက်ထွက်ပေါ်လာပြီး၊ ခရိုင်းမီးယားနယ်မြေမှ ဒုံးကျည်ပစ်လွှတ်မှုကိုလည်း ယူကရိန်းတပ်ဖွဲ့များက ဖော်ပြထားသည်။

ထို့အပြင် ယူကရိန်းမီဒီယာများက Kapustin Yar စမ်းသပ်မှုနယ်မြေမှ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင် နေကြောင်းဖော်ပြထားသည်။

ကိုးကား - ယူကရိန်းဒေသတွင်းမီဒီယာ

နေတိုး၏ ပါလီမန်ညီလာခံတွင် အစိုးရအဖွဲ့ဝင်များသည် ယူကရိန်းအား တာလတ်ပစ်ဒုံးကျည်များ ထောက်ပံ့ ပေးရန် အကြံပြု

နေတိုး၏ ပါလီမန်ညီလာခံတွင် အစိုးရအဖွဲ့ဝင်များသည် ယူကရိန်းအား တာလတ်ပစ်ဒုံးကျည်များ ထောက်ပံ့ ပေးရန် အကြံပြုထားကြောင်း၊ ၎င်းတို့တွင် အမေရိကန် ပြည်ထောင်စု၏ Tomahawks ပဲ့ထိန်းဒုံးကျည် အပါ အဝင် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ မှ ကီလိုမီတာ ၅,၅၀၀အထိ ပစ်လွှတ်နိုင်သော ဒုံးကျည်များပါဝင် ကြောင်း၊ အဆိုပါဒုံးကျည်များသည် ရုရှားနိုင်ငံ၏ ဗျူဟာမြောက် အတွင်းပိုင်းနေရာများကို တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။

ကိုးကား - ယူကရိန်းပါလီမန်အဖွဲ့ဝင်၏ပြောကြားချက်