အမေရိကန်မဂ္ဂဇင်း Newsweek က တတိယကမ္ဘာစစ်၏ ရှေ့တန်းစစ်မျက်နှာစာဟု ယူဆရသည့် မြေပုံတစ်ခုကို ပြသခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြထား ပါသည်။ အဆိုပါ ထုတ်ဝေမှုအရ ဥရောပတိုက်၏ ရှေ့တန်းစစ်မျက်နှာသည် ရုရှားနှင့် ဖင်လန်နယ်စပ်မှ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လီသူးယေးနီးယား၊ ဆွီဒင်နှင့် ပိုလန်မှ ဂျာမနီအထိ ကျယ်ပြန့်နိုင်ပါသည်။ ထိုမဂ္ဂဇင်းသည် ပိုလန်နှင့် လီသူးယေးနီးယား အကြား ဆွာဝယ်ကီလမ်းကြောင်းကို အထူးအာရုံစိုက်ခဲ့ပြီး၎င်း၏ အမြင်အရ ရုရှားနိုင်ငံ၏ ကလင်နင်ဂရတ် ဒေသနှင့်ဘီလာရုစ်အကြား တည်နေရာကြောင့် ပထမဆုံး တိုက်ခိုက်ရာနေရာ ဖြစ်လာနိုင်ကြောင်း ဖော်ပြထား ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အထည်ချုပ်မဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှုနှင့်စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခြောက်ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အန်းပွန်မိုနီရော့စ်က ပြောကြားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် Tartus ၊ Hama နှင့် Latakia ပြည်နယ်များရှိ ဆီးရီးယားစစ်တပ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း Latakia နှင့် Tartous ရှိ စစ်အခြေစိုက်စခန်းများကို အစ္စရေးလေတပ်က ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ အရ သိရှိရပါသည်။ ထို့အပြင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအလယ်ပိုင်း ဟာမာနှင့် ဟုမ်းပြည်နယ်များတွင် ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။

နေပြည်တော် ဒီဇင်ဘာ ၁၆
တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

ရုရှားသည် ယခုလာမည့် ဒီဇင်ဘာလ ၁၄ ရက် စနေနေ့ သို့မဟုတ် ဒီဇင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ယူကရိန်းရှိ ပစ်မှတ်များကို "Oreshnik" ပဲ့ထိန်း ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်ကြောင်း Financial Times က ဖော်ပြထားသည်။
ကိုးကား - Financial Times

မာလီ ဒီဇင်ဘာ ၁၅
မော်လ်ဒိုက်နိုင်ငံတွင် အီလက်ထရွန်နစ်စီးကရက် သုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ ပိတ်ပင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မကြာသေးမီက ဆေးလိပ်ထိန်းချုပ်ရေးအက်ဥပဒေဆိုင်ရာ အချက်အလက်များကို ပြင်ဆင်ခဲ့ပြီးနောက် ၎င်းအက်ဥပဒေကို ဥပဒေအဖြစ် သမ္မတ မိုဟာမက်မီဇူက နိုဝင်ဘာ ၁၃ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ၎င်းဥပဒေအရ နိုင်ငံအတွင်း အီလက်ထရွန်နစ် စီးကရက် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းတို့သည် တရားမဝင်ကြောင်း ပြဋ္ဌာန်းထားသည်။

ငါး၊ သံလွင်ဆီနှင့် သစ်ကြားသီးတို့ကို များများစားပေးပြီး အာလူးကြော်၊ ဘီစကွတ်နှင့် မယိုးနိစ်တို့ကို ချင့်ချင့်ချိန်ချိန် စားသုံးခြင်းသည် အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာကြီးထွားမှုကို နှေးစေနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) ဖွဲစည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို တက်ရောက်ချီးမြှင့်သည်။

Kursk ဒေသရှိ ယူကရိန်းနေရာများကို အရှိန်မြှင့် တိုက်ခိုက်သိမ်းပိုက်ရန် ရုရှားသည် မြောက်ကိုရီးယား စစ်သားများကို စတင်တပ်ဖြန့်ထားကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က စနေနေ့ (ဒီဇင်ဘာ ၁၄ ရက်) တွင် ပြောကြားလိုက်ပါသည်။
“သိသိသာသာများပြားလှသည့် မြောက်ကိုရီးယား စစ်သားများကို ရုရှားက စတင်အသုံးပြုလိုက်သည့် အထောက်အထားပါ” ဟု ၎င်းက ညနေပိုင်းမိန့်ခွန်းတွင် ပြောကြားလိုက်ပါသည်။
![A Russian military aircraft approaches the Hmeimim airbase in Syria’s coastal Latakia, Syria, December 15, 2024 [Umit BektasReuters]](/sites/default/files/news/2024-12/A%20Russian%20military%20aircraft%20approaches%20the%20Hmeimim%20airbase%20in%20Syria%E2%80%99s%20coastal%20Latakia%2C%20Syria%2C.png)
အစ္စရေးမြေပြင်တပ်များက Quneitra မြို့၏ အရှေ့တောင်ဘက်ရှိ လမ်းများ၊ ဓာတ်အားလိုင်းများနှင့် ရေကြောင်းဆက်သွယ်ရေးနေရာများကို ဖျက်ဆီး၍ အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံအနှံ့အပြားရှိ စစ်ရေးတည်နေရာများကို ဒုံးကျည်များဖြင့် လေကြောင်း တိုက်ခိုက်မှု ၆၁ ကြိမ် ပြုလုပ်ခဲ့သည်။