သနပ်ခါးကို မြန်မာအမျိုးသမီးများနှစ်သက်စွာလိမ်းကြသည်။ သနပ်ခါးမလိမ်းသည့်မြန်မာအမျိုးသမီးမှာ နည်းပါးလှသည်။ မြန်မာအမျိုးသမီးများအနေဖြင့် လူကြီး၊ လူငယ်၊ လူလတ်မကျန် သနပ်ခါးလိမ်းကြသည်။ မြန်မာအမျိုးသမီးအများစုကိုကြည့်လိုက်ပါက သနပ်ခါးလိမ်းထားသည်ကိုတွေ့ရသည်။ အထူးသဖြင့် ကျေးလက်နေအမျိုးသမီးအများစုမှာ သနပ်ခါးလိမ်းကြသည်ကို ပိုတွေ့ရသည်။ထို့ပြင် မြန်မာ့သနပ်ခါးကို တစ်ခါတစ်ရံအမျိုးသားများပါ နှစ်သက်စွာလိမ်းကြသည်ကိုလည်း တွေ့ရသည်။

“ဆောင်းမှာနွေး၊ နွေမှာအေး”ဆိုသည့်ဆိုစကားအရ ဆောင်းတွင်းရာသီမှာသနပ်ခါးလိမ်းထားလျှင် အနွေးဓာတ်ကိုရရှိပြီး နွေရာသီမှာ သနပ်ခါးလိမ်းပါက အအေးဓာတ်ကိုရရှိသည်ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပူပြင်းလှသောနွေရာသီတွင် အမျိုးသမီးများအပြင် အမျိုးသားများပါ သနပ်ခါးလိမ်းကြခြင်းဖြစ်သည်။ ထို့ကြောင့် သနပ်ခါးသည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတစ်မျိုးဟုပင်ဆိုရပေမည်။ အကြောင်းမှာ မြန်မာလူမျိုးတို့သည် သနပ်ခါးကို ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ စွဲစွဲမြဲမြဲလိမ်းခဲ့ကြသောကြောင့်ဖြစ်သည်။
သနပ်ခါး၏အဓိပ္ပာယ်၊ သနပ်ခါးသမိုင်းနှင့်သနပ်ခါးရာဇဝင်
သနပ်ခါးသည် စွဲလမ်းနှစ်ခြိုက်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက် နှစ်သက်စွာအသုံးပြုခဲ့ကြသည်။ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုသည် အေဒီ ၅ ရာစုမှ အေဒီ၉ ရာစုအတွင်း ထွန်းကားခဲ့သည်ဟုယူဆကြသည်။ သနပ်ခါးလိမ်းသည့်ဓလေ့ကိုမူ လွန်ခဲ့သည့်နှစ်ပေါင်း ၂၄၀၀ ကျော်ခန့်က စတင်ခဲ့သည်ဟုဆိုသည်။ တချို့ကလည်းလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ဟုဆိုကြသည်။ မည်သို့ဆိုစေကာမူ မြန်မာတို့သနပ်ခါးလိမ်းသည့်ဓလေ့သည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်ကိုတော့ ငြင်းမရပေ။ သရေခေတ္တရာခေတ် ဗိဿနိုးမိဖုရားတို့ခေတ်တွင် သနပ်ခါးလိမ်းခြင်းကို သဲသဲမဲမဲ စွဲစွဲလမ်းလမ်းကြီးဖြစ်လာခဲ့သည်ဟုပညာရှင်များက ယူဆကြောင်း သိရသည်။သနပ်ခါးနှင့်ပတ်သက်ပြီး ပုဂံရှိနဂါးရုံဘုရားနှင့်အပယ်ရတနာဘုရားရှိ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနှင့်ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့်အလှဆင်နေသည့်မိန်းမပျိုပုံများကိုတွေ့ရသောကြောင့် ပုဂံခေတ်မှာလည်းမြန်မာမိန်းမပျိုတို့သနပ်ခါးလိမ်းကြောင်းသိနိုင်သည်။
သနပ်ခါးရာဇဝင်ကို ပြောမည်ဆိုပါကပခန်းသားတို့၏ ပါးစပ်ရာဇဝင်ကိုသာဖော်ပြရပေလိမ့်မည်။ အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ်အခါက ပခုက္ကူခရိုင်ပခန်းကြီးမြို့အနောက်ဘက် ၂ မိုင်ခန့်ကရှင်မတောင်အနီးရှိ တောင်နီတောင်အနီးသို့ရောက်သောအခါ မိဖုရားကြီးအသုံးပြုလေ့ရှိသော သနပ်ခါးအစ်(အလွန်မွှေးကြိုင်သော သနပ်ခါးအရည်ထည့်ထားသောကွမ်းအစ်)သည် တိမ်းမှောက်သွားသဖြင့် အဆိုပါတောင်နီတောင်ဒေသတစ်ဝိုက်တွင် ပေါက်ရောက်သောသနပ်ခါးသည် အခြားသောဒေသထွက်သနပ်ခါးများထက်ပိုမွှေးသည်ဟု အယူရှိကြသည်။ ဤကားပခန်းသားတို့၏ ပါးစပ်ရာဇဝင်ပင်ဖြစ်သည်။ ထို့ပြင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဓာတုကလျာမင်းသမီးအမည်ပါသော ကျောက်ပျဉ်ကို ပဲခူးရွှေမော်ဓောဘုရား၌တွေ့ရသည်ဟုလည်း မှတ်သားရသည်။ထို့ကြောင့် ဘုရင့်နောင်မင်းတရားကြီးသည် တောင်ငူခေတ်မင်းတစ်ပါးဖြစ်သဖြင့်သနပ်ခါးကို တောင်ငူခေတ်မှာလည်းလိမ်းကြောင်းသိနိုင်သည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တွင် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ်အနောက်ဘက် သီဟတောဘုရား၏တောင်ဘက် ၂ မိုင်ခန့်ရှိ ကပွတ်ရွာဆိုလျှင် ရှေးကနန်းတော်သုံး တော်ဝင်သနပ်ခါးထွက်ရှိကြောင်းသိရသည်။
မြန်မာ့ရိုးရာသနပ်ခါးအဓိပ္ပာယ်
သနပ်ခါးဟူသောစကားတွင် “သနပ်ခါ”ဟူသောစကားမှဆင်းသက်လာပြီး“သနနှင့်ခါ”ဟူသောစကားကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ “သန”ဟူသည် “မသန့်မရှင်းဖြစ်သည်၊ ယုတ်ညံ့သွားသည်”ဟုအဓိပ္ပာယ်ရသည်။ “ခါ”ဟူသည်စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနပ်ခါ”ဟူသည် မကောင်းသောအညစ်အကြေးများနှင့်ယုတ်ညံ့စေသောအရာများကို ဖယ်ထုတ်သည်။စွန့်ထုတ်သည်။ ခါထုတ်ပစ်သည်ဟူသောအဓိပ္ပာယ် ကောက်ယူရပေလိမ့်မည်။မြန်မာ့ယဉ်ကျေးမှုဖြစ်သောရိုးရာသနပ်ခါးသည် မြန်မာလူမျိုးတို့၏အယူအဆအရသန့်ရှင်းခြင်းသဘောကို ဆောင်သည်။ အမှန်စင်စစ်လည်း မြန်မာ့သနပ်ခါးကိုလိမ်းခြယ်ထားသူများကို ကြည့်ပါကသန့်ရှင်းနေသည်ကို တွေ့ရပေလိမ့်မည်။
ဆေးကျမ်းလာမြန်မာ့နံ့သာအမျိုးမျိုး
မြန်မာလူမျိုးတို့ အသုံးပြုလေ့ရှိသောနံ့သာများရှိသည်။ အဆိုပါနံ့သာများကိုဆေးဖက်မှာလည်း အသုံးပြုကြသလိုလူတို့၏အလှအပရေးရာအတွက်လည်းအသုံးပြုကြသည်။ သနပ်ခါးကို အင်္ဂလိပ်အမည်ဖြင့် Chinese Box Tree ဟုခေါ်ပြီး သိပ္ပံအမည်မှာ Naringi Crenulata ဖြစ်သည်။ မျိုးရင်းက Rutaceae ဖြစ်ပြီး မျိုးစိတ်မှာ Acidissma ဖြစ်သည်။ကျောက်ပျဉ်ပေါ်တင်သွေးရသောနံ့သာအမျိုးမျိုးရှိသည်။ မာဂဓအဘိဓာန်ကျမ်း၌ လေးမျိုးရှိပြီး ယင်းတို့မှာ(၁)ကုင်္ကုမံ၊ (၂)လေးညှင်း၊ (၃)ကက္ကုကမျဉ်း၊ (၄)တောင်ဇလပ်တို့ဖြစ်သည်။ ဗိန္ဓောဆေးကျမ်းလာ နံ့သာငါးမျိုးရှိသည်။ ယင်းတို့မှာ (၁)နံ့သာဖြူ၊ (၂)နံ့သာနီ၊ (၃)ကရမက်၊ (၄)အကျော်၊ (၅)စမ္ပာတို့ဖြစ်သည်။ ထို့ပြင် သာရတ္ထသင်္ဂဟကျမ်းမှာမူနံ့သာ ၁၀ မျိုးရှိကြောင်း ဖော်ပြထားသည်ဟုသိရသည်။ ထိုနံ့သာ ၁၀ မျိုးမှာ(၁)အမြစ်နံ့သာ၊ (၂)အနှစ်နံ့သာ၊ (၃)အကာနံ့သာ၊ (၄)အခေါက်နံ့သာ၊ (၅)အလွှာနံ့သာ၊ (၆)အရည်နံ့သာ၊ (၇)အရွက်နံ့သာ၊(၈)အပွင့်နံ့သာ၊ (၉)အသီးနံ့သာ၊ (၁၀)အလုံးစုံအနံ့နှင့်ပြည့်စုံသော ပင်စည်နံ့သာတို့ဖြစ်သည်။ မြန်မာ့သနပ်ခါးသည် သာရတ္ထသင်္ဂဟကျမ်းလာနံ့သာ ၁၀ မျိုးအနက် အခေါက်နံ့သာ၊ အမြစ်နံ့သာ၊ အလွှာနံ့သာသုံးမျိုးတွင် အကျုံးဝင်သည်။
စာပေထဲက မြန်မာ့သနပ်ခါး
မြန်မာ့သနပ်ခါးကို ကမ္ဘာကပင် သိကြသည်။ မြန်မာ့သနပ်ခါးသည် ကမ္ဘာကျော်သည်။ ကမ္ဘာကျော်သလို ရှေးစာဆိုများက အမြတ်တနိုးပင်စာဖွဲ့ခဲ့ကြသည်။ထို့ကြောင့် သနပ်ခါးသည် မြန်မာလူမျိုးတို့၏ကြီးမားသော အစွဲအလမ်းတစ်ခုဖြစ်သလို အလေးထားအသုံးပြုသောနံ့သာတစ်မျိုးလည်းဖြစ်ကြောင်း သိနိုင်သည်။ မြန်မာ့သနပ်ခါးကို ခေတ်အဆက်ဆက် ကဗျာစာဆိုတို့က ကဗျာစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇဓိရာဇ်မင်းသားသည်မင်းသားဘဝနှင့် ဒဂုံသို့ချီတက်ရာတွင်ကြင်သူသက်ထားထံသို့ရေးပို့ခဲ့သောသုံးထောင့်အိုင်ချင်းတစ်ပုဒ်တွင် “သနပ်ခါးကျောက်ပျဉ်ပေါ်တွင် သောက်တော်ရေနှင့်ရောသွေးပါလျှင် နံ့သာပေါ်ကျဲတတ်တယ်”ဟုလည်းကောင်း၊ ရှေးခေတ်ဆန်ဖွပ်တေးတစ်ပုဒ်တွင် “ရွှေနံ့သာခေါက်ကိုလ၊ ကျောက်ပျဉ်မှာ အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး”ဟုလည်းကောင်း၊ တောဓလေ့တေးတစ်ပုဒ်မှာလည်း “သနပ်ခါးငယ် တစ်ကွက်၊ ရွှံ့တစ်စက်ကယ်နှင့်တွဲလျက်ကယ်တူညီ၊ စိုက်လယ်ကွင်းဆီက သီချင်းသံပြိုင်ဆိုတော့”ဟုလည်းကောင်း ရေးဖွဲ့ထားသည်မှာ သနပ်ခါးပါးကွက်ကြားနှင့်ကောက်စိုက်သူလုံမလေးတို့၏ ဟန်နှင့်သီချင်းသံကိုကြားယောင်မြင်ယောင်လာစေသည်။ ထို့ပြင် သက္ကရာဇ် ၈၅၅ ခုနှစ်အင်းဝခေတ်ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာရဋ္ဌသာရရေးစပ်ခဲ့သောဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတစ်သုန် လိမ်းလင့်ကုန်”ရေးဖွဲ့ထားခဲ့သည်။ စာဆိုတော်ဦးကြီးကလည်း သူ၏ကဗျာတစ်ပုဒ်တွင်“ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့်ရေခပ်လမ်းမှာ စခန်းသင့်လို့၊ ထက်ဆင့်နီရောင်ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ၊ သနပ်ခါးကွက်ပါးမှာကူလို့”ဟုလည်းကောင်း၊ ခါတစ်ခေါက်ရွာရောက်ငယ်လှမ်းခဲ့ပ အသချီထားသောကဗျာတစ်ပုဒ်တွင် “တစ်ဖက်ကယ်မှောင်ကာ၊ တခြမ်းတာမှာ၊ နံ့သာလိမ်းကွက်၊လရောင်ပြက်မှာ”ဟုလည်းကောင်း ရေးဖွဲ့ထားသည်။ ထို့ပြင် အမည်မသိစာဆိုတစ်ဦးရေးဖွဲ့ခဲ့သော ရွှေမနသူတမ်းချင်းတွင် “သနပ်ခါးကွက် ပါးမှာကူ၊ ရွှေမိုင်းသူတော့်၊ ကျုပ်အလှဆုံး”ဟုလည်းကောင်း ရေးဖွဲ့ထားသည့် သနပ်ခါးကဗျာများကိုတွေ့ရသည်။ နန်းတော်ရှေ့ဆရာတင်ကလည်း “ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်းညက်ညက်ဖြူ”ဟု သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့သည်။
မြန်မာ့ရိုးရာသနပ်ခါးပွဲတော်များ
မြန်မာလူမျိုးတို့သနပ်ခါးကို မည်မျှကြိုက်နှစ်သက်လည်းဆိုလျှင် မြန်မာနိုင်ငံနေရာအနှံ့တွင် သနပ်ခါးပွဲတော်များကျင်းပကြခြင်းကို ကြည့်ခြင်းအားဖြင့်သိနိုင်သည်။ အချမ်းအအေးလွန်ကဲသောတပို့တွဲလရာသီမျိုးတွင် မြန်မာ့သနပ်ခါးနှင့်နံ့သာများကိုရောနှောမီးရှို့၍ မြတ်စွာဘုရားရှင်အား မီးပုံပွဲအလှူကို ကျင်းပလှူဒါန်းကြသည်။ ထို့ပြင် ရခိုင်တိုင်းရင်းသားတို့သည် ရခိုင်ရိုးရာဓလေ့တစ်ခုအနေဖြင့် သင်္ကြန်အကြိုနေ့မတိုင်မီလူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမကျန်နံ့သာဖြူ၊ သနပ်ခါး စသည်တို့နှင့်ကျောက်ပျဉ်ကိုယူဆောင်ပြီး စုပေါင်းကာ အတီးအမှုတ်များဖြင့် နံ့သာသွေးပွဲကိုကျင်းပလေ့ရှိကြသည်။ ယောနယ်ဘက်မှာလည်း သီတင်းကျွတ်လပြည့်နေ့တွင်လူပျို၊ အပျိုတို့သည် သနပ်ခါးပွဲတော်ကိုပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ် ကျင်းပလေ့ရှိကြောင်းသိရသည်။ စာရေးသူတို့မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီအလိုက် သနပ်ခါးပွဲတော်များရှိသည်။ မင်းဘူးရွှေစက်တော်ဘုရားပွဲတွင် တပို့တွဲလမှတန်ခူးလအထိလည်းကောင်း၊ စလင်းမြို့ရှိ ရွှေပြည်အေးဘုရားပွဲတွင် ကဆုန်လ၌လည်းကောင်း၊ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတွင် နယုန်လ၌လည်းကောင်း၊ ဝါခေါင်လတွင် မြင်းမူမြို့ရှိ ရှင်စောလူးဘုရားပွဲ၌လည်းကောင်း၊တော်သလင်းလတွင် တံတားဦးမြို့နယ်ငါန်းဇွန်ဘုရားပွဲ၌လည်းကောင်း၊ သီတင်းကျွတ်လတွင် မကွေးမြသလွန်စေတီ၌လည်းကောင်း၊ တန်ဆောင်မုန်းလတွင်ရွှေစည်းခုံဘုရားပွဲ၌လည်းကောင်း၊နတ်တော်လတွင် ကျောက်ပန်းတောင်းရှိစေတီကြီးဘုရားပွဲနှင့် ပြာသိုလတွင်အာနန္ဒာဘုရားပွဲ၌လည်းကောင်း သနပ်ခါးပွဲတော်များ ကျင်းပလေ့ရှိသည်။
သနပ်ခါးအရည်မပုပ်အောင်ပြုလုပ်နည်း
ဤနည်းသည် မြန်မာအမျိုးသမီးများအတွက် အဆင်ပြေသောနည်းဖြစ်သည်။ မြန်မာအမျိုးသမီးတို့သည် သနပ်ခါးကြိုက်ကြသဖြင့် ခရီးသွားလျှင်သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူလေ့ရှိကြသည်။သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူရသည်မှာ လွယ်ကူသည်မဟုတ်ပေ။ထို့ကြောင့် ခရီးသွားရာတွင်သနပ်ခါးနှင့်ကျောက်ပျဉ်ကိုသယ်စရာမလိုဘဲ သနပ်ခါးမပုပ်အောင်ပြုလုပ်နည်းကိုဖော်ပြပါမည်။သနပ်ခါးကို မိမိလိုသလောက်သွေး၍ ထည့်စရာကြုတ် သို့မဟုတ် ဘူးအတွင်းထဲ၍ သံပရာရည် သို့မဟုတ် ရှောက်ရည်ထည့်၍ ယူဆောင်သွားခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ သနပ်ခါးဘူးအတွင်းကျောက်ချဉ်အနည်းငယ်ကိုလည်းကောင်း၊အရက်ပြန်အနည်းငယ်ကိုလည်းကောင်းထည့်ကြသည်။ ထို့ပြင် သနပ်ခါးရည်ဘူးထဲသိုငွေမတ်စေ့ထည့်စိမ်ထားပါကလေးငါးရက်ခန့်သနပ်ခါးရည်မပုပ်ဟုသိရသည်။
မြန်မာ့သနပ်ခါးနှင့်ကျန်းမာရေး
မြန်မာ့သနပ်ခါးသည် မြန်မာ့ယဉ်ကျေးမှုဖြစ်သလို ကျန်းမာရေးအတွက်လည်းအထောက်အကူပြုသည်။ ဆေးကျမ်းအရသနပ်ခါးသည် ပူ၏။ သွေးကိုကြွစေသည်။ ငန်းမန်းကိုနိုင်သည်။ အပူနာ၊အအေးနာနှစ်မျိုးစလုံးတွင် သုံးနိုင်သည်။အပင်၊ အရွက်၊ ပင်စည်၊ အမြစ်အားလုံးကိုအသုံးပြုနိုင်သည်။ သနပ်ခါးရွက်သည် ဝက်ရူးပြန်ရောဂါကုသသည့်ဆေးဖော်စပ်ရာတွင်ထည့်သွင်းအသုံးပြုသလို ဆီးချိုရှိသူများအမှုန့်ပြုလုပ်၍ သောက်သုံးကြသည်။ အသီးကိုမူ အဆိပ်ဖြေဆေးဖော်စပ်ရာတွင်အသုံးပြုသည်။ နွေရာသီတွင်ဖြစ်တတ်သော မိတ်ဖု၊ ယားယံနာများဖြစ်လျှင် သနပ်ခါးရေကျဲသွေးလိမ်းပေးနိုင်သည်။ သနပ်ခါးမြစ်ကို ဆားနှင့်သွေးလိမ်းပေးပါက ညောင်းညာကိုက်ခဲခြင်းကိုသက်သာစေသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏ အသည်းစွဲနံ့သာဖြစ်သည်။ သနပ်ခါးသည် အသားအရည်ကိုအကျိုးပြုသည်။ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေကို နူးညံ့စိုပြည်စေပါသည်။ ကလေးငယ်များကိုလူကြီးများက သနပ်ခါးခွံ့ကြသည်ကိုတွေ့ဖူးသည်။ ကလေးငယ်များအားသနပ်ခါးခွံကျွေးခြင်းဖြင့် ကျောက်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။သနပ်ခါးသည် နေပူဒဏ်ကိုကာကွယ်ပေးသည်။ နေရောင်မှာပါဝင်သည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသည်။၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီတို့၏လေ့လာချက်အရ သနပ်ခါးပင်၏အခေါက်သည် အင်တီအောက်ဆီးဒင့် ခေါ်ခန္ဒာကိုယ်ကိုအကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း၊ အသားအရည်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်များအပြင် ဗက်တီးရီးယားများကိုပါသေစေနိုင်သော ဓာတ်နှင့်အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေနိုင်သောဓာတ် သနပ်ခါးလိမ်းပေးခြင်းဖြင့်မျက်နှာပေါ်တွင်ဖြစ်လေ့ရှိသော ဝက်ခြံကိုသက်သာပျောက်ကင်းစေပြီး နေလောင်ခြင်းကိုလည်း ကာကွယ်ပေးသည်။ထို့ကြောင့် နေပူပူမှာ အလုပ်လုပ်သူများသည်သနပ်ခါးကိုပါးမှာ ခပ်ထူထူလိမ်းကြခြင်းဖြစ်သည်။ ဒူးဆစ်ရောင်ရမ်းခြင်းကို သနပ်ခါးမြစ်ကို သွေးလိမ်းပေးလျှင်ပျောက်ကင်းနိုင်သည်။
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရန်ကြိုးပမ်း
မြန်မာနိုင်ငံတွင် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ ရှေးဟောင်းမြို့များ၊ ရှေးဟောင်းကျောက်စာများ၊ရှေးဟောင်းအဆောက်အအုံများ စသည်ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များရှိသည်။ ဒြပ်မဲ့ဟူသည်ထိတွေ့ကိုင်၍မရသော သဘောဆောင်သည်။ ဥပမာ-မြန်မာ့ရိုးရာသင်္ကြန်ကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့်တော့ ဒြပ်မဲ့ယဉ်ကျေးမှုဟူသည် လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းယူဆောင်လာခဲ့သည့် ထိတွေ့ကိုင်တွယ်၍မရသောအစဉ်အလာအားဖြင့်ထိန်းသိမ်းလာခဲ့သည့် ဓလေ့တစ်ခုဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ မြန်မာ့သင်္ကြန်ကိုတော့ မြန်မာတို့၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ်အသိအမှတ်ပြုမှတ်တမ်းဝင်ခဲ့ပြီးဖြစ်သည်။
ယခုအခါ မြန်မာ့ရိုးရာသနပ်ခါးကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် စာတမ်းပြုစုလျက်ရှိကြောင်းသိရသဖြင့် ဝမ်းမြောက်မိသည်။ ထိုစာတမ်းကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအပါအဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးNGO အဖွဲ့အစည်းများနှင့်ပူးပေါင်းရေးဆွဲပြီး ဘာသာစကားအနေဖြင့် မြန်မာ၊အင်္ဂလိပ်၊ ပြင်သစ်သုံးဘာသာဖြင့် ရေးဆွဲကြောင်းသိရသည်။ မြန်မာ့သနပ်ခါးသည် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းတွင်ပါဝင်ခြင်းလျှင်မြန်မာလူမျိုးတို့၏ယဉ်ကျေးမှုတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုတန်ဖိုးထားပြီး မြန်မာတို့၏ယဉ်ကျေးမှုဂုဏ်ကိုဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ရှိပါသေးသည်။ ယင်းကား မြန်မာ့ရွှေချည်ထိုးအနုပညာဖြစ်သည်။ မြန်မာ့ရွှေချည်ထိုးလက်မှုအနုပညာကိုလည်း ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်မှတ်တမ်းဝင်ရန်ကြိုးပမ်းစေလိုကြောင်း စာရေးသူအနေဖြင့်နှိုးဆော်လိုက်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာလူမျိုး၊ မြန်မာအမျိုးသမီးတို့ရှေးအစဉ်အဆက်ကတည်းက နှစ်ခြိုက်စွာအသုံးပြုခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည်။ သနပ်ခါးကိုမနှစ်သက်သည့်မြန်မာအမျိုးသမီးက ရှားလှသည်။ စာရေးသူမန္တလေးရောက်စဉ်က ကုသိုလ်တော်ဘုရား၌ နိုင်ငံခြားအမျိုးသမီးတစ်ဦးမြန်မာ့သနပ်ခါးလိမ်းထားသည်ကို တွေ့ဖူးသည်။ ထိုအချိန်ကတည်းက မြန်မာသနပ်ခါးကို နိုင်ငံခြားသားများစိတ်ဝင်စားနှစ်သက်ကြသည်ကို ခန့်မှန်းမိသည်။ ယခုအခါ နိုင်ငံတော်နှင့်သက်ဆိုင်ရာယဉ်ကျေးမှုအဖွဲ့အစည်းများက မြန်မာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အောင်ကြိုးစားနေကြောင်းကြားသိရဖြင့်ဝမ်းမြောက်ဂုဏ်ယူပီတိဖြစ်ရသည်။မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း မိမိနိုင်ငံ၏သနပ်ခါးအပါအဝင်အခြားသော ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းသင့်သည်။ ထို့ပြင် မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့အတွက်ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

