ရုရှားတပ်မတော်သည် ဒွန်နက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ Razdolnoye နှင့် Vorovskoye ကျေးရွာများကိုထိန်းချုပ်ထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကနိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ် အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် ဖိတ်ကြားရန် နေတိုးနိုင်ငံများအား တောင်းဆိုထား ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားပါသည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင် အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများကို ပြန်လည် သိမ်းယူ ခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အသင့် ရှိကြောင်း SkyNews သတင်းဌာန၏ သတင်းထောက်ချုပ် Stuart Ramsay နှင့်တွေဆုံမေးမြန်းခန်းတွင် ပြောကြား ခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ရုရှားထိန်းချုပ်မှု အောက်ရှိ နယ်မြေသစ်များပါ၀င်သည့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဖော်ပြခဲ့သည်။

ယူကရိန်းတွင် ရုရှားတပ်မတော်၏ နေ့စဥ် ဆုံးရှုံးမှုများသည် ဆိုးရွားသောမှတ်တိုင်သစ်များကို ဖြတ်ကျော်နေကြောင်း Newsweek သတင်းဌာနမှ ဖော်ပြထား သည်။
ရုရှားတပ်မတော်၏ ကျဆုံးမှုစာရင်းသည် တစ်ရက်တည်းတွင်ပင် စစ်သည်၂,၀၀၀ ကျော်ရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ နံနက်တွင်ပြောကြားခဲ့ပြီး လွန်ခဲ့သော သီတင်းပတ် အနည်းငယ်ကပင် ရောက်ရှိခဲ့သည့် ဆိုးရွားသော ကျဆုံးမှုစံချိန်တင်မှုကို ချိုးဖျက်ခဲ့သည်ဟု ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက နေတိုးနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖြစ် နေတိုးတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်လိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်း Newsweek သတင်းဌာနက ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ၏ လက်စားချေရန် ပြင်ဆင်သည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နေတိုးအဖွဲ့သည် ယူကရိန်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ် ၎င်း၏ တပ်ဖွဲ့ ၁၀၀,၀၀၀ ချထားရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံခြား ထောက်လှမ်းရေးဌာနက အခိုင်အမာပြောကြားခဲ့သည်။

နေပြည်တော် နိုဝင်ဘာ ၂၉
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ဩစတြေးလျ ပါလီမန်က အတည်ပြုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ဥပဒေ စတင် ထုတ်ပြန်မည့်ရက်မတိုင်ခင် နည်းပညာကုမ္ပဏီများအနေဖြင့် တင်းကျပ် သည့်လုံခြုံရေးစနစ်များ ပြုလုပ်ဆောင်ရွက်ထားကြ ရန် သတိပေးထားပါသည်။

ရုရှားတပ်မတော်မှ တပ်ဖွဲ့ဝင်များသည် Tornado (MLRS) ဘက်စုံသုံး ဒုံးကျည်များကို အသုံးပြု၍ Kharkov ဒေသရှိ မောင်းသူမဲ့လေယာဉ်များရှိသည့် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယူကရိန်းစစ်သည် ၆၀ ကျော်နှင့် စစ်ကား ၁၀ စီးကျော် ပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကား- Ministry of Defence of the Russian Federation

BRICS ၏ မိတ်ဖက်နိုင်ငံများစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်ရန် ရုရှားက မျှော်လင့်ထားကြောင်း ရုရှား နိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က BRICS အသင်း၏ Sherpas/Sous-Sherpas အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြထားသည်။

ရုရှားအရေးပေါ်ဝန်ကြီးဌာနသည် M74 တိုက်ခိုက်ရေး ချဲ့ထွက်ဗုံး (၃၀၀) တပ်ဆင်ထားသည့် အမေရိကန် နိုင်ငံထုတ် ATACMS ဒုံးကျည်၏ ထိပ်ပိုင်းများကို Kursk ဒေသတွင် ၂၄ နာရီအတွင်းရှာဖွေတွေ့ရှိခဲ့ပြီး ဖျက်ဆီး နိုင်ခဲ့ကြောင်း Reuter သတင်းဌာနမှ ဖော်ပြထား ပါသည်။
Kursk ဒေသတွင် သြဂုတ်လဆန်းပိုင်းကတည်းက ဒေသတွင်း၌ ပေါက်ကွဲပစ္စည်း ၁,၄၈၀ ကျော်ကို ရုရှား အရေးပေါ်ဝန်ကြီးဌာနက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။
ကိုးကား - Reuter သတင်းဌာန