ဆွေးနွေးချက်များ

-

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အား

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အားသွန်ခွန်စိုက်ဆောင်ရွက်မှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လတာတွင် အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ၈ ဒသမ ၃ ရာခိုင်နှုန်းမျှ တက်လာခြင်း ဖြစ်ပါသည်။ ၂ဝ၂၂-၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂ဝ၂၄ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေးတိုးတက်မှုရခဲ့ပါသည်။၊ ယခု ၂ဝ၂၄-၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါသည်။ နိုင်ငံ့စီးပွားရေးကျဆင်းပါက ကျန်သည့်အကျိုးဆက်များလည်း ရှိလာမည်ဖြစ်သဖြင့် ပြည်ပနိုင်ငံအချို့သည် စီးပွားရေးပိတ်ဆို့ခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆို့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးမပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး၊ လက်ဝါးကြီးအုပ်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နည်းလမ်းပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းမှ ထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားစေရေး အဓိကတွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ပါသည်။MSME လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါသည်။

ပြီးခဲ့သည့်ဧပြီလအတွင်း မသမာသူဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့် ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာအောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်း၊ ဘဏ်စနစ်များထိခိုက်ပြိုလဲအောင် လုပ်ဆောင်ခြင်း၊ ငွေကြေးများကမောက်ကမဖြစ်အောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့် စည်းကမ်းဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေး ခိုင်မာမှုရှိစေရန် လိုအပ်သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရမှ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်တွင် စားသုံးဆီနှင့် စက်သုံးဆီကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်စိတ်မြင့်မားအောင် ဝိသမလောဘသားများက ကောလာဟလများဖြန့်ပြီး လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မှန်ကန်သည့် လုပ်ဆောင်ချက်များ၊ တိကျပြတ်သားသည့် မူများချမှတ်ပေးပြီး ပြည်သူလူထု အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆန်နှင့်ပတ်သက်၍လည်း ဈေးနှုန်းကမောက်ကမ ဖြစ်လာနိုင်ဖွယ်ရှိသည်ကို သုံးသပ်တွေ့ရှိရသည့်အတွက် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး တည်ငြိမ်စေရန် ဆောင်ရွက်ခဲ့ပါသည်။အခြေခံပြည်သူလူထုစားရေးကိစ္စအဆင်ပြေစေရန် မိသားစုအလိုက် လိုအပ်နိုင်မည့် ဆန်ပမာဏများကို နိုင်ငံတစ်ဝန်းရောင်းချပေးလျက်ရှိပါသည်။ နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည်ဟုခံယူပြီး ပြည်သူများ စားဝတ်နေရေးပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သိရှိ လိုပါသည်။

နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အား

-

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု  စာချွန်လွှာအား  မြန်ဆန်စွာ အကောင်အထည် ဖော်ရေး   သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု  စာချွန်လွှာအား  မြန်ဆန်စွာ အကောင်အထည် ဖော်ရေး   သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။
(၅) ကြိမ်မြောက် ကမ္ဘောဒီးယား-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး   ပူးတွဲကော်မရှင် အစည်းအဝေး   JCBC)၏ရလဒ်အားသတင်းထုတ်ပြန်ရာတွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူSok Chenda Sophea  နှင့် အင်ဒိုနီးရှား  သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူRetno L.P. Marsudi  တို့က နှစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ တိုးတက်မှုအပေါ် ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် သြဂုတ် ၂၁ ရက် မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါJCBC အစည်းအဝေး ၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ နောက်ဆုံးကျင်းပခဲ့သည့် ကမ္ဘောဒီးယား - အင်ဒိုနီးရှား JCBC ) အစည်းအဝေးမှစ၍ ကဏ္ဍအသီးသီး တွင် တိုးတက်မှုများအပေါ် နှစ်ဖက်နိုင်ငံများအနေဖြင့် ကျေနပ်အားရကြောင်း၊ စီးပွားရေးကဏ္ဍ၌ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ခဲ့သော နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်လာခြင်းကို ကျေနပ်အား ရခဲ့ပြီး ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု  စာချွန်လွှာကို မြန်ဆန်စွာ အကောင်အထည်ဖော်ရေး သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်နိုင်ငံမှ  ဝန်ကြီးများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုး ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး နား လည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး နိုင်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရန် အရှိန်မြှင့်တင် ဆောင်ရွက်မည့် ကတိကဝတ်အား ကြေညာခဲ့သည်။
စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ချိတ် ဆက်မှုများ တိုးတက်ရန်နှင့် လွယ်ကူချောမွေ့စေရန် နှစ်နိုင်ငံ ဝန်ကြီးများသည် နှစ်နိုင်ငံ ခရီးသွားမြို့များအကြား တိုက်ရိုက် လေယာဉ်များ   ပျံသန်းနိုင်ရေးကြိုးပမ်းရန်၊  ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  နားလည်မှုစာချွန်လွှာကို အစောဆုံး အဆုံးသတ်ရန်၊ စီယမ်ရတ်ပ်နှင့် ဂျာဗားအလယ် ပိုင်းတို့အကြား ညီအစ်မပြည်နယ်များအဖြစ် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ရန်နှင့် ဖနွမ်းပင်နှင့် အနောက်ဆူမားတြားမြို့ တို့အကြား ညီအစ်မမြို့တော် ဆက်ဆံရေး တည်ထောင်နိုင် တို့ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန် အတွက် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ) နှင့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်စက်များနှင့် သိုလှောင်ရုံများ ပါဝင် သော စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန်  အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Perum BULOG၏ ရည်ရွယ် ဆောင်ရွက်မှုကိုလည်း အဆိုပါအစည်းအဝေးမှ ကြိုဆိုခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စွမ်းအင်၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ICT၊ ကျန်းမာရေး၊ မြစ်ဝှမ်း စီမံခန့်ခွဲမှုတွင် ပူးပေါင်းဆောင်ရွက်မှု၊ စက်မှုပူးပေါင်းဆောင် ရွက်မှု၊  ဒီဂျစ်တယ်နည်းပညာ  ပူးပေါင်းဆောင်ရွက်မှုနှင့် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် ရေးများအပါအဝင် အခြားသော အဓိကပူးပေါင်းဆောင်ရွက် ရေးကဏ္ဍများအား ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါ မှုနှင့် စပ်လျဉ်းသည့် အမြင်များကို ‌ဝေမျှခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ  ကိစ္စရပ်များကိုလည်း   ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတကာစင်မြင့်တွင်  အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် ၎င်းတို့၏သန္နိဋ္ဌာန်ကို အခိုင်အမာ ပြောကြားခဲ့ကြ ကြောင်း၊ အဆိုပါJCBC အစည်းအဝေး၏ သဘောတူညီ ချက်မှတ်တမ်းများကို လက်မှတ်ရေးထိုးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း၊ (၆) ကြိမ်မြောက်f JCBC အစည်းအဝေးကို ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးRetno L.P. Marsudi သည် သြဂုတ် ၂၁ ရက်တွင် ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်အား ဂါရဝပြု  တွေ့ဆုံခဲ့ပြီး အဓိကအလားအလာရှိသည့် နယ်ပယ်များဖြစ်သည့် စီးပွား ရေးနှင့်  ကုန်သွယ်မှု၊   စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်း ချိတ်ဆက်မှုအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။ 

 

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား နိုင်ငံ နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုအခြေအနေ

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု  စာချွန်လွှာအား  မြန်ဆန်စွာ အကောင်အထည် ဖော်ရေး   သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။