နိုဝင်ဘာ ၁၇ ရက်
ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ (၁၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း (၃၃) ခု၏ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။