နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ နိုင်ငံဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့၏ ဖော်ပြချက်အရ တရားမဝင်ကုန်သွယ်မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနိမ့်ကျဘဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ဒေသအလိုက် သယံဇာတများ တရားမဝင်ထုတ်ယူခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်နစ်နာဆုံးရှုံးနေကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုများသည် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိကမူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ တရားမဝင်ကုန်သွယ်မှုများသည် မြေပြင်တွင် တရားမဝင်နည်းလမ်းများနှင့် လုပ်ကိုင်ဆောင်ရွက်နေကြသလို အွန်လိုင်းမှလည်း ပုံစံအမျိုးမျိုးနှင့် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုမရှိစေရေး တားဆီးစစ်ဆေးရာတွင် နည်းပညာအကူအညီရယူ၍ လိုအပ်သလို ထိထိရောက်ရောက် မှန်မှန်ကန်ကန်ဆောင်ရွက်သွားရန်လိုသည်။ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးတိုက်ဖျက်ရာတွင် နယ်မြေအခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ကို ခေတ္တပိတ်ထားရာ ထိုသို့ပိတ်ထားရသည့်အတွက် ပုံမှန်ကုန်သွယ်ရေးကို ရေလမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ရာ၌ ပုံမှန်ကုန်သွယ်ရေးတွင် ပို့ကုန်နှင့် သွင်းကုန်စစ်ဆေးကြပ်မတ်မှုနှင့် စာရင်းမှန်ကန်မှုတို့တွင် ယိုပေါက်များရှိလာသည်။
အလားတူ နယ်စပ်ကုန်သွယ်ရေးတွင် ပိတ်ဆို့တားဆီးစစ်ဆေးနေသော်လည်း နည်းလမ်းမျိုးစုံဖြင့် တရားမဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်း စသည့်လစ်ဟာမှုများ၊ ယိုပေါက်များရှိနေသည်ကို တွေ့ရသည်။ သာဓကအားဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီသို့ ဇူလိုင်လအတွင်း သတင်းပေးတိုင်ကြားမှုအရ မြဝတီနယ်စပ်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၄၄ စီးသည် ဘားအံမြို့မှဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင်ဖြတ်သန်းသွားမှုအခြေအနေကို သိရှိရသဖြင့် သက်ဆိုင်ရာအထူးအဖွဲ့များနှင့် OSS ဝန်ထမ်းများမှတစ်ဆင့် ချက်ချင်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မော်တော်ယာဉ် ၁၃၂ စီးကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း၌ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုလုပ်ခဲ့သလို မော်တော်ယာဉ်အလိုက် တင်ဆောင်လာသည့် တရားမဝင်ကုန်ပစ္စည်းစာရင်းများကိုလည်း မှန်မှန်ကန်ကန်စစ်ဆေးဆောင်ရွက်ခြင်းမရှိဘဲ မသမာမှု၊ အဂတိလိုက်စားမှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဦးဆောင်ကော်မတီအနေဖြင့် အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝမရရှိသည့် မသမာသောလုပ်ဆောင်ချက်များနှင့် ဝန်ထမ်းတစ်ဦးချင်းအပါအဝင် အဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နောက်ဆက်တွဲဖော်ထုတ်သိရှိရသဖြင့် ယင်းအတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သိရသည်။
တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်နေကြသူများ၏ အသုံးချခံမဖြစ်စေရန် အထူးသတိထားကြရမည်ဖြစ်သည်။ ဝန်ထမ်းကျင့်ဝတ်၊ ပြဋ္ဌာန်းထားသည့်ဥပဒေတို့နှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းအပေါ် ထားရှိသည့်သစ္စာ၊ ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိခဲ့သည့်အတွက် ပါဝင်ပတ်သက်သူများအနေဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းအရေးကိစ္စနှင့် အဖွဲ့အစည်းနှင့် ယှဉ်လျှင်အဖွဲ့အစည်းကို ဦးစားပေးရမည်ဖြစ်ပြီး အဖွဲ့အစည်းနှင့် နိုင်ငံတော်ယှဉ်လျှင် နိုင်ငံတော်အရေးကိစ္စ၊ နိုင်ငံတော်အကျိုးစီးပွားကိုသာ ဦးစားပေးရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နှစ်အလိုက် ဖမ်းဆီးရမိမှုများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းသည် တာဝန်ကျေပွန်စွာဖြင့် သစ္စာရှိရှိဆောင်ရွက်နေသည့် ဝန်ထမ်းများ ကြိုးပမ်းမှုကြောင့်ဖြစ်သလို တစ်ဖက်တွင် မိမိကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်၍ မသမာသောလုပ်ရပ်များဖြင့် ပါဝင်ပတ်သက်နေသည့် သစ္စာမဲ့ဝန်ထမ်းများကိုလည်း စိစစ်ဖော်ထုတ် အရေးယူသွားရမည်ဖြစ်သည်။ အဖွဲ့အစည်းအကျိုး၊ နိုင်ငံတော်အကျိုးကို သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး အထူးသတိပြုရန်အနေဖြင့် လုံခြုံရေးပိုင်းသည် အရေးကြီးသဖြင့် စစ်ဆေးရေးဂိတ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်သလိုအဖွဲ့အစည်း၏ လုံခြုံရေးကို နယ်မြေဒေသအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စနစ်တကျပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။ ။