“ပေါက်လဲပွင့်တုံ၊
ဆူးပန်းငုံ၊
မီးပုံယာဂုပွဲ”
(ကင်းဝန်မင်းကြီး)
ပေါက်ပန်း၊ လဲပန်း၊ ဆူးပန်းတို့ ဖူးပွင့်ခဲ့လေပြီ။ ပြာသိုမှာ ခွာညိုပန်းတို့ သင်းရနံ့လှိုင်ခဲ့ကြသလို တပို့တွဲလအခါသမယတွင်လည်း ပေါက်၊ လဲ၊ ဆူးတို့ မြူးကြွစွာ ဖူးပွင့်ခဲ့လေပြီ။
မြန်မာ့အလှသဘာဝကို ဖော်ဆောင်

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီတွင် လတိုင်းလတိုင်းသည် အနက်အဓိပ္ပာယ်နှင့် မြန်မာ့အလှသဘာဝကို ဖော်ဆောင်ရင်း ဘာသာရေးကို အခြေခံသောပွဲတော်များကို လအလိုက် ဆင်ယင်ကျင်းပခဲ့ကြသည်။ တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည့်အတွက် အလွန်အေးချမ်းလှသည့် ထိုရာသီတွင် အအေးလွန်ကဲ၍ နှာရည်များပင်ကျသည့်အတွက် ရှေးစာဆိုတော်ကြီးများက “နှာရည်ယိုရွှဲ တပို့တွဲ”၊ “တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ” ဟု တင်စားရေးသားခဲ့ကြသည်။
တပို့တွဲလသည် နှင်းမှုန်၊ နှင်းစက်၊ နှင်းငွေ့များဖြင့် ရီဝေမှုန်ဝါးကာ အေးချမ်းသာယာပြီး လူတို့၏ နှလုံးဘဝင်ကို စိတ်ပျော်ရွှင်စေသော လလည်းဖြစ်ပါသည်။ တပို့တွဲလကို ပုဂံခေတ် ကျောက်စာများတွင် တပိုဒ်တွယ်၊ တပိုတွဲ၊ တပိုင်တွဲဟူ၍ အမျိုးမျိုးရေးသားခဲ့ကြပြီး မျက်မှောက်ခေတ်တွင် တပို့တွဲဟူ၍သာ ခေါ်ဝေါ်ခဲ့ကြသည်။
တပို့တွဲလ၏အမည်သည် ထိုရာသီတွင် ဖူးကြသီးကြသော ထန်းပင်ကို အကြောင်းပြု၍ ခေါ်ဝေါ်ခဲ့ကြောင်း စာပေများတွင် တွေ့ရပေသည်။ တပို့တွဲလတွင် ထန်းဖူးထန်းခိုင်တို့ကို အောက်သို့ တွဲလောင်းကျအောင် ပြုလုပ်၍ ထန်းရည်နင်းသည်ကို အစွဲပြုကာ တပို့တွဲလဟု တွင်လာကြကြောင်း စာဆိုများက ရေးသားခဲ့ကြသည်။ တပို့တွဲလနှင့် ပတ်သက်၍ စာဆိုဦးယာက “ပေါက်လဲ ငုံကင်း၊ ထန်းယဉ်နင်းသည်၊ နှင်းစီစီငယ်နှင့်လေး” ဟူ၍ ရာသီပန်းနှင့် အေးချမ်းသောအချိန်အခါ၊ ထန်းများဖူးသောလကို စာဆိုရှင်က မြင်သာအောင် ရေးပြခဲ့သည်။ ထို့အတူ ကျော်အောင်စံထား ဆရာတော်ကြီးကလည်း ဝေါဟာရတ္ထပကာသနီကျမ်းတွင် လယ်သမားများသည် လယ်ယာကိစ္စအချို့ပြီး၍ လယ်ယာလုပ်ကိရိယာများဖြစ်သော ထမ်းပိုးများကို ဆွဲထားလေ့ရှိသောကြောင့် ထမ်းပိုးဆွဲမှ တပို့တွဲလဟူသောစကားဖြစ်ပေါ်လာသည်ဟု မြန်မာဆန်ဆန် ကြံစည်ယူဆခဲ့ကြသည်ဟု ဆိုထားပြန်သည်။
မီးဖုန်းပွဲနှင့် ထမနဲပွဲများ
မြန်မာတို့၏ ၁၂ လရာသီတွင် ဘာသာရေးကို အခြေခံသော ကောင်းမှုပွဲတော်များကို ဆင်ယင်ကျင်းပခဲ့ကြရာ၌ တပို့တွဲလတွင်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် အဓိပ္ပာယ်အနှစ်သာရ ပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့ကြရာ တပို့တွဲလတွင် ဘာသာရေးကို အခြေခံသော မီးအလှူပွဲ (ခေါ်) မီးဖုန်းပွဲနှင့် ထမနဲ (ထမင်းနှဲ) ပွဲများမှာ မြန်မာ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ထင်ရှားပါသည်။
တပို့တွဲလ၏ အချမ်းအအေးဒဏ်ကြောင့် သုံးလောကထွတ်ထား မြတ်စွာဘုရားကိုယ်တော်တိုင်ပင် တပို့တွဲလညများ၌ ဆီးနှင်းများ ပြင်းထန်စွာကျ၍ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသောကြောင့် ဓာတ်ကြီးလေးပါးမျှတစေရန် မီးအိုးကင်းတွင် ရွှေလက်တော်တင်ကာ မီးလှုံတော်မူခဲ့ကြောင်း မှတ်သားရသည်။ ဤသည်ကို အစွဲပြု၍ ရှေးမြန်မာတို့သည် တပို့တွဲလတွင် မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) ကို ဆင်နွှဲခဲ့ကြသည်။
မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) တွင် နံ့သာထင်းများဖြင့် မြတ်စွာဘုရားအား ပူဇော်ခဲ့ကြသည်။ မြန်မာနိုင်ငံ မန္တလေး၊ ရွှေဘိုစသည့် အထက်အညာဒေသရှိ အချို့အရပ်များတွင် တပို့တွဲလဆန်းရောက်ပါ က တောထဲသို့သွား၍ သနပ်ခါးထင်းများ ခုတ်ကာ နေပူလှန်းထားကြသည်။ တပို့တွဲလပြည့်နေ့ ရောက်သောအခါတွင် ခြောက်နေပြီဖြစ်သော နံ့သာထင်းများကို စေတီပုထိုး ရုပ်ပွားတော်များရှေ့တွင် စေတီသဏ္ဌာန်၊ ပြာသာဒ်သဏ္ဌာန် ပြုလုပ်၍ မီးပူဇော်ကာ မီးကုသိုလ်အလှူကို ပြုကြသည်။ တချို့အရပ်ဒေသတွင် ဘုရားပုထိုးစေတီသာမက သံဃာများကိုလည်းကောင်း၊ သက်ကြီးရွယ်အိုများကိုလည်းကောင်း နံ့သာထင်းများဖြင့် မီးအိုးကင်းလှူတတ်ကြသည်။
မီးကုသိုလ်ပြုပွဲနှင့်ပတ်သက်၍ မြင်းခွာရွာစား၏ရတုတွင် “ပေါက်လဲ ပွင့်လှိုင်၊ လနှင့်ပြိုင်က၊ ဘုန်းခိုင်မြတ်ဖျား၊ ကိုယ်တော်စားဟု၊ သုံးပါးရတနာ၊ ဖြတ်ရာရာဝယ်၊ သဒ္ဓါကြည်လင်၊ ပျော်မြူးရွှင်လျက်၊ သဘင်မီးပုံး၊ တပြုံးပြုံးသည်” ဟု ဖွဲ့ဆိုထားသည်။
ထို့အတူ စာဆို ဦးယာကလည်း “သုံးလူ့ချာကို၊ ရှိန်ဝါရောင်ညီး၊ မီးပုံး ပူဇော်၊ လှူတော်လှူမြဲ၊ ရာသီပွဲ” ဟုလည်းကောင်း၊ ဆီသည်ရွာစား ဦးအောင်ကြီးက “ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံးသဘင်၊ လှူကြီးရင်သည်၊ ချောင်ရင်နိဗ္ဗာန်ကျွန်းတည့်လေ”ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြ သည်။ ယခုအခါ နံ့သာထင်းများ ရှားပါးလာသည့်အတွက် မီးကုသိုလ်ပွဲ (မီးဖုန်းပွဲ) ပြုလုပ်သည့် အလေ့အထမှာ တစ်စတစ်စ ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး မီးဖုန်းပွဲအစား ထမနဲပွဲကိုသာ ကျင်းပခဲ့ကြပေ သည်။
ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာကျင်းပ
မြန်မာတို့သည် တပို့တွဲလရောက်တိုင်း နိုင်ငံတစ်ဝန်း မြို့ရွာကျေးလက်အနှံ့ အလှူရှင် တစ်ဦးချင်းမှသည် အများစုပေါင်း၍ ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ အလှူရှင်များက ထမနဲများကို ရဟန်းသံဃာ၊ လူပရိသတ်အပေါင်းကို လှူဒါန်းကျွေးမွေးကုသိုလ်ပြုသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့တစ်ရပ်ကို ဖော်ပြလျက်ရှိသည်။
တပို့တွဲလ အခါသမယသည် အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သည့်အတွက် ထိုလတွင် ဆီနိုင်သော အပူစာထမနဲကို သုံးဆောင်လျှင် အသားအရေ စိုပြည်၍ အပူဓာတ်ရလာနိုင်သည့် ရာသီကိုက်ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများတွင် ရေးသားထားပါသည်။ ယနေ့ခေတ်တွင် ထမနဲဟုခေါ်ကြသော်လည်း ထမင်းနှဲဟူ၍ ရေးထုံးရှိသည်။ ကောက်ညှင်းကို နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်းစသည်တို့ဖြင့် စီမံပြုလုပ်ထားသော ချိုဆိမ့်မွှေးအရသာရှိသည့် မြန်မာ့အစားအစာ ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟု ခေါ်ဆိုကြောင်း သိရသည်။ အလားတူ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသဖြင့် နှမ်းမနဲဟုလည်း ခေါ်ဆိုကြပြန်သည်။
တပို့တွဲလတွင် ရှေးမြန်မာမင်းများ လက်ထက်ကပင် မီးဖုန်းပွဲနှင့်အတူ ထမနဲပွဲကို ကျင်းပခဲ့ကြသည်။ အစောဆုံးတွေ့ရသော ထမနဲပွဲမှာ ညောင်းရမ်း ခေတ်နောက်ပိုင်း (ဒုတိယအင်းဝခေတ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စာပေကျမ်းဂန်များတွင် တွေ့ရှိရသည်။ ထမနဲထိုးရာတွင် ယောကျ်ားကြီးများ အားကောင်းမောင်းသန် ချွေးပြိုက်ပြိုက်ကျအောင် စည်းလုံးညီညွတ်စွာထိုးကြရသဖြင့် စည်းလုံးချစ်ခင်မှုနှင့်အတူ အေးမြသောရာသီကို အန်တုယှဉ်ပြိုင်ကာ ထိုးကြရသဖြင့် ကျန်းမာရေးအတွက်လည်း ကောင်းမြတ်လှပေသည်။
တပို့တွဲလ၏ ထူးမြတ်ချက်မှာ မီးဖုန်းပွဲနှင့် ထမနဲပွဲတော်ကျင်းပခြင်းပင်ဖြစ်သည်။ ထိုပွဲတော်နှစ်ရပ်လုံးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်းကာ ပူဇော်သော အလှူပွဲများဖြစ်ရာ တပို့တွဲလအခါသမယသည် မြန်မာလူမျိုးတို့၏ ရိုးရာပွဲတော်များနှင့် အတူ ပျော်ရွှင်ကြည်နူးစရာ လတစ်လဖြစ်ပါတော့သည်။ ။
Source: www.moi.gov.mm

