သတင်းများ

ဂါဇာရှိ ကုလသမဂ္ဂအကူအညီဖြင့် လည်ပတ်နေသည့် စာသင်ကျောင်း ဗုံးခွဲခံရသဖြင့် ပါလက်စတိုင်း ၂၀ ကျော် သေဆုံး

ဂါဇာဒေသရှိ ကုလသမဂ္ဂအကူအညီအထောက်အပံ့ဖြင့် လည်ပတ်နေသည့် စာသင်ကျောင်းကို  သတိပေးခြင်းမရှိဘဲ အစ္စရေးစစ်တပ်က ဗုံးခွဲတိုက်ခိုက်လိုက်သဖြင့် ထိုအဆောက်အအုံတွင်း ခိုလှုံနေထိုင်နေသူ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၂၀ ဦးသေဆုံးသွားကြောင်း၊ ထိုဖြစ်စဉ်တွင် အစ္စရေးတပ်များသည် Nuseriat ဒုက္ခသည်စခန်းအပါအဝင် ထိုနယ်မြေတဝိုက်ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင့် သေဆုံးသွားရကြောင်း မျက်မြင်သက်သေများက AIJazeera သို့  ပြောကြားလိုက် ပါသည်။

ဆီးရီးယား လက်နက်ကိုင်အဖွဲ့ HTS နှင့် အမေရိကန် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း ဘလင်ကန်ပြောကြား

ဘိုင်ဒန်အစိုးရအဖွဲ့က လက်နက်ကိုင်အဖွဲ့ Hayat Tahriral-Sham နှင့်တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ‌အတည်ပြုပြောကြားထားသည်။

HTS အဖွဲ့သည် အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး သမ္မတ‌အာဆတ်အား ဖြုတ်ချရာတွင် ပါဝင်သော အဖွဲ့လည်း ဖြစ်သည်။

ယူကရိန်းအနေဖြင့် စစ်ဖက်ဆိုင်ရာပစ္စည်းကိရိယာများ၊  လက်နက်များ၊ ခဲယမ်းများ ထုတ်လုပ်မှု အများအပြား ဆုံးရှုံးသွားရကြောင်း  ရုရှားကာကွယ်ရေးအကြီးအကဲ ပြောကြား

ရုရှားစစ်တပ်၏ တိကျသောလက်နက်များဖြင့် တိုက်ခိုက်မှုကြောင့်  ယူကရိန်းတို့၏ ကာကွယ်ရေး ထုတ်လုပ်မှုဆိုင်ရာအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစနစ်များ သိသိသာသာ ပျက်စီးသွားရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဝန်ကြီးဌာန ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြောကြား လိုက်သည်။

Oreshnik တာလတ်ပစ်ဒုံးကျည်များ ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် ခေတ်မီစွမ်းအားမြင့် လက်နက်တစ်ခုဖြစ်သည့် Oreshnik တာလတ်ပစ်ဒုံးကျည်ဖြင့် မိမိနိုင်ငံပိုင်နက်အတွင်း တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလက အောင်မြင်စွာအသုံးပြုနိုင်ခဲ့ကြောင်း ရုရှားခေါင်းဆောင် က ပြန်ပြောင်းပြောဆိုလိုက်သည်။

ရွေးကောက်ခံသမ္မတထရန့်  ထိုင်ဝမ်အစိုးရအပေါ် သဘောထားပြောင်းလဲသွားမလား

ရွေးကောက်ခံသမ္မတထရန့်က ထိုင်ဝမ်နိုင်ငံအား မိတ်ဆွေအဖြစ်သဘောထားခဲ့ပြီး လက်နက်အများအပြား ရောင်းချပေးခြင်း၊ သံတမန်များ အလည်အပတ် စေလွှတ်ခြင်းများကို ၎င်း၏ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယသက်တမ်းအတွက် မဲဆွယ်မှုများပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသည် အမေရိကန်၏ အီလက်ထရောနစ် စီးပွားရေးကို ခိုးယူသည်ဟု ထရန့်က ပြောကြားခဲ့ ပါသည်။

ရုရှားကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ဘိုင်ဒန်အစိုးရဆုံးဖြတ်ချက်ကို ထရန့်က ဝေဖန်နေချိန် တွင် ယူကရိန်းသို့ လက်နက်ပို့ဆောင်မှု အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်အစိုးရ တာဝန်ရှိသူ ပြောကြား

ဘိုင်ဒန်အစိုးရသည် တာဝန်ကုန်ဆုံးမည့်နောက်ဆုံးရက်များအတွင်း ယူကရိန်းသို့ စစ်ဖက်ဆိုင်ရာလက်နက်များ ထောက်ပံ့ပေးမှုကို ၂၀၂၅ ခုနှစ် တာဝန်မလွှဲပြောင်းမီ ရက်အထိ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်၏ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားလိုက် ပါသည်။ 

အီဂျစ်နိုင်ငံတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

အီဂျစ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု မြှင့်တင်သည့်အနေဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို နိုင်ငံတောင်ပိုင်း အက်ဝမ်ဒေသတွင် ဝန်ကြီးချုပ် မူစတာဖာ မတ်ဗော်လီက ဒီဇင်ဘာ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

ရုရှားကို တန်ပြန်ရင်ဆိုင်ရန်  ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်ရန်  လိုအပ်ကြောင်း နေတိုးအကြီးအကဲက တိုက်တွန်း

နေတိုးအကြီးအကဲ Mark Rutte က အတ္တလန္တိတ် ဖြတ်ကျော်မဟာမိတ်အဖွဲ့အနေဖြင့် လာမည့်နှစ်များ တွင် ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ဒီဇင်ဘာ ၁၂ ရက်က သတိပေးပြောကြားလိုက်ပါသည်။

လာမည့် ၂၀၂၅ ခုနှစ်သည် ငြိမ်းချမ်းပြီး တရားမျှတမှု ရှိမည့်နှစ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပုပ်ရဟန်း မင်းကြီး နှစ်သစ်ကူးဆုတောင်း

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် (၅၈)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အတွက် ပုပ်ရဟန်းမင်းကြီး Francis က “ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ငြိမ်းချမ်းမှုကိုဆောင်ကြည်း ပေးတော်မူပါ” ခေါင်းစဉ်ဖြင့် ဆုတောင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။ 

အိန္ဒိယသမုဒ္ဒရာအတွင်း Mayotte ကျွန်းစုကို ဆိုင်ကလုန်း မုန်တိုင်း Chido ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် လူအများအပြား သေဆုံးနိုင်

အာဖရိကနိုင်ငံ၏အရှေ့ဘက် ကမ်းလွန် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြင်သစ်နိုင်ငံ၏ပိုင်နက်ဖြစ်သော Mayotte ကျွန်းစုကို ဒီဇင်ဘာ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ 

ဒီဇင်ဘာ ၁၄ ရက်နေ့က ကျွန်းစုကို တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း Chido ကြောင့် လူရာနှင့်ချီ သေဆုံးဖွယ်ရာရှိကြောင်းနှင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း Mayotte တာဝန်ရှိသူများက ဒေသခံမီဒီယာကို ပြောကြားခဲ့သည်ဟုသိရသည်။