မြေရှားသတ္တုသိုက်အများဆုံးပိုင်ဆိုင်သည့်နိုင်ငံများ
Upload Image

ယနေ့ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်နှင့် နည်းပညာဆိုင်ရာ တိုးတက်လာမှုကို အခြေခံသည့် စီးပွားရေးခေတ်သစ်တစ်ခုသို့ ဦးတည်လျက်ရှိရာ မြေရှားသတ္တုများ (rare earth) မှာ စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးတို့တွင် အဓိကထောက်ပံ့မှုနှင့် အခြေခံလိုအပ်ချက်များ၏ ပင်မ အထောက်အကူတစ်ခုဖြစ်လာပါသည်။
မြေရှားသတ္တုပိုင်ဆိုင်သည့်နိုင်ငံများကို ကြည့်ပါက အချို့နိုင်ငံများမှာ သတ္တုသိုက်ကြီးများ ပိုင်ဆိုင်ပြီး မြောက်မြားစွာ ထွက်ရှိသလို အချို့နိုင်ငံများမှာ ကြီးမားသော သတ္တုသိုက်များကို ပိုင်ဆိုင်ထားသော်လည်း ထုတ်လုပ်မှုမှာ နည်းပါးနေသည်ကို တွေ့ရပါသည်။
ဥပမာ ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုသိုက် ဒုတိယ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း ၂၀၂၄ ခုနှစ်က မက်ထရစ်တန် ၂၀ သာ ထွက်ရှိခဲ့သည်။
လက်ရှိကမ္ဘာပေါ်တွင် မြေရှားသတ္တုသိုက် အများဆုံးပိုင်ဆိုင်သည့် နိုင်ငံ (၈)နိုင်ငံကို ဖော်ပြပါသည်။
ပထမ-တရုတ်(မက်ထရစ်တန် ၄၄ သန်း)၊
ဒုတိယ-ဘရာဇီး (မက်ထရစ်တန် ၂၁ သန်း)၊
တတိယ-အိန္ဒိယ(မက်ထရစ်တန် ၆.၉ သန်း)၊
စတုတ္တ-ဩစတြေးလျ (မက်ထရစ်တန် ၅.၇ သန်း)၊
ပဥ္စမ- ရုရှား (မက်ထရစ်တန် ၃.၈ သန်း)၊
ဆဋ္ဌမ- ဗီယက်နမ် (မက်ထရစ်တန် ၃.၅ သန်း)၊
သတ္တမ- အမေရိကန် (မက်ထရစ်တန် ၁.၉ သန်း)၊
အဋ္ဌမ - ဂရင်းလန်း (မက်ထရစ်တန် ၁.၅ သန်း) တို့ဖြစ်ပါသည်။
ကိုးကား - Investing New Network (INN)
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