ဟားခါးမြို့၏ အထင်ကရ ရုန်းတောင်
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်မှ ကလေးမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပျံသန်းချိန် ၁ နာရီ ၁၀ မိနစ်၊ ကလေး မှ ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပျံသန်းချိန် မိနစ် ၃၀ စွန်းစွန်းမျှသာ။

ဟားခါးမြို့ပေါ် ဝဲပျံနေချိန်မှာတော့ အရင်ဆုံး ကျွန်တော်ရည်မှန်းဦးခိုက်လိုက်မိသည်က ရုန်းတောင်ပေါ်တွင် စံပယ်တော်မူလျက်ရှိသည့် ဇေယျသိဒ္ဓိရုပ်ပွားတော်မြတ်ကြီးကိုပဲ ဖြစ်ပါသည်။ ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော်တွင် နယ်စပ်/ စည်ပင်ဝန်ကြီးဌာန ပြခန်းတာဝန်များကို ထမ်းဆောင်ရင်း ရုန်းတောင်ပေါ်သို့တက်၍ ပထမဆုံးအကြိမ် ဖူးမြော်ဖြစ်ခဲ့သည်။ ကျွန်တော် အမှတ်မမှားလျှင် ရာသီဥတုကလည်း ယခုလိုဖေဖော်ဝါရီ လ အခါသမယပင် ဖြစ်နေ၍ တောင်ဇလပ်ပန်းနီနီတို့ လှပစွာ ပွင့်ဖူးနေချိန်မို့ ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသော၊ တောင်ဇလပ်ပန်းဆိုတာကို ယခုမှမြင်ဖူးတွေ့ဖူးသော ကျွန်တော့်အတွက် ရုန်းတောင်သို့ အတက်ခရီးသည် မောပန်းသည် ဟုပင် မထင်ခဲ့မိ။
ရဲရဲနီစွေးနေသော တောင်ဇလပ်ပန်းတို့ကို ငေးရင်းမောရင်း တပည့်များနှင့်အတူ ရုန်းတောင် ထိပ်သို့ ရောက်ခဲ့သည်။ ထိုစဉ်က ကားလမ်းမရှိသေး၊ ခြေကျင်ခရီးဖြင့် နှင်ခဲ့ကြခြင်းဖြစ်၏။ ယင်းနောက်ပိုင်း နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်ဖြင့် ဟားခါးမြို့သို့ ရောက်တုန်းရောက်ခိုက် ရုန်းတောင်ပေါ်သို့ တစ်ခေါက်ရောက်ခဲ့သေး၏။ ထိုအချိန်တွင်မတော့ တောင်ပေါ်သို့ကားလမ်းပေါက်နေပေပြီ။ ရုန်းတောင်ပေါ်တွင် ပဉ္စဝဂ္ဂီငါးဦးအား တရားဟောနေဟန်တည်ထားသည့် ဇေယျသိဒ္ဓိရုပ်ပွားတော် ကြီးအပြင် တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ရုပ်တု၊ မပုပ်မသိုး ဖူးမြော် တွေ့ရှိနေရသည့် ခွာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ သီရိန္ဒ၏ ရုပ်ကလာပ်တော်တို့ ရှိနေပါသည်။ ထိုမှ ဘုရားကျောင်း စေတီသာသနိက အဆောက်အအုံများ တစ်စတစ်စ တိုးပွားလာကြောင်း သိရ၏။
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သောသဝဏ်လွှာ
(၇၅) နှစ်မြောက်နှင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့များသို့ ကျွန်တော် ရောက်ခဲ့၊ တက်ခဲ့၊ ပါဝင်ဆင်နွှဲခဲ့ဖူးပါပြီ။ ယခု (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သောအဖွဲ့နှင့်အတူ လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်၏။
အခမ်းအနားအစီအစဉ်အရ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်ကို ကိုယ်စားပြုသော သဘာပတိ အဖွဲ့ဝင်ကိုးဦးက စင်မြင့်ထက်တွင်နေရာ ယူကြပြီးနောက် နိုင်ငံတော်အလံအား အလေးပြုကြပါသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားသည်။
ပေးပို့သည့်သဝဏ်လွှာတွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တစ်လျှောက် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများက ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့ကို ဆန့်ကျင်တွန်းလှန် တိုက်ခိုက်ခဲ့ကြသလို လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ဆောက်ရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဂုဏ်ပြု ဖော်ပြထားပါသည် -
“နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်စဉ်တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရစဉ်က ချင်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသော တိုင်းရင်းသားပြည်သူတို့နှင့်အတူ ရဲဝံ့စွန့်စားစွာဖြင့် ခုခံတော်လှန်ခဲ့ကြပါသည်။ လွတ်လပ်ရေး ကြိုးပမ်းခဲ့စဉ် ကာလကလည်း ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်တို့ သည် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့စဉ် သုံးကြိမ်လုံး ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) သီရိပျံချီ ဦးထပ်လိုင်း၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယ ဗိုလ်မှူးကြီးဟရန်း ထီးယို၊ ဒုတိယဗိုလ်မှူးကြီးလျန်ကျင့်ဇမ်း၊ ဗိုလ်ကြီးသူရအောင်ဆန်း သူရိယတိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင်ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများသည် နိုင်ငံတော်အတွက် ကျရာတာဝန် အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။”
ကျွန်တော်ငယ်စဉ်က နေထိုင်ပညာသင်ကြားခဲ့ဖူးသော ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကို စတင်တည်ထောင်တော်မူခဲ့သည့် ဆရာတော်ကြီး ဘဒ္ဒန္တပညာ လောကသည် နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သခင်ပညာလောက ဘွဲ့အမည်ခံ၍ နယ်ချဲ့ဆန့်ကျင် ရေးတရားများ ဟောကြားခဲ့သဖြင့် အင်္ဂလိပ်အစိုးရက ထောင်သုံးခါချခြင်းခံရပြီး ထောင်ထဲမှာ ဦးဝမ္မ သူးမောင်တို့နှင့်အတူ နေခဲ့ရကြောင်း မကြာခဏ မိန့်ကြားခဲ့ဖူးပါသည်။ နိုင်ငံတော်အကြီးအကဲထံမှ ပေးပို့သောသဝဏ်လွှာတွင် လက်နက်ကိုင် အကြမ်း ဖက်မှုများ၏ ဆိုးကျိုးကို သတိမူမိစေရန်နှင့် ဒေသ တည်ငြိမ်အေးချမ်းစေရန်တို့အတွက် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး အောက်ပါအတိုင်း ဖော်ပြထားပါသည်-
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှ မှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုး မှုအရှိန်အဟုန်ရရှိနေသည့်အခြေအနေမှ ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏ အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျ များစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။
Source: Myanmar Digital News

မြန်မာ့သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်က စတင်အသုံးပြုခဲ့ကြကြောင်း နံရံပန်းချီအထောက်အထားများအရ လေ့လာသိရှိရသည်။ ထိုမှဆက်တိုက် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှသည် ယနေ့မျက်မှောက်ခေတ်ထိခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းသည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို အမျိုးသား၊ အမျိုးသမီးမခွဲဘဲ နှစ်ခြိုက်စွာ အသုံးပြုကြသည်။
ဒြပ်မဲ့ယဉ်ကျေးမှု

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The Representative List of The Intangible Cultural Heritage of Humanity)တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့်သွေးပြီး လိမ်းရသည့်ဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုမတိုင်ခင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာသကဲ့သို့ မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။
မာကျူရီကင်းသော မြန်မာ့သနပ်ခါးအလှကုန်ပစ္စည်းအများစုကို Mercury၊ Hydroquinone၊ Betamethasone 17 Valerate စသည့် တားမြစ်ဓာတုဆေးဝါး များဖြင့် ပြုပြင်ဖော်စပ်ထားခြင်းဖြစ်သည်။
သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များအစား ရှေးထုံးမပျက် မြန်မာ့ရိုးရာသနပ်ခါးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။
ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာကြရာ သနပ်ခါးမှာ Antioxidant (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများ ကို သေစေသောဓာတ်များနှင့် အရေပြားအရောင်ကို ပြောင်းလဲစေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့်ဓာတ်ပစ္စည်းများ သဘာဝအလျောက်ပါရှိနေကြောင်း လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးသည် နေပူဒဏ်၊ နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားကြသည်။
အလားအလာကောင်းသော မြန်မာ့သနပ်ခါး
မြန်မာ့သနပ်ခါးကို အသင့်လိမ်း၍ရသည့်အဆင့်ထိ အချောထည်ထုတ်လုပ်ကာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့သနပ်ခါးသည် ပြည်တွင်းစျေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး ပြည်ပစျေးကွက်အနေဖြင့် အကြမ်းထည်အဖြစ် တင်ပို့၍မရသည့်အတွက် လိမ်း၍ရသည့်အဆင့်ထိ အချောထည်ထုတ်လုပ်ကာ ခရင်မ်ပုံစံမျိုးပြုလုပ်ပြီး တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ခန့်မှန်းစိုက်ဧက သုံးသိန်းခန့်ရှိကြောင်းနှင့် သနပ်ခါးပင်များသည် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း စျေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးများကို အပင်သက်တမ်းငါးနှစ်မှ ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ်ကြာမြင့်ကြောင်း လေ့လာသိရှိရသည်။
သနပ်ခါး၏ ဆေးဖက်ဝင်အသုံးပြုပုံများ
မြန်မာလူမျိုးများသည် သနပ်ခါးကို အလှအပအတွက် အသုံးပြုသည့်အပြင် ဆေးဖက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ကြိုက်နှစ်သက်ကြသည်။ မြန်မာ့ဆေးကျမ်းအရ သနပ်ခါးသည် ပူ၏၊ သွေးကိုကြွစေ၏၊ ပူခါးချုပ်ပွင့်ဖြစ်၏၊ ငန်းမန်းကိုနိုင်စေ၏၊ အပူနာ၊ အအေးနာ နှစ်မျိုးစလုံးတွင် သုံးနိုင်၏။ အပင်၏အရွက်၊ အသီး၊ ပင်စည်၊ အမြစ်အားလုံးကို အသုံးပြုနိုင်၏ဟု ဖော်ပြထားပါသည်။
အရွက်၏ ဆေးဖက်ဝင်ပုံ
သနပ်ခါးကို ဝက်ရူးပြန်ရောဂါကုသဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းပေးပါ။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍သောက်ပါက ငှက်ဖျားရောဂါပျောက်စေသည်။ မြုံနေသောအနာများအတွက် အရွက်ကိုကြိတ်၍ ဆန်ဆေးရည်နှင့် သောက်ပေးပါ။ အရွက်ခြောက်ကို နေလှန်း၊ အမှုန့်ပြုလုပ်ပြီး ရေဖြင့်သောက်ပါက အဖောအရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်းပပျောက်စေသည်။
အသီး၏ဆေးဖက်ဝင်ပုံ
သနပ်ခါးသီးကို အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ အရွက် သို့မဟုတ် အသီးလက်တစ်ဆုပ်စာကို ရေနွေးဖြင့်ပြုတ်ပြီး ခပ်နွေးနွေးအရည်ကို ငုံဆေး၊ အဖတ်ကို နာနေသောနေရာပေါ်ကပ်ပေးပါက သွားနာ၊ သွားကိုက်သက်သာစေသည်။
ပင်စည်၏ဆေးဖက်ဝင်ပုံ
သနပ်ခါးကို တစ်ကိုယ်လုံးလိမ်းပေးပါက ခန္ဓာကိုယ်တွင်းရှိ မျက်စိဖြင့်မမြင်နိုင်သော အညစ်အကြေးနှင့် အခိုးတို့အား ခန္ဓာကိုယ်ပြင်ပသို့ သနပ်ခါးက စုပ်ယူဆွဲငင်ယူပြီး အပူအပုပ်များ ထွက်စေပါသည်။ သနပ်ခါးကို မှန်မှန်လိမ်းပေးပါက တင်းတိပ်၊ မှဲ့ခြောက်နှင့် အဆီပြန်ခြင်းမှကင်းဝေးပြီး အသားအရေအေးမြ၍ နေလောင်ဒဏ်သက်သာစေကာ အသားအရေ စိုပြည်လှပစေသည်။ ဝက်ခြံအစိုများအတွက် သနပ်ခါးတုံးကိုသွေး၍ သံပရာရည်အနည်းငယ်ထည့် လိမ်းပေးပါ။ ဝက်ခြံအမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့၊ ညလိမ်းပါ။ သနပ်ခါးတွင်ဆားအနည်းငယ်ရောထည့်လိမ်းပေးခြင်းဖြင့် မိတ်၊ အင်ပျဉ်တို့ယားယံခြင်းမှ သက်သာစေသည်။ ရေနွေးပူလောင်နှင့် မီးပူလောင်ဒဏ်ရာများအတွက် သနပ်ခါးထူထူလိမ်းအုံပေးခြင်းဖြင့် အသားအရေကို ပကတိအတိုင်း ပြန်လည်ရရှိစေသည်။
အရေပြားပါးလွှာပြီး ယားနာဖုများ မကြာခဏထွက်လေ့ရှိသူများအနေဖြင့် Dettol ဆပ်ပြာသုံး၍ ရေချိုးသန့်စင်ပြီးနောက် သနပ်ခါးထူထူလိမ်းပါ။ ငှက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနှင့် အစာအိမ်နာရောဂါတို့ကို ကုသရာ၌လည်း သနပ်ခါးကို ဆေးဝါးအဖြစ် အသုံးပြုနိုင်သည်။ သနပ်ခါးတုံးအနှစ်သားကို သွေး၍လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့အေးမြစေသည်။
(ခြွင်းချက်အနေဖြင့် သနပ်ခါးလိမ်းရာတွင် အရေပြားပါးလွှာ၍ နုနယ်သော မျက်ဝန်းတစ်ဝိုက်ကို ရှောင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် သနပ်ခါးပျစ်ပျစ်ထူထူလိမ်းပြီးနောက် ခြောက်သွားသောအခါ အရေပြားကို တင်းဆွဲနေသလိုခံစားရပါလိမ့်မည်။ ထို့ပြင် မျက်ဝန်းတစ်ဝိုက်အရေပြားကို ဆွဲ၊ ဆန့်၊ ကျုံ့၍ တွန်းအားဖြစ်စေပြီး မျက်ဝန်းတစ်ဝိုက်အရေပြားများကို တွန့်လာစေမည်။) သနပ်ခါးသွေးရည်ကို တစ်ဝကြီးရှူရှိုက်ပေးခြင်းဖြင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခေါင်းကိုက်၊ ခေါင်းအုံ၊ ဇက်ကြောထိုး၊ နှာခေါင်းပိတ်စသောရောဂါများကို သက်သာပျောက်ကင်းစေသည်။ အနာတစ်ဝိုက်က အရေပြားပေါ် ကို သနပ်ခါးရည်ကြည် ပွတ်လိမ်းပေးခြင်းက ငန်းမန်းကိုနိုင်ပြီး အပူနာ၊ အအေးနာနှစ်မျိုးစလုံးအတွက် ကောင်းကျိုးပြုသည်။ အမျိုးသမီးများ မီးယပ်ဖြူဆင်းပြီး ခန္ဓာကိုယ်ပူနွေးနေလျှင် ကံ့ကော်ဝတ်ဆံနှင့် သနပ်ခါးရောသွေးပြီး သကြားအနည်းငယ်ထည့် သောက်ပါ။ အပူများသောဒေသများတွင် သနပ်ခါးခြောက်သွားသည်နှင့် ထပ်ခါထပ်ခါလိမ်းပေးပါက အပူငြိမ်းစေပါသည်။ သနပ်ခါးက ခါးသက်သက်အရသာရှိပြီး ဆန်ဆေးရည်ဖြင့်သွေး၍ သောက်ပေးပါက အနာဝင်(အနာမြုံ)ရောဂါကို သက်သာပျောက်ကင်းစေသည်။ နွေရာသီ၌ ကလေးများတွင်ဖြစ်လေ့ရှိသော အပူဖု၊ အပူနာ၊ ကျောက်၊ ဝက်သက်ပေါက်ချိန်များတွင် သနပ်ခါးသန့်သန့်သွေးပြီး ခွံ့ပေးပါ။ တစ်ကိုယ်လုံးလိမ်းပေးပါ။ ရင်ခွင်ပိုက်ကလေးငယ်များ အညှော်မိရာတွင် သနပ်ခါးသွေးရည်အနည်းငယ်ခွံ့ပေးခြင်းဖြင့် အညှော်ထွက်စေပါသည်။
အမြစ်၏ဆေးဖက်ဝင်ပုံ
သနပ်ခါးအမြစ်ကို ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့ဖော်စပ်ရာတွင် ထည့်သုံးလေ့ရှိသည်။ မီးယပ်ရောဂါရှိသူများ အမြစ်ကို နနွင်းမှုန့်နှင့်သွေး၍ သောက်ပေး၊ လိမ်းပေးပါက သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပျောက်ကင်းစေသည်။ ကလေးများ အအေးမိ၊ အစားမှား၊ချွဲကပ် စသည်တို့အတွက် သနပ်ခါးအမြစ်တုံးသွေး၍ ကွမ်းရွက်စိမ်းရည်ဆတူရောပြီး တိုက်ကျွေးပေးပါ။ သနပ်ခါးမြစ် ငါးပဲသားကို ပျားရည်ခြောက်ပဲသားနှင့်ရော၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်းစေသည်။ သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရော၍လျက်ပေးပါက အစာအိမ်ရှိ အဆိပ်ကိုပြေစေသည်။ အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေချောမွတ်စေပါသည်။ သနပ်ခါးအမြစ်ကို ဆားနှင့်သွေးပြီး နေ့စဉ်ပုံမှန်ရေနွေးကြမ်းပန်းကန် တစ်ဝက်ခန့်သောက်သုံးပေးပါက အသည်းရောင်ရောဂါပျောက်ကင်းစေသည်။
သတိပြုရန်
သဘာဝသနပ်ခါးတုံးစစ်စစ်များ ရှိကြသကဲ့သို့ ကြိတ်ပြီးသားအသင့်သုံး သနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍ သနပ်ခါးအရည်၊ အနှစ်စသည်ဖြင့် ဘူး၊ ပုလင်းတို့ကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။ ယင်းအသင့်သုံးသနပ်ခါး ဘူးနှင့်ပုလင်းများတွင် တာရှည်ခံစေရန်နှင့် တခြားအမွှေးနံ့ပစ္စည်းများ ပါဝင်သောကြောင့် လူတချို့၌ ဓာတ်မတည့်မှုများ ဖြစ်စေနိုင်ပါသည်။ သို့သော် စျေးကွက်ထဲတွင် စံချိန်စံနှုန်းပြည့်အသိအမှတ်ပြု သနပ်ခါးဘူး၊ ပုလင်းများရှိကြရာ မိမိအသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်းသနပ်ခါးဘူးများကို ရွေးချယ်အသုံးပြုသင့်သည်။
၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲလပြည့်နေ့ကို "မြန်မာ့သနပ်ခါးနေ့"အဖြစ် အထူးတလည်သတ်မှတ်လိုက်သည်။ သနပ်ခါးစိုက်ဒေသများဖြစ်သော အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုနှင့် ပေါက်မြို့များ၌ တပို့တွဲလပြည့်ညတွင် မြို့အလိုက် ဘုရားများတွင် သနပ်ခါးမီးပူဇော်ခြင်း (သနပ်ခါးဖြင့် အနွေးဓာတ်ပူဇော်ခြင်း)များ ပြုလုပ်ကြသည်။
အချုပ်ဆိုရသော် ယခုအခါ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ အားတက်သရောကြိုးပမ်းလျက်ရှိရာ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် ကမ္ဘာ့အလယ်တွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။

