သတင်းများ

ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေး ထိရောက်စွာဆောင်ရွက်မည်

အစ္စလာမ္မာဘတ်   ဒီဇင်ဘာ ၁၉

ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်က ညွှန်ကြားခဲ့သည်။

လူကုန်ကူးမှုများအား ပါကစ္စတန်နိုင်ငံသားများက ကျူးလွန်နေကြသဖြင့် အရှက်ရမိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထိရာက်စွာအရေးယူဆောင်ရွက်

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်

ဂါဇာစီးတီး  ဒီဇင်ဘာ ၁၉

ပါလက်စတိုင်းသမ္မတ မာမွန်အဘတ်စ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။

အဆိုပါ ခရီးစဉ်သည် ရလဒ်ကောင်းများထွက်ပေါ်ရန် အလားအလာရှိနေသည့် ဟားမက်စ်နှင့် အစ္စရေးတို့ကြားယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိစဉ် ထွက်ပေါ်လာြခင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်းရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊

ဟားခါး-ထန်တလန်သွား ကားလမ်းအနီး CDF အကြမ်းဖက်သမား အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ဟားခါး-ထန်တလန်သွားကားလမ်းအနီး ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီခန့်က နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲများသည် CDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး CDF အကြမ်းဖက်သမား ၃ လောင်း၊ မောင်းပြန်သေနတ် ၂ လက်၊ ကျည် ၁၆၀ တောင့်၊ ကျည်အိမ် ၂ ခု၊ တစ်ယောက်ပစ်ကျင်း ၁၅ ကျင်း၊ ကျည်ကာ အင်္ကျီ ၁ ထည်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

ကိုးကား-Myanmar National Post

Honda နှင့် Nissan တို့ လုပ်ငန်းပူးပေါင်းရန် ဆွေးနွေး နေကြောင်း သတင်းများတွင်ဖော်ပြနေ

Honda Motor နှင့် Nissan Motor တို့သည် မကြာမီကာလအတွင်း လုပ်ငန်းပေါင်းစည်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များတွင် ဖော်ပြလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုတွင် ဒုတိယနှင့် တတိယအကြီးဆုံးဖြစ်ကြသည့် ၎င်းကုမ္ပဏီများသည် နည်းပညာနှင့်ကုန်ကျစရိတ်များကို မျှဝေခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် အစုရှယ်ယာပိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် စဉ်းစားနေကြောင်းဖော်ပြကြသည်။

အနောက်အုပ်စုက ရုရှားကို နျူစစ်ပွဲကြီး မဖြစ်ဖြစ်အောင် ကျဉ်းထဲကြပ်ထဲတွန်းပို့နေကြောင်း ပူတင်ပြော

အမေရိကန် တာလတ်ပစ်နှင့် တာဝေးပစ် ဒုံးကျည်များ ယူကရိန်းကို ဖြန့်ကျက်ခြင်းမပြုရန်၊ ယူကရိန်းအပေါ် အနောက်အုပ်စု၏ ပံ့ပိုးကူညီနေမှုက နျူစစ်ပွဲကြီး ဖြစ်အောင် ရုရှားကို တွန်းအားပေးနေကြောင်း သမ္မတ ဗလာဒီမာပူတင်က သတိပေးပြောလိုက်ပါသည်။

အမေရိကန်သည် အိန္ဒိယမှ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၁၈,၀၀၀ နီးပါးကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ထား

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့ (ICE) သည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်၏အလားအလာရှိသော အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒ အသက်ဝင်လာပြီးနောက် ပြည်နှင်ဒဏ်ခံရနိုင်သည့် အိန္ဒိယနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၇,၉၄၀ ခန့်ရှိကြောင်း သိရသည်။

ဒေါ်နယ်ထရန့်က သန်းနှင့်ချီ‌သော ရွှေ့ပြောင်းအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်စေလွှတ်မည်

ဒေါ်နယ်ထရန့်က သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း First Post America သတင်းဌာနတွင် ဖော်ပြထားသည်။