သတင်းများ

အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Shri Ajit Doval သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့်တွေ့ဆုံဆွေးနွေး

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Shri Ajit Doval သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ဒီဇင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယနှင့်တရုတ်တို့သည် ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုတွင် တင်းမာမှုများ ဖြေလျှော့ရန် လုပ်ဆောင်နေကြကြောင်း Times of India သတင်းအေဂျင်စီကဖော်ပြထားပါသည်။

၂ ကီလိုမီတာအကွာအဝေးအထိ ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်သည့် လေဆာလက်နက်တစ်ခုပိုင်ဆိုင်ထားကြောင်း ယူကရိန်းက အခိုင်အမာပြောကြား

၂ ကီလိုမီတာအကွာအဝေးအထိ ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်သည့် လေဆာလက်နက်တစ်ခု ပိုင်ဆိုင်ထားကြောင်း ယူကရိန်းက အခိုင်အမာပြောကြားခဲ့သည်ဟု tvpworld သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

တစ်နာရီမိုင် ၂၀၀ နှုန်းနဲ့ ရန်သူ့ဒရုန်းများကိုတိုက်ခိုက်မယ့် CobraJet

ကော်လိုရာဒိုပြည်နယ်မှာ အခြေစိုက်တဲ့ SkyDefence ကုမ္ပဏီက CobraJet ဆိုတဲ့ မျိုးဆက်သစ်မောင်းသူမဲ့ လေယာဉ်တစ်မျိုးကို ထုတ်ဖော်မိတ်ဆက် လိုက်ပါတယ်။    အဲဒီမောင်းသူမဲ့လေယာဉ်က ရန်သူ့ဒရုန်းတွေကို အလွန်မြန်ဆန်တဲ့အမြန်နှုန်း၊ အလွန်ကောင်းမွန်တဲ့ တိကျမှုတို့နဲ့အတူ ကြားဖြတ်တိုက်ခိုက်နိုင်မှာပါ။

ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့ CobraJet မောင်းသူမဲ့လေယာဉ်က ပုံစံ အားဖြင့် F-35B လိုမျိုးဖြစ်ပါတယ်။ သူ့မှာ VIPER ဆိုတဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးများ၊ PYTHON ဆိုတဲ့   ဓာတ်လိုက်စေသော ကိရိယာများ တပ်ဆင်ထားပါတယ်။

နှစ်နိုင်ငံပူးတွဲဆောင်ရွက်ပါက ကြီးကျယ်သောအရာများစွာကိုပိုင်ဆိုင်နိုင်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ပါက ကြီးကျယ် သောအရာများစွာကို ပိုင်ဆိုင်နိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကဒီဇင်ဘာလ ၁၇ ရက်တွင်ပြောသည်။

ကုမရတဲ့ သွေးကင်ဆာဖြစ်ပေါ်မှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခု အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးမှု

 MSK ကင်ဆာဌာနမှ သုတေသနပညာရှင်များက လူ့ခန္ဓာကိုယ်ရဲ့ ရိုးတွင်းခြင်ဆီထဲအထိကို ထိခိုက်စေနိုင်ပြီး လက်ရှိမှာကိုပဲ ကုသနိုင်ခြင်းမရှိသေးတဲ့     သွေးကင်ဆာရောဂါဖြစ်ပွားမှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခုကို တွေ့ရှိလိုက်ပါတယ်။

အဲဒီနည်းလမ်းကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အပင်အခြေခံအစားအသောက်တွေကို များများစားသုံးပေးခြင်းပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် အမျှင်ဓာတ် ကြွယ်ဝစွာ စားသုံးပေးရမှာပါ။

မဖြစ်နိုင်ဘူးထင်ခဲ့သမျှကို စိန်ခေါ်လိုက်တဲ့ သတ္တုဖြတ် လေဆာပါဒရုန်း

လေဆာစွမ်းအင်ဆိုတာ အင်မတန်မှ  ပြင်းထန်ပါတယ်။ သူ့အတွက်စွမ်းအင် လိုအပ်ချက်ကလည်း  မြင့်မားပါတယ်။ အဲဒီလိုလေဆာတွေထဲမှာမှ သတ္တုတွေကို ဖြတ်တောက်နိုင်တဲ့ လေဆာဆိုတာက စွမ်းအင်လိုအပ်ချက် ပိုမိုမြင့်မားပါတယ်။

စိုးရိမ်ရစွာ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ H5N1 ဗိုင်းရပ်

လက်ရှိအမေရိကန်နိုင်ငံမှာ မွေးမြူရေး နွားတွေမှာကူးစက်ပျံ့နှံ့နေတဲ့ H5N1 ဆိုတဲ့ ဗိုင်းရပ်က  မျိုးရိုးဗီဇပြောင်းလဲလာနေ ပြီး  လူအချင်းချင်း ကူးစက်ပျံ့နှံ့တဲ့ အဆင့် အထိ  လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်လာ နေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေဖြစ် လာပြီလို့ အမျိုးသားကျန်းမာရေး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒရုန်းအသုံးပြုစစ်ပွဲအတွက် အလှည့်အပြောင်း အသံနှုန်းလွန် ဒရုန်း

အသံနှုန်းလွန်နည်းပညာဆိုတာ လက်ရှိအချိန်အထိ  နိုင်ငံအနည်းငယ်ပဲ ပိုင်ဆိုင် သေးတဲ့နည်းပညာတစ်ခုပါ။ တရုတ်နိုင်ငံကတော့ အဲဒီနိုင်ငံတွေထဲမှာ အပါအဝင်ပေါ့။ အခုသူတို့က ဒရုန်းအသုံးပြုစစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် ဒရုန်းတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ပါပြီ။ သူတို့စမ်းသပ်လိုက်နိုင်တာက အသံနှုန်းလွန်ဒရုန်းပါ။

ကိုယ်ခံအားက ဦးနှောက်ကင်ဆာကိုသာ တိုက်ခိုက်စေမယ့် နည်းလမ်း

UCSF မှ သုတေသနပညာရှင်များက ကိုယ်ခံအား ကလာပ်စည်းတွေအနေနဲ့ တခြားသောကိုယ်တွင်း တစ်သျှူးတွေကို မထိခိုက်စေဘဲ ဦးနှောက်ကင်ဆာတစ်ခု တည်းကိုသာ တိုက်ခိုက်နိုင်စေမယ့်နည်း လမ်းတစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်။

အဲဒီနည်းလမ်းကို "Molecular GPS" လို့ အမည်ပေးထားပါတယ်။ ဒီနည်းလမ်း က ကိုယ်ခံအား ကလာပ်စည်းတွေကို ဦးနှောက်ဆီသို့သာ သွားစေရန် လမ်းညွှန်ပြီး ကျန်းမာနေတဲ့ တခြားတစ်သျှူးတွေကို မထိခိုက်စေဘဲ ကင်ဆာအကျိတ်များကို သာပစ်မှတ်ထား တိုက်ခိုက်စေမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။