မြန်မာ့ရိုးရာထမနဲပွဲတော်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထင်ဟပ်စေသည့် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် အလှူဒါန ပွဲတော်တစ်ခုဖြစ်ပါသည်။ မြန်မာ့ ရိုးရာထမနဲပွဲကို တပို့တွဲလတွင် ကျင်းပကြပြီး၊ ကောက်ညှင်းစပါးသစ်ပေါ်ချိန်နှင့် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သော တပို့တွဲလပြည့်နေ့တွင် အထူးခမ်းနားစွာ ကျင်းပကြပါသည်။ ဤပွဲတော်သည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် လူမှုရေးဆိုင်ရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဧကဒသမ လဖြစ်ပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများအတွင်း ကျရောက်ပါသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင်တွဲလောင်းကျသည်' ကိုရည်ညွှန်းသောကြောင့် တပို့တွဲလသည် ထန်းဖူးများအား အောက်သို့ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ ဦးဖိုးလတ်၏ မြန်မာလအမည်များကျမ်းတွင် တပို့တွဲလ၏ အဓိပ္ပာယ်သည် ထန်းဖူး၊ ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊ တွဲကျခြင်းဖြစ်အောင် ပြုသောလ၊ ထန်းရည်နင်းသောလ ဖြစ်သည်ဟု အကျယ်တဝင့် ရှင်းလင်းရေးသားထားပါသည်။ တပို့တွဲလ၏ အထိမ်း အမှတ်ပန်းမှာ ပေါက်ပန်း (Butea Monosperma) ဖြစ်ပါသည်။ တပို့တွဲလတွင် ထင်ရှားသော ရိုးရာပွဲတော်မှာ ထမနဲပွဲ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ချမ်းအေးသည့် ဆောင်းတွင်းအခါသမယတွင် ဝိနည်းတော်အရ ရဟန်းတို့ကို မီးလှုံခြင်းမှ တားမြစ်ပိတ်ပင်ထားပါသည်။ တားမြစ်ရသည့် အကြောင်းမှာ မီးနှင့် မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့် အကျိုးမရှိသောစကားများကိုပြောဆိုခြင်း ဟူသည့် ရဟန်းတို့ မပြုမူအပ်သည့် အပြုအမူများကို ရှောင်ကျဉ်နိုင်ရန် ဝိနည်းတော် ပညှပ်ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် တပို့တွဲလကုန် တပေါင်းလကူးကြား ရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့အား မီးလှုံရန် ခွင့်ပြုတော်မူရုံမျှမက မိမိကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူ လေ့ရှိခဲ့ပါသည်။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကို ဆင်ယင်ကျင်းပကြ ပါသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်ပြီး စာပေအမှတ်အသားအရမှာမူ မီးဖုန်း သဘင်ဟု ရေးသားဖွင့်ဆိုကြပါသည်။ အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့သည် မီးဖုန်းပွဲကို ကျင်းပရန် အလို့ငှာ တောသို့ တက်၍ နံ့သာထင်းများကို လူစုလူဝေးနှင့် ခုတ်ကြသည်။ ထို့နောက် ထင်းများကို စုပုံမီးရှို့၍ ဘုရား ကျောင်းကန်၊ တန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည်။ အချို့ကလည်း မီးမယ်ဖျူး ခေါ် မီးလင်းဖို၌ အမွှေးနံ့သာထင်းများကို ထည့်၍ မီးဖိုကာပူဇော်ကြသည်။ ဤပွဲသဘင်ကို ဆင်ယင်ကျင်းပရာ၌ ဆောင်ရွက်ရမြဲထုံးစံမှာ လူ ၁၀၀၀ စု၍ နံ့သာထင်းခုတ်ပြီးလျှင် ထင်းစည်း ၁၀၀၀၊ မီးလင်းဖို ၁၀၀၀၊ ယာဂုအိုး ၁၀၀၀၊ ထန်းစင် ၁၀၀၀ တို့ကို စီမံပြီးလျှင် ဘုရား၊ ကျောင်း၊ တန်ဆောင်း များ၌ မီးအပူဓာတ် ကိုလှူဒါန်းပူဇော်ကြသည်။ ဤသဘင်နှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရှိ ဓမ္မသုခကျောင်း၌ မီးပုံပွဲတော်ကျင်းပပုံကို မန်းသင့်နောင်က “ကရင်ပြည်နယ်အလှ” စာအုပ်တွင် မှတ်တမ်းတင်ထားသည်မှာ လွန်စွာ မှတ်သားဖွယ်ကောင်းလှပေသည်။ ထိုမီးပုံပွဲ၌ မီးပူဇော် လိုသူတို့သည် တပို့တွဲလပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး စင်းလုံးချော သက်ရင်းပင်များကို ခုတ်ယူပြီးလျှင် အခွံခွာ၍ နနွင်းဖြင့်လိမ်းကျံကာ သုံးဆင့်စည်းနှောင်ထားကြ၏။ ခြောက်သွေ့သော အခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့မတိုင်မီ လာရောက်စုပုံကြ၏။ မီးပုံတိုင်များစိုက်ထူရန် မြေကွက်လပ်တွင် အတောင် ၃၀ အရှည်ရှိသော ဥရူတိုင်ကြီး ငါးတိုင်စိုက်ထား၏။ ထင်းစည်း၊ မီးပုံစည်းများကို မှီ၍ စိုက်ထူ၏။ နံနက်လေးနာရီတွင် ဆရာတော်က ဝတ်ပြုဆုတောင်းရာ ရဟန်းရှင်လူတို့သည် ရှိခိုး ကန်တော့ကြ၏။ ထို့နောက် ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးစပ်ရာ မီးပုံတွင် သူ့ထက်ငါဦးအောင်ရှို့ကြလေသည်။ ဤအဆိုကိုကြည့်ခြင်းအားဖြင့် ရိုးရာအလိုက်ကျင်းပသော မီးပုံပွဲကို ကရင်ပြည်နယ်၌ ယနေ့တိုင်ကျင်းပမြဲ ဖြစ်သည်ဟုဆိုနိုင်ပေသည်။
ရှေးခေတ်ကကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂု ဆက်စပ်နေသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။ မီးပုံပွဲကျင်းပရင်းနှင့် ယာဂုပွဲဖြစ်ပေါ်လာသလော သို့မဟုတ် ယာဂုပွဲကျင်းပရင်းနှင့် မီးပုံပွဲဖြစ်ပေါ်လာသလော။ ဤနှစ်လီကို မဝေခွဲနိုင်ပါ။ စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာ၏။ ယာဂုပူဇော်ပွဲအစဉ်အလာစတင်ပုံကို ဝိနည်း ပိဋကတ် ဝိနည်းမဟာဝါ ပါဠိတော်၌ ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ တစ်ခါရံသော် မြတ်စွာဘုရားသည် များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီ ကြွချီတော်မူရာ ဇနပုဒ်၌ နေသောသူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေး စသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် အလားတူဆွမ်းကပ်လှူလိုပါသော်လည်း မိမိအလှည့် မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ်ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင်အာနန္ဒာသည်ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့် အတိုင်းကပ်လှူပူဇော်စေရန် သည်းခံတော်မူလေသည်။ ဤသည်ကစ၍ ယာဂုအလှူပွဲအစဉ်အလာ ပေါ်ပေါက်လာသည်ဟုဆိုနိုင်ပြီး ဝိနည်းတော်အရ တပို့တွဲနှင့် တပေါင်းစပ်ကြား၌ ရဟန်းတို့ မီးလှုံစေရန် ခွင့်ပြုသောအကြောင်းနှင့် ဆက်စပ်ကြည့်လျှင် ယင်းမီးပုံပွဲနှင့် ယာဂုအလှူပွဲမှာ တစ်ဆက်တည်း ဖြစ်ပေါ်လာသည်ဟု ယူဆနိုင်ပါသည်။ ယာဂုဟူသည် ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ်ပင် ဖြစ်ပါသည်။ သို့သော် လုံးတောဆရာတော်၏ အာဘော်အရ မြတ်စွာဘုရားသခင်သည် လေအောင့်၊ လေနာဝေဒနာ ခံစားတော်မူရလေသော် “အရှင်အာနန္ဒာ……ယာဂုဆွမ်းခံချေ” ဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံအလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂု သည် ငရုတ်၊ ကြက်သွန် စသည်တို့ပါသော ဆန်ပြုတ်တစ်မျိုး (ဝါ) ထမနဲ ဟု ယူဆနိုင်ပါသည်။
မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌ ရေးသားဖော်ပြထားပြီး ယင်းအလှူပွဲအကြောင်း၌ ရွှေမြို့တော် လေးပြင်လေးရပ် တရုတ်၊ ကုလား မျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာကုကျိုကြရာ ယင်းယာဂု၌ ကောက်ညှင်း၊ ဆန်၊ ဆီ ၊ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကိုထည့်၍ ကျိုသည်ဟုဆိုထားပါသည်။ ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဖွင့်ဆိုကြောင်း မှတ်သားရပါသည်။ ထမနဲ့ (ဝါ) ထမင်းနှဲဟူသော အမည်နာမသည် (ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဟူသောအသုံးအနှုန်းမှဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရှေးအရေးအသားအချို့တွင် ထမင်းနှဲ ဟူ၍ပင် ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲ ဟူ၍ လည်းခေါ်ကြသည်။ ယင်းထမင်းနဲ့ထိုးခြင်းနှင့် စပ်လျဉ်း၍ မန်လည်ဆရာတော်ဘုရားကြီးက လိုသော ပစ္စည်းအချိန်အဆကို ထမနဲထိုးလင်္ကာစားချိုးဖြင့် အောက်ပါအတိုင်း စပ်ဆိုထားလေသည်-
“ထမနဲထိုးဖို့ရန်….. စာချိုးလို့မှာခဲ့မယ်
တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာဆီ အမှန်သွင်းပါလို့
ချင်း(ဂျင်း) ကသုံးဆယ်။
မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်
အုန်းသီးဆန် အတူဖက်ပါလို့
နှမ်းမပြတ် ဤနည်းနှယ်။
ရေစင်ကြည် ပထည့်ရိုး
လက်နှစ်သက်သာပ၊
တွက်စစ်ကာ ချိန်ဆယ်သားရယ်နှင့်
ရောနှောက လူအများတို့ရယ်
အားသစ်လို့ထိုး……”
အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈ဝ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂ဝ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၁၅ သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ လူအများ တက်ညီလက်ညီ ဟန်ချက်ညီစွာဖြင့် ယာဂု(ဝါ) ထမနဲကို ထိုးကြရန် ဖြစ်ပါသည်။
“တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်” ဟူသည့် စာဆိုနှင့်အညီ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလားမသိ၊ ခိုက်ခိုက်တုန်အောင်အေးတတ်၏။ မြတ်စွာ ဘုရားရှင်ပင်လျှင် ခြေဖျား၊ လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ မှန်ပေမည်။ အလွန် အေးမြလှပေသည်။ တပို့တွဲလ နှင်းဝေဝေတွင် ကျင်းပသည့် ထမနဲပွဲသည်လည်း ပျော်ရွှင်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့် ဆင်နွှဲသော ရိုးရာထမနဲပွဲသည် နိုင်ငံသားတို့၏ စုပေါင်းညီညာသောသဘောကို ဆောင်၏။ ထမနဲကို ထိုးပြီးသကာလ ဘုရားအား ဦးစွာကပ်လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင်ပို့၏။ တစ်အိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ သဒ္ဓါတို့ ထက်သန် မွှေးကြိုင်လျက်ရှိသည်ကို ခံစားနိုင်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့ လူမျိုးတို့၏ သဘောသဘာဝဖြစ်ပြီး စည်းလုံးညီညွတ်မှု အသွင်သဏ္ဍာန်ကို ထမနဲထိုးပွဲ၏ ပြယုဒ်တွင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေ၏။ ထမနဲကို အဘိုး၊ အဘွား၊ လူရွယ်၊ လူငယ် အရွယ်သုံးပါး မရွေး စားသုံးနိုင်ပြီး နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို တမြုံ့မြုံ့ စားရင်းနှင့်ပင် ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော၊ စကားမပြောသော်လည်း ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြသ နေဘိ သကဲ့သို့ ရှိ၏။
ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက “ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်” ဟူ၍ လှေအလှူခံမေတ္တာ စာတွင် ဖွဲ့ဆိုခဲ့ပါသည်။ တပို့တွဲလ ယာဂုထမနဲအလှုပွဲများသည် အလှူရေစက် လက်နှင့်မကွာ မြန်မာလူမျိုးတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရားရှင် လက်ထက်တော်တိုင်မှ စတင်ပေါ်ထွန်းခဲ့သည့် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို ခေတ်အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာများ၊ စည်းလုံးညီညွတ်မှုများ မပျောက်ပျက်စေရန်နှင့် ကောင်းမှုကုသိုလ်များ ရရှိစေရန်အတွက် တပို့တွဲလတွင် နှစ်စဉ်ကျင်းပ လှူဒါန်းခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကား
(၁) မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်
(၂) မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)
(၃) တပို့တွဲလ၊ မောင်လူမွှေး(မြန်မာမှု)
(၄) မြန်မာလအမည်များကျမ်း၊ ဦးဖိုးလတ်