MOI

ယမန်နေ့ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အိန္ဒိယဝန်ကြီးချုပ်နာရိန်ဒရာ မိုဒီတို့ ဦးဆောင်သည့် နှစ်ဖက်ဆွေးနွေးပွဲများအပြီး “မဟာဗျူဟာမြောက်မိတ်ဖက်” အဖြစ် ထူထောင်လိုက်ကြောင်း ဖိလစ်ပိုင် နှင့် အိန္ဒိယတို့က ကြေညာလိုက်သည်ဟု ဩဂုတ်လ ၆ ရက်နေ့ The Diplomat သတင်းတွင် ဖော်ပြ ပါရှိပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်တွင် ၂၀၂၉ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မဟာဗျူဟာ မိတ်ဖက်သစ်အဖြစ် ကြေညာစာတမ်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် “action plan” များ အပါအဝင် သဘောတူညီစာချုပ် ၁၃ ခုကို ချုပ်ဆိုခဲ့ကြပါသည်။

မဟာဗျူဟာမိတ်ဖက်ပြုရေး ကြေညာသည့် အချိန်အခါသည် ဖိလစ်ပိုင်နှင့် အိန္ဒိယ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက်နှင့်လည်း တိုက်ဆိုင်နေပါကြောင်း “အနာဂတ် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ အပြည့်အဝပူးပေါင်း ဆောင်ရွက်မည့် ရှေ့ အလားအလာအတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။” ဟု ထုတ်ပြန်ပါသည်။ချမှတ်ထားသည့် ပန်းတိုင်များတွင် ရေရှည်တည်တံ့ခိုင်မြဲစေမည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများမှသည် ကုန်သွယ်ရေး၊ ကူးလူးဆက်ဆံရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးစသည့် နယ်ပယ်အသီးသီးအထိ ပါဝင်ပါသည်။
ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်“ယနေ့အခါသမယသည် မိမိတို့၏ ဆက်ဆံရေး ခေတ်သစ်သို့ ဝင်ရောက်လာခြင်းဖြစ်ပါသည်” “အိန္ဒိယသည် ဖိလစ်ပိုင်နိုင်ငံ၏ ပဉ္စမမြောက် မဟာဗျူဟာ မိတ်ဖက် ဖြစ်လာပါပြီ”ဟု နယူးဒေလီရှိ Hyderabad House၌ မားကို့စ်က ပြောကြားပါသည်။
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ပင်လယ်ရေကြောင်း ပိုင်နက်နယ်မြေတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော် ရန်စမှုများအပေါ် မျှဝေ ခံစားပေးခြင်း သည် အဓိကကျသော မဟာဗျူဟာမိတ်ဖက်ဖြစ်ပါသည်။ ယခုရက်သတ္တပတ် အစောပိုင်း အိန္ဒိယနှင့် ဖိလစ်ပိုင်တို့အကြား တောင်တရုတ် ပင်လယ်အတွင်း ပထမအကြိမ် ရေတပ်ပူးတွဲလေ့ကျင့်မှု ပြုလုပ် ခဲ့ပါသည်။ နှစ်ရက်ကြာ လေ့ကျင့်မှုကို ဖိလစ်ပိုင် ကမ်းရိုးတန်း အနောက်ဖက်တွင် ကျင်းပခဲ့ရာ “နည်းဗျူဟာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးတွဲလေ့ကျင့်မှုဖြင့် ရေကြောင်းစွမ်းရည်ကို အားကောင်း စေရန် ရည်ရွယ်သည့် အဆင့်မြင့် ရေတပ်စစ်ဆင်ရေးအတွဲလိုက် ဘက်စုံလေ့ကျင့်ခဲ့ပါကြောင်း”ဖိလစ်ပိုင် တပ်မတော်က ထုတ်ပြန်ပါသည်။
အိန္ဒိယနိုင်ငံ၏ “Act East Policy” နှင့် “Mahagasar” ရည်မှန်းချက်တို့အရ ဖိလစ်ပိုင်နိုင်ငံသည် အရေးပါသော မိတ်ဖက်တစ်နိုင်ငံဖြစ်ရာ၊ အရှေ့တောင်အာရှနှင့် ခိုင်မာသည့်ဆက်ဆံရေး ထူထောင်ရာ လည်းကောင်း၊ ဒေသတွင်း တည်ငြိမ်ရေးကို တည်ဆောက်ရာတွင် လည်းကောင်း အရေးပါသည့် နိုင်ငံတစ်နိုင်ဖြစ်ပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် မိုဒီက ပြောကြားလိုက်ပါသည်။
“အားကောင်းခိုင်မာသည့် စစ်ဖက်ဆက်ဆံရေးသည် နက်ရှိုင်းသော အပြန်အလှန် ယုံကြည်မှု၏ သင်္ကေတဖြစ်ပါကြောင်း၊ ပင်လယ်သမုဒ္ဒရာနှင့် ဆက်စပ်သောနိုင်ငံများ၊ နှစ်နိုင်ငံရေကြောင်း ပူးပေါင်း ဆောင်ရွက်ရေးသည် နှစ်ဖက်လုံးအတွက် သဘာဝကျပြီး အရေးပါပါကြောင်း” နယူးဒေလီမြို့ Hyderabad Houseတွင် မားကို့စ်နှင့်တွေ့ဆုံအပြီး သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ အိန္ဒိယခေါင်းဆောင်က ၎င်း၏နိုင်ငံသည် “အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် တရားဥပဒေကို အခြေခံလုပ်ဆောင်ပါကြောင်း”နှင့် “နိုင်ငံတကာ ဥပဒေ များနှင့်အညီ ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာခြင်းကို အားပေးထောက်ခံပါကြောင်း” ပြောကြားပါသည်။ ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် အိန္ဒိယသည် ဖိလစ်ပိုင်နိုင်ငံ၏ ရေငုတ်သင်္ဘော အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ ကြကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဌာနက ပြောကြားပါသည်။
