သတင်းများ

အာဆီယံဖလား တတိယအကျော့ပွဲစဉ် မြန်မာအသင်း (၃)ဂိုးသွင်းယူ အနိုင်ရလဒ်ထွက်ပေါ်

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့်

အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ကျောနံပါတ်(၇) လွင်မိုးအောင်က အဖွင့်ဂိုး(၁)ဂိုး စတင် သွင်းယူခဲ့ပြီး ၊ ကျောနံပါတ် (၇ ) ဝင်းနိုင်ထွန်းက(၂)ဂိုး အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင်ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

ဆီနီဂေါ အချုပ်အခြာပိုင်နက်အတွင်းရှိ  ပြင်သစ်အခြေစိုက်စခန်းများ ရုတ်သိမ်းရန် ဆီနီဂေါသမ္မတ ကြေညာ

ပြင်သစ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ ပြင်သစ်လူမျိုးများနှင့်စည်ကားနေသည့်အတွက် ဆီနီဂေါနိုင်ငံ၏ သမ္မတ Bassirou Diomaye Fayeu က မိမိတို့အချုပ်အခြာပိုက်နက်အတွင်းရှိ ပြင်သစ်နိုင်ငံ၏အခြေစိုက်စစ်စခန်း များရုတ်သိမ်းရန် ကြေညာလိုက်ပါသည်။ ထိုကြေညာချက် သည်အားလုံးအတွက် အံ့အားသင့်စရာအချက်ဖြစ်နေပြီး အဆိုပါအခြေအနေမှာ ဆီနီဂေါနှင့် ပြင်သစ်အကြား မျှော်လင့်ထားပြီးဖြစ်သည့် နိုင်ငံရေးအခင်းအကျင်း တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကဆိုကြပါသည်။

AI က ဒုတိယကမ္ဘာစစ် သက်သေခံချက်များကို အသက်ဝင်လာစေမည်

သမိုင်းကိုလေ့လာရန်အတွက် တွေ့ဆုံမေးမြန်းမှုများ၊ သက်သေခံချက်များသည် တန်ဖိုးမဖြတ်နိုင်သည့် မှတ်တမ်းအရင်းမြစ်များဖြစ်ပါသည်။ သို့သော် ကိုယ်တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မေးခွန်းများမေးကာ ပြောဆိုခြင်းက ပိုမိုလက်တွေ့ကျနိုင်သည်။ ဒုတိယကမ္ဘာစစ်ကြီးမှ အသက်ရှင်ကျန်ရစ်သူအရေအတွက် လျော့နည်းလာနေချိန်တွင် ဂျပန်ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုသည် စစ်အတွင်းက လူအများ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှ ပြောလာသောစကားများ၏ အရေးပါမှု စွမ်းပကားများနှင့် အရေးကြီးသောစကားများ မည်သည့်ကာလ ရောက်ရှိသည်ဖြစ်စေ မပျောက်ပျက်သွားစေရန် AI စနစ်တစ်ခုကို သုံးပြီးတီထွင်လျက်ရှိကြောင

ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် Lukashenko အား သမ္မတလောင်းအဖြစ် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို လက်ခံခဲ့

ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် Lukashenko အား သမ္မတလောင်းအဖြစ် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို လက်ခံခဲ့ကြောင်း BelTA သတင်း အေဂျင်စီက ဖော်ပြထားပါသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းအေဂျင်စီက ရေးသားဖော်ပြထားပါသည်။

ကိုးကား - BelTA သတင်းအေဂျင်စီ

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုတွင် ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတု လက်နက်ကာကွယ်ရေးတပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့သေဆုံး

ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုလက်နက်ကာကွယ်ရေး တပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့ သေဆုံးခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါသည်။

ဂျပန်နိုင်ငံ၌ လေထုထဲမှ ရေငွေ့ဖြင့် သောက်သုံးရေထုတ်လုပ်သည့်ကိရိယာ စတင်စမ်းသပ်သုံးစွဲ

တိုကျို  ဒီဇင်ဘာ ၁၇

ဂျပန်နိုင်ငံ တိုကျိုဒေသမြောက်ပိုင်း တိုမီအိုကာမြို့တွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချသည့်အနေဖြင့် လေထုထဲမှရေငွေ့ကို သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်သည့် ကိရိယာကို စတင်စမ်းသပ်သုံးစွဲခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူ လေးဦးတွေ့ရှိ

ဘာလင်  ဒီဇင်ဘာ ၁၇

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူလေးဦးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။ ၎င်းတို့အနက်မှ ကူးစက်ခံရသူနှစ်ဦးမှာ ကျောင်းနေအရွယ်ကလေးများဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ

ချုံချင့်  ဒီဇင်ဘာ ၁၇

မြန်မာကောင်စစ်ဝန်ချုပ် ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချံချင့်မြူနီစီပယ်မြို့ ယွီကျုံးခရိုင်အစိုးရတို့ ပူးပေါင်း၍ “အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်-မြန်မာပြည်မှ ချုံချင့်သို့” ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ် (ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

ပါကစ္စတန်နိုင်ငံဥ၌ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး

ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း ပိုလီယိုရောဂါကင်းစင်ရန်အတွက် ပိုလီယိုရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ နိုင်ငံအတွင်းရှိ ကလေးငယ်များကို ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်ဟု သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း ပိုလီယို ရောဂါ ဖြစ်ပွားသူ ၆၃ ဦး အထိ ရှိခဲ့သည်။ ၎င်းအစီအစဉ်အရ ကျန်းမာရေးဝန်ထမ်း ၄၀၀,၀၀၀ ကျော်သည် ခရိုင် ၁၄၃ ခုရှိ ကလေး ၄၄ သန်းကျော်အား ပိုလီယို ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်သည်။