တည်နေရာ | ဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ထောင့်အနီး၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး |
ဖွင့်လှစ်သည့်ခုနှစ် | ၁.၉.၂၀ဝ၈ |
ခင်းကျင်းပြသထားမှု | ပျူစာအထောက်အထားများပါရှိသည့် အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထုပစ္စည်းများနှင့်ကြေးထည်ပစ္စည်းများ၊ မြေထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များ၊ အရိုးနှင့်ဆက်စပ် ပစ္စည်းများ၊ အုတ်ချပ်များ၊ |
ဝင |

ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏မြေရှားသတ္တုသိုက်များ ပူးတွဲရှာဖွေရေးအပြင် အမေရိကန် ပြည်တွင်း ဈေးကွက်သို့ အလူမီနီယံများ တင်သွင်းရေးဆိုင်ရာ အခွင့်အလမ်းနှင့်ပတ်သက်၍ အမေရိကန်အား ကမ်းလှမ်းခဲ့ပြီး နှစ်နိုင်ငံကြား အနာဂတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည် သို့မဟုတ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်း ပြည်သူလူထုကသာ ၎င်းအား ရာထူးမှ အမှန်တကယ် နုတ်ထွက်စေလိုပါက ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine ၏ သတင်း များအရ သိရသည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး က ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကိစ္စနှင့် ပတ်သက်လျှင် မိမိ၏ရာထူးနှင့် လဲလှယ်ရန်ပင် အသင့်ရှိကြောင်း၊ ယူကရိန်း၏ ငြိမ်းချမ်းရေးအတွက် လိုအပ်မည်ဆိုပါက မိမိ အနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိသည် အာဏာကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားရန် ဆန္ဒမရှိကြောင်း “၂၀၂၅ ခုနှစ် ယူကရိန်း ဖိုရမ်” တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ဆက်လက်တက်ရောက်ခဲ့သည်။
ဝမ်ယိက “စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ စဉ်ဆက်မပြတ်ရှိမှု” ဟူသော ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ် အကြောင်းအရာနှင့် ပေါင်းစပ်ကာ G20 ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အပေါ် တရုတ် နိုင်ငံ၏အကြံပြုချက်အား ပြောကြားခဲ့သည်။

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၁ ရက်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ပြည်နှင်ဒဏ်ပေးသည့် အရှိန်အဟုန် အပေါ် ကျေနပ်မှုမရှိသောကြောင့် အမေရိကန် ICE ယာယီညွှန်ကြားရေးမှူးချုပ် Caleb Vitello ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီးအား ပြစ်တင်ခဲ့ပြီး “အကောင်းဆုံးက မြန်မြန်လှုပ်ရှားပါ၊ မဟုတ်ရင် သူ့နိုင်ငံ ရှိတော့မှာမဟုတ်ဘူး” ဟု ဇီလန်စကီးအား သတိပေးခဲ့သည်။

တရုတ်နှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်လေးစားမှုဆိုင်ရာမူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းရေးမူများကို လိုက်နာသင့်ကြောင်းနှင့် မိမိတို့ အင်အားကြီးနိုင်ငံများအနေဖြင့်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကျိုးရှိစွာပူးပေါင်းဆောင်ရွက်နိုင်ရးအတွက် သင့်လျော်မည့် နည်းလမ်းကို ရှာဖွေလုပ်ဆောင်သင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီလ ၁၈ ရက် (အင်္ဂါနေ့)တွင် နယူးယောက်မြို့တွင်ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဆင့်မြင့်အရာရှိမျ