ကိုးကား- The Diplomat
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန (၂)

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၃ ရက်မှ စ၍ ပင်လယ်ပြင်လေ့ကျင့်ရေးအဆင့်ရောက်ရှိခဲ့ရာ လေ့ကျင့်ရေးတွင် ပါဝင်သည့် နှစ်ဖက်ရေယာဉ် များက ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ရှိ စစ်ဘက်ဆိပ်ကမ်းမှ ကြိုတင်သတ်မှတ်ထားသည့် ပင်လယ်ပြင်ဧရိယာသို့ ကဏ္ဍအလိုက် လေ့ကျင့်မှုများ လုပ်ဆောင်ရန် စတင်ထွက်ခွာခဲ့သည်။

ဒေသစံတော်ချိန် ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်တွင် လေ့ကျင့်မှုတွင်ပါဝင်သော တရုတ်-ရုရှား ရေယာဉ်များသည် အစဉ်အလိုက် ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခဲ့ကြသည်။ ဆိပ်ကမ်းမှ ထွက်ခွာ ပြီးနောက် နှစ်ဖက်အနေဖြင့် တရုတ်-ရုရှား ရေယာဉ် ရောနှောစီစဉ်ထားသည့် အစီအစဉ်များအရ အုပ်စုဖွဲ့ကာ မစ်ရှင်ထမ်းဆောင်မည့် ပင်လယ်ပြင်ဧရိယာသို့ မောင်းနှင်ကာ နှစ်ဖက်ရေယာဉ်များသည် ဆက်သွယ်ရေးကွင်းဆက်လမ်းကြောင်းတည်ဆောက်ပြီး ပင်လယ်ပြင် မိုးလေဝသနှင့် ဇလဗေဒ၊ ပင်လယ်ပြင်နှင့် လေကြောင်းဆိုင်ရာ အခြေအနေ စသည့်သတင်းအချက်အလက်များကို အပြန်အလှန် သတင်းပို့ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ရေးအစီအစဉ်များအရ တရုတ်-ရုရှား ပင်လယ်ပြင် ရေယာဉ်အဖွဲ့သည် ရေငုပ်ကူညီ ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောပူးတွဲတိုက်ဖျက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည် ကာကွယ်ရေး၊ ရေတပ်စစ်ဆင်ရေး စသည့်အခန်းကဏ္ဍများအပါအဝင် လက်နက်လက်တွေ့အသုံးချမှု လေ့ကျင့်ရေးများကို သုံးရက်ကြာ ပင်လယ်ပြင်လေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- Xinhua

နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ခဲ့သည့်နေ့မှစ၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် စိတ်အားထက်သန်စွာဖြင့် စာရင်းပေးသွင်းခဲ့ကြသည့်လူငယ်များ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ တက်ရောက်ကြသည်မှာ သင်တန်းအပတ်စဉ် ၁၅ ခုရှိပြီဖြစ်သည်။ ထို့အပြင် ပြည်သူ့လုံခြုံရေးစနစ်ကိုလည်း ၂၀၂၃ ခုနှစ်မှစတင်၍ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များကို ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံ၏သမိုင်းကြောင်း နောက်ခံအခြေအနေအကြောင်းတရားများနှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေများ၊ မျက်မှောက်ကာလ၌ ဖြစ်ပေါ်နေသည့် နိုင်ငံတကာ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ ပြည်တွင်းရေးအခြေအနေများအရ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်မှသာ တောင့်တင်းခိုင်မာမှုရှိမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ကာကွယ်ရေး စွမ်းပကားကို အင်အားတောင့်တင်းခိုင်မာအောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
ကာကွယ်ရေးစွမ်းပကား အင်အားတောင့်တင်းခိုင်မာမှုရှိအောင် ဆောင်ရွက်မှုများသည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် လမ်းခင်းပုံဖော်ပေးထားမှုများဖြစ်သည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် လာနိုင်သည်နှင့်အတူ နိုင်ငံတော်နှင့် ပြည်သူကို နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်နေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်နေသည့် တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ကွဲကွဲပြားပြားသိရှိလာကြခြင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာကြသည်။
တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) လုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိလာသည်ကို တွေ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြသည်။ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်အချို့အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ ယခုအခါ ၁၁၈ ဦး အလင်းဝင်ရောက်လာကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အပြင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ တက်ရောက်လျက်ရှိကြသကဲ့သို့ နိုင်ငံတော်၏ လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်ကြသော ပြည်သူများအားလုံးကလည်း နိုင်ငံတော်တည်ဆောက်ရေး၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို တာဝန်သိစွာဖြင့် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်ကြီးမြို့ အနောက်ဘက်ရှိ လပတ်ကျေးရွာမှ အပြစ်မဲ့ပြည်သူများအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရာ လူမမည်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ကျေးရွာသူ ကျေးရွာသား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်သတင်းကို ကြားသိခဲ့ရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်က KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူအသက် ၁၀ လသားအရွယ်မှ အသက် ၃ နှစ်၊ အသက် ၄ နှစ်၊ အသက် ၆ နှစ်၊ အသက် ၇ နှစ်နှင့် အသက် ၁၀ နှစ်အရွယ် လူမမည်ကလေးငယ်များအပါအဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၃ ဦးကို လက်နက်ငယ်၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသားသုံးဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားမှုကို သိလျှင်သိချင်း တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးကာ သေဆုံးခဲ့သည့် ကျေးရွာပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ၏ ထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် ကျေးရွာပြည်သူများအား နယ်မြေခံတပ်ဆေးခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေပြီးနောက် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ဆေးရုံတက်လူနာများအား အားပေးပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ နယ်မြေလုံခြုံရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။
KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့်ပတ်သက်ခြင်းမရှိသော အပြစ်မဲ့ရွာသူရွာသားများကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အကြောင်းမဲ့သက်သက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဥပဒေမဲ့လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူများက စက်ဆုပ်ရွံရှာ ဆန့်ကျင်ရှုတ်ချလျက်ရှိပြီး တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများကို ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
KNU/KNLA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် NCA လက်မှတ်ရေးထိုးထားသော်လည်း သောင်းကျန်းသူနယ်မြေသို့ ပြည်တွင်းမှ နိုင်ငံရေး အရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိခဲ့ကြသည့် လူငယ်များအား အကြမ်းဖက်သင်တန်းများပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ အခွင့်အရေးမက်လုံးများပေးခြင်း၊ စစ်သွေးကြွစေခြင်းများပြုလုပ်ပြီး ၎င်းတို့အဖွဲ့များ အင်အားတိုးပွားအောင်ပြုလုပ်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား သူလျှိုဒလန်စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်ကြသည့် သောင်းကျန်းသူများကို တပ်မတော်သားများက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ခုခံစစ်မှ တန်ပြန်တိုက်စစ်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နှိမ်နင်းလျက်ရှိရာ သောင်းကျန်းသူများ အထိအခိုက်အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးနေကြရသည်။
အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးတိမ်းရှောင်ကြစဉ် ၎င်းတို့ လုပ်ဆောင်နေကျ အဖျက်အမှောင့်လုပ်ငန်းအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ၎င်းတို့အလိုကျ မလိုက်နာမဆောင်ရွက်သော၊ ၎င်းတို့ကိုဆန့်ကျင်သော ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ပြည်သူများက စက်ဆုတ်ရွံရှာ ကန့်ကွက်နေကြသည်။
သို့ဖြစ်ရာ အပြစ်မဲ့ပြည်သူများနှင့် မြို့ရွာဒေသများကို အစဉ်နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များ၊ လူမဆန်သောလုပ်ရပ်များကို ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချကြပြီး အကြမ်းဖက်သောင်းကျန်းသူများ ချုပ်ငြိမ်းစေရေးအတွက် တပ်မတော်နှင့်ပြည်သူ အတူလက်တွဲ ပြီး တိုက်ဖျက်ချေမှုန်းကြရမည်ဖြစ်ပါကြောင်း။ ။

ထိုင်းအစိုးရက ကုလသမဂ္ဂသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား နယ်စပ် တစ်လျှောက်ရှိ ပြည်နယ်လေးခုတွင် အရပ်သားများကို တိုက်ခိုက်မှုဖြင့် စွပ်စွဲခဲ့သည်။ ထိုတိုက်ခိုက်မှု များကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

