Time မဂ္ဂဇင်းက အမေရိကန် ရွေးကောက်ခံသမ္မတ Donal Trump ကို တစ်နှစ်တာအတွက် ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
ကိုးကား - Time Magazine
Time မဂ္ဂဇင်းက အမေရိကန် ရွေးကောက်ခံသမ္မတ Donal Trump ကို တစ်နှစ်တာအတွက် ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
ကိုးကား - Time Magazine
အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်၏ တာဝေးပစ်လက်နက်များဖြင့် ရုရှားနိုင်ငံအား တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း Time မဂ္ဂဇင်းနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံပိုင်နက်အတွင်းသို့ မိုင်ရာနှင့်ချီသည့် ဒုံးကျည်များလွှတ်တင်ခြင်းကို လုံးဝကန့်ကွက်ပါကြောင်း၊ ၎င်းတို့က လက်ရှိစစ်ပွဲကို အရှိန်မြှင့်ပြီး ပိုမိုဆိုးရွား စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က Time မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင်ရောက်ရှိနေသော ရုရှားလုံခြုံရေး ကောင်စီ ဒုတိယ ဥက္ကဌ မက်ဗီဒက်သည် သမ္မတ Xi Jinping နှင့်တွေ့ဆုံခဲ့သည်ဟု သတင်းရရှိပါသည်။
ကိုးကား - ဒေသတွင်းမီဒီယာ
မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံးခဲ့ပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ကို သိမ်းပိုက်ထားတဲ့ AA နဲ့ပတ်သက်တဲ့ သတင်းတွေအရ ကော့ဘဇာဒေသ တက္ကနဖ်ခရိုင်ခွဲအတွင်း နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က တင်းကြပ်လိုက်တယ် လို့ “ဒါကာထရွိုင်ဗြွန်း”က ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်)မှာ ရေးသားပါတယ်။
UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် “ဝ” ဒေသ (၁၇၁) စစ်ဒေသအတွင်းသို့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့ကြောင်း WUSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဒေသအခြေစိုက်မီဒီယာတစ်ခုကို ဖြေကြားထားသည်။
“တိုင်းမှူးလာတာမှန်ပါတယ်။ နယ်မြေတပ်တွေသွားရောက်စစ်ဆေးတာဖြစ်မှာပါ။ ကျွန်တော်တို့နဲ့တွေ့ဆုံဖို့မရှိပါ။ ထိုင်းနဲ့လည်းတွေ့ဆုံဖို့မရှိပါ။ ထိုင်းနယ်စပ်ကိစ္စရပ် လောလောဆယ်ငြိမ်သွားပါပြီ။ ကျွန်တော်တို့ဖက်ကတော့ အားလုံးပုံမှန်ပါပဲ”ဟု ဖြေကြားထားသည်။
ရွေးကောက်ခံသမ္မတ Trump သည် ၎င်း၏သစ္စာတော်ခံ နှစ်ဦးဖြစ်သည့် Kash Patel နှင့် Pam Bondi တို့အား အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တရားရေးရာဌာန တို့၏ အကြီးအကဲအဖြစ် အဆိုတင်သွင်းခဲ့ခြင်းသည် အမေရိကန်ပြည်သူတို့၏ Trumpအစိုးရအပေါ် ယုံကြည်မှု ကျဆင်းစေပါကြောင်း၊ Kash Patel နှင့် Pam Bondi နှစ်ဦးတို့မှာ Trump ၏ သစ္စာခံလူယုံတော်များ ဖြစ်ကြပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် Trump က Biden အား မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မဲမသမာမှုကြောင့် ဖြစ်သည်ဟူ၍ လှုံဆော်ခဲ့ကြသူများလည်း ဖြစ်ပါကြောင်း၊ Patel သည် T
တရုတ်နိုင်ငံသည် အချုပ်အခြာအာဏာကိုကာကွယ်ရန် လိုအပ်သည့် အစီအမံများဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်“ခွဲထွက်ရေးလှုပ်ရှားမှု” လုပ်ဆောင်နေမှုကိုမျှ သည်းခံမည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်တွင် တရုတ်နိုင်ငံက ပြောကြားလိုက်သည်။ ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ်များ ထပ်မံတိုးလာကြောင်း၊ ရန်စနေမှုအား ရပ်တန့်ပေးရန် ဘေဂျင်းကို တိုက်တွန်းပါကြောင်း ထိုင်ဝမ်ဖက်က ပြောကြားလိုက်သည့်အပေါ် တရုတ်ဖက်က ထိုသို့တုံ့ပြန်ပြောကြား လိုက်ခြင်းဖြစ်သည်။ စစ်ရေးလှုပ်ရှားမှုအပေါ် တရုတ်စစ်တပ်က မည်သည့်မှတ်ချက်မှမပေးသကဲ့သို့ အတည်ပြုချက်လည်း မပေးသေးပါ။
ကာလရှည်ကြာစွာ အုပ်ချုပ်ခဲ့သည့် သမ္မတအာဆတ်ကို သူပုန်များက ဖြုတ်ချပြီးနောက် ဆီးရီးယားနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ ဝန်ကြီးချုပ်သစ် ဖြစ်လာသူက နိုင်ငံတည်ငြိမ်အေးချမ်းရန် အချိန်တန်ပြီ ဟု ဒီဇင်ဘာ ၁၀ ရက် က ပြောကြားလိုက်ပါသည်။
ထိုင်းနိုင်ငံရှိ အထင်ကရ ဦးနှောက်နှင့် အာရုံကြောပါရဂူ ဒေါက်တာ သီရာဗတ်ဟီမာချတ်ဟာက ဩစတြေးလျ ဓာတ်ခွဲခန်းတစ်ခုမှ လူများကိုသေစေနိုင်သော ဗိုင်းရပ်စ်များ ပါဝင်သည့် ဓာတ်ခွဲခန်းသုံးပြွန်အခု ၃၀၀ ကျော် ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ကြောင်း သတိပေးပြောကြား ခဲ့သည်။
Hendra ဗိုင်းရပ်စ်၊ Lyssa ဗိုင်းရပ်စ်နှင့် Hanta ဗိုင်းရပ်စ်တို့အပါအဝင် ပျောက်ဆုံးနေသော ဗိုင်းရပ်စ်များသည် ဇီဝလုံခြုံမှုကန့်သတ်ချက် အမြင့်ဆုံးအဆင့် ချမှတ်ရန် လိုအပ်သော ဗိုင်းရပ်စ်များဖြစ်သည်။