ဟွန်ဒါကုမ္ပဏီဆိုတာ ကမ္ဘာ့ကားဈေးကွက်မှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း လျှပ်စစ်သုံး ယာဉ်ဈေးကွက်မှာတော့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို မပြသနိုင်သေးပါဘူး။
ဒါပေမဲ့ မကြာခင်မှာကျင်းပတော့မယ့် CES 2025 ပွဲမှာ အများမျှော်လင့်နေကြတဲ့ 0 Series ထဲက လျှပ်စစ်သုံးယာဉ်အမျိုး အစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးကို ထုတ်ဖော်ပြသမိတ်ဆက်ခြင်းဖြင့် ဒီဈေးကွက်မှာလူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။