"ဇူလိုင် ၂၄ ရက် နံနက် ၈:၂၀ တွင် ကမ္ဘောဒီးယား စစ်တပ်က ထိုင်းစစ်စခန်းတစ်ခုဖြစ်သော Ta Moan Thom ဒေသကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုင်းစစ်သား နှစ်ဦးကျဆုံးခဲ့ရသည်။ ကမ္ဘောဒီးယားက စစ်ဆင်ရေး ကို တိုးမြှင့်ကာ Buriram ၊ Surin ၊ Sisaket နှင့် Ubon Ratchathani စသော ပြည်နယ်လေးခုရှိ အရပ်ဘက်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်" ဟု ဇူလိုင် ၂၅ ရက်တွင် ကုလသမဂ္ဂသို့ပေးပို့ခဲ့ သော ထိုင်းအစိုးရ၏ စာတွင် ဖော်ပြထားသည်။
ထိုင်း၏စာတွင် ကမ္ဘောဒီးယား၏ စစ်ဆင်ရေးကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် ၈ ဦးမှာ အခြေအနေဆိုးရွားသည်ဟု ဆိုသည်။ ထို့အပြင် လူပေါင်း ၁၀၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းအာဏာပိုင်များက ကမ္ဘောဒီးယားအား "ဆေးရုံများ၊ ဒဏ်ရာရသူများနှင့် နာမကျန်းသူများအား ကာကွယ်ပေးရန် ပြဋ္ဌာန်းထားသော ၁၉၄၉ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ကာ အရပ်သားများ၊ ဆေးရုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟု" စွပ်စွဲခဲ့သည်။
ထိုင်းဘက်မှ ကမ္ဘောဒီးယားအား PMN-2 လူသတ်မိုင်းများ ပိုင်ဆိုင်မှုဖြင့်လည်း စွပ်စွဲခဲ့ပြီး "ယင်းလက်နက်များကို တားမြစ်ထားသော အော့တဝါကွန်ဗန်းရှင်းပါ တာဝန်ချိုးဖောက်မှု" ဖြစ်သည်ဟု ဆိုကာ နယ်စပ်စောင့်ကြပ်စဉ် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘန်ကောက်က ၂၀၀၃ ခုနှစ်တွင် ၎င်းတို့၏ လူသတ်မိုင်းအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ကုလသမဂ္ဂသို့ အစီရင်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုင်းဘက်မှ များစွာထိန်းချုပ်ကာဆောင်ရွက်ခဲ့ကြောင်းဖော်ပြခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးများကို "ကမ္ဘောဒီးယားစစ်တပ်မှ ခြိမ်းခြောက်မှုကို ကာကွယ်ရန် တရားဝင်ကာကွယ်ရေးအဖြစ် ကန့်သတ် ထားသော ပစ်မှတ်ထားတိုက်ခိုက်မှုများ" အဖြစ် ရှင်းပြခဲ့သည်။
"အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မိမိတို့၏ ပြတ်သားသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရာတွင် အားသုံးမှုကို အတိအလင်းပယ်ချပြီး ကမ္ဘောဒီးယားအား ရန်လိုသော လုပ်ရပ်များကို ရပ်တန့်ကာ စေ့စပ်ညှိနှိုင်း မှုများဆီသို့ သစ္စာရှိစွာ ပြန်လည်ရောက်ရှိရန် တိုက်တွန်းပါသည်" ဟု စာတွင် ဖော်ပြထားသည်။
ထိုင်းက ကျန်ရှိနေသော နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေး စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် နှစ်နိုင်ငံပူးပေါင်းနယ်စပ်ကော်မတီကဲ့သို့သော နှစ်ဘက်ညှိနှိုင်းရေးယန္တရားများတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း အတည်ပြုခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ ထိုင်း၏စာကို မှတ်ချက်တစ်စုံတစ်ရာမပြုသေးပေ။ သို့သော် ကမ္ဘောဒီးယား မီဒီယာများက ထိုင်းဘက်မှ F-16 တိုက်လေယာဉ်များဖြင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ သည်ဟု စွပ်စွဲခဲ့သည်။ ဘန်ကောက်က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်မာနက်က နယ်စပ်တိုက်ပွဲများ စတင်ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာတစ်စောင်ပေးပို့ကာ အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပရန် တောင်းဆိုခဲ့သည်။ ဟွန်မာနက်က ထိုင်းဘက်မှ ကမ္ဘောဒီးယား၏ နယ်မြေများစွာကို လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး နိုင်ငံ၏တပ်မတော်မှ "အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် မိမိကိုယ်ကို ခုခံကာကွယ်ခဲ့သည်" ဟု ပြောကြားခဲ့သည်။
ဟွန်မာနက်က ထိုင်းနိုင်ငံအား ရန်လိုသော လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ပြီး တပ်ဖွဲ့များကို ရုပ်သိမ်းကာ နောက်ထပ်မည်သည့်အရှိန်မြှင့်တင်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ရန် တောင်းဆိုခဲ့ပြီး ထိုင်းမှ "မကြာသေးမီက မိုင်းပေါက်ကွဲမှုနှင့်သက်ဆိုင်သော အခြေအမြစ်မရှိသည့်စွပ်စွဲချက်များကို မှန်ကန်ကြောင်းသက်သေပြရန်" "မြေပုံကို တစ်ဖက်သတ်ပြန်ဆွဲခဲ့သည်" ဟု ပြောကြားခဲ့သည်။