ထူးထူးခြားခြား ကယားရိုးရာ အားကစားပွဲများ
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် ကယားပြည်နယ် နေ့အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်နေကြသည့် အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများထဲ ကယားရိုးရာ စပါးထောင်းပြိုင်ပွဲကို ကျွန်တော်စိတ်အဝင်စားဆုံးဖြစ်သည်။ ယှဉ်ပြိုင်မည့်အဖွဲ့ကကိုးဖွဲ့၊ အမှတ်ပေးဒိုင်ကလည်း ကိုးဦး၊ စပါးထောင်းမည့်ဆုံ ကိုးဆုံကိုလည်း ကျရာမဲနှိုက်ယူရမည်၊ တစ်ဆုံလျှင် ပြိုင်ပွဲဝင်မည့်သူ နှစ်ဦးနှင့် ကြီးကြပ်သူတစ်ဦး ပါဝင်သည်။
သတ်မှတ်ချက်အတိုင်း ထုတ်ပေးထားသော စပါးကို ဆုံအတွင်းထည့်၍ ပြိုင်ပွဲဝင်နှစ်ဦးက ၅ မိနစ်အတွင်း ထောင်းကာဆန်အဖြစ် ပြာတီးသန့်စင်ပြီးနောက် ဒိုင်အဖွဲ့ထံ အချိန်မီတင်ပြရမည်ဖြစ်သည်။ သတ်မှတ်ချိန် ၅ မိနစ်အတွင်း ပြီး/ မပြီး၊ စပါးလုံးပါဝင်မှု အနည်း/ အများ၊ ဆန်အရည်အသွေး ကောင်း/ မကောင်းတို့အပေါ်မူတည်၍ အမှတ်ပေးသွားမည်ဖြစ်သည်။ ကြီးကြပ်သူကလည်း လိုအပ်တာတွေပြောပေး၊ ပြိုင်ပွဲဝင်နှစ်ဦးကလည်း သတ်မှတ်ချိန်အတွင်း ဆန်ထောင်းခြင်း၊ ပြာခြင်း၊ စပါးလုံးကောက်ခြင်းတို့ကို ဇယ်ဆက်သလို တောက်လျှောက် မရပ်မနားလုပ်ဆောင်ကြရသည်။
ဒိုင်အဖွဲ့က စစ်ဆေးချိန်တွင် စပါးလုံးအရေအတွက် ၁၀ လုံးအထိပါဝင်နေပါက ပယ်စာရင်းဝင်သွားပြီး ဆုရဖို့ မျှော်လင့်ချက်မရှိတော့ကြောင်း သိရသည်။ တက်ညီလက်ညီ ဆောင်ရွက်ရခြင်း၊ အားမာန်ထည့်ရခြင်း၊ လျင်မြန်သွက်လက်ရခြင်း၊ ကျွမ်းကျင်မှုရှိခြင်းတို့ ပေါင်းစပ်၍ ယှဉ်ပြိုင်ရသော ကယားရိုးရာစပါးထောင်းပြိုင်ပွဲကို ကြည့်ရသည်မှာ အနုပညာမြောက်သလို ၅ မိနစ်အတွင်း မိသားစု တစ်စုစာအတွက် ချက်စားနိုင်မည့် ဆန်ဖြစ်လာအောင် ထောင်းနိုင်စွမ်းကိုလည်း အံ့ဘနန်းတွေ့မြင်ခဲ့ရသည်။
ထူးခြားသည့် အခြားပြိုင်ပွဲတစ်ရပ်မှာ ကယားရိုးရာ ချောတိုင်တက်ပွဲဖြစ်သည်။ ကျွန်တော်တို့ဆီမှာလို ဝါးဘိုးဝါးကိုဆီထည့်၍ ချောတိုင်လုပ်ထား ခြင်းမဟုတ်ပေ။ တိုင် နှစ်တိုင်ပေါ်တွင် တန်းပစ်၍ ၎င်းတန်း၌ အရှည် ၁၅ ပေခန့် ငှက်ပျောတုံးအား တွဲလောင်းဆွဲထားပြီး လှုပ်လိုက်လျှင် ဆီတွေထွက်လာအောင် စီမံထားခြင်းဖြစ်၏။ အဖွဲ့လိုက်မပြိုင်ရဘဲ တစ်ဦးချင်းတက်ရသည်။ အချို့တက်သော်လည်း ထိပ်သို့မရောက်ဘဲပြန်ကျသည်။ အချို့ကလေးတွေကတော့ အဖျားထိတက်ပြီး ချိတ်ဆွဲထားသောဆုငွေကို အရယူပြကြသည်။ ယခုအားကစားနည်းများအပြင် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မူကြိုကလေးများ ကာယစွမ်းရည်ပြိုင်ပွဲ၊ ကယား/ ကယမ်း ရိုးရာနပန်း ပြိုင်ပွဲများကိုလည်း ကျင်းပပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
လွိုင်ကော်ဘူတာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ
လွိုင်ကော်မြို့သို့ ရောက်ရှိသည့် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာပင် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လောဓမ္မာရပ်ကွက်နှင့် ဒေါတမရပ်ကွက်ရှိ ဘူတာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပန်းဖွားအကအဖွဲ့၊ Zumba အကအဖွဲ့၊ Fitness Dance အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ လမ်းသစ်ကို ဖြတ်သန်းကြည့်ရှု၍ အကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ ထို့နေ့လမ်းဖွင့်ပွဲ၌ အကအဖွဲ့များ၏ မြူးကြွသွက်လက်သောအကများကို တွေ့မြင်ခဲ့ရသလို ကျောက်တောင် ဒိုးပတ်ဝိုင်းအဖွဲ့၏ လက်သံကလည်း မြိုင်ဆိုင်လှပေသည်။ ဗုံထောက်သံခေါ်မလား၊ ခွန်းထောက် ခေါ်လေမလား၊ ဖြတ်သွားရင်းကြားနေရသည်။
“ ဒို့ကယားဆို တစ်ခါတစ်ခေါက်
(လာရောက်ဖို့ ဖိတ်ခေါ်ချင်)၂
ပမာပြဖို့ စိတ်ပျော်ရွှင်
မိတ်ဖော်ဆွေ လူအများ
(တမူခြားလို့ နောက်နောင်မျှော်ရည်)၃
ခေါင်ရည်ချို သောက်ကြစို့လား
ဒိုးပတ်သံ စီစီညံသာ
ရွှင်ပျော်ပျော် ကကြခုန်ကြ
ပြည်နယ်ပွဲပေမို့ ပျော်စရာရွှင်စရာ
ဒီလမ်းဖွင့်ပွဲမှာ၊ ဟေ့ ဒီလမ်းဖွင့်ပွဲမှာ
(ပြည်နယ်တစ်ဝှမ်းမို့ အေးချမ်းသာယာ)၃
စုပေါင်းကာ ဝိုင်းကြစို့လေး
ယခုလို ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးခြင်းအတွက် ဘူတာလမ်းတွင် နေထိုင်သူဦးလှမိုးက ကျေးဇူးတင်စကား ပြောကြားရာ၌ “ခေတ်မီသန့်ရှင်းသပ်ရပ် သာယာလှပတဲ့လွိုင်ကော်မြို့ကြီးကို ပြန်လည်တည်ဆောက်တဲ့နေရာမှာလည်း ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်က အာဆီယံနိုင်ငံများအကြား အသန့်ရှင်းဆုံးမြို့ဆုကိုရရှိခဲ့တဲ့ ကျွန်တော်တို့ ကယားပြည်နယ် လွိုင်ကော်မြို့ကြီးကို ဆက်လက်ပြီးဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ဖို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုများကိုနာခံလျက် နိုင်ငံ့သားကောင်းများ ပီသစွာနေထိုင်သွားကြမှာ ဖြစ်ပါတယ်” ဟု သူ၏ ရင်တွင်းဆန္ဒကို ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လွိုင်ကော်မြို့ကြီး ပြန်လည်တည်ဆောက်ရေးအတွက်သာမက ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက်လည်း ပြည်နယ်သူပြည်နယ်သားတိုင်းမှာ တာဝန်ရှိပေသည်။
လွိုင်ကော် ခုတင် ၅၀၀ ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ကုသ
ဆေးရုံပရဝဏ်အတွင်းသို့ ဝေ့ဝိုက်ကြည့်လိုက်ကတည်းက စိတ်ဝင်စားစရာတွေကို စတွေ့ရပါပြီ။ မြင့်မားသည့် ရေစင်ကြီး၏ထိပ်ပိုင်းမှာ ကျည်ထိမှန် ဒဏ်ရာတစ်ချက်ရထားသည်။ မင်္ဂလာရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ဒေါ့ဥခူရပ်ကွက်များမှာ ဒဏ်ရာဒဏ်ချက်တွေ ထောင်းလမောင်းထခဲ့သလို ဆေးရုံကြီးဝင်းထဲမှာလည်း အုပ်ချုပ်မှုဆောင်၊ ဖျားနာဆောင်၊ ကလေးကုသဆောင်၊ အထူးကုပြင်ပလူနာဆောင်၊ လေးခန်းတွဲနှစ်ထပ် အရာထမ်းဝန်ထမ်းအိမ်ရာ၊ သမားတော်နေအိမ်များ ထိမှန်ပျက်စီးပြီး ဆေးသိုလှောင်ခန်း၊ ဓာတ်ခွဲခန်းများလည်း ဖျက်ဆီးခံခဲ့ရသည်။ ယခင်နတလဝန်ထမ်းဘဝက လွိုင်ကော်အပါအဝင် ကယားပြည်နယ် ခရိုင်၊ မြို့နယ်အားလုံးသို့ ရောက်ခဲ့သည်။
ပန်ပက်ဒေသ ကယန်းရွာများမှာ ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခရီးသွားလုပ်ငန်းမြင့်မားတိုးတက်လာစေဖို့ စေတနာရည်သန်ခဲ့ကြသည်။ ယင်းသို့ရောက်လင့်ကစား လွိုင်ကော်ဆေးရုံနှင့်မူ ရေစက်မဆုံခဲ့ပါ။ ယခုရောက်ခွင့်ကြုံ၍ ဆေးရုံတည်ဆောက်မှု ကမ္ပည်းမော်ကွန်းကို လေ့လာကြည့်သောအခါ တော်လှန်ရေးကောင်စီဝင်၊ စက်မှုလက်မှုဌာနတာဝန်ခံ၊ တိုင်းမှူးဗိုလ်မှူးကြီး မောင်ရွှေကိုယ်တိုင်ဖွင့်လှစ်သည်၊ ၂၉-၉-၁၉၆၄ ဟုတွေ့ရ၏။ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်၍ အတော်လေးရှေးကျသလို လူနာခန်းများ၏ ဘေးပတ်ပတ်လည် နံရံမှာရှစ်လက်မနီးပါးဗျပ်ရှိသည့် ပျဉ်ပြားကြီးများ (ကျွန်းသစ်ဖြစ်နိုင်ပါသည်) ကပ်ပေးထားသည်။ လူနာများ ၎င်းပျဉ်ချပ်ကို အားပြုဆုပ်ကိုင်ပြီး လမ်းလျှောက်ဖို့ ဖြစ်ပါလိမ့်မည်။
လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၏ ဆောင်ပုဒ်၊ ရပ်တည်မှုနှင့် ရည်မှန်းချက်တို့ကိုလည်း သိရှိခွင့်ရခဲ့သည်။ လူနာများနှင့် ဆေးရုံဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရရှိစေသည့် မြန်မာနိုင်ငံ၏ ပြယုဂ်ဆေးရုံတစ်ရုံဖြစ်လာစေဖို့ ရည်မှန်းထားသည်။ ကယားပြည်နယ်တစ်ခုလုံးတွင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်းပေးခြင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးနှင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန် လာစေရေးအတွက် စိတ်ပါဝင်စားတက်ကြွစွာ ဆောင်ရွက်ခြင်းတို့ဖြင့် ဆေးရုံ၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုများ၏ ရပ်တည်မှုကို ဖော်ပြသွားမည်ဖြစ်သည်။ ဆေးရုံကြီး၏ ဆောင်ပုဒ်မှာ We belong to the State, We serve the State, We grow with the State ဟူ၍ ဖြစ်ပါသည်။
ကယားပြည်နယ်အတွင်း ယခင်က ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုအခြေအနေမှာ လွိုင်ကော်၌ ခုတင် ၅၀၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ သုံးရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၅၂ ခု၊ ဒီးမော့ဆို၌ ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ လေးရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၇၂ ခု၊ ဘောလခဲ၌ ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံနှစ်ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၂၉ ခု၊ မယ်စဲ့၌ ၂၅ ခုတင်ဆံ့ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၁ ခု အသီးသီးဖွင့်လှစ်ကုသပေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာမှ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့နယ်အတွင်း၌ လောဓလေးတိုက်နယ်ဆေးရုံတစ်ရုံကိုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် အမှတ် (၇) တပ်မတော်ဆေးရုံခုတင် (၁၀၀) သို့ အရေးပေါ်တက်ရောက်ကုသမှုများ ပြုလုပ်ခဲ့ရသည်။ ယခုကျွန်တော်တို့ရောက်ရှိခဲ့သည့် ခုတင် (၅၀၀) ဆေးရုံကြီးကို ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး တွဲဖက်များအပါအဝင် ဆရာဝန် ၁၆ ဦး၊ သူနာပြု ၆၉ ဦး၊ အခြားဝန်ထမ်း ၅၅ ဦး၊ စုစုပေါင်း ၁၄၀ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တပ်မတော်ဆေးရုံမှ ဆရာဝန်လေးဦး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် တစ်ဦး၊ သူနာပြု တစ်ဦးတို့လည်း လာရောက်တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ လမ်းဖွင့်ပွဲအပြီး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ပြည်နယ်တာဝန်ခံဆရာဝန် ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူက ရှင်းလင်းတင်ပြရာ ဆေးရုံ၏ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။
ယင်းနောက် ဆေးရုံလူနာဆောင်များအား လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့်စွက်စာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပါသည်။ ဖျားနာဆောင်တွင် တက်ရောက်ကုသနေသူ လူနာအမျိုးသမီးကြီး တစ်ဦး၏အမည်မှာ ဒေါ်ညိုဟုခေါ်ကြောင်း၊ လွိုင်ကော်တွင်နေထိုင်သော်လည်း ၎င်း၏ဇာတိက သဲတော၊ ဝမ်းတွင်းအနီးက ဟံဇား ဇာတိဖြစ်ကြောင်း၊ သားသမီး ၁၄ ယောက် ထွန်းကားခဲ့ပြီး တစ်ယောက်ပျက်စီးသွားသဖြင့် ၁၃ ယောက် ကျန်သေးကြောင်း၊ မျက်စိတိမ်ခွဲရန် တက်ရောက်နေရာမှ ကိုယ်တစ်ခြမ်း လေထိသွားသဖြင့် ကုသနေရကြောင်း သိရသဖြင့် အားပေးစကား ပြောကြားခဲ့ပါသည်။
သီရိမင်္ဂလာ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီး
လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ရှိ မြေဧက ၈ ဒသမ ၈၄ ဧကပေါ်တွင် သီရိမင်္ဂလာဈေးကို ၁၉၉၁ ခုနှစ်၌ တည်ဆောက်ပေးခဲ့သည်။ သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်းအဆောက်အအုံများ ဖြစ်သည်။ အဆိုပါဈေးအား အကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြရာ ဆိုင်ခန်းပေါင်း ၉၄၈ ခန်း မီးလောင်ပျက်စီးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွိုင်ကော်ခရီးစဉ်၌ အဆင့်မြင့်ဈေးသစ်တည်ဆောက်ပေးရန် လမ်းညွှန်ချက်အရ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကွပ်ကဲကြပ်မတ်၍ မီးလောင်ပြင်ကိုရှင်းလင်းခြင်း၊ ဟင်းသီး ဟင်းရွက်နှင့် သားငါးရောင်းသည့်နေရာတွင် ယာယီဈေးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့၌ စတင် တည်ဆောက်ပေးပြီး ရောင်းချစေခြင်း၊ အဆင့်မြင့် ဈေးတွင်ရှေ့မျက်နှာစာ နှစ်ထပ် ဆိုင်ခန်းများ တည်ဆောက်ခြင်း၊ ဈေးအတွင်း၌ ၉ပေ x ၉ပေ ဆိုင်ခန်း ၂၈၈ ခန်းတည်ဆောက်ခြင်း၊ ဈေးရုံခြောက် ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်လျက်ရှိပါသည်။ မျက်နှာစာ နှစ်ထပ်ဆိုင်ခန်းများမှာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။ မြို့တွင်းရှိ ဗဟိုဈေးနှင့် နှစ်ထပ်ဈေးတို့ကိုလည်း ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
တစ်သီးတခြားစီဖြစ်တည်နေသော လွိုင်ခေါ်မှ လွိုင်ကော်သို့
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သောအဖွဲ့၏ ဇန်နဝါရီလ ၁၄ ရက်နေ့ လှည့်လည်ကြည့်ရှုသည့် အစီအစဉ်တွင် ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ငွေကျပ်သန်းပေါင်း ၂၃၉ ဒသမ ၀၆၀ သန်း၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ငွေကျပ်သိန်း ၁၅၀ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆရာတော်ကြီးတစ်ပါးက လွိုင်ကော်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ “လွိုင်ကော်လို့ အမည်ခေါ်တွင် ကြတာနဲ့ပတ်သက်ပြီး ပြောရရင် အခုဘုန်းကြီးတို့ကျောင်းဘေးမှာရှိတဲ့ ဘုရားကုန်းလေးကို အစွဲပြုပြီး ခေါ်ကြတာဖြစ်တယ်။ သည်ဘုရားကုန်းလေးကို လွိုင်ခေါ်(တစ်သီးတခြား ဖြစ်တည်နေသော တောင်)လို့ စတင်ခေါ်ဝေါ်ခဲ့ကြရာက မြို့ကိုလည်းလွိုင်ခေါ်လို့ ခေါ်ကြပြီး၊ အဲဒီကမှ လွိုင်ကော်ရယ်လို့ ဖြစ်လာတာပါပဲ” ဟု ဗဟုသုတဖြစ်ဖွယ် မိန့်ကြားသွားခဲ့သည်။
ယာယီနေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်တို့သည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်တို့နှင့်အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့လယ်ဓမ္မာရုံသို့ သွားရောက်ပြီး ယာယီ နေရပ်စွန့်ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြသည်။
အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လည်းကောင်း၊ ရေကြီးမှုသဘာဝဘေးကြောင့် လည်းကောင်းနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပေရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ တို့က နေအိမ်များပြုပြင်ရန် ငွေကျပ် ၂၁၁ သန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲများ ပေးအပ်ခဲ့ပါသည်။
ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးထားသည့် အခြေအနေ၊ ဝန်ထမ်းများ ပြန်လည်နေရာချထားပေးမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုကာ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ပါသည်။ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းအိမ်ရာများကို မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြုပြင်ပေးထားကြောင်းတွေ့ရသည်။ ၎င်းဝန်ထမ်းအိမ်ရာများသည်လည်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ အမြန်ဆုံး ပြန်လည်ပြုပြင်၍ ပြီးသမျှအိမ်ရာများ၌ စနစ်တကျနေရာချထားပေးခဲ့သည်။ ဆက်လက်၍လည်း ပြုပြင်ပေးသွားမည်ဖြစ်သည်။ ဝန်ထမ်းအိမ်ရာ မိသားစုများနှင့်အတူ စာရေးဆရာမကြီး မဟူရာ(လွိုင်ကော်)ကို မမျှော်လင့်ဘဲ တွေ့ခွင့်ရခဲ့သောကြောင့် ဝမ်းပန်းတသာ နှုတ်ဆက်ခဲ့ပါသည်။
ကယားပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းများ
ကယားပြည်နယ်အတွင်း မြေအသုံးချမှုအနေဖြင့် စိုက်ပျိုးမြေ ၁၆၆၁၅၅ ဧက ရှိပါသည်။ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ အဓိကစိုက်ပျိုးလျက်ရှိရာ ဒေသဝမ်းစာအတွက် ဆန်စပါးဖူလုံမှုရှိသည်။ ဆီထွက် သီးနှံအနေဖြင့် ၆၀ ရာခိုင်နှုန်းကျော် ဖူလုံကြောင်း သိရသဖြင့် ယခုထက် ပိုမိုစိုက်ပျိုး နိုင်ရန်အတွက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ရှိလာသည်နှင့်အမျှ သမဝါယမအသင်းစု၊ အခြေခံအသင်းများက ပူးပေါင်းစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကယားပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရာသီသီးနှံ စံပြစိုက်ခင်းဆောင်ရွက်နေမှုကို လိုက်လံပြသခဲ့သည်။ လေးလက်မ စက်ရေတွင်းမှ ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေ ရယူ၍ ရာသီသီးနှံမုန်ညင်း၊ ကြက်သွန်ဖြူ၊ မာလကာ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းအပါအဝင် သီးနှံ ၂၄ မျိုး စိုက်ပျိုးပြသထားသည်။
ကယားပြည်နယ်နှင့် စွမ်းအင်ကဏ္ဍ
လွိုင်ကော်မြို့သို့ ရောက်တုန်းရောက်ခိုက် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ ၄ မိုင် ပင်မဓာတ်အားခွဲရုံ ပျက်စီးမှုအခြေအနေ၊ အောင်သီဟရပ်ကွက် ဓာတ်အားခွဲရုံပျက်စီးမှုအခြေအနေ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အရေးကြီးနေရာများသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့မှစတင်ကာ လွိုင်ကော်မြို့တွင်း၌ ပုံမှန်မီးရရှိမှုအခြေအနေတို့ကို လေ့လာသိရှိခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဇူလိုင် လများအတွင်း ဘီလူးချောင်းအမှတ် ၂ စက်ရုံမှဧက ၅၀၀ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော ၃၃ ကေဗွီဓာတ်အားလိုင်း၏ ကွန်ကရစ်တိုင်များ ဖောက်ခွဲဖျက်ဆီးခံရကြောင်းကိုလည်း သိရှိခဲ့ရသည်။ ယနေ့အချိန်တွင် လွိုင်ကော်မြို့ပေါ် ၂၃ ရပ်ကွက်အနက် ၁၅ ရပ်ကွက်ကိုလည်းကောင်း၊ လောပိတအနီးက ကျေးရွာ ၁၂ ရွာသို့ လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း သိရပါသည်။
ကယားပြည်နယ်နှင့် ပညာရေးကဏ္ဍ
အခြေခံပညာကျောင်း ၄၆၀ ကို ဖွင့်လှစ်သင်ကြားပေးနေပါသည်။ အဆင့်မြင့်ပညာကဏ္ဍတွင် လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
ကယားပြည်နယ်အတွက် စာရေးသူ၏ဆန္ဒမွန်
ပုံမှန်အားဖြင့်ဆိုလျှင် ကယားပြည်နယ်သည် အေးချမ်းသာယာလှပသော ပြည်နယ်တစ်ခုဖြစ်သည်။ ခရီးသွားလုပ်ငန်းအတွက် အခြေခံကောင်းများနှင့်လည်း ပြည့်စုံပေသည်။ ထူးခြားသော တောတောင်ရေမြေသဘာဝ၊ တိုင်းရင်းသားများ၏ နွေးထွေးပျူငှာဖော်ရွေမှုများ၊ ယဉ်ကျေးမှုဓလေ့ စရိုက်များက များစွာအထောက်အပံ့ ဖြစ်စေခဲ့သည်။ သဘာဝအလှတရားများ ပြည့်စုံကြွယ်ဝသော်ငြား လည်း ခရီးသွားဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် Virgin Land ဟုပင် တင်စားခေါ်ဝေါ်နေကြကြောင်း သိရသည်။ အဓိကအကြောင်းရင်းမှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိရေးအာမခံချက် ပင်ဖြစ်သည်။ ယင်းသို့ဖြစ်လာစေရန်မှာ ဒေသခံတိုင်းရင်းသားများတွင် အဓိကတာဝန်ရှိနေပါသည်။
ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ရပါမည်။ ပြည်နယ်အစိုးရအနေဖြင့် အထင်ကရ ခရီးစဉ် ၅၇ နေရာ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းပေါင်း ၆၆ ခုအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ကန္တာရဝတီငွေတောင်ပြည် (သို့မဟုတ်) ကယားပြည်နယ်ကို ကျွန်တော်သံယောဇဉ်ကြီးခဲ့ပါသည်။ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများစွာ လုပ်ပေးခဲ့ဖူးပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့်လည်း ထိတွေ့ဆက်ဆံခဲ့ဖူးပါသည်။ ရှေးယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းပြီး သာယာလှပသော ကယားပြည်နယ်အဖြစ် ထာဝစဉ်တွေ့မြင်လိုပါသည်။ မလွဲမသွေဖြစ်လာရမည်ဟု လည်း အလေးအနက်ယုံကြည်မိပါသည်။ ။
Source: moi.gov.mm