AFP ၏သတင်းအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲကို တံခါးပိတ်ပုံစံဖြင့် ကျင်းပကာ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေဆဲတိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အစ္စရေး စစ်လေယာဉ်များက ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၆ ရက်က လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဒမတ်စကပ် မြို့လယ်ရှိ ဆီးရီးယားစစ်တပ်၏ တပ်ပေါင်းစုကွပ်ကဲရေးဌာနချုပ်နှင့် သမ္မတအိမ်တော်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒမတ်စကပ် မြို့လယ်အား ပစ်မှတ်ထား၍ အနည်းဆုံး သီးခြားလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ရာ ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆိုသည်။ ဆီးရီးယားစစ်တပ်၏ ပင်မကွပ်ကဲရေးဌာနချုပ် အဆောက်အအုံတည်ရှိရာ အူမေယက်ဒ်ရင်ပြင်မှ မီးခို
အစ္စရေး စစ်လေယာဉ်များက ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၆ ရက်က လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဒမတ်စကပ် မြို့လယ်ရှိ ဆီးရီးယားစစ်တပ်၏ တပ်ပေါင်းစုကွပ်ကဲရေးဌာနချုပ်နှင့် သမ္မတအိမ်တော်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒမတ်စကပ် မြို့လယ်အား ပစ်မှတ်ထား၍ အနည်းဆုံး သီးခြားလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ရာ ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆိုသည်။ ဆီးရီးယားစစ်တပ်၏ ပင်မကွပ်ကဲရေးဌာနချုပ် အဆောက်အအုံတည်ရှိရာ အူမေယက်ဒ်ရင်ပြင်မှ မီးခိုးလုံးများ တက်လာသည့် ဗီဒီယိုမှတ်တမ်းကို ပြည်တွင်းရုပ်သံတစ်ခုက ထုတ်လွှင့်ပြသခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ကွပ်ကဲရေးဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ကာ နောက်ဆက်တွဲ တိုက်ခိုက်မှုများကြောင့်လည်း အယ်လ်-မာလ်ကီ လူကုံထံရပ်ကွက်နှင့် သမ္မတအိမ်တော်အနီးရှိ အဆောက်အအုံများကို ထိမှန်ခဲ့သည်ဟုဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ ယင်းအဆောက်အအုံများတွင်ရှိသော အဆင့်မြင့် အစိုးရအရာရှိများ၏ အခြေအနေကိုမူ လတ်တလော မသိရှိရသေးပေ။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုစစ်ဆင်ရေးအား အတည်ပြုခဲ့ပြီး ဆီးရီးယားစစ်တပ်၏ တပ်မှူးများအနေဖြင့် ဒမတ်စကပ်မြို့ရှိ စစ်ဌာနချုပ်မှ ဆွီဒါဒေသသို့ တပ်များစေလွှတ်ခြင်း၊ စစ်ဆင်ရေး များ ကွပ်ကဲခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒမတ်စကပ်မြို့ရှိ ဆီးရီးယားအစိုးရ၏ သမ္မတအိမ်တော်တည်ရှိရာ နေရာရှိ စစ်ရေးပစ်မှတ်တစ်ခု ကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။
အစ္စရေးအနေဖြင့် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆွီဒါပြည်နယ်တွင် အစိုးရစစ်တပ် ယာဉ်တန်းများနှင့် တပ်စွဲထားသော နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အယ်လ်-မာဂျီမာဒေသတွင် အကြီးတန်းအရာရှိ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၏အဆိုအရ သိရသည်။ ယင်းဒေသ၌ အစောပိုင်းက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သဖြင့် စုစုပေါင်း ဆီးရီးယားတပ်ဖွဲ့ဝင် ၁၀ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများအတွင်း အုပ်ချုပ်ရေးမှူးအိမ်တော်၊ စစ်ဘက်ထောက်လှမ်းရေးဌာနခွဲနှင့် နိုင်ငံသားမှတ်တမ်းရုံး အပါအဝင် ဒါရာမြို့နှင့် အနီးဝန်းကျင်ရှိ နေရာအများအပြားကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ဆိုသည်။
အစ္စရေး ဂျက်တိုက်လေယာဉ်များက ဒမတ်စကပ်မြို့ ကျေးလက်ဒေသဖြစ်သော အယ်လ်-ကီဆဝါမြို့ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လတ်တလောတွင်မူ လူအသေအပျောက် ဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။
ဆီးရီးယားနိုင်ငံရှိ ဒရုစ်ဇ် အသိုင်းအဝိုင်း၏ ဗဟိုချက်ဖြစ်သော ဆွီဒါပြည်နယ်တွင် ဆီးရီးယားအစိုးရ တပ်များနှင့် ဒရုစ်ဇ်လက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီးနောက် အစ္စရေး၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဒေသ၌ ဇူလိုင် ၁၃ ရက်မှစ၍ လူပေါင်း ၂၄၈ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဒရုစ်ဇ် အသိုင်းအဝိုင်းမှာ အစ္စလာမ်ဘာသာမှ အခြေတည်ပေါ်ထွန်းလာသည့် ဘာသာအယူဝါဒနှင့် လူမျိုးစုအရ လူနည်းစုအသိုင်းအဝိုင်းဖြစ်ကာ ဆီးရီးယား၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် အဓိက နေထိုင်ပြီး ဂျော်ဒန်နှင့် အခြားနေရာများတွင်လည်း အနည်းငယ်စီ နေထိုင်လျက်ရှိကြောင်း သိရသည်။
အစ္စရေးအနေဖြင့် ဒရုစ်ဇ်လူနည်းစုများအား ရန်ပြုတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် ရည်ရွယ်လျက် ဒမတ်စကပ်မြို့နှင့် ဆွီဒါပြည်နယ်တို့ကို တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ

အမေရိကန်လေတပ်သည် အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို ဇွန် ၂၂ ရက် (တနင်္ဂနွေနေ့) နံနက်အစောပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ယင်းလေယာဉ်အားလုံး အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။
ထို့ပြင် “အီရန်ရှိ နျူကလီးယား စက်ရုံသုံးခုဖြစ်သည့် Fordow၊ Natanz နှင့် Esfahan တို့ကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး ယခုအခါ လေယာဉ် အားလုံးဘေးကင်းစွာဖြင့် အိမ်ပြန်လမ်းတွင် ရောက်ရှိနေပါပြီ” ဟု ထရမ့် က ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် ပစိဖိတ်ဒေသရှိ အမေရိကန်ပြည်ထောင်စုပိုင် ဂူအမ်ကျွန်းသို့ ပြောင်းရွှေ့ထားသော B-2 ဗုံးကြဲလေယာဉ်များလည်း ပါဝင်ကြောင်း၊ အဆိုပါလေယာဉ်များသည် GBU-57 ဘန်ကာ-ဘာစတာ ဗုံးများကို သယ်ဆောင်နိုင်စွမ်းရှိပြီး ယင်းဘန်ကာ-ဘာစတာဗုံးများသည် မြေအောက်တွင် အခိုင်အမာ တည်ဆောက်ထားသော ပစ်မှတ်များကို ထိုးဖောက်တိုက်ခိုက်နိုင်ရန် အထူးတီထွင်ထားခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
အဆိုပါဗုံးအမျိုးအစားကို အီရန်မြေမျက်နှာပြင်အောက် မီတာ ၉၀ ခန့် အနက်တွင် နက်ရှိုင်းစွာ တည်ဆောက်ထားသည့် Fordow နျူကလီးယား စက်ရုံကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
ကိုးကား -TASS
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ကမ္ဘာပေါ်တွင် နည်းပညာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားများအနေဖြင့် နည်းပညာအပေါ်တွင် တစ်နေ့တခြား မှီခိုအားထားလာမှု ပိုမိုများပြားလာပါသည်။ လူမှုကွန်ရက်အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးများ အတူယှဉ်တွဲဖြစ်ပေါ်လာပါသည်။ ကမ္ဘာ့လူသားများ နေ့စဉ်အလေးထားအသုံးပြုနေသော လူမှုကွန်ရက်အသုံးပြုမှုကို အကြောင်းပြုကာ မသမာသူများက နည်းပညာအသုံးချ၍ ဒုစရိုက်လုပ်ငန်းအမျိုးမျိုး ကမ္ဘာတစ်ခွင် ပြုလုပ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်လေ့ရှိသည့်အစီရင်ခံစာအရ Application များ၊ Website အတုများအသုံးပြု၍ သတင်းအချက်အလက်များရယူပြီး လိမ်လည်ခြင်း၊ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း၊ အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း၊ အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟုအကြောင်းပြ၍ လိမ်လည်ခြင်းနှင့် လောင်းကစားမှုအမျိုးမျိုးတို့သည် အဖြစ်အများဆုံးလိမ်လည်မှုများဖြစ်သည်။
ယခုအခါ နည်းပညာတိုးတက်မှုများ ခေတ်စားလာခြင်းနှင့်အတူ အွန်လိုင်းလိမ်လည်မှုများ ကျယ်ပြန့်ကြီးထွားလာပြီး တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းလိမ်လည်ကြရာမှ ဒုစရိုက်မှုအသွင်ဆောင်သော လူမိုက်ဂိုဏ်းများအသွင်ဖြင့် လုပ်ကိုင်လာကြသည်ကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ ကြုံတွေ့လာသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု လုပ်ကိုင်နေသူများ၊ ပါဝင်ပတ်သက်နေသူများအားလုံးကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်ကာ တက်ကြွစွာဖော်ထုတ်အရေးယူလျက်ရှိသည်။ အဆိုပါ ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိရာတွင် အထူးသဖြင့် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မြဝတီနယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၄၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ထားသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို ဒုစရိုက်ဂိုဏ်းအသွင်လုပ်ဆောင်လာကြရာတွင် ပြည်တွင်းနိုင်ငံသားများသာမက ပြည်ပနိုင်ငံသားများကိုပါ ပါဝင်ပတ်သက်လာအောင် အွန်လိုင်းပေါ်မှပင် လိမ်လည်လှည့်ဖြား ခေါ်ယူအသုံးချလျက်ရှိသဖြင့် နယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် ပြည်ပနိုင်ငံသားများ အလုပ်အကိုင်ဝင်ငွေရရှိရေးအတွက် အဆက်မပြတ်ရောက်ရှိလာပြီး လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပါဝင်ပတ်သက်သူများကို အတင်းအဓမ္မအမြတ်ထုတ်စေခိုင်းပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း အွန်လိုင်းအသုံးပြုသူ ပြည်သူများထံမှ ငွေကြေးများကို လိမ်လည်လှည့်ဖြားအသုံးချရယူလျက်ရှိရာ အကျိုးအမြတ်ကြီးမားသဖြင့် တစ်နေ့တခြား ဒုစရိုက်မှုလုပ်ငန်းများ ကြီးထွားလာသည်။
အဆိုပါဒုစရိုက်မှုလုပ်ငန်းများသည် လိမ်လည်မှုများအပြင် နိုင်ငံများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်မှုများရှိလာသဖြင့် နိုင်ငံအချင်းချင်းပူးပေါင်းလက်တွဲပြီး စဉ်ဆက်မပြတ် အလေးထားတိုက်ဖျက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့ထံမှ ထင်မြင်ချက်တောင်းခံမှုအရ ၂၀၁၉ ခုနှစ်တွင် ၁၁၆ မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၄၂ မှု၊ ၂၀၂၁ ခုနှစ်တွင် ၇၈ မှု၊ ၂၀၂၂ ခုနှစ်တွင် ၁၂၉ မှု၊ ၂၀၂၃ ခုနှစ်တွင် ၁၇၆ မှုဖြစ်ပွားခဲ့ပြီး နှစ်စဉ်တိုင်ကြားမှု ၁၀၀ ကျော်စီရှိသော်လည်း ပြည်သူလူထုအတွင်း အမှန်တကယ်ဖြစ်ပွားမှုမှာ ယခုထက် အဆများစွာများပြားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အလိမ်ခံရသည့်ငွေကြေး နည်းပါးခြင်း၊ ရဲစခန်းနှင့်တရားရုံးတွင် အချိန်မပေးနိုင်ခြင်း၊ အလိမ်ခံရမှုအပေါ် ရှက်ရွံ့သဖြင့် တိုင်ကြားမှုမရှိခြင်းစသည်တို့ကြောင့် လိမ်လည်ခံရမှုအရေအတွက်ကို တိကျစွာမရရှိနိုင်ပေ။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်ခံရမှုကြောင့် ပြည်သူတို့၏ငွေကျပ် ငါးဘီလီယံခန့် နှစ်စဉ်ဆုံးရှုံးနေကြောင်း ခန့်မှန်းထားသည်။
သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုများကြောင့် နိုင်ငံနှင့်ပြည်သူများအတွက် ထိခိုက်နစ်နာမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိရာ အဆိုပါဒုစရိုက်မှုလုပ်ငန်းများ တိုက်ဖျက်ရေးတွင် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးလက်တွဲပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
MOI
Photo - Telangana Today

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု ညဏ်ကြီးရှင်အဖွဲ့တစ်ခုက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုသည် ၁၂,၂၄၁ ခုရှိပြီး ထိပ်ဖူး ၉,၆၁၄ ခုခန့်သည် အသုံးပြုရန်အလားအလာရှိသော စစ်ဖက်လက်နက်တိုက်များတွင်ရှိနေကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့က ၎င်း၏ ကမ္ဘာ့အန္တရာယ်အများဆုံး လက်နက်များဆိုင်ရာ နှစ်စဉ်စာရင်း အနှစ်ချုပ်စာအုပ်တွင် ဖော်ပြခဲ့သည်။
တပ်ဖြန့်ထားသော ထိပ်ဖူး ၂,၁၀၀ ဝန်းကျင်သည် ပဲ့ထိန်းဒုံးကျည်များတွင် စစ်ဆင်ရေးဆိုင်ရာ တပ်လှန့်မှုမြင့်မားသော အခြေအနေတွင်ထားရှိထားပြီး ၎င်းထိပ်ဖူးအားလုံးနီးပါးသည် အမေရိကနှင့် ရုရှားတို့မှဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာတစ်ဝန်း တင်းမာမှုများသည် နျူကလီးယားလက်နက်ပိုင် ၉ နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့တွင် တွေ့မြင်နေရပြီး ၎င်းနိုင်ငံများသည် ၎င်းတို့၏ လက်နက်သိုလှောင်မှုကို တိုးမြှင့်ရန် စီစဉ်နေကြကြောင်း SIPRI က ဆိုသည်။
“စစ်အေးတိုက်ပွဲပြီးကတည်းက ကြာမြင့်လှပြီဖြစ်တဲ့ ကမ္ဘာမှာ နျူကလီးယားလက်နက်အရေအတွက် လျှော့ချရေးခေတ်က ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အဲဒီအစား နျူကလီးယားထိပ်ဖူးတွေ တိုးပွားလာမှု၊ နျူကလီးယားခြိမ်းခြောက်သံတွေပေးလာမှုနဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေကို စွန့်လွှတ်လာမှုရဲ့ ရှင်းလင်းသောလမ်းကြောင်းကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်” ဟု SIPRI က ပြောဆိုသည်။
နျူကလီးယားလက်နက်အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ခွဲဝေပိုင်ဆိုင်ထားသည့် ရုရှားနှင့် အမေရိကတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ အသုံးပြုနိုင်သော ထိပ်ဖူးများ၏ ပမာဏကို ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့သည်ဟု SIPRI က ဆိုသည်။ သို့ရာတွင် အဆိုပါနှစ်နိုင်ငံသည် အနာဂတ်တွင် ၎င်းတို့ လက်နက်များ၏ ပမာဏကို တိုးလာစေမည့် ကျယ်ပြန့်သော ခေတ်မီပရိုဂရမ်များကို အကောင်အထည်ဖော်နေကြသည်။
အလျင်အမြန်တိုးလာနေသော လက်နက်တိုက်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ပေကျင်းသည် ၂၀၂၃ ခုနှစ်စ၍ တစ်နှစ်လျှင် ထိပ်ဖူးသစ် ၁၀၀ ခန့် ဖြည့်စွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်အတွင်း ရုရှား သို့မဟုတ် အမေရိကကဲ့သို့ တိုက်ချင်းပစ်ဒုံးကျည်အမြောက်အမြားကို ပိုင်ဆိုင်လာနိုင်ခြေရှိသည်။
ခန့်မှန်းမှုများအရ ရုရှားနှင့် အမေရိကတို့သည် နျူကလီးယားထိပ်ဖူး ၅,၄၅၉ ခုနှင့် ၅,၁၇၇ ခုဖြင့် အသီးသီး ပိုင်ဆိုင်ထားကြပြီး တရုတ်နိုင်ငံက ထိပ်ဖူး ၆၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။
ကိုးကား : Popular Myanmar