ပင်လယ်ပျော်လူမျိုးများဟု တင်စားခေါ်ဆိုသည့် ဆလုံများကို မော်ကင်းဟုလည်းခေါ်ကြသည်။ ဆလုံများကိုဒေသခံများက မော်ကယ်ဟုခေါ်၍ မြန်မာတို့က ဆလုံဟု ခေါ်ဆိုသည်။ လှေများပေါ်တွင်အိမ်ကဲ့သို့ နေထိုင်ကာ ပင်လယ်အတွင်း၌ သားငါး၊ပုစွန်နှင့်ပုလဲရှာဖွေကာ အသက်မွေးသည့် ဆလုံလူမျိုးများကို မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသတွင် အများဆုံးတွေ့ရသည်။

ဆလုံများသည် နေရာတစ်ခုတွင် အတည်တကျနေထိုင်ခြင်းမရှိဘဲ ပင်လယ်ပြင်၌ လှည့်လည်သွားလာကြကာ ရေကူးရေငုပ်ကျွမ်းကျင်သောကြောင့် Sea Gypsy ဟု ခေါ်ဆိုကြသည်။ ဆလုံများသည် လှေတွင် အသုံးအဆောင်များ၊ အစာရေစာများနှင့် ခွေး၊ကြောင်၊ ကြက်စသည့် အိမ်မွေးတိရစ္ဆာန်များကို တင်ဆောင် သွားလာကြသဖြင့် ဆလုံသစ်ထွင်းလှေသည် ဆလုံအိမ်ပင်ဖြစ်သည်။
ဆလုံများသည် မိမိတို့လှေကို ပေါ့ပါးသည့် သစ်လုံးကိုထွင်းကာပြုလုပ်ကြပြီး ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားချိန်၌ နီးစပ်ရာကျွန်းတစ်ခုခုတွင် ခြေတံရှည်ဝါးတဲများဆောက်၍ နားခိုနေထိုင်ကြသည်။ ရှေးအခါက ဆလုံလူမျိုးများသည် လှေပေါ်တွင်သာ နေထိုင်ကြသော်လည်း ယခုအခါတွင် ဆလုံ အများစုသည် ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းအချို့အပါအဝင် ကျွန်းများပေါ်တွင် အခြေချ နေထိုင်ကြသည်။ ၂၀၁၃ ခုနှစ်တွင် ဆလုံယဉ်ကျေးမှုပွဲတော်ကို ကော့သောင်းမြို့နယ် မကြုံဂလက် ကျေးရွာ၌ကျင်းပခဲ့သည်။
ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့်ရောနှောနေထိုင်ခြင်းမရှိဘဲ မိမိတို့၏လူနေမှုစနစ်ကို ထိန်းသိမ်းကာ နတ်ကိုကိုးကွယ်ကြသည်။ ဆလုံလူမှုအသိုက်အဝန်းတွင် နတ်ဆရာသည် အလွန်အရေးပါ သောပုဂ္ဂိုလ်ဖြစ်၍ သာရေးနာရေးကိစ္စများကို နတ်ဆရာစီစဉ်သည့်အတိုင်း ပြုလုပ်လေ့ရှိကြသည်။
မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်တည်ရှိသည့် ကော့သောင်းမြို့နယ်မြောက်ဘက် ပင်လယ်ကမ်းစပ်တွင် အောင်ဘာကျေးရွာရှိသည်။ အောင်ဘာရွာ၏တောင်ဘက်တွင် အောင်မြန်မာရွာတည်ရှိ၍ အောင်ဘာ ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် မကြုံဂလက်ကျွန်းနှင့် အရှေ့တောင်ဘက်တွင် ညောင်ဝိကျွန်း ရှိသည်။ ထိုကျွန်းနှစ်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း၌ တည်ရှိကာကျွန်းများပေါ်၌ ဆလုံ လူမျိုးများနေထိုင်ကြသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကော့သောင်းမြို့နယ်တွင် ဆလုံလူမျိုး ၁၂၈၀၆ ဦး နေထိုင်လျက်ရှိရာ မြို့နယ်လူဦးရေ၏ ၉ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်သည်။
ကော့သောင်းမြို့နယ်တွင် ကျွန်း ၉၃ ကျွန်းရှိသည့်အနက် ရတနာကျွန်း၊ သူဌေးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်း၊ မကြုံဂလက်ကျွန်း၊ ဆလုံကျွန်းနှင့် မွေတော်ကျွန်းအပါအဝင် ကျွန်း ၂၀ တွင်လူများနေထိုင်ကြသည်။ မကြုံဂလက်သည် လန်ပိအမျိုးသားအဏ္ဏဝါကျွန်းစုတွင်ပါဝင်၍ ဆလုံလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။
မကြုံဂလက်ရွာတွင် အိမ်ခြေ ၁၇၀ ကျော်ရှိ၍ ကျေးရွာလူဦးရေ ၆၀၀ ဝန်းကျင်တွင် ဆလုံလူမျိုးများက ၂၅၀ ရှိသည်။ ကျေးရွာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် ဆလုံစကားကို ပြောဆိုကြသည်။ မကြုံဂလက်ကျေးရွာတွင် ဆလုံသင်္ချိုင်းကို သီးသန့်ထားရှိကာဆလုံများကွယ်လွန်လျှင် ဆလုံသင်္ချိုင်း၌သာ သီးသန့် မြှုပ်နှံကြသည်။
ဆလုံများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကာ မိမိတို့ရိုးရာ ဝတ်စုံ၊ အစားအသောက်၊ ဘာသာစကားနှင့် ထုံးတမ်းဓလေ့များကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်။ ဆလုံယဉ်ကျေးမှုများအနက် ထိမ်းမြား လက်ထပ်သည့်ထုံးတမ်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဆလုံများသည် အသက် ၁၈ နှစ်ဝန်းကျင်တွင်အိမ်ထောင်ပြုလေ့ရှိသည်။ ဆလုံလူငယ်တစ်ဦးသည် အိမ်ထောင်ပြုချိန်တွင် မိမိနှစ်သက်မြတ်နိုးသည့် မိန်းကလေးကို သူ၏ မိဘများထံတွင် သွားရောက် တောင်းရမ်းရသည်။ ဆလုံလူငယ်သည် မိမိ၏ မိဘများနှင့်အတူ အမျိုးသမီး၏ မိဘနှစ်ပါးထံသို့ သွားရသည်။ မိန်းကလေးမိဘများက ဆလုံအကြီးအကဲ ရှေ့မှောက်တွင် လက်ခံတွေ့ဆုံသည်။ မိန်းကလေးဘက်ကလက်ခံလျှင် မင်္ဂလာရက်ကို သတ်မှတ်သည်။
ဆလုံမင်္ဂလာပွဲတွင် ဧည့်ခံကျွေးမွေးသည့် ဟင်းလျာသည် ငါးကင်၊ လင်းနို့ကြော်၊ လင်းဆွဲကြော်၊ ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်တို့ဖြစ်၍တစ်ခါတစ်ရံတွင် မျောက်သားကြော်၊ ပျားရည်နှင့် အရက်ကို ထည့်သွင်းဧည့်ခံသည်။
ဆလုံတို့၏ ထုံးတမ်းအရ လက်ထပ်မင်္ဂလာပွဲကို နတ်ဆရာက ဦးဆောင်ကာ ပင်လယ်ကမ်းစပ် သဲသောင်ပြင်တစ်နေရာ၌ ပြုလုပ်သည်။ မင်္ဂလာပွဲတွင်နတ်ဆရာက ဆလုံရိုးရာပလွေကို မှုတ်ပြီး နောက် လက်နှစ်ဖက်ကို ခေါင်းပေါ်သို့မြှောက်လျက် ရိုးရာနတ်ကိုပင့်ဖိတ်သည်။ ထို့နောက် နတ်ဆရာက သတို့သားနှင့် သတို့သမီး လက်ဖဝါးနှစ်ဖက်ကိုကိုင်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို သတို့သားနှင့် သတို့သမီးတို့၏ လက်များပေါ်တွင်အုပ်ထားကာ မင်္ဂလာမောင်နှံကို ရာသက်ပန်စောင့်ရှောက်ရန် ရိုးရာနတ်အား တိုင်တည်ဆုတောင်းခြင်းသည်ပင် ဆလုံမင်္ဂလာပွဲအခမ်းအနားဖြစ်ပေသည်။ သတို့သားနှင့် သတို့သမီးက မိမိတို့ လက်နှစ်ဖက်စီကိုမြှောက်လျက် ရာသက်ပန် ရိုးမြေကျပေါင်းသင်းပါမည်ဟု တိုင်တည်ကြရသည်။
ဆလုံရိုးရာ မင်္ဂလာပွဲတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် တုန်ယင်လာပြီး အရက် သောက်၍ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များကိုစားသည်။ ဆလုံများက ထိုအချိန်တွင်နတ်ဆရာကို နတ်ဝင်နေသည်ဟု ယုံကြည်ကြသည်။ ထို့နောက် နတ်ဆရာကကလျှင် ပရိသတ်ကလည်း လိုက်ကကြရသည်။ နတ်ဆရာနတ်ဝင်ချိန်သည် နာရီဝက်ခန့်သာ ကြာမြင့်၍ ဆလုံမင်္ဂလာဆောင်ပွဲသည် တစ်နာရီဝန်းကျင်သာကြာမြင့်ပြီး ပရိသတ်များက ကျွေးမွေးဧည့်ခံသည့် အစားအသောက်များကို စားသုံးကာမင်္ဂလာပွဲကို အဆုံးသတ်လိုက်သည်။
ဆလုံများက မင်္ဂလာပွဲတွင် ရိုးရာနတ်ကို ပူဇော်ပသပြီးမှသာ လင်မယားအရာမြောက်သည်ဟု ယုံကြည်ကြသည်။
မင်္ဂလာပွဲပြီးလျှင် မိဘများက မင်္ဂလာမောင်နှံကို ရိုးရာလှေတစ်စင်း၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်း ကိရိယာအချို့ကို လက်ဖွဲ့ခြင်းသည် ဇနီးမောင်နှံနှစ်ယောက်ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြရန်ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးသည် အဝေးသို့သွားရန်မလိုဘဲ ဆလုံရွာ၌ပင်နေထိုင်ကြရသည်။ ဤသို့ဖြင့် ဆလုံလူနေမှုအသိုက်အဝန်းသည် မိမိတို့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလျက် ရှင်သန်ကြီးထွားလာခဲ့ကြပေသည်။ ။
Source- Myawady Webportal

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည် နေထိုင် ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသား ဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၅၆) အပိုဒ်ခွဲ (က) အရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ် သုံးမြို့နယ်နှင့် လဟယ်၊ ထန်ပါခွေ၊ လေရှီး၊ ဆွမ္မရာ၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့ခုနစ်မြို့တို့ကို စုစည်း၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားကာ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် ခန္တီးခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ခန္တီးခရိုင်၊ တမူးခရိုင်၊ ဟုမ္မလင်းခရိုင်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၅၁၆၈ ဒသမ ၂၀၆ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၇၅၆၉ ဦး နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။
တိုင်းရင်းသားအသီးသီးတွင် နှစ်သစ်ကူးများရှိ
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နှစ်သစ်ကူးနေ့များ အသီးသီးရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားအသီးသီးတွင်လည်း နှစ်သစ်ကူးနေ့များရှိကြသည်။ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား ယခင်က မြို့နယ်တစ်ခုချင်းစီအလိုက် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၁၉၉၂ ခုနှစ်မှ စတင်၍ နာဂဒေသရှိ မြို့နယ်များအတွင်း အလှည့်ကျကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ရိုးရာ ကွင်းနေရာ၌ ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့သည်။
နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ခဲ့
နိုင်ငံတော်အစိုးရသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးစသည့် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် ကဏ္ဍအားလုံးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် ငါးဘီလီယံ မတည်ပေးခဲ့သည်။ နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေ နှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်လည်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂ ဘဏ္ဍာနှစ်ဝက်အတွင်း ကျပ်သန်းပေါင်း ၂၆၈၈၀ ဒသမ ၃၆၈ ဖြင့် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ကျပ် ငါးဘီလီယံကို စိုက်ပျိုးရေး ထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းများသို့ အချိန်တို အတွင်း ရောက်ရှိလာစေရန်နှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လဟယ်မြို့နယ်သို့ ကျပ်သန်း ၂၃၀၀၊ လေရှီးမြို့နယ်သို့ ကျပ်သန်း ၆၆၀ နှင့် နန်းယွန်းမြို့နယ်များ အတွက် ကျပ်သန်း ၁၂၄၁ ဒသမ ၉၂၅ တို့ကို လည်းကောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လဟယ်မြို့နယ်မှ MSME လုပ်ငန်းရှင် ၁၂ ဦးအား ကျပ်သန်း ၂၀၀ ထုတ်ချေးပေးထားပြီး လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်များမှ MSME လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ဖြစ်ထွန်းသည့် ထောပတ်၊ မက်မန်း၊ မျောက်ငို၊ လိမ္မော်၊ ဝဥ၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီ၊ လက်ဖက် နှင့် သရက်စသည့် နှစ်ရှည်သီးနှံများ ၅၃၄ ဧက နှင့် ရာသီသီးနှံ ၃၀၇ ဧက၊ စုစုပေါင်း ၈၄၁ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေ
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ထွန်းသည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးပြီး ဒေသ၏ အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းဘဏ္ဍာ ရန်ပုံငွေ ဖြင့်လည်း နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Naga and Border Development Project - NBADP) ကို လေရှီး၊ လဟယ်၊ နန်းယွန်း၊ မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီးမြို့နယ်များတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ သုံးနှစ် စီမံကိန်းဖြင့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀ ကို နှစ်စဉ် ကျခံ သုံးစွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၂၁၅၀၀၊ ကော်ဖီပင် ၅၅၀၀၊ မျောက်ငိုပင် ၇၃၀၀၊ မက်မန်းပင် ၆၀၀၊ သရက်ပင် ၁၁၀၀၊ ပီလောပီနံ ပင် ၂၀၀၀ နှင့် အာလာဂျီပင် ၂၀၀၀ တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံတောင်သူများသည် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်း စနစ်ကိုသာ မိရိုးဖလာလုပ်ငန်း အဖြစ် လုပ်ကိုင်စိုက်ပျိုးကြသဖြင့် သစ်တောများကို နှစ်စဉ်ခုတ်ထွင် စိုက်ပျိုးကြသဖြင့် သစ်တောများပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ပြဿနာများ နှစ်စဉ်ကြုံတွေ့ခံစားကြရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းပေး နိုင်ရေးနှင့် ဒေသခံများအတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် တောင်စောင်း စိုက်ပျိုးနည်းစနစ် ဖော်ဆောင်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လှေကားထစ် လယ်ယာမြေ ၁၅ ဧက ကို ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုနှစ်တွင် လဟယ်မြို့မျက်နှာစာ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧကကို တိုးချဲ့ဖော်ဆောင်ခဲ့ပြီး အဆင့်မြင့် လယ်ယာမြေဖော်ဆောင်ခြင်း လုပ်ငန်းများကို ၂၀၂၁ - ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေ ဧက ၃၀ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုန်းမြင့်လယ်ယာ ဧက ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်ထားသည့် တောင်ယာများတွင် နှစ်ရှည်သီးနှံများ ဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ လိမ္မော်၊ ထောပတ်၊ မျောက်ငို၊ သရက်စသည့် နှစ်ရှည်သီးနှံများအပြင် ရာသီအလိုက် ဝင်ငွေရရှိစေမည့် တောင်ယာ စပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုး နိုင်ရေး နည်းပညာပေးဆောင်ရွက်လျက်ရှိသည်။
ပူးတွဲဖွင့်လှစ်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်အဝန်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေသကဲ့သို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်ရေးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ အ.ထ.ကကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ပူးတွဲ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က နှစ်စဉ် တိုးချဲ့ဆောင်ရွက်ပေးမှုကြောင့် သွားလာဆက်သွယ်ရေး လွယ်ကူ သွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိ လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း လေရှီး- လဟယ် - ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Source-Myawady Webportal

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင် ကျေးရွာမှာ အဲန်လူမျိုးအများစု နေထိုင်ကြပါတယ်။ အဲန်လူမျိုးတွေဟာ အနက်ရောင်ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်ပြီး ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြကာ သွားမည်းမှလှတယ်လို့ ယူဆကြတဲ့အတွက်သူတို့ရဲ့သွားတွေကို မည်းနေအောင် ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးတွေနဲ့ ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးတွေရဲ့ ရှေးကျတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိကဆွဲဆောင်နေပါတယ်။

သူတို့ရဲ့သွားတွေကို မည်းအောင်မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင်မှိုင်းတိုက်ပြီးသွားတွေကို သူတို့ရဲ့အသက် (၁၂)၊ (၁၃) နှစ် အရွယ်မှာကတည်းက စတင်သုတ်လိမ်းကြပြီး သစ်ရွက်ခြောက်၊ ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစ်စေဝါးလေ့ရှိပါတယ်။ အမျိုးသား အမျိုးသမီးအားလုံး နားပေါက်ဖောက်ကြကာ သူတို့ရဲ့ရိုးရာပွဲနေ့တွေမှာ ပန်းတွေထည့်ပန်ကြပြီး ငွေလက်ကောက်တွေ အမြဲဝတ်ဆင်ကာ ဖိနပ်လည်း စီးလေ့မရှိတဲ့ သူတို့ရဲ့ လူနေမှုပုံစံတွေက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
အဲန်လူမျိုးတွေဟာ တောင်ယာစပါး၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနဲ့ အမဲလိုက်ခြင်းတို့ကို အဓိကလုပ်ကိုင် ရပ်တည်နေထိုင်ကာ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီသန့်နေထိုင်ရာ ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။ အဲန်လူမျိုးတွေဟာ တောစောင့်နတ်၊ တောင်စောင့်နတ်နဲ့ သေဆုံးသွားတဲ့ ဘိုးဘေးနတ်တွေကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ရိုးရာနတ်ပွဲကို ဆောင်းအကုန် နွေအကူးကာလမှာ အမဲလိုက်ကြပြီး ရရှိလာတဲ့သားကောင်နဲ့ ပူဇော်ပွဲပြုလုပ်ကြပါတယ်။ ရွာထဲမှာ လူမျိုးတွေရဲ့ ရိုးရာနတ်စင်တစ်စင်ကို တွေ့ရှိရမှာဖြစ်ပြီး ရွာရဲ့ နတ်ဆရာအိမ်မှာ သူတို့ပူဇော်နေတဲ့ နတ်ကိုခေါ်ဖို့ ဗုံကြီးတစ်လုံးရှိပါတယ်။ အဲဒီဗုံကြီးကို ရိုးရာနတ်ပူဇော်ပွဲမှာ အမျိုးသားတွေသာ တီးကြရပြီး ဗုံတီးပူဇော်ခြင်းဖြင့် ရွာထဲကို မကောင်းဆိုးရွားတွေ မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက သူတို့ကိုမတွန်းလှန်နိုင်ကြောင်းနဲ့ ဆန်ရေစပါးပေါကြွယ်ဝကြောင်း ယုံကြည်ကြပါတယ်။
အဲန်လူမျိုးတွေဟာ အဲန်ကိုယ်ပိုင်ဘာသာစကားနဲ့ ရှမ်းဘာသာစကားကို အဓိကပြောဆိုကြပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဲန်ရွာစုစုပေါင်း ၄၀ မှာ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။
အဲန်လူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင်အုပ်စု တစ်စုဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ စာရင်းဝင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုမှာ အဲန်လူမျိုးတွေနေထိုင်တဲ့ နမ့်လင်မိုင်၊ နမ့်လင်းကောင်၊ ပါးလို့၊ ပါကျော့၊ ပန်လေ၊ ဝမ်နောင်၊ တပ်ထပ်၊ ဝခါးစတဲ့ ကျေးရွာ ခုနစ်ရွာရှိပြီး မိုင်းလန်းကျေးရွာအုပ်စုမှာ တစ်ရွာ၊ မိုင်းခတ်မြို့နယ်မှာ ၁၃ ရွာ မိုင်းဖြတ်မြို့နယ်မှ လေးရွာတွေ့ရှိရပါတယ်။
ယခုအခါမှာ အဲန်လူမျိုးအများစု နေထိုင်ရာရွာလေးကိုတော့ အစိုးရက ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောင်ရွက်ပေးထားပြီဖြစ်ပေမယ့် ရှေးရိုးရာလူနေထိုင်မှုကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။
ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်ကြတဲ့ အဲန်လူမျိုးတွေရဲ့ အလေ့အထကတော့ လေ့လာဖို့ကောင်းတဲ့အတွက် ကျိုင်းတုံဒေသကို အရောက်သွားဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။

ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတ
ရင်ထဲက မော်ဖဒေသ ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာ ကာလအတွင်း မှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။ အချို့နေရာများ ကတော့ဖြင့် နှစ်ကြိမ်နှစ်ခါမက မကြာခဏ ရောက်ခွင့်ကြုံခဲ့သည်။ ထိုကဲ့သို့ ရောက်ခွင့်ကြုံသော မြို့ရွာဒေသများကအပြန်၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါးများရေးတော့မည်ဆိုလျှင် ငယ်စဉ်က ကြည့်ရှုခဲ့ရသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား၏အမည်က ခေါင်းထဲမှာ အလိုလို ပေါ်လာပါတော့သည်။ ဒါရိုက်တာကြီး အဘ ဦးတင်ယု ရိုက်ကူးခဲ့သော “မေတ္တာဘုံသို့ နှစ်ခေါက်လေ” ဇာတ်ကား၊ ရုပ်ရှင်မင်းသားက ဦးဇော်ဝမ်း၊ မင်းသမီးက အကယ်ဒမီဒေါ်တင်တင်ညို ထင်ပါသည်။ ထိုဇာတ်ကား အမည်ကို သဘောကျသဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းဒေသမှ အပြန်တွင် ဟိုမိန်းမြို့သို့ နှစ်ခေါက် လေဟူ၍ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့အသွား ခန္တီးနှင့် လဟယ် အကြားက အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်အား ဖြတ်ကျော်ခဲ့ရသည်ကို အကြောင်းပြု၍ ထိန်ညိုတောင်သို့ နှစ်ခေါက်လေဟူ၍ လည်းကောင်း အမည်ပေးကာ ဆောင်းပါးများ ရေးခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင် ကူးတို့ဆိပ်မှတစ်ဆင့် ပင်လယ်ဝကိုဖြတ်ပြီး အငူမော် ဆိပ်ကမ်းသို့ စက်လှေဖြင့်ကူးကာ ထိုမှမော်တော်ယာဉ်ဖြင့် အငူမော်-မောင်တောလမ်းအတိုင်း မောင်းသွားလျှင်၂၄ မိုင် သာသာလောက်မှာ ကျောက်ပန္ဒုဟုအမည်ရသည့် ကျေးရွာလေးကို ရောက်ပါသည်။ ပင်လယ်ကမ်းစပ် အနီးမှာ ဆေးတံခေါင်းကြီးသဖွယ် ကျောက်တုံးကြီး တည်ရှိနေသောကြောင့် ကျောက်ပန္ဒုဟု ခေါ်ခြင်း ဖြစ်ကြောင်းသိရ၏။ ထိုရွာလေးမှာ ဒေသခံ ရခိုင်၊ မြို၊ ခမီ တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်ပေးခဲ့ရသည်။ ယင်းဒေသမှအပြန် ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးလိုက်သောအခါ ပေးလိုက်မိသည့် ခေါင်းစဉ်က ကျောက်ပန္ဒုသို့ နှစ်ခေါက်လေ ဟူ၍----------။
ယခုလည်း ကျွန်တော် တင်ပြမည့် မက်မန်းမြို့လေးနှင့် ပတ်သက်၍ သည်ခေါင်းစဉ်ကိုပဲ ရွေးမိသည်။ ဝန်ထမ်းဘဝ အငြိမ်းစားယူခါနီး ၂၀၁၈ ခုနှစ်ထဲမှာ မက်မန်းကို ပထမအကြိမ် ရောက်ဖြစ်ခဲ့သည်။ ၄ နှစ်ခန့်အကြာ ပြန်လည်ရောက်ခဲ့သည့် ယခုခရီးစဉ်ကမူ ကျွန်တော့်ရင်ထဲက ပြင်းပြသော ဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်ခဲ့သည်ဟု ပြောရမည်သာ။ စင်စစ်သော်ကား ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသော ဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့် မက်မန်း မြို့လေးကိုလည်းကောင်း၊ မော်ဖဒေသကိုလည်းကောင်း လွမ်းမောတသ အမှတ်ရနေကြပါလိမ့်မည်။ ကျွန်တော်သည်ပင်လျှင် တပ်မတော်သားဘဝဖြင့် မော်ဖဒေသသို့မရောက်ခဲ့သော်ငြားလည်း ၁၉၉၅ ခုနှစ် နတလဝန်ထမ်းဘဝ စသည်နှင့် မော်ဖဒေသက ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာပါတော့သည်။ မော်ဖ ဒေသသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ဗကပတို့၏ ဝင်ရောက်ကြီးစိုး ချယ်လှယ်မှုကို ခံခဲ့ကြရသည်။ အစိုးရအုပ်ချုပ်မှုယန္တရား လက်လှမ်းမမီသော အရပ်ဒေသများဖြစ်၍ ဆင်းရဲနွမ်းပါးမှုနှင့်အတူ အစစ အရာရာ နိမ့်ကျခဲ့ရသည်။ တပ်မတော်က မင်းရန်အောင် စစ်ဆင်ရေးဖြင့် ဆင်နွှဲခဲ့သော ပွိုင့် ၅၇၁၀ ၊ ပွိုင့် ၆၀၂၈ ၊ လွယ်ဟိုလာ တိုက်ပွဲကြီးများအကြောင်းကို ပြန်လည်ကြားသိရသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့် ၊ ‘ဝ’ ၊ မိုင်းလား အထူးဒေသ-၄ အဖွဲ့များ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြ သောအခါ မော်ဖဒေသသည်လည်း ငြိမ်းချမ်းခြင်းနှင့်အတူ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အသီးအပွင့် များကို ခံစားခွင့်ရရှိသောဒေသဖြစ်ခဲ့သည်။
မော်ဖဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အစ
၁၉၈၉ ခုနှစ်တွင် မော်ဖဒေသ၌ ကျေးရွာအုပ်စု ၁၁ စု ကျေးရွာပေါင်း ၆၉ ရွာသာ ရှိသေး သည်။ မက်မန်း၊ ကောင်းလန်း၊ အေးကျန့်၊ ငှက်ယောင်း၊ ဝိန်းနောင်၊ ဆွတ်ဝိုး၊ မော်ဝမ်နှင့် တာကော်လေး တို့တွင် အ-မ-က ကျောင်းများ စတင်ဖွင့်လှစ်ပေးပြီး ဆက်လက်၍ မုလု၊ မန်ဝိန်း၊ အိုင်ကလောင်၊ ပန်ခူး၊ နမ့်တော်၊ ရောင်အူ၊ ပန်နင်း၊ ဝမ်းစလောင်း၊ မငေါက်၊ ပန်ပွဲ၊ ကွန်ဟောင်းကြီး၊ တွယ်နောက်နှင့် ငဟောင်တို့တွင် အ-မ-က ကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့သည်။ ကျန်းမာရေး ကဏ္ဍ၌ ၁၉၈၉ ခုနှစ်တွင် မက်မန်း ဆေးရုံ၊ ဆွတ်ဝိုးဆေးရုံ၊ ဝိန်းနောင်ဆေးပေးခန်းများ စတင် ဖွင့်လှစ်ပေးပြီး ဝမ်းစလောင်း၊ ရောင်အူ၊ ငှက်ယောင်း၊ ကောင်းလန်း၊ မုလု၊ တာကော်လေး၊ မန်ဝိန်း တို့၌ ဆေးပေးခန်းများ ဆက်လက်ဖွင့်ပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ မော်ဖဒေသနေ တိုင်းရင်းသား သွေးချင်းများအတွက် တပ်မတော် သက်သာအရောင်းဆိုင် ၁၇ ဆိုင် ဖွင့်လှစ်ပေးကာ ဆန်၊ ဆီ၊ ဆား များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးပြီး ငါးခြောက် ပိဿာ ၁၀၀၀ ၊ ဆား ပိဿာ ၅၀၀၀ ၊ သကြားနှင့် ဘီစကွတ်မုန့်များ ထောက်ပံ့လှူဒါန်းခဲ့သည်။ နတလ လုပ်ငန်းကော်မတီ အစီအစဉ်ဖြင့် အိမ်မိုးသွပ်များ၊ ပြောင်သွပ်များ၊ ဘိလပ်မြေနှင့် သံမျိုးစုံ၊ 4 KVA မီးစက်များ ပေးပို့လှူဒါန်းခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ကလည်း မော်ဖဒေသအတွက် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ပါသည်။ နတလမှပေးပို့သော မီးစက်များဖြင့် ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ မှစ၍ မက်မန်း၊ ဝိန်းနောင်၊ ဆွတ်ဝိုးတို့တွင် မီးလင်းစေခဲ့ပြီး ဆက်လက်၍ နမ့်နန်း၊ ဝမ်းစလောင်း၊ တာကော်လေးနှင့် ရောင်အူရွာများသို့ မီးစက်များပေးပို့ မီးလင်းစေခဲ့ပါသည်။
လမ်းပန်းဆက်သွယ်ရေးတွင် တာကော်လေး - မက်မန်းလမ်း၊ လွယ်ပါ - လွယ်ဟိုလာလမ်း၊ ပွိုင့် ၆၀၂၈ - ရောင်အူ - ပန်ဆန်းလမ်းများ စတင်ဖောက်လုပ်ခဲ့ပြီး ဝမ်တာခက်တံတားကို ၁၉၉၀-၁၉၉၁ ဘဏ္ဍာနှစ်၌ စတင်တည်ဆောက်ပေးခဲ့သည်။ မက်မန်းမြို့သစ် တည်ဆောက်ရေးကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် တပ်မ (၇၇) ၊ နည်းဗျူဟာ (၇၇၃)မှ ဦးစီးဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
အမှတ်တရ ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ
၂၀၀၃ခုနှစ်အတွင်း ကျင်းပပြုလုပ်သော နတလလုပ်ငန်းကော်မတီ လေးလပတ်အစည်းအဝေး တစ်ခု၌ ပတလ (ရှမ်း) ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက မက်မန်းမြို့အတွက် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ခွင့်ပြုပေးပါရန် တင်ပြခဲ့ရာ၊ နတလ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌသည် ရုတ်တရက် အံ့အားသင့်သွားပြီး “ဟာကွာ - မက်မန်းမှာ ရုပ်သံမရှိသေးဘူးလား---- ငါတို့ တည်ပေးခဲ့တဲ့မြို့ကွ၊ ရပြီးပြီထင်နေတာ၊ တော်တော်နောက်ကျနေပြီ၊ ပေးမယ်ကွာ”ဟု ပြော၍ ခွင့်ပြုပေးခဲ့သည်ကို ကျွန်တော် အမှတ်ရမိသည်။ နတလအနေဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံ များကို ၁၉၉၄ ခုနှစ်အတွင်းမှာပင် ပန်ဆန်း၊ မိုင်းမော၊ လောက်ကိုင်၊ မိုင်းယန်း၊ မိုင်းခတ်၊ ဆီလူး၊ မိုင်းလား၊ နမ့်ဖတ်ကာ၊ မိုင်းဆတ်၊ ဘုတ်ပြင်း၊ ကလိန်အောင်၊ တနိုင်းနှင့် ဖာပွန်တို့တွင် တည်ဆောက် ထုတ်လွှင့်ပြသပေးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၂ ခုနှစ်အထိမှာပင် ၉၃ ရုံ ခွင့်ပြုချထားပေးပြီး ဖြစ်ပါသည်။
ဤမည်သော အကြောင်းတရားများအပြင် မော်ဖဒေသ၏ စတင်ဖြစ်တည်ရာနှင့် ယခင် ယခု အခြေအနေများကို အတန်အသင့် တွေ့မြင်သိရှိထားသောကြောင့် မော်ဖဒေသ မက်မန်းက ကျွန်တော့် ရင်ထဲသို့ တိုးဝင်ရောက်ရှိနေသည်မှာ ဆယ်စုနှစ်သုံးခုနီးပါးမျှ ရှိနေချေပြီတကား။
လျှပ်တစ်ပြက် မက်မန်း ခရီးစဉ်
မက်မန်းမြို့လေးရှိရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းသည် ကျွန်တော့်ရင်ထဲက ပြင်းပြသောဆန္ဒတစ်ခုကို အကြောင်းပြု၍ ရောက်လာခြင်းဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ မည်သို့သော ဆန္ဒများ ဖြစ်ပေါ်နေခဲ့ပါသနည်း။ ၂၀၁၈ ခုနှစ် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးကတည်းက မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အတွင်းရှိ အ-ထ-က ကျောင်းများမှ ၉ တန်း၊ ၁၀ တန်း၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ခဲ့သော နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့သို့ တက်ရောက်ခွင့် ရရှိရေး သိသင့်သိထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၏ ရည်ရွယ်ချက်၊ သင်ကြားပေးသော ဘာသာရပ်များ၊ B.Ed ၅ နှစ် သင်တန်း အတွက် သတ်မှတ်ချက်များ၊ ဒီဂရီကောလိပ်များတွင် သင်ကြားပေးသည့် အင်ဂျင်နီယာ A.G.T.I (ဒီပလိုမာ)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များအတွက် သတ်မှတ်ချက်များ၊ ဘွဲ့ရ သင်တန်းဆင်းပြီး သည်နှင့် အလုပ်တာဝန်ခန့်ထားပေးမှုများ၊ အရည်အချင်းမီသူများက M.Ed တက်ခွင့်၊ BE, ME တက်ခွင့်၊ MA, M.Sc ဆက်လက်သင်ယူခွင့် ရှိသည်များ၊ ထူးချွန်သူများအနေဖြင့် ပါရဂူဘွဲ့ Ph.D အထိ သင်ယူ နိုင်သည့် အခွင့်အရေးများ၊ သင်တန်းကာလအတွင်း နိုင်ငံတော်က အစစတာဝန်ယူ၍ ကျွေးမွေး စောင့်ရှောက်ထားပုံ၊ စည်းကမ်းတကျ နေထိုင်ရပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူပြီးမှ ကျောင်းဆင်းရသော တစ်ခု တည်းသော တက္ကသိုလ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ရှင်းပြခဲ့သည်။
တက္ကသိုလ်၊ ကောလိပ်များက ထုတ်ဝေသည့် နှစ်လည်မဂ္ဂဇင်း စာအုပ်များကို ကျောင်း စာကြည့်တိုက်များအတွက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော် လည်း ဒီဂရီကောလိပ်များနှင့်ပတ်သက်၍ မသိသူ၊ မကြားဖူးသူ အတော်များပါသည်။ လေးမျက်နှာ မြို့နယ်တွင်သာမက အင်္ဂပူမြို့နယ်၊ ကျွဲသောင် အ-ထ-က မှာလည်း ဟောပြောခဲ့သည်၊ ရေကြည်၊ မြန်အောင်၊ ကျောင်းကုန်းမြို့နယ်များတွင်မတော့ ကိုယ်တိုင်မသွားနိုင်သောကြောင့် အသိမိတ်ဆွေ များကတစ်ဆင့် မဂ္ဂဇင်းစာအုပ်များ၊ လေ့လာရန် မေးခွန်းဟောင်းများ ဖြန့်ဝေပေးခဲ့သည်။ ကချင် ပြည်နယ်အတွင်းရှိ ပူတာအို အ-ထ-က ကျောင်း၌လည်းကောင်း၊ ခေါင်းလန်ဖူးမြို့နယ် အတွင်းရှိ အ-ထ-က ခေါင်လန်ဖူး၊ အ-ထ-က ဇန်ယော့၊ အ-ထ-က(ခွဲ)ရှိန်းခေါင် ကျောင်းများမှ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူများအား အ-ထ-က ခေါင်လန်ဖူးတွင်လည်းကောင်း တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုအကြောင်းအရာများကို အ-ထ-က မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ရှင်းပြချင်သည်။ သူတို့လေးတွေ သိစေချင်သည်။ တက်ရောက်ခွင့်ရစေချင်သည်။ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုမီကာလမှာပင် မက်မန်းသို့ အရောက်သွားချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာသည်။ မိမိက စေတနာထက်သန် ပြင်းပြနေ၍ပဲလားတော့မသိ၊ ခရီးသွားနိုင်ရေး ကူညီ မည့် မိတ်တွေများ ပေါ်ပေါက်လာပါတော့သည်။ နေပြည်တော်က ဦးအောင်မင်းထွန်းနှင့် မက်မန်း မြို့က ဦးမိုးခိုင်တို့ပဲ ဖြစ်သည်။ ဦးမိုးခိုင်ကို မက်မန်းဒေသက လူတွေက ကိုဗလဟု ခေါ်ကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခွင့် ရရှိရေး ကိုတော့ မိမိတို့ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်က မက်မန်းထွေအုပ်၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် ဆက်သွယ် ညှိနှိုင်းပေးခဲ့သည်။
ယင်းသို့ ညှိနှိုင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် နေပြည်တော် - နမ့်စန်၊ မတ်လ ၃ ရက်နေ့ နမ့်စန် - မိုင်ပျဉ်း၊ မတ်လ ၄ ရက်နေ့ မိုင်းပျဉ်း - မက်မန်း ခရီးစဉ်အတိုင်း မော်တော်ယာဉ်ဖြင့် ထွက်ခွာကာ မက်မန်းမြို့လေးသို့ မွန်းတည့် ၁၂ နာရီ မထိုးမီ အရောက်ဝင်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခြင်းကို မွန်းလွဲ ၁ နာရီအချိန် အ-ထ-က မက်မန်း၏ စာသင်ခန်း တစ်ခုတွင် စီစဉ်ထားကြောင်းသိရသည်။ ကျောင်းအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များက ထုတ်ဝေသောစာအုပ်များ လှူဒါန်းမည်၊ မြို့နယ် ပြန်/ ဆက် ရုံးအတွက်လည်း သုတ ရသ စာအုပ် စာဆောင်များလှူရန် တစ်ပါတည်း သယ်ဆောင်လာခဲ့၏။
မက်မန်းမြို့သို့အရောက် ကိုဗလအိမ်မှာပဲ တည်းကြသည်၊ သူ့အိမ်မှာ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက်စောင့်ကြို နှုတ်ဆက်ကြသည်။ သူတို့နှင့်အတူ အ-ထ-က မက်မန်းကျောင်းသို့ သွားခဲ့ သည်။ စာသင်ကျောင်းက ကိုဗလအိမ်နှင့် နီးနီးလေးပင်။ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းထွေးခင်၊ အ-ထ-က မက်မန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့် ဆရာ၊ ဆရာမ များက ကျောင်းအဝင်မှ ကြိုကြသည်။ ပြန်/ ဆက် တာဝန်ခံ ဒေါ်လေးလေကိုလည်း ဖိတ်ထားပေး သည်ကိုတွေ့ရ၏။ တက်ရောက်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များမှာ ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦးဖြစ်ပါသည်။ ထိုအထဲတွင် ကိုရင်များ လည်းပါ၏။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဖြေဆိုကြရန် ကနဦး တိုက်တွန်းမှာကြားသည်။ ယင်းနောက် တက္ကသိုလ်၊ ကောလိပ်တွေအကြောင်း ရှင်းပြသည်။ ကျွန်တော်ထင်သည့်အတိုင်းပင် ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကြားဖူးကြသော်လည်း ဒီဂရီကောလိပ်များ အကြောင်းမသိကြပါ။ သေချာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင်များ လှူဒါန်း ခဲ့ပါသည်။
မင်းရန်အောင် စေတီကို ဖူးခဲ့သည်
ပထမအကြိမ် ရောက်ခဲ့စဉ်ကလည်း ဖူးခဲ့သည်။ ယခုတစ်ခေါက် မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာလည်း မင်းရန်အောင်စေတီတော်ထံပါး ခဝပ်တွား၍ ရှိခိုးကော်ရော် ဖူးမြော်ကြည်ညိုခဲ့ ပါသည်။ မင်းရန်အောင် စစ်ဆင်ရေးတွင် အသက်ပေးလှူခဲ့ကြသော အရာရှိစစ်သည်များအား ရည်စူး၍ မော်ဖဒေသတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားပြီး ဒေသခံတိုင်းရင်းသားများ ကြည်ညိုသဒ္ဓါပွားနိုင် စေရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ်နှင့် နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ ဒေသခံတိုင်းရင်းသား များနှင့် ဖွံ့ဖြိုးရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် မင်းရန်အောင် စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် မတ် လ ၂၇ ရက်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တည်ဆောက်ပြီးစီး ဘုရားအနေကဇာ တင်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ဖိနပ်တော်မှ စိန်ဖူးတော်အထိ ၄၁ ပေ ၄ လက်မရှိကြောင်း ကမ္ဗည်းမော်ကွန်း ကျောက်စာ၌ တွေ့ခဲ့ရ၏။
ထပ်မံဖူးမြော်ရမည့် ရုပ်ပွားတော်တစ်ဆူ
မက်မန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် နယ်မြေခံ နယ်ခြားစောင့်တပ်မှ တပ်မှူး ဗိုလ်မှူးစိုင်းယီတို့ ဦးဆောင်ဦးရွက်ပြုကာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အလှူဒါနများပါဝင်လျက် အောင်တော်မူ လာဘမုနိရုပ်ပွားတော် မြတ်ကြီးကို မက်မန်းမြို့ အရှေ့တောင်ယွန်းယွန်း အဘယကုန်းတော်ပေါ်တွင် တည်ထားနေပြီ ဖြစ်သည်။ လိုဏ်ပုံသဏ္ဍာန် ကမ္ဘာလုံးပေါ်တွင် စင်္ကြာမုဒြာ ရုပ်ပွားတော် တစ်ဆူ ထိုင်နေတော်မူဟန် တည်ထားမည်ဖြစ်ပြီး စုစုပေါင်း ဉာဏ်တော်အမြင့် ၄၅ ပေရှိကြောင်း၊ ဘုရားဘွဲ့တော်နှင့် ဘုရား ကုန်းတော်အမည်များကို မက်မန်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီး စာသင် တိုက်မှ ဆရာတော်ကြီး မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိက သမုတ်ပေးခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မန္တလေးမြို့ ဝါးချက် ဦးကျော်သန်း မြန်မာမှုအဖွဲ့က တည်ထား မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယင်းရုပ်ပွားတော်ကြီးအနီး၌ နဂါးရုံ ဘုရားတစ်ဆူ တည်ထား ဦးမည်ဖြစ်ပေရာ ကုသိုလ်ရှင်၊ စေတနာရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ အကယ်၍သာ ကျွန်တော်သည် တတိယအကြိမ်မြောက်အဖြစ် မက်မန်းမြို့လေးသို့ ထပ်မံရောက်ခဲ့ပါမူ ယင်းဘုရားအဆူဆူတို့ကို ဖူးမြော်ခွင့်ရပါလိမ့်ဦးမည်။ သို့သော် မသေချာတော့ပြီ။
အေးကျန့်ရွာလေးသို့ အမှတ်တရ
မက်မန်းသို့ ရောက်တုန်းရောက်ခိုက် အေးကျန့်ရွာလေးရှိရာသို့ သွားခဲ့ကြသေးသည်။ ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ပွိုင့် ၆၀၂၈ တောင်ကုန်း၊ ပွိုင့် ၇၁၂၃ လွယ်ဟိုလာကုန်းတို့ကို မြင်နေရပါသည်။ လွယ်ဟိုလာ ဟုဆိုလိုက်သည်နှင့် ထိုကုန်းအနီးတစ်ဝိုက်မှာ ကျောက်ချဉ်ပေါင်၊ ကျောက်ချင်း၊ တစ်ပင်တိုင်မျှစ်၊ မြက်ကြွပ်၊ ဝါးရောင်းချဉ်၊ ကြိမ်ခါးဖူး၊ မင်းဘောဖူး စသော အသီးအရွက်များ ရှာဖွေစားသောက်ခဲ့ရသည်ကို အမှတ်ရနေမည့် အရာရှိ အကြပ်စစ်သည်များစွာ ရှိနေပါလိမ့်မည်။ နောက်တစ်နေ့ မတ် လ ၅ ရက်နေ့မှာ မက်မန်းမြို့လေးမှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ နှုတ်ဆက်ခဲ့ပါတယ် မက်မန်းမြို့လေးရေ